** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။

Friday, June 15, 2012

သုည

သုည

ကျွန်တော်က သုညပါ

ကျွန်တော့်ရှေ့ကနေရင်တော့

ခင်ဗျားရဲ့တန်ခိုးကို ဆယ်ဆတိုးစေမယ့် သုညပေါ့

ကျွန်တော့် နောက်ကနေရင်တော့

ခင်ဗျားရဲ့ အရှိအတိုင်းပဲ

အရမ်းနီးလို့ ဒသမခြားရင်လည်း ခင်ဗျားအဖြစ်နဲ့ ခင်ဗျား

ကျွန်တော်က သုညပါ

ခင်ဗျားလည်း သုညပဲဆိုရင်တော့

ရှေ့ကရပ်ရပ် နောက်ကရပ်ရပ် ဒသမပဲခြားခြား

ဒါပေမယ့်

ကျွန်တော့်အပေါ်တော့ လုံးကြီးမတင်ပါနဲ့

ပြီးတော့ ကျွန်တော့်နားကပ်ပြီးလည်း ထပ်ဆင်မထူးချင်နဲ့

ကျွန်တော်ကမရူးချင်ဘူး…

ကျွန်တော်က သုညသက်သက်ပါ

သန့်သန့်စင်စင် အဓိပါယ်မဲ့ချင်လို့…။


ကဗျာရေးသော ပညာရှင်ကိုအထူးလေးစားပါသည်၊ ဘယ်သူဆိုသည်ကို ကျတော်လဲမသိတော့ပါ

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More