** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။

Thursday, June 7, 2012

ယောကျာ်းများရဲ့ပြောင်းလဲလာမှု(၆ပတ် ၆လ ၆နှစ်)

ဟာသအနေနဲ့ပဲ တင်တာပါ... ထိခိုက်လိုတဲ့ဆန္ဒ မပါပါဘူး... အားလုံးပဲပျော်ရွှင်ပါစေနော်... :)

၁။ ချစ်စကားပြောချိန်

၆ ပတ် _ ချစ်တယ် ၊ ချစ်တယ် ၊ ချစ်တယ်။

၆ လ _ ချစ်တာပေါ့ကွာ။

၆ နှစ် _ မင်းကို ငါ မချစ်ရင် အစကတည်းက အားအားယားယား ချစ်ခွင့်တောင်းမလားဟ။

၂။ အလုပ်ပြန်လာချိန်

၆ ပတ် – အချစ်ရေ ၊ ကိုယ်ပြန်လာပြီ။

၆ လ – ငါပြန်လာပြီကွ။

၆ နှစ် _ ငါပြန်လာတာတောင် မသိရအောင် နင်ဘယ်သွားနေလဲကွ။

၃။ လက်ဆောင်ပေးရာတွင်

၆ ပတ် – အချစ်ရေ၊ မင်းဒီလက်စွပ်လေး သဘောကျလိမ့်မယ်လို့ မျှော်လင့်တယ်။

၆ လ – ပန်းချီကား တစ်ချပ်ဝယ်လာတယ်၊ ဧည့်ခန်းမှာထားရင် အဆင်ပြေမယ်ထင်တယ်။

၆ နှစ် – ရော့ ပိုက်ဆံ။ နင့်ဘာသာ ကြိုက်တာသွားဝယ်။

၎။ ဖုန်း မြည်လာလျှင်

၆ ပတ် – အချစ်ရေ၊ ဖုန်းလာနေတယ်။

၆ လ – ရော့၊ နင့်ဖုန်း။

၆ နှစ် – နင့်ဖုန်းမြည်နေတယ်၊ မြန်မြန်လာကိုင် ၊ ဘယ်သွားနေလဲကွာ ။ တော်တော်ပဲ။

၅။ ချက်ပြုတ်စဉ်

၆ ပတ် – မင်းဒီလောက် ဟင်းချက်ကောင်းလိမ့်မယ်လို့ မထင်ခဲ့ဘူးကွာ။

၆ လ – ကနေ့ညစာ ငါတို့ဘာစားကြမှာလဲ။

၆ နှစ် – လာပြန်ပြီ ။ ဒီဟင်း။

၆။ အ၀တ်အစားသစ်

၆ ပတ် – မင်း ဒီအင်္ကျီလေး ၀တ်လိုက်တော့ နတ်သမီးလေးလား အောက်မေ့ရတယ်ကွာ။

၆ လ – အင်္ကျီအသစ် ၀ယ်ပြန်ပလား။

၆ နှစ် – အဲ့ဒါ ဘယ်လောက်တောင် ပေးလိုက်ရတုန်း။ ကုန်ပါပြီ။

၇။ ခရီးသွားရန်စီစဉ်

၆ ပတ် – ငပလီကို ၁ ပတ်လောက် အပန်းဖြေခရီးသွားရအောင်လေ ။

တခြားဘယ်နေရာ သွားရင်ကောင်းဦးမလဲ ။ အကြံပေးပါဦး။

၆ လ – ငပလီကို မသွားချင်ဘူး ဟုတ်လား၊ ။ ဂျီးများမနေနဲ့ ။

၆ နှစ် – ဘာ!! ခရီးသွားဦးမယ်။ အိမ်မှာနေရတာ ဘာပြုနေလို့ အားတိုင်း ထွက်ချင်နေရတာလဲ။

၈။ တီဗွီကြည့်စဉ်

၆ ပတ် – ကနေ့ည ဘာကားကြည့်ချင်လဲ အချစ်။

၆ လ – ငါဒီကား ကြိုက်တယ် ။ တခြား Channel မပြောင်းနဲ့ ။

၆ နှစ် – ငါဒီနေ့ည ESPN လိုင်းကြည့်မှာ၊ မကြည့်ချင်ရင် စောစောသွားအိပ်။

ဟာသအနေနဲ့ပဲ တင်တာပါ... ထိခိုက်လိုတဲ့ဆန္ဒ မပါပါဘူး... အားလုံးပဲပျော်ရွှင်ပါစေနော်... :)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More