** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 30, 2012

လက်ဆောင်

ဘတ်စ်ကား တစ်စီးပေါ်မှာ. . .

အဘိုးကြီးတစ်ယောက် ပန်းလှလှတစ်စည်း ကိုင်လျက် လိုက်ပါလာသည်. .. သူနှင့် လူသွားလမ်းခြားလျက် တစ်ဖက် ထိုင်ခုံမှာ မိန်းကလေး တစ်ယောက် ထိုင်နေသည်. .

ကောင်မလေး မျက်လုံးတွေက ပန်းတွေဆီပဲ တရစ်ဝဲ၀ဲ ဖြစ်နေသည်. . .

ခဏနေတော့ မှတ်တိုင် တစ်တိုင်မှာ ဘတ်စ်ကား ရပ်သည်. . . .

အဘိုးကြီးက အလျင်စလို ထက ပန်းစည်းကို ကောင်မလေး လက်ထဲ ထိုးထည့်သည် . .

"ယူပါကွာ၊ မင်းကြည့်ရတာ ပန်းသိပ်ချစ်ပုံရတယ်. . . မင်းကိုပေးခဲ့တဲ့အကြောင်း သိရရင် အဘဇနီးကလဲ ၀မ်းသာမှာပါ. . . . အဘသူ့ကိုပြောပြလိုက်ပ့ါမယ်. . . . "

ကောင်မလေးက ပန်းစည်းကို ယူလိုက်ပြီး အဘိုးကြီး ကားပေါ်က ဆင်းသည်ကို လိုက်ကြည့်နေသည်. . . ဘတ်စ်ကား ရပ်သည့် နေရာက သုသာန်တံခါးဝ အနီးမှာ ဖြစ်သည်. . . သုသာန်ထဲသို့ အဘိုးကြီး ၀င်သွားတာ သူမြင်လိုက်ရသည်. .

တစ်ခါတစ်လေလည်းတစ်စုံတစ်ခုအတွက်နဲ့အားလုံးပျော်ရွှင်ခြင်းကလည်းဖြစ်တက်ပါတယ်။

ဘယ်အရာမှအတည်လို့မသတ်မှတ်သင့်ပါ။

Friday, June 29, 2012

♫♥✿* လှတဲ့ ပန်းတိုင်း မွှေးစေချင် ♫♥✿*



ကျွန်မတို့  ပတ်ဝန်းကျင်မှာ အရောင်အသွေးစုံပြီး လှပတဲ့ ပန်းကလေးများစွာ ရှိတဲ့အထဲမှာ
သင်ဘယ်ပန်းကိုအကြိုက်ဆုံးလဲ..ကျွန်မကတော့ မာနဆူးတွေ လွှမ်းခြုံထားတဲ့ နှင်းဆီပန်းကိုကြိုက်တယ်
ပန်းကလေးတိုင်းမှာ နှစ်သက်စရာ အဆင်းရနံ့ လေးတွေ တစ်မျိုးစီရှိကြပေမယ့် ကိုယ့်ကိုယ်ကိုယ်
ကာကွယ်နိုင်တဲ့ အရေအချင်းတော့ ပန်းကလေးတိုင်းမှာ မရှိပါဘူး..မရှိတဲ့အတွက် လေအဝှေ့ မှာ ကြွေချင်ကြွေ သွားတတ်သလို တန်ဖိုးမထားတတ်သူတွေ
ချွေချင်သလိုချွေပြီး နင်းခြေသွားတဲ့ပန်းလေးတစ်ပွင့်ရဲ့ နာကျင်ကြေကွဲစရာ ရာဇ၀င်ကိုလည်း စာမဖွဲ့ ခဲ့ကြပါဘူး..သူ့ မှာလည်း သဘာဝကပေးတဲ့ အလှတော့ ရှိခဲ့တာပါဘဲ...လူတွေကသာ သူ့ ကိုတန်ဖိုး
မထားကြတာပါ..တစ်ကယ်တော့ တန်ဖိုးဆိုတာ ပန်းကလေးရဲ့ ကိုယ်ပိုင်အရေအသွေးနဲ့ ပန်းလေးကို
ပိုင်ဆိုင်ခွင့်ရတဲ့ သူတစ်ယောက်ရဲ့ အလေးအနက်ထားမှုပါဘဲ..

ဒီပိုစ့်လေးက ကိုယ့်ကိုယ်ကိုယ် လှတယ် လို့ ထင်တဲ့သူတွေ ဖတ်ဖို့ ပါ..မလှတဲ့ သူတွေလဲ ဖတ်လို့ ရပါတယ်..
ဗဟုသုတပေါ့..တစ်နေ့ ကိုယ်သားသမီးရလာတဲ့အခါ ကိုယ့်သမီးလေးလှနေရင် သူ့ ကိုဘယ်လို
အသိလေးတွေပေးပြီး လမ်းပြရမလဲဆိုတာ သိသွားတာပေါ့..ကျွန်မ စိတ်ကူးယဉ်ပြီး ရေးတာတော့မဟုတ်ဘူး
ပတ်ဝန်းကျင်ကအဖြစ်အပျက်တွေကို လေ့လာပြီး သင်ခန်းစာရလို့  မျှဝေပေးတာပါ..
ကိုယ်တိုင်လဲ မှုန်နေအောင်မလှတော့ လှတာလေးတွေမြင်ရင် အားကျပါတယ် လှတဲ့သူတွေကိုလဲ
ဘ၀တန်ဖိုး အလှတန်ဖိုး သိစေချင်ပါတယ်......:D

**က္ကိုထ္ထိရူပံ ဓနံ** မိန်းမတို့ အဆင်းဟာ စည်းစိမ်ဥစ္စာ လို့ေ၇ှးလူကြီးတွေက ပြောကြပါတယ်..ရုပ်ရည်ချောမောတဲ့ မိန်းကလေးဆိုရင်
ကတော်ရုပ်လို့ သတ်မှတ်ကြတယ်..လှတဲ့သူဆို လိုချင်တဲ့ ပုရိသတွေ ၀ိုင်းဝိုင်းလည်နေပါလိမ့်မယ်..
ချောတဲ့ လှတဲ့ မိန်းကလေးတိုင်း ကိုလူတိုင်းက မြတ်နိုးနှစ်သက်ကြပါလိမ့်မယ်..
ဒါက ယေဘုယ အနေနဲ့ ထင်မြင်ကြတာပါ...တစ်ကယ်တန်း.လေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ.ရုပ်ရည်လှပတဲ့ မိန်းကလေးတိုင်း
ဥစ္စာဓနပြည့်စုံပါသလား..
ရုပ်လေးလှတိုင်းကတော်ဖြစ်ပါသလား..ရုပ်ကလေးကလှလို့ လိုချင်တဲ့ ပုရိသတိုင်းက ရော တစ်ကယ် မြတ်နိုးတန်ဖိုးထားကြပါလား..
ကျွန်မ မြင်တွေ့ နေရတဲ့ ပတ်ဝန်းကျင်မှာတော့
၁၀ ယောက်မှာ ၅ ယောက်လောက် က အလှကြောင့် ဘ၀ပျက်ရတာ အလှကြောင့် သောက ဖြစ်ရတာ အလှကြောင့်
မကျုးလွန်သင့်တဲ့အပြစ်တွေကျူးလွန်ကြတာတအားများပါတယ်.ခေတ်ကာလကြောင့်လား အနောက်တိုင်း ယဉ်ကျေးမှု
ကို အားကျလို့ လားတော့မပြောတတ်ဘူး..ကိုယ်ပိုင်ဆိုင်ထားတဲ့ အလှနဲ့ ဘ၀ကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်
ကိုယ် ထိန်းသိမ်းကြတာ တအားနည်းပါတယ်..မျက်မြင် ၂၀၁၂ သင်္ကြန် ရဲ့ ဝတ်စားဆင်ယင်မှု တွေ မူးရွဲနေတဲ့ စုံတွဲတွေက
သက်သေပြနေပါတယ်...ကိုယ်တိုင် တွေ့ ရမှာ ငါတို့ မြန်မာပြည်ကြီး ဒီလောက်တောင်ဖြစ်နေတာပါလား..
လူရှေ့ သူရှေ့ မှာ စုံတွဲတွေ မူးမူးရူးရူးနဲ့ ဖြစ်ချင်သလို ဖြစ်နေတာလဲ ရှိတာပါလားဆိုပြီး တအားစိတ်မကောင်းဖြစ်ရတယ်..
ဗုဒ္ဓဘာသာမြန်မာလူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေလဲ အနောက်တိုင်း ယဉ်ကျေးမှု ၀ါးမြိုလို့  သွားကုန်ပြီပဲ..
အခုခေတ် ဆယ်ကျော်သက်ညီမလေးတွေ တော်တော်များများ အပြင်အဆင် ကအစ အရမ်းခေတ်မှီပါတယ်.
အားလုံးလိုလို လှအောင်ပြင်တတ်ကြတယ်..တော်တော်လေးလန်းကြတယ်ဆိုပါတော့.လိုချင်တဲ့
အလှပြင်ပစ္စည်းတွေ အ၀တ်အစားတွေ အသုံးအဆောင်ပစ္စည်းတွေဆိုလဲ များပါတယ်..
အဲ့ဒီအရာတွေ များလာလေ..လူငယ်တွေရဲ့ စိတ်ဓါတ်တွေ အသိတွေ ထိန်းချုပ်နိုင်မှု နည်းလာလေပါဘဲ..
သူတို့ လိုချင်တဲ့ အရာတွေရဖို့  မိဘက မ၀ယ်ပေးနိုင်တဲ့အခါ သူတို့ ဘာလုပ်မယ်ထင်သလဲ..တစ်ချို့ က
သူတို့ ကို ၀ယ်ပေးနိုင်မယ့်သူကို အားကိုးတတ်လာတယ်..သူတို့ မှာ ပင်ကို အလှလေးရှိတယ်ဆို၇င် သူတို့ လိုချင်တာရဖို့ 
ဘ၀ကိုမနှမြောကြတော့ဘူး..ဘ၀ကိုလွယ်လွယ်နဲ့ စတေးရဲတယ်..အလှကြောင့် ဘ၀ ပါ ပျက်မှန်းမသိ ပျက်ခဲ့ရတာပါဘဲ..
အသိညီမလေးတစ်ယောက်ဆိုရင် ၁၇ နှစ်ပဲ၇ှိသေးတယ်..I Phone လိုချင်လို့  Tom ကိုလည်း ရည်းစားအဖြစ်တွဲလိုက်တယ်..
ယောင်္ကျားလေးနဲ့ ရည်းစားထားရင် ကိုယ့်ဘက်က အရင်းများတယ်ထင်လို့ Tom နဲ့ တွဲတာတဲ့..Tom နဲ့ ဆို ကိုယ်ဝန်ရှိမှာလည်း
မပူရတော့ဘူးတဲ့..ကိုယ်လိုချင်တာလည်း ၀ယ်လို့ ရပြီတဲ့..တစ်ချို့ ကလည်း
ကိုယ့်အလှကို ယုံပြီး ငွေတွေနောက် စည်းစိမ်နောက် လိုက်ရင်း အလှကို ဗန်းပြ ဘ၀ကို ဓနနဲ့ လဲပြီး ကိုယ့်အလှ ကိုယ့်ခန္ဓာကို
ရောင်းစားတဲ့ သူတွေဖြစ်သွားကြပါတယ်.ဒီခေတ်မှာ အများကြီးမှ အများကြီးပါဘဲ...
အလှကိုဗန်းပြ ပြီး ကိုယ့်ဘ၀ကိုရောင်းရင် တစ်နေ့ အလှတွေကုန်တဲ့အခါ ကိုယ့်ကိုယ် ဘယ်သူကမှ
အရေးတယူခေါ်ကြမှာမဟုတ်တော့ဘူး...တစ်နေ့ ကိုယ် အိုမင်းတဲ့အခါ ကိုယ့်အနားမှာ ဘယ်သူများ ရှိနေချင်ကြမလဲ..ပတ်ဝန်းကျင်က
ရော အရေးတယူဆက်ဆံကြပါ့မလား..လူရယ်လို့ ဖြစ်လာရင် စားဝတ်နေရေးအတွက်တစ်ဝမ်းစားဖို့ တခါးလှဖို့ ရှာရ ဖွေရတာပါပဲ..ဒါပေမယ့်
်...သဘာဝ က ပေးလာတဲ့ ကုသိုလ်ကံကြောင့် ရလာတဲ့ အလှတရားနဲ့ ဘ၀ကို တန်ဖိုးမထားရင် အလှနဲ့ ရင်းပြီး ကိုယ့်ကိုယ့်ကိုယ်ရောင်းရင်
နောက်ဆုံးဘ၀ရဲ့ ပန်းတိုင် နေ၀င်ချိန်မှာ လူတွေအထင်သေးအမြင်သေးနဲ့  အဆုံးသတ်ရမယ်ဆိုရင်တော့ လူဖြစ်
ရကျိုးမနပ်လောက်ဘူးနော်..

နောက်တစ်ချက်...
ကိုယ့်အလှကို သိပ်ယုံကြည်လွန်းရင် တစ်နေ့ မှာ မထင်မှတ်ထားတဲ့သောကတွေ ဒုက္ခတွေနဲ့ ကြုံတွေ့ ရတတ်ပါတယ်..
မိန်းမတို့ အဆင်းလှပခြင်းဟာ စည်းစိမ်ဥစ္စာ မဖြစ်ဘဲ မိန်းမတစ်ယောက်ရဲ့ အဆင်းလှပခြင်းဟာ
အန္တရာယ်ဖြစ်စေတတ်ပါတယ်...
ချမ်းချမ်းတို့ မြို့ လေးမှာ
အရမ်းလှတဲ့ မမတစ်ယောက်၇ှိတယ်..လှတာတောင်မှ အပြစ်ကင်းပြီး ချစ်ဖို့ တော်တော်ကောင်းတာ.ကော်ပတ်ရုပ်လေးလိုပဲ
. မင်းသမီးတွေထက်ကို လှတယ်..လှသလောက် အရမ်းအေးချမ်းတယ်.အနေအထိုင်လဲ အရမ်းတည်ငြိမ်တယ်..
.အဖေကလဲ အရာရှိမို့ တော်တန်ရုံ မစရဲမနောက်ရဲဘူး..ချမ်းချမ်းတို့ 
ထင်တာက ဒီလောက်အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ မမကို ရတဲ့သူတော့ ဖူးဖူးမှုတ်ထားမှာပဲ ..တစ်နေကုန် ထိုင်ကြည့်ချင်စရာ
ကောင်းလောက်အောင်ကို အရမ်းဖြူစင်တယ်...ဒီမမတော့ အိမ်ထောင်ရေးကံကောင်းမှာဘဲလို့ ထင်ပါတယ်..အဲ့ဒီမမကျောင်းပြီးလို့ 
အိမ်ထောင်ကျသွားတာက ချမ်းချမ်းတို့ မြို့ ရဲ့  အချမ်းသာဆုံး ရွှေဆိုင်ပိုင်ရှင် ဆန်စက်ပိုင်ရှင်ရဲ့ သား နဲ့ ပါ..
အစ်ကိုကြီးကလည်း
ချမ်းချမ်းတို့ ငယ်ငယ်တုန်းက နာမည်ကြီး မင်းသား ရဲကိုကို အတိုင်းပဲ..သူတို့ နှစ်ယောက်တွဲလိုက်ရင် နေနဲ့ လ ရွှေနဲ့ မြပါဘဲ..
ရုပ်ရည်ရော ပညာရော စည်းစိမ်ရော ပြည့်စုံနေလို့ သူတို့ လျှောက်မယ့်ဘ၀ခရီးဟာ သာသာယာယာရှိသင့်တယ်လို့ ထင်ပါတယ်.
ကံဆိုးတာက
အဲ့ဒီအကိုကြီးက အချစ်ကို တန်ဖိုးထားတဲ့သူ..ဘ၀ကိုအလေးအနက်ထားတဲ့သူ မဟုတ်ခဲ့ဘူး..ကျွန်မတို့ အထင် ဘယ်လောက်ပဲ
ဆိုးဆိုး ပွေပွေ အရမ်းလှတဲ့ မမကို ရရင်တော့ ခြေငြိမ်သွားမယ်လို့ ထင်ပါတယ်..အဲ့ဒီအကို တွဲသမျှ မိန်းကလေးတွေထဲမှာ ဒီမမ
အလှဆုံးလေ..ဒါပေမယ့်
အိမ်ထောင်သက် တစ်နှစ် လောက်မှဘဲ ကွဲသွားခဲ့ပါတယ်...ကွဲရတဲ့အကြောင်းအရင်းက အဲ့ဒီအကိုကြီး နောက် ကောင်မလေး
တစ်ယောက်နဲ့ တွဲနေလို့ တော့ ပြောကြပါတယ်..
အစ်မကြီးဘက်က လျှော်ကြေး သိန်း၁၀၀ တောင်းတာ အစ်ကိုကြီး
ရဲ့ အမေက သူ့ သားမှာ ကိုယ်ပိုင်အလုပ်ဆိုတာ မရှိဘူး..မိဘရဲ့ အလုပ်ကို ကူလုပ်နေတာမို့  လျှော်ပေးစရာ ၁၀၀ တောင် မရှိဘူး
လို့  ပြောလိုက်တော့ မိန်းကလေးဘက် ပဲ လျှော်ကြေးတောင်မရလိုက်ပဲ ဒီအတိုင်း ကွာ၇ှင်း လိုက်ကြပါတယ်..
..ယောင်္ကျားလေးတွေအတွက်
လှေကားသုံးထစ် ဆင်းရင် လူပျိုလို့  သတ်မှတ်ရပေမယ့် မိန်းကလေး ရဲ့ ဘ၀ဟာ ဘယ်သွားသွား တစ်ခုလပ် တစ်လင်ကွာ
ဆိုပြီး နာမည်ကကျန်ခဲ့ပြီ...ဘယ်လောက်ပဲ လှလှ အရင်အပျို ဘ၀နဲ့ တော့ မတူတော့ဘူးလေ...
ရုပ်အလှနဲ့ ချမ်းသာတဲ့ဘ၀တစ်ခု လွယ်လွယ်ရမယ်လို့  မိဘတွေထင်ခဲ့တာ အမှားကြီးမှားပြီလို့ သိတဲ့အချိန် ကိုယ့်သမီးမှာ အပျိုဘဝ
အရင်းပေးလိုက်ရပြီလေ...
ပြည့်စုံချမ်းသာတဲ့ ယောင်္ကျားလေးတော်တော်များများက အချစ်နဲ့ ဘ၀ ကိုတန်ဖိုးထားတာ တော်တော်၇ှားပါတယ်.
.ငွေဟာ သူတို့ အတွက်ရေလိုဖြစ်နေပြီမို့  မိသားစုဘ၀ အိမ်ဦးနတ်ဆိုတဲ့ ခင်ပွန်းကောင်းဘ၀ တန်ဖိုးကို မသိကြတာပါ..

တစ်ချို့  မိဘတွေတော်တော်များများက သားသမီးကို ဆင်စီးပြီး မြင်းရံစေချင်လို့ ကိုယ့်သမီးလှနေရင်
ကတော်ရုပ်..သူဌေးချွေးမ ရုပ် ဆိုပြီး.ချမ်းသာရင်ပြီးရော ဆိုပြီး သမီးကို သူဌေးသားကိုချိုင်ဖို့ 
ချုဖို့  လမ်းမှားတွေပို့ ခိုင်းကြတာများတယ်..တစ်ချို့ လဲ ကံကောင်းတော့
ရသွားပါတယ်..တစ်ချို့ က ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်..တစ်ချို့ ကလည်း သူဌေးရဲ့  အငယ် ဘ၀ရောက်သွားတယ်..
မိန်းကလေးတစ်ယောက်အနေနဲ့ တစ်သက်တာ လက်တွဲရမယ့် ဘ၀ခရီးဖော်ကို ရွေးချယ်တဲ့ နေရာမျာ လွယ်လွယ်လေး
လို့ မထင်လိုက်ပါနဲ့ ..ယောင်္ကျားလေးတစ်ယောက်က ကိုယ့်ကိုယ် ချစ်တယ်လို့ ပြောလာတိုင်း ၁၀၀% ပဲလို့ မထင်လိုက်နဲ့ 
အချိန်အတိုင်းအတာတစ်ခုထိ သူ့ အကြောင်း သူ့ စိတ်ဓါတ် သူ့ စရိုက်ကို အရင်လေ့လာကြည့်ပါဦး..ေ၇ှးခေတ်တုန်းက
မိန်းကလေးတစ်ယောက် သူ ချစ်နေတဲ့ သူကို အဖြေပေးဖို့  ၃ နှစ်လောက် လေ့လာစောင့်ကြည့်ခဲ့ရတာနော်..
ကျောင်းတက်တုန်းက
..ကျွန်မတို့ မေဂျာတူသူငယ်ချင်း တွေထဲက တစ်ယောက်သောသူက သူ့ ကိုကြိုက်နေတဲ့ ကောင်လေးကို အဖြေပေးတော့
မယ်လို့ ကျွန်မတို့ ကို အရင်လာပြောပြတော့ ***နင်ကလဲ အခုမှ သိကြတာ တစ်နှစ်ပဲ ၇ှိသေးတယ်..
အဖြေပေးတာတမစောလွန်းဘူးလား
ဟိုးအရင်ခေတ်ကလို သုံးနှစ်စောင့်ခိုင်းပါဦးလား နင် သူ့ ကိုချစ်နေတာလည်း သူသိနေတာပဲ.. အရေးကြီးဆုံးက
သူချစ်ကိုယ်ချစ် ဆိုပေမယ့် တစ်ကယ်အဖြေပေးပြီး ရည်းစားအဖြစ် လူသိရှင်ကြားအတည်သတ်မှတ်ဖို့ 
စောသေးတယ်..ဘ၀လက်တွဲဖော်အဖြစ် သတ်မှတ်ဖို့ စောသေးတယ်
တစ်ကယ်လို့ ကွဲသွားခဲ့ရင် ကိုယ်ကမိန်းကလေး လေ..ကိုပဲ ပိုအရှက်ရမှာ***လို့  သူ့ ကို ၀ိုင်းပြောတော့
*** ဒီခေတ်မှာ အဲ့လိုစောင့်ခိုင်းရင် သူများနောက် ပါသွားမယ်တဲ့ ငါကအဖြေမပေးရင် သူများက အဖြေအရင်ပေးလို့  သူများ
နောက်ပါသွားမှာပေါ့တဲ့ ဒီခေတ်မှာ မျက်စိဒေါက်ထောက်ပြီး ကြည့်ရင်တောင် နင်မျက်တောင်ခတ်လိုက်တာနဲ့ တခြားတစ်ယောက်ကို
သူတို့  ချိတ်ပီးသားတဲ့..ကိုယ်က မူနေရင် မမူတဲ့သူက ဦးသွားမယ်တဲ့ ဖူးစားဆိုတာ ဦးရာလူပဲတဲ့.. ***
အချစ်လမ်းလျှောက်ဖို့  အချိန်အတိုင်းအတာ မလိုဘူးဆိုပေမယ့် ဘ၀ခရီးလမ်းလျှောက်ဖို့ တော့ အချိန်လေးပေးစဉ်းစားသင့်
တယ်လို့ မထင်မိကြဘူးလားမသိဘူးနော်..စောစောစီးစီး
အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေရဲ့ အိမ်ထောင်ရေးပြဿနာတွေ ကိုမြင်ရတော့ သူတို့ တွေ
စဉ်းစားဆင်ခြင်လေ့လာဖို့  အချိန်မပေးကြဘဲ လွယ်လွယ်နဲ့ ဆုံးဖြတ်ချက်ချခဲ့လို့  သူတို့ ရဲ့ အလှဟာ အမြဲတည်နေမယ်လို့ 
ထင်ကြလို့ ပါ....အခုယူလဲယူပြီးရောကလေးတန်းလန်းနဲ့ ကိုယ်လုံးကလဲ စည်ပိုင်းနီးနီးဖြစ်လာတော့ သူတို့ ကို ချစ်ပါတယ်ဆိုတဲ့
သူက အငယ်လေးတွေ ရှိလာတဲ့အခါ သောက်တတ် ကစားတတ်လာတဲ့အခါ..တစ်ချိန်တုန်းက အချစ်တွေဟာ အခုတော့
သောကဖြစ်ရပြီလေ...

ဒါ့ကြောင့် ကိုယ့်ကို ချစ်တယ်လို့ ပြောလာတဲ့ သူတိုင်း အချစ်စစ် အချစ်မှန် ဖြစ်နေလိမ့်မယ် လို့ 
လွယ်လွယ်နဲ့ မယုံကြည်ပါနဲ့ ..ငါကတော့ သူများထက်လှလို့  သူများထက်ကံကောင်းလိမ့်မယ်လို့ မထင်ပါနဲ့ .
ပန်းလေးတစ်ပွင့်လှတာမြင်တိုင်း လူတိုင်းက ခူးချင် နမ်းချင်ပေမယ့် လူတိုင်းက တယုတယနဲ့ တန်ဖိုးမထားတတ်ဘူး..
တစ်ချို့ ကျတော့ မွှေးရနံ့ ပြယ်သွားရင် လွှတ်ပစ်လိုက်တယ်..တစ်ချို့ ကျတော့ မခူးရင် မနမ်းရက် အလှကြည့်ချင်ကြတယ်..
တစ်ချို့ ကျတော့ရ နံ့ ပြယ်လို့  ခြောက်သွေ့ သွားလဲ မြတ်မြတ်နိုးနိုးနဲ့ သိမ်းထားတတ်ကြတယ်...လူအမျိုးမျိုး စိတ်အထွေ
ထွေပါဘဲ..လူတွေရဲ့ အတွင်းစိတ်ကို လွယ်လွယ်နဲ့ မသိနိုင်ပါဘူး..
မိန်းကလေးတွေရဲ့ ဘ၀ဟာလည်း ပန်းလိုပဲ..တစ်ချို့ ကျတော့ ကိုယ့်အလှကို မက်လို့  ချစ်ကြတယ် အလှပျက်လို့ ဖက်တီးလို
ဝသွားရင် အသစ်၇ှာပြီး အငယ်လေးတွေနဲ့ ပျော်ကြတယ်..တစ်ချို့ ကျတော့...ကိုယ့်ကိုမြတ်မြတ်နိုးနိုးနဲ့  ထာဝရ ချစ်ကြတယ်..
တစ်စုံတစ်ယောက်သောသူရဲ့ အချစ်ဆိုတာ ကိုယ့်ဘ၀အတွက် ၅၀% လောက်ပဲ အာမခံချက်၇ှိပါတယ်..
ဒါ့ကြောင့်.
အခုချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက် ဟာ နောင်တစ်ချိန်မှာ နောင်တရစရာ မဖြစ်လာပါစေနဲ့ ..ရီးစားထားမယ်ဆို၇င်တောင်
ကောင်းကျိုး ဆိုးကျိုး ကိုအရင်တွေးကြည့်ပါ..ဒီလူကို တစ်သက်လုံး လက်တွဲဖို့ ဆုံးဖြတ်ပြီပြီလား..
ချမ်းသာတာဆင်းရဲတာ သိပ်အရေးမကြီးဘူး..စီးပွါးဥစ္စာဆိုတာ လူကြိုးစား
ရှာဖွေမှ ဖြစ်လာတဲ့အရာတွေပါ..အဓိက..
ကိုယ့်မိဘတွေကရောသဘောတူသလား..သူ့ စိတ်ဓါတ်နဲ့ ကိုယ်ကျင့်တရားရော ကောင်းရဲ့ လား
သူဟာကိုယ့်အတွက် Excellent Choice ဖြစ်ပြီလား

ကျွန်မ ဆယ်ကျော်သက်ဘ၀တုန်းက ကျွန်မဖေဖေက အသိလေးတစ်ခုပေးတယ်..ငါ့သမီး တက္ကသိုလ်မတက်ခင်မှာ
တက္ကသိုလ်အကြောင်း..လူတွေအကြောင်း သင်ခန်းစာအကြောင်းသေချာလေ့လာပြီးမှ တက်ရသလို ချစ်သူထားမယ်
ရည်းစားထားမယ်
ဆိုရင်လည်း အချစ်အကြောင်း ဘ၀အကြောင်း ကို ပတ်ဝန်းကျင်က ချစ်ကြတဲ့သူတွေ ချစ်ခဲ့ဖူးတဲ့သူတွေကို အရင်ကြည့်ပါ.
အချစ်ကြောင့် သူတို့ ဘယ်လို တွေ့ ကြုံခံစားရလဲဆိုတာ သင်ခန်းစာယူပါ..သူတို့ မှားနေရင် သူတို့ လို မမှားအောင် ကိုယ့်ကိုယ်
ကိုယ် အသိလေးနဲ့ ထိန်းပါ..ကိုယ်တိုင်က အချစ်နဲ့ ပက်သက်ပြီးရလာမယ့် အဆိုးအကောင်း ကို ခံနိုင်ရည်ရှိပြီလို့  ယုံကြည်မှ
ရည်းစားထားပါ...စာမေးပွဲရှုံးရင် ပြန်ဖြေလို့ အောင်နိုင်ပေမယ့် အချစ်နဲ့ ပက်သက်ပြီး ဘ၀ရှုံးသွားရင် ပြန်အောင်ဖို့ မလွယ်ဘူးတဲ့..
ဖေဖေအဲ့လိုအသိပေးပြီး ကတည်းက ကျွန်မ ပတ်ဝန်းကျင်က လူတွေကို လေ့လာတတ်ခဲ့တယ် သင်ခန်းစာ ယူတတ်ခဲ့တယ်..
သူတို့ အဲ့လိုဖြစ်လို့ သူတို့ အကြောင်းမကောင်းတာအတင်းအဖျင်းအနေနဲ့ မမြင်ဘဲ သူတို့ နေရာမှာငါသာဆိုရင် ဘယ်လို နေမလဲ..ငါကိုယ်တိုင်က
အဲ့ဒီလို မျိုး မှားခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ သေချာတွေးတတ်လာခဲ့ပါတယ်...ကိုယ်လဲ လူသားတစ်ယောက်မို့ သူတို့ လို မမှားနိုင်ဘူးလို့ 
မပြောနိုင်ဘူးလေ.....

စကားပုံလားစကားပြောင်လားမသိဘူး ရယ်စရာတစ်ခု ကြားဖူးတယ်...
****မိန်းကလေးတွေ ၁၆နှစ်အရွယ်မှာ သနပ်ခါးသွေးတာ...ငါတော့ ဆရာဝန်ကတော် စစ်ဗိုလ်ကတော်..လုပ်မှာ လို့ ပြောပြီး
သွေးတယ်တဲ့..သွေးရင်းသွေးရင်း မရတော့
၂၀ လဲကျော်လာရော တစ်ဆင့်လျှော့ပြီး ကျောင်းဆရာကတော်...ကျောင်းဆရာကတော် လို့ ပြောပြီးသွေးရင်း
သွေးရင်း.. မရပြန်တော့ ၂၅ လဲကျော်လာရော ရတာယူမယ် ရတာယူမယ် ဖြစ်သွားပါလေရောတဲ့*****
ဒီခေတ်မှာ ရုပ်ကလေး အားကိုးပြီး ငါတော့ ဆရာဝန်ကတော်...စစ်ဗိုလ်ကတော်. သူဌေးကတော်
.အရာရှိကတော် ဖြစ်မှာဘဲလို့ မှန်းနေကြတဲ့သူ..တွေ အသိလေးတစ်ခုထားပါ..
ဘ၀ဆိုတာ ကိုယ်ဖြစ်ချစ်သလို ကိုယ်လုပ်ချင်သလို ဖြစ်နိုင်ဖို့ ဆိုတာ..ကံတရားရယ် စိတ်ထားရယ် အရမ်းအရေးကြီးတယ်..
ဥပမာ..ဆရာဝန်ကတော် မှန်းတယ်ဆိုပါစို့ ..ကိုယ့်မှာ ကတော်ဖြစ်ဖို့ အတိတ်ဘ၀ကပြုခဲ့ဖူးတဲ့
့ကုသိုလ်ကံရယ်..ဆရာဝန်ကတော် ပီသစွာနဲ့  လူနာတွေအပေါ်
ကြင်နာစာနာတတ်တဲ့ စိတ်ဓါတ်လေးရယ်..အသပြာထက် မေတ္တာ ကို အဓိကထားတဲ့ စိတ်လေးရှိနေမှ ဆရာဝန်ကတော်မှန်းပါ..
ကံဆိုတာက ရှေးဘ၀က ပြုခဲ့ဖူးတဲ့ကုသိုလ်ကံ..စိတ်ထားဆိုတာက လက်ရှိ စိတ်ဓါတ်က တစ်ကယ် မှန်ကန်နေမှ.
ကိုယ်လိုချင်တာ ကိုယ်မှန်းတာ ကိုယ်ဖြစ်ချင်တာ ဖြစ်နိုင်တာပါ..

ဆရာဝန်တစ်ယောက်ရဲ့ ပြန်ပြောပြချက်ကို မဂ္ဂဇင်းတစ်ခုမှ ဖတ်လိုက်ရတဲ့ဖြစ်ရပ်မှန်လေးတစ်ခုပါ..
သူငယ်ချင်းဆရာဝန်နှစ်ယောက် ရှိပါတယ်.သူတို့ နှစ်ယောက် အိမ်ထောင်ကျတော့ တစ်ယောက်က အရမ်းလှတဲ့ သူနဲ့ ရပါတယ်..
သူတို့ နှစ်ယောက်တွဲသွားလိုက်ရင် နေနဲ့ လ ရွှေနဲ့ မြလို့  လိုက်ဖက်တဲ့အတွဲလို့  အများက ချီးကျူးကြပါတယ်..
နောက်တစ်ယောက်က သာမန်ရုပ်ရည် ရှိတဲ့ သူနဲ့  ရပါတယ်..သူတို့ အတွဲ ကိုကျတော့
ဆရာဝန်က ဖြူဖြူချောချော ဆရာဝန်ကတော်ကအသားညိုညိုနဲ့ ရွက်ကြမ်းရေကျို ဘယ်လိုမှ ကတော်ရုပ်မပေါက်တာ မင်းမို့ 
ယူတယ်ကွာဆိုပြီး လူတွေက နှာခေါင်းရှုံ့ ကြပါတယ်...
နှစ်ယောက်လုံး ဆရာဝန်ကတော် ဖြစ်သွားတာချင်းတူပေမယ့် ရုပ်ရည်နဲ့ စိတ်ဓါတ်က ဘာကွာလဲဆိုတော့..ရုပ်ချောတဲ့ သူက
မာနကြီးပါတယ်..လူတွေကို စကားပြောရင်လဲ အထက်စီးက မတူသလို မတန်သလို ပြောပါတယ်..လူနာတွေကိုလဲ ကြင်ကြင်နာနာ
မရှိပါဘူး..အိမ်၇ှင်မတာဝန်နဲ့ သားသမီးတွေ ကိုလဲ ဂရုမစိုက်ပါဘူး..ငါ့ လို လှတဲ့သူကို ငါ့ယောက်ျား ဘယ်တော့မှ မပြစ်သွားနိုင်ဘူး
လို့ ထင်ထားပါတယ်...
သာမန်ရွက်ကြမ်းရေကျို ကတော့ အပြောအဆို အနေအထိုင်ကအစ အေးချမ်းတယ် ခင်ပွန်းနဲ့ သားသမီးအပေါ်လဲ တာဝန်ကျေတယ်.
..စိတ်ကောင်း၇ှိပြီး လူနာတွေကိုလဲ မေတ္တာထားတယ်..
တစ်နေ့ ဆရာဝန်နှစ်ယောက်လုံး နယ်ကို အလုပ်ပြောင်းရတော့ ဆရာဝန်ကတော်တွေက ကလေးတွေ ကျောင်းတစ်ဖက်နဲ့ 
ချက်ခြင်း လိုက်မပြောင်းနိုင်သေးလို့  ဆရာဝန်နှစ်ယောက်ပဲ နယ်ကို ပြောင်းသွားပါတယ်..
ဖြစ်ချင်တော့ နှစ်ယောက်လုံးက မိန်းမနဲ့ ကလေးတွေ မပါသွားတော့ နယ်က မမတွေက လူပျိုမှတ်ပြီး ဆရာဝန်ကတော် ဖြစ်ဖို့ အတင်း
ကပ်တာပေါ့....ဇနီးအလှလေးရထားတဲ့ဆရာဝန်က အပြောအဆို နဲ့ 
အယုအယ ကောင်းတဲ့သာမန်မိန်းကလေး
နဲ့ ငြိပြီး ၇ွက်ကြမ်းရေကျို ရထားတဲ့ဆရာဝန်က သူများလိုမျိုး နေနဲ့ လ ရွှေနဲ့ မြ ချီးကျူးတာ
ခံချင်လို့  အိမ်က မိန်းမထက် လှတဲ့သူနဲ့ ပါသွားပါတယ်...ဘာမှတော့
မဖြစ်သေးပါဘူး...သူတို့ ဘ၀မှာ မရခဲ့ဖူးတာလေးကို ရတော့ စိတ်ထဲက သာယာသွားတာပါ..
အဲ့ဒီသတင်းကို မြို့ က မိန်းမနှစ်ယောက် သတင်းကြားပြီး လိုက်လာတော့ ..ရုပ်လှတဲ့ ကတော်က ယောက်ျားကို ချိုချိုသာသာနဲ့ 
မပြောဘဲ..ရိုင်းရိုင်းစိုင်းစိုင်းစွပ်စွဲပြီး ပြဿနာ၇ှာတော့....ဆရာဝန်လဲ စိတ်ကုန်ပြီး တစ်ခါတည်း ကွာ၇ှင်းလိုက်ပါတယ်..
ရွက်ကြမ်းရေကျို အမျိုးသမီးက.သားသမီးတွေကိုငဲ့ပြီး မလုပ်သင့်တာ မလုပ်ပါနဲ့ ..မိဘဆိုတာ
သားသမီးတွေအတွက် စံပြအဖြစ်နေရမယ်လို့  ချိုချိုသာသာနဲ့ ပြောပါတယ်.အဲ့ဒီအခါ တဒင်္ဂ အလှမှာ သာယာမိတဲ့ ဆရာဝန်က
အသိလေး ၀င်လာပြီး သူ့ ဇနီးရဲ့ အေးချမ်းတဲ့ စိတ်ဓါတ်ဖြူစင်တဲ့ စိတ်ထားတွေကိုသိမြင်လာလို့ ..ကွာရှင်းခွင့်မတောင်းတော့ပဲ
အရင်ကထက် မိန်းမ နဲ့ သားသမီးကိုပိုပြီး ဂရုစိုက်တတ်လာပါတယ်တဲ့..

တစ်ကယ်တော့ ရုပ်အလှထက် စိတ်အလှက အစစအရာရာ
သာလွန်တယ်ဆိုတာ သိသွားပြီလေ...လောကကြီးမှာ ရုပ်ရည်တစ်ခုတည်းနဲ့ ကိုယ်ဖြစ်ချင်တာ ဖြစ်မလာဘူး..စိတ်ဓါတ်က အရေးကြီး
သေးတယ်..
နောက်ထပ်ဖြစ်ရပ်မှန်က.ကျောင်းထဲက ရပ်ကွက်ထဲက မြို့ ထဲက အလှဘုရင်မဘွဲ့ ရည်းစားတစ်ထောင်
လင်ကောင်တစ်ယောက် သတ်မှတ်ပြီး ရည်းစားအများကြီးထားတဲ့ ညီမလေးတွေ သတိထားဖို့ ပါ...
တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်...အရမ်းလှတော့ ကြိုက်တဲ့သူ များသလို ရည်းစားလဲ
များပါတယ်..သူ့ အနေနဲ့  ရည်းစားထားတယ်ဆိုတာ ယောက်ျားလေးတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ အရည်အချင်းကို
အနီးကပ်လေ့လာခွင့်ရဖို့  ရည်းစားအဖြစ် လက်ခံလိုက်တယ်..စိတ်သဘောထား မတိုက်ဆိုင်ရင် လမ်းခွဲလိုက်တယ်..
ဘာမှမထူးဆန်းဘူးလို့ ထင်ပေမယ့် သူတွဲပြီး ဖြတ်ခဲ့တဲ့ သူတွေက အညိုးကြီးတဲ့သူဆိုရင် မစားရတဲ့ အမဲ သဲနဲ့ ပက်တတ်ပါတယ်.
တစ်နေ့ အခန်းထဲမှာ တစ်ယောက်တည်းရှိနေတုန်း သူမချစ်သူဟောင်းက အခန်းထဲဝင်လာပြီး
်..ဒီလောက် မျက်နှာများတဲ့ မိန်းမ မင်းရုပ်ဆိုးသွားမှ မင်းသစ္စာမဖောက်မှာ ဆိုပြီး မျက်နှာကို အက်ဆစ်ရည်နဲ ပက်ပြီး
ထွက်ပြေးသွားပါတယ်..ပတ်ဝန်းကျင်ကလည်း အဲ့ဒီကောင်လေးနဲ့  ကောင်မလေး သမီးရည်းစားဖြစ်နေတာ သိကြတော့
ရိုးရိုးတန်းတန်းလာတွေ့ တယ်ထင်ကြတာပေါ့...ကောင်မလေးရဲ့  အော်သံကြားလို့  ပြေးကြည့်တော့မှ မျက်နှာတစ်ခုလုံး
ရစရာ မ၇ှိတော့ပါဘူး...ပတ်ဝန်းကျင်က ဆေးရုံတင်ပေးပြီး ရဲစခန်းကိုအကြောင်းကြားတော့ တရားခံကောင်လေးကို ဖမ်းပြီး
စစ်ဆေးတော့ ကောင်လေးက ကောင်မလေးနဲ့ သူနဲ့ ချစ်သူတွေပါ...ကောင်မလေးက သူကိုသစ္စာ
ဖောက်ပြီး တစ်ခြားတစ်ယောက်နဲ့ တွဲနေတာကို မခံချင်စိတ်နဲ့ ကောင်မလေးရုပ်ပျက်သွားအောင် လက်စားချေတာပါလို့ 
ပြောပါတယ်..

လူချင်းတူပေမယ့် စိတ်ဓါတ်ချင်း ခံယူချက်ခြင်း အတွေးအခေါ်အယူအဆခြင်းလုံးဝ မတူပါဘူး..
အချစ်နဲ့ ပက်သက်လာရင် ဘ၀နဲ့ ပက်သက်လာရင် ဘာပဲဖြစ်ဖြစ် တစ်ခုခု
ဆုံးဖြတ်ချက်မချခင်မှာ နောင်ဖြစ်လာမယ့် ကောင်းကျိုး ဆိုးကျိုး ကိုအရင်တွေးကြည့်ပါ..အချစ်နဲ့ ဘ၀ နဲ့ ပက်သက်လာ ရင်
များများတွေးတွေးပြီး ဝေးဝေးကြည့်ပါ..များများတွေးဆိုတာက သင့်မသင့် ကောင်းမကောင်းမှန် မမှန်...အရင်တွေးပါ..
ဝေးဝေးကြည့်ဆိုတာ နောင်တစ်ချိန်မှာ ရလာမယ့် အကျိုးဆက် ကောင်းကျိုး ဆိုးကျိုးကို အရင်ကြည့်ပါ..

ဆရာတော်တစ်ပါးဆုံးမထားဘူးတယ်...
ပတ်ဝန်းကျင်မှာ တွေ့ ကြုံရမယ့် ကောင်းတဲ့သူ နဲ့ မကောင်းတဲ့သူတွေကို ကိုယ့်ရဲ့ ဆရာအဖြစ် ရိုရိုသေသေ သတ်မှတ်ရမယ်တဲ့..
ကောင်းတဲ့ သူနဲ့ တွေ့ တဲ့အခါ သူ့ လိုကောင်းအောင် ကိုယ့်လဲ ကြိုးစား ရမယ်..ဒါ့ကြောင့် သူဟာ ကိုယ်ကောင်းဖို့ အတွက် အတုယူသင့်တဲ့ဆရာ
ပါ..တစ်ကယ်လို့  မကောင်းတဲ့သူနဲ့ တွေ့ ရင်လည်း သူ့ လို အမှားမျိုး မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ထိန်းသိန်းနိုင်တဲ့အတွက်
သူဟာ ကိုယ့်ကိုယ် အမှားနည်းအောင် အသိပေးတဲ့ ဆရာအဖြစ် ကျေးဇူးတင်ရမယ်တဲ့...

ပြောပြချင်တာတွေအများကြီးရှိသေးတယ်...
အခုတလော သတင်းတွေကြောင့်တော်တော်လေးစိတ်ညစ်နေလို့ 
စာရှည်သွားရင်လဲ ဖတ်တဲ့သူတွေ စိတ်ညစ်မှာစိုးလို့ ...ဒီလောက်နဲ့ ပဲ တော်သင့်ပြီ...:D
Written...By...ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)..03:20 AM 28.6.2012
http://www.haymonchan.blogspot.com
https://www.facebook.com/yourthulay

Thursday, June 28, 2012

စာအုပ်ဆိုတာဘာလဲ (သို.) စာအုပ်အမျိုးအစားများ



ပညာရှိတစ်ယောက်၊ စာရေးဆရာတစ်ယောက်က ရိုးသားစွာနဲ့ စေတနာရှိစွာ ရေးသားထားတဲ့ စာပုဒ်ဟာ စာအုပ်တစ်အုပ်ပဲ။ စာအုပ်တွေထဲမှာ မကောင်းတာတွေ၊ အပေါ်ယံကျတာတွေ၊ ကရော်ကမည် ရေးထားတာတွေ၊ ဟန်လုပ်ရေးထားတာတွေ ပါကောင်းပါနိုင်တယ်။ ဒါပေမယ့် ကိုယ်က မှန်ကန်စွာ ဖတ်တတ်လို့ရှိရင် အဲဒီအထဲမှာ ကောင်းမွန်တဲ့ အပိုင်းအစတွေ တွေ့လိမ့်မယ်။ အဲဒီ အပိုင်းအစတွေဟာ စာအုပ်ပဲ။
စာအုပ်အမျိုးအစား အားလုံးကို ခွဲကြည့်လိုက်ရင် နှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက ခုလောလောဆယ် ဖတ်ရမယ့် စာအုပ်၊ ခု နာရီပိုင်းသာခံတဲ့ စာအုပ် ဖြစ်တယ်။ နောက်တစ်မျိုးကတော့ ရေရှည်ဖတ်ရမယ့် စာအုပ်၊ ခေတ်တိုင်း ခေတ်တိုင်း ခံတဲ့ စာအုပ် ဖြစ်ပါတယ်။ နာရီပိုင်းသာ ခံတဲ့စာ၊ ခုချက်ချင်းဖတ်ရမယ့် စာပေဆိုတာကတော့ ဗဟုသုတကိုပေးတဲ့ စာတွေ ဖြစ်ပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့ဟာ တစ်နေ့လုံး ဖတ်ရမယ့် စာတွေ မဟုတ်ဘူး။ မနက်ပိုင်း ဖတ်လိုက်ရင် ကုန်သွားတာပဲ။ ခေတ်တိုင်း ခံတဲ့ စာဆိုတာကတော့ ခံစားချက်၊ အတွေးအခေါ်ကို လှုံဆော်ပေးတဲ့ စာဖြစ်ပါတယ်။
ဒီစာအုပ် အမျိုးအစားနှစ်ခုကို ရပ်စကင်းက နောက်တစ်နည်း ပြောပါသေးတယ်။ အသံကို ပွားစေတဲ့ စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့ စာအုပ်လို ပြောပါသေးတယ်။ အသံကို ပွားစေတဲ့ စာအုပ်ဆိုတာ လူပေါင်းများစွာကို တစ်ခါတည်း မပြောနိုင်တဲ့အတွက်၊ တစ်နေရာတည်းမှာ ပြောလို့ မရတဲ့အတွက် ကူးယူပုံနှိပ်ပြီး ပြောရတာ။ တိုင်းမဂ္ဂဇင်းတို့၊ ဘာတို့ဆိုတဲ့ သတင်းမဂ္ဂဇင်းတွေဟာ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ ပြောလို့မရတဲ့အတွက် အဲဒီထဲမှာပါတဲ့ သတင်းတွေကို ပွားပြီး၊ ကူးယူပြီး ဖြန့်ဝေရတယ်။ ဒါကြောင့်မို့ အသံကို ပွားစေတဲ့ စာအုပ်လို့ ရပ်စကင်းက ခေါ်ပါတယ်။ အသံကို ထိန်းသိမ်းပေးတယ်ဆိုတဲ့ စာအုပ်ကတော့ အတွေးအခေါ်များ၊ အဆိုအမိန့်များ၊ ခံစားချက်များကို နောင်မှာ ပျောက်ကွယ်မသွားအောင် နောင်လာနောင်သားတွေ မှတ်နိုင်ဖတ်နိုင်အောင် ထိန်းသိမ်းထားတဲ့ စာအုပ်တွေပါ။
ဒီနှစ်မျိုးကိုပဲ ရပ်စကင်းက နောက်တစ်နည်း ထပ်ပြောပါသေးတယ်။ စကားပြောထားတဲ့ စာအုပ်နဲ့ စာရေးထားတဲ့ စာအုပ်လို့ သူက ခေါ်ပါတယ်။ စကားပြောထားတဲ့ စာအုပ်ဆိုတာ မနှစ်က ဒီနေရာမှာ ဘယ်လို ရာသီဥတု ရှိခဲ့တယ်။ လမ်းပန်းက ဘယ်လို ရှိတယ်။ စားသောက်ဆိုင်က ဘယ်နှစ်ဆိုင် ရှိတယ်။ ဘယ်နားမှာ ဘယ်ဘုရားရှိတယ်ဆိုတဲ့ စာမျိုးတွေပါ။ သူတို့ အဲဒီလို စာတွေကို ဘယ်လောက်ပဲ လှပခန့်ညားတဲ့ သားရေဖုံးကြီးတွေနဲ့ ချုပ်ထားသည် ဖြစ်စေ၊ အဲဒီစာအုပ်ဟာ တကယ့် စာအုပ်မဟုတ်ဘူး။ ပြောပြထားတဲ့ စာအုပ်ဖြစ်တယ်။ တကယ့်စာအုပ်ကတော့ ရေးပြထားတဲ့စာအုပ်၊ ဖတ်ပြီး သိရုံ ရေးထားတဲ့ အရာမဟုတ်ဘဲ ဖတ်ပြီး ခံစားရအောင် ရေးထားတဲ့ စာအုပ်လို့ ပြောတယ်။
သုတစာပေနဲ့ ရသစာပေကို ပြောတာပါပဲ။ ဒီတော့ စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင် နှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက ရေတိုခံတဲ့စာအုပ်နဲ့ နောက်တစ်မျိုးက ရေရှည်ခံတဲ့စာအုပ်၊ တစ်နည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။
ဒီနေရာမှာ ရေတိုခံတဲ့ စာအုပ်ဟာ မကောင်းဘူး။ ရေရှည်ခံတဲ့ စာအုပ်မှ ကောင်းတယ်လို့ အဆိုးအကောင်း ပြောတာ မဟုတ်ဘူး။ နှစ်မျိုးစလုံးဟာ စာကောင်းချည်းပဲ။ ဒါပေမယ့် တစ်မျိုးက ရေတိုအတွက် ဖတ်တာ။ သုတအတွက် ဖတ်တာ။ နောက်တစ်မျိုးက ရေရှည်အတွက် ဖတ်တာ၊ ရသအတွက် ဖတ်တာ။

ဆရာမြသန်းတင့်

မူရင်းလင့် မြစ်ဆုံး

ဒု - သ - န - သော



ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်း မကြာမကြာ အမေးခံရဖူးပါတယ်။ တစ်ချို့လည်း ကြားဖူးနေပေမယ့် အဓိပ္ပါယ် တိတိကျကျ မသိတဲ့အတွက် မေးကြခြင်းဖြစ်သလို တစ်ချို့လည်း စာအုပ်စာပေတွေ ဖတ်ရင်းကြားညပ်ပါလာလို့ ဖတ်လိုက်ရပေမယ့် အကျယ်မရှင်းထားတော့ ဘာမှန်းမသိ ဖြစ်တဲ့အတွက် မေးကြတာလည်း ရှိပါတယ်။ တကယ်တော့ ဒီအသံတွေဟာ မကောင်းတဲ့ အလုပ်ကြောင့် မကောင်းတဲ့ ဘ၀ကနေ ခံစားနေရတဲ့ မကောင်းကျိုးတွေအပေါ် နောင်တရတဲ့ သူတွေရဲ့ သံဝေဂနဲ့အတူ အသိပေးတဲ့ သတိပေးသံတွေပဲ ဖြစ်ပါတယ်။ ဒီ စကားလေးတွေ ဖြစ်ပေါ်ခဲ့ရခြင်း အကြောင်းရဲ့ အတိတ်ကို ပြန်ကြည့်လိုက်ရင် ကြောက်လန့်စရာ တကယ့်ကိုပဲ ကောင်းလှပါတယ်။ ဒီအသံပိုင်ရှင်တွေရဲ့ အတိတ်က လုပ်ရပ်တွေဟာ ကြောက်တတ်မယ်ဆိုရင် တကယ်ပဲ ကြောက်စရာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓအနေနဲ့ ဒီ အကြောင်းတရားကို ဟောကြားဖြစ်ခဲ့တာကတော့ ကောသလဘုရင်နဲ့ ဆက်စပ်နေပါတယ်။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့ သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသား အမျိုးသမီး တစ်ဦးကို နှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီး အကြောင်းကို စုံးစမ်းခိုင်းတဲ့အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီး အပေါ်စွဲလန်းနေမိတဲ့ အတွက် ဒီအမျိုးသမီးကို အရယူဖို့ သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာ အလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်းနည်းနဲ့ အပြစ်ရှာပြီး အပြစ်အတိုင်း အဆုံးစီရင်ကာ ကျန်ခဲ့တဲ့ အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာ ရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ် ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကို တမင်အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်း သွားရောက် ဆောင်ယူရမှာ ဖြစ်ပါတယ်။

ဒါနဲ့ သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာ ရှိတဲ့သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။ တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ ဘုရင်အမိန့်အတိုင်း လိုအပ်တာကို ယူဆောင်ပြီး နန်းတော်သို့ အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ ဘုရင်ကြီးဟာ သူဆင်းရဲသား မရောက်ခင် နန်းတော်မြို့တံခါးကို စောစော အပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါး ပိတ်ထားတဲ့အတွက် အဲဒီည အိပ်စရာမရှိတဲ့အခါ နောက်ဆုံး သတ္တ၀ါတွေရဲ့ ထုံးစံအတိုင်း ဒုက္ခရောက်မှ ဘုရားကျောင်းကန်ကို သတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။

ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက်ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရ ဖြစ်နေခဲ့ပါတယ်။ အိမ်မပျော် ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ ငရဲသားလေးယောက်ရဲ့ အသံကို ထူးထူးခြားခြား ကြာလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်း သူတို့မှားခဲ့တဲ့ အမှားအတွက် ခံရတဲ့ ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က “ဒု”၊ တစ်ယောက်က “သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲ ပြန်မြုပ်သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ်လန့်ကာ ဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။

မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပုရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကို ပူဇော်ရပါမယ်၊ ဒီယဇ်ပူဇော်ဖို့အတွက် ဆင်၊ မြင်း၊ နွားလဥသဘ၊ နို့ညှစ်နွားမ၊ ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊ ၀က်၊ သတိုးသား၊ သတိုးသမီး စသဖြင့် သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီး ပူဇော်ရပါမယ်၊ အဲဒါဆို ဘုရင်ကြီးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။ ကောသလဘုရင်ဟာ ဉာဏ်အမြင်နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့သူ ဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်း စီရင်စေပါတယ်။ ဘုရင်ရဲ့ ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သားသမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။ ဒီအသံတွေကြောင့် ကောသလမင်းကြီးရဲ့ မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာ လမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာ ဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက်ကြားဖို့ အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့ အကြံအတိုင်း ဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။

ဘုရားရှင်ထံ ရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရ ကံကြောင့် လောဟကုမ္ဘီငရဲမှ ကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပ မြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာ အတူပျော်ပါး စားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကို ပေးကာ သူတို့နဲ့ ပျော်ပါးတဲ့ အခါ အသုံးပြုကြဖို့ ဆုံးဖြတ်ပြီး ချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီး ပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေးယောက်ဟာ ကာမေသုမိစ္ဆာစာရ အမှုကို နှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲ သူတို့လေးယောက် သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီး အခုတစ်ခါ လောဟကုမ္ဘီငရဲမှာ ထပ်ပြီး ခံနေရတာ ဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီ သူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲ ဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။

မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက
ဒု”ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အား စည်းစိမ်ဥစ္စများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့် ကုသိုလ်ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့
“သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

”ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏ အပိုင်းအခြားသည် မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

သော”ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကို သိလေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည် ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ ပြောလိုတာ ဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။

အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်း အဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင်ဟာ အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါတော့တယ်။

ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။

ဒီနေရာမှ အဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေ အကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်က လုပ်ခဲ့တဲ့ သူတပါး သားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့ တန်ပြန်သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင် ကိုယ်ကျင့်သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အဖြစ်အပျက် အဓိပ္ပါယ်တွေကို ကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့ လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

မူရင်းလင့် မနာပါဒါယီ

Tuesday, June 26, 2012

အထီးကျန်ခြင်းထဲ နှစ်သက်ပျော်ဝင်ခြင်း

လောကဓံကြောင့်၊ မိသားစုဆွေမျိုးတွေနဲ့ ခွဲပြီးနေရတာ၊ စားဝတ်နေရေးကြောင့် တစ်နယ်တစ်ကျေးခွဲနေရတာ စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် အထီးကျန်ခြင်းကို ထိတွေ့ခံစားကြရတဲ့ သူတွေ အားလုံးအတွက် ပြန်လည်မျှဝေပါသည်။

တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက်ထိုင်နေတဲ့အချိန်ဟာ ဗလောင်ဆူလှုပ်ရှားနေတဲ့စိတ်ကို တည်ငြိမ်စေပါတယ်။ ဒါဟာ အထီးကျန်ခြင်းထဲကရလာတဲ့ တည်ငြိမ်အေးဆေးမှုဖြစ်တယ်။ လူ့ဘဝမှာ စောင့်စားရတဲ့ရက်တွေ အကြိမ်ကြိမ်မကရှိသလို အထီးကျန်ခြင်းလည်း တစ်ကြိမ်မက ခံစားကြရတယ်။

သီချင်းတစ်ပုဒ်က ဒီလိုဆိုပါတယ်။ "ရှည်လျားတဲ့ဘူတာရုံမှာ အထီးကျန်စွာစောင့်စားတယ်"တဲ့။ ဟုတ်ပါတယ်.... ရှည်လျားတဲ့ဘဝခရီးလမ်းတလျောက် ဘူတာဘယ်နှခုလောက်မှာ ကိုယ့်အနာဂတ်ကို ကျွန်တော်တို့အထီးကျန်စွာ၊ သည်းခံစွာနဲ့ စောင့်စားခဲ့မှန်း မသိတော့ပါဘူး။ အထီးကျန်နေတဲ့အချိန် အထီးကျန်ခြင်းထဲကနေ ပျော်ရွှင်ခြင်းကို ကျွန်တော်တို့ရှာဖွေတတ်ရပါမယ်။ အထီးကျန်တယ်ဆိုတာ စိတ်ညစ်စရာတွေ၊ မပျော်ရွှင်တာတွေကိုပဲ တွေးတောဖို့မဟုတ်ပါဘူး။ ပျော်ရွှင်ခြင်းနဲ့ စိတ်ညစ်ဝမ်းနည်းခြင်းဆိုတာ ဘဝထဲက ဖြတ်သန်းမှုတစ်ခု၊ ဘဝထဲက သရုပ်သဏ္ဌာန်တစ်ခုဖြစ်တယ်။ ဖြစ်စဉ်တစ်ခုတိုင်းကို တန်ဖိုးထားပြီး ဦးနှောက်ခြောက်စရာ၊ စိတ်ရှုပ်စိတ်ညစ်စရာတွေကို မေ့ပျောက်ချေဖျက်ပြီး ပျော်ရွှင်ခြင်းကို ရှာဖွေမျှဝေတာဖြစ်တယ်။ တစ်ခါတလေမှာ သင်မရှာဖွေရင် ပျော်ရွှင်ခြင်းက ပျောက်ပျက်လွှင့်ပြယ်ရ မြန်ပါတယ်။

တချို့က တစ်ယောက်တည်းနေရလို့ အထီးကျန်ခံစားရတယ်၊ အထီးကျန်ခြင်းထဲကနေ ရုန်းမထွက်နိုင်ကြဘူး။ တကယ်တော့ အထီးကျန်ခြင်းက ဆန်းသစ်တွေးတောမှုကို ပိုဖြစ်ထွန်းစေပါတယ်။ ရှေးရှေးကနေ ယနေ့ထိတိုင် စာပေပညာရှင်၊ ဂီတအနုပညာရှင်၊ သိပ္ပံပညာရှင်၊ ဒဿနိကပညာရှင်၊ နိုင်ငံရေးပညာရှင် ... စတဲ့ပညာရှင်တွေဟာ အထီးကျန်ခြင်းထဲ နစ်မြုပ်ပြီး အလုပ်လုပ်ခဲ့ကြတယ်၊ ဆန်းသစ်ခဲ့ကြတယ်၊ တီထွင်ခဲ့ကြတယ်။ စိတ်ဝိညာဉ်ထဲကနေ အဆုံးမရှိတဲ့ တစ်ယောက်တည်း ထီးထီးနေတဲ့ပျော်ရွှင်ခြင်းကို ခံစားခဲ့ကြတယ်။

လောကဓံကြောင့်၊ မိသားစုဆွေမျိုးတွေနဲ့ ခွဲပြီးနေရတာ၊ စားဝတ်နေရေးကြောင့် တစ်နယ်တစ်ကျေးခွဲနေရတာ စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် လူတွေဟာ အထီးကျန်ခြင်းကို ထိတွေ့ခံစားကြရတယ်။ လူတစ်ဦးချင်းရဲ့ မတူတဲ့အကျင့်စရိုက်၊ ပတ်ဝန်းကျင်ရဲ့ ဖိအား၊ ပညာရေးအကျိုးသက်ရောက်မှု၊ မတူတဲ့ရိုးရာယဉ်ကျေးနဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနောက်လိုက်ပြီး လူတချို့ရဲ့နားလည်ပေးမှုကို မခံရတဲ့အခါ အထီးကျန်တဲ့ခံစားမှုကို ပိုခံစားမိတတ်ကြတယ်။ လူအများစုက အထီးကျန်ခြင်းကို စိတ်ဖိအားတစ်မျိုးလို့ ထင်မြင်ကြပြီး မကောင်းတဲ့စိတ်ခံစားမှုနဲ့ ကိုယ့်ကိုယ်ကို ချုပ်နှောင်ထားတတ်ကြတယ်။ တကယ်တော့ တခြားရှုထောင့်ကကြည့်ရင် အထီးကျန်ခြင်းဆိုတာ စိတ်နှလုံးအနားယူခြင်းပဲဖြစ်ပါတယ်။

လူဆိုတာ နဂိုတည်းက တစ်ဦးတစ်ယောက်ချင်းပါ။ ဒါကြောင့် ထီးထီးနေတတ်တဲ့ခွန်အားနဲ့ အထီးကျန်ခြင်းထဲ နှစ်သက်ပျော်ဝင်တဲ့စိတ် ရှိသင့်ပါတယ်။ အထီးကျန်ခြင်းဆိုတာ ကြောက်ဖို့မကောင်းပါဘူး။ သူဟာ စကားမများ တိတ်တဆိတ်နေတတ်တဲ့ သူငယ်ချင်းနဲ့တူပါတယ်။ သင့်ကို စိတ်ပါလက်ပါ လမ်းမညွန်ပြတတ်ပေမယ့် ဘဝရဲ့သဘာဝတရားကို ထိတွေ့ခံစားတတ်အောင် သင့်ကိုဆွဲခေါ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများက သူ့အနားကပ်ဖို့ ကြောက်တတ်ကြတယ်။ ဆူညံလှုပ်ရှားမှုတွေနဲ့ သူ့ကိုရှောင်ပုန်းကြတယ်။

Pupထဲက အဆိုတော်ဟာ အထီးကျန်ခြင်းကို မောင်းထုတ်တယ်။ Pupထဲဝင်ရောက်လာသူတွေက အဆိုအတီးတွေကြားထဲ တက်ကြွဖျတ်လတ်မှုအတုတွေကို ရယူတယ်။ KTVဝန်ထမ်းတွေက အထီးကျန်ခြင်းကို တံခါးအပြင်ဖက် တွန်းပို့တယ်။ သီချင်းဆိုသူတွေက အထီးကျန်ခြင်းတွေ အနားမကပ်ဖို့ အော်ဟစ်သီဆိုကြတယ်။

လူတချို့က အထီးကျန်ခြင်းကို ရှောင်တိမ်းကြတယ်။ သေတဲ့အထိ ရှောင်တိမ်းကြတယ်။ ဈာပနာကို ကြီးကြီးကျယ်ကျယ်လုပ်တယ်၊ အသက်ရှင်သူတွေကို အဖော်ပြုစေတယ်။ ဒီလိုနဲ့ပဲ အထီးကျန်ခြင်းကို မောင်းထုတ်နိုင်မလား? ဒီလိုနဲ့ပဲ တကယ်အထီးမကျန်တော့ဘူးလား?

ခရီးလှည့်လည်သွားလာသူတွေ အထီးကျန်သလား? လေ့လာဆန်းစစ်သူတွေ အထီးကျန်သလား? စန္ဒားယားကို စိတ်ပါလက်ပါ လေ့ကျင်နေသူတွေ အထီးကျန်သလား? စာတွေ၊ ကဗျာတွေကို စိတ်ဝင်တစားရေးနေသူတွေ အထီးကျန်သလား? အထီးကျန်တယ်ဆိုတာ ပြင်ပလက္ခာမဟုတ်ပါဘူး.. အတွင်းစိတ်ရဲ့ ခံစားချက်ပါ။

အိမ်ထောင်ကွဲစ လူလတ်အမျိုးသားတစ်ဦးဟာ နေ့တိုင်း ဘောလင်းရုံ ဒါမှမဟုတ် အကပွဲကိုအမြဲရောက်တယ်။ သူဟာ ဘောလင်းကစားတာ မကြိုက်သလို အက,ကတာလည်း မကြိုက်ဘူး။ သူလိုတာက လူအုပ်စု၊ ဆူညံနေတဲ့ လူအုပ်စုနဲ့ပတ်ဝန်းကျင်ကို သူလိုတာဖြစ်တယ်။ ဒါမှ အထီးကျန်တယ်လို့ မခံစားရဘူးလို့ သူထင်တယ်။ ဒါပေမယ့် ဒါဟာ သူ့ရင်ထဲက အထီးကျန်တဲ့ခံစားချက်ကို ပိုခံစားစေခဲ့ပါတယ်။ လူအုပ်ကြားမှာ ဆူဆူညံညံနဲ့ ပျော်ရွှင်ပြီးနောက် အိမ်ပြန်ရောက်တိုင်း သူမနေနိုင်မထိုင်နိုင် ပိုအထီးကျန်တယ်လို့ ခံစားခဲ့ရတယ်။ နောက်ဆုံးမှာ အထီးကျန်ခြင်းရဲ့ အထိုးအနှက်ကို သူခံလိုက်ရတယ်။

အထီးကျန်ခြင်းဆိုတာ ခံစားမှုတစ်မျိုးဖြစ်တယ်။ ဒီခံစားချက်ကို ရှောင်လွဲချင်လေ၊ ပိုခံစားရလေ ပိုအထီးကျန်လေဖြစ်တယ်။ သင်မမျှော်လင့်လေ အထီးကျန်ခြင်းက သင့်ရင်ထဲ ဝင်ရောက်လေဖြစ်တယ်။

တကယ်တော့ အထီးကျန်ခြင်းက တန်ဖိုးရှိပါတယ်။ အထီးကျန်ခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ မရှောင်ပြေးဘဲ ပွေ့ဖက်တတ်ရတယ်။ နှစ်သက်ပျော်ဝင်တတ်ရတယ်။ အထီးကျန်ခြင်းက ကိုယ်နဲ့အဖော်ပြုတယ်.. ကိုယ်ဘာမှ စိုးရိမ်ပူပန်စရာမလိုဘူး။ အထက်လူကြီးရဲ့ ရှစ်ခေါက်ချိုးမျက်နှာကို စိတ်ပူစရာမလိုဘူး။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယှဉ်ပြိုင်တာကို ကြည့်စရာမလိုဘူး။ အတင်းအဖျင်းတွေကို နားထောင်စရာမလိုဘူး။ ကွန်ပျူတာလေးဖွင့်၊ ရေနွေးကြမ်းတစ်ခွက်နဲ့ ကိုယ်နှစ်သက်တဲ့ သီချင်းလေးဖွင့်ပြီး တစ်ယောက်တည်းရဲ့ အထီးကျန်ခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ အေးချမ်းခြင်း၊ ပေါ့ပါးခြင်းကိုခံစားနိုင်ပါတယ်။ ဆူဆူပူပူ လှုပ်ရှားမှုတွေ၊ ဒေါသတကြီး အော်ဟောက်ဆဲဆိုမှုတွေ ဒါတွေကို ခေတ္တခဏ တိမ်လိုလွှင့်ပျောက်ပြယ်စေပါတယ်။

အထီးကျန်ခြင်းဆိုတာ ကြောက်ဖို့မကောင်းပါဘူး။ သူ့ကို ကောင်းတဲ့အမြင်၊ ကောင်းတဲ့အတွေးနဲ့ အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။ နှစ်သက်ပျော်ဝင်နိုင်ပါတယ်။ ဒီလိုဆိုရင် ဦးနှောက်ခြောက်စရာ၊ စိတ်ညစ်စရာတွေဟာ အထီးကျန်ခြင်းထဲမှာ ပျောက်ပျက်သွားမှာဖြစ်တယ်။ အထီးကျန်ခြင်းထဲကနေ ဘဝရဲ့အလှအပကို ခံစားတယ်။ ဒါဟာလည်း လူ့ဘဝရဲ့အရသာတစ်မျိုး၊ လူ့ဘဝရဲ့ ရှုခင်းတစ်မျိုးပဲဖြစ်ပါတယ်။

Sunday, June 24, 2012

မှတ်သားဖွယ်ရာများ





အနိုင်ယူနည်း
၁။ မိမိထက်သာသောသူကို မိမိကိုယ်ကို နှိမ်ချိခြင်းဖြင့်
၂။ တန်းတူသူအား သူ့ထက်သာအောင်ကြိုးစားခြင်းဖြင့်
၃။ နိမ့်ကျသောသူအား အနည်းငယ်ပေးကမ်းစွန့်ကျဲခြင်းဖြင့်
၎။ရဲရင့်သော အဖွဲ့အစည်းအား သွေးခွဲခြင်းဖြင့်


သူရူး(၃) ဦး
၁။ ပစ္စည်းဥစ္စာမချမ်းသားပဲ အကောင်းစားချင်သူ
၂။ ခွန်အားဗလမရှိပဲ အသတ်အပုတ်လုပ်ချင်သူ
၃။ အသိပညာမပြည့်ဝပဲ လူသူကြားပြောချင်သူ

မပြောသင့်သော စကား(၅)ရပ်
၁။စီးပွားပျက်ခြင်း
၂ စိတ်နှလုံးပူပန်ရခြင်း
၃။မယားဖြစ်သူဖောက်ပြန်ခြင်း
၎။အလှည့်စားခံရခြင်း
၅။မထိမဲ့မြင် အပြုခံရခြင်း


ပျက်စီးခြင်း(၄)မျိုး
၁။ ကျက်မှတ်ထားသောစာများအား နေ့စဉ်ပြန်မနွေးသောကြောင့်
၂။အိမ်ထောင်တစ်ခုတွင် ထကြွလုံ့လနည်းသောကြောင့်
၃။ ရုပ်ရည်လှပတင့်တယ်သော်လည်း ပျင်းရိသောကြောင့်
၎။ ဣနြေ္ဒရှိသော်လည်း သတိမေ့တတ်သောကြောင့်


မရှက်အပ်သော အခါများ ၎
၁။ပစ္စည်းဥစ္စာ ရောင်းဝယ်သောအခါ
၂။ အတတ်ပညာသင်ယူသောအခါ
၃။ သံတမန် လုပ်ငန်းများဆောင်ရွက်သောအခါ
၎ ။မေထုန်မှီဝဲသောအခါ

ပညာရှိပင်ဖြစ်လင့်ကစား ဘ၀ပျက်တတ်သောအကြောင်းများ
၁။ ဥာဏ်တုံးသော တပည့်အားပညာသင်ပေးခြင်း
၂။ အကျင့်မကောင်းသော မိန်းမနှင့် အိမ်ထောင်ပြုမိခြင်း
၃။ သူယုတ်မာနှင့်ပေါင်းမိခြင်း


အလိုရှိသတိ၇တတ်မှု
၁။စစ်မြေပြင်တွင်ရဲရင့်သောသူအားလိုကို၎င်း ၂။ အစားကောင်းစားရသောအခါ ချစ်သူကို ၄င်း
၃။ အခက်အခဲကြုံလာသောအခါ ပညာရှိကို၎င်း
၎။ တိုင်ပင်၇န်လိုလာသောအခါ နှုတ်လုံသူအား၎င်း အလိုရှိတတ်ကျ၏


မူယာမာယာများတတ်သူများ
၁။ ၂လင် ၃ လင်ပြောင်းပီးသောမယား
၂။ ၂ကျောင်း၃ကျောင်းပြောင်းပီးသော ရဟန်း
၃။ ထောင်ချောက်မှ ၂ကြိမ် ၃ကြိမ် လွတ်ဖူးသော ငှက်။


သိမ်းသွင်းနည်း(၄)မျိုး
၁။ အလိုရမက်ကြီးသူအား လက်ဆောင်ပေးခြင်းဖြင့်
၂။ မာန်ခက်ထန်သူအားအရိုအသေပေးခြင်းဖြင့်
၃။ မသိမလိမ္မာသူအား အလိုလိုက်ခြင်းဖြင့်
၎။ ပညာရှိအား ဟုတ်ရာမှန်ရာပြောခြင်းဖြင့် သိမ်းသွင်းရာ၏

ဆင်ထိမ်း

တစ်ခါတုန်းက လူရွယ်လေးတစ်ယောက်ဟာ လမ်းလျှောက်လာရင် ဆင်တင်းကုပ်နားကို ရောက်လာပါသတဲ့။ အဲ့ဒီမှာ ဆင်တွေရဲ့ ခြေထောက်မှာ ကြိုးသေးသေးလေးနဲ့ပဲ ချည်နှောင်ထားတာကို တွေ့ရပါသတဲ့။ သူငယ်လေးလည်း အံသြသွားပါတယ်။ ဒီလိုသေးငယ်တဲ့ ကြိုးကလေးတွေနဲ့ ချည်ထားရုံနဲ့ ဒီဆင်တွေကို ထိန်းနိုင်မှာတဲ့လား၊ အချိန်မရွေး ဒီကြိုးတွေကို ဖြတ်ပြီးတော့ သူတို့ သွားနိုင်တာပဲ။ ဒါပေမယ့် ဆင်တွေကတော့ အဲ့ဒီလို ရုန်းဖို့ မကြိုးစားကြပါဘူး။

ဒါနဲ့ လူငယ်လေးဟာ အနီးမှာရှိတဲ့ ဆင်ထိန်းကိုမေးသတဲ့။ ဘာဖြစ်လို့ ဒီဆင်တွေဟာ ဒီလောက် သေးတဲ့ ကြိုးလေးတွေနဲ့ ချည်ထားပေမယ့် ရုန်းထွက်ဖို့ မကြိုးစားကြတာလဲ။ ဆင်ထိန်းကပြန်ဖြေသတဲ့။ ကောင်းပြီ၊ ဒီဆင်တွေ ငယ်ငယ်ကလေးကထဲက ဒီအရွယ်အစားကြိုးနဲ့ပဲ ချည်လာတာလေ။ အဲ့ဒီအချိန်တုန်းကတော့ ဒီဆင်ပေါက်စလေးတွေဟာ ဒီကြိုးက ရုန်းထွက်ဖို့ အင်အားမရှိဘူးပေါ့။ ဒါပေမယ့် သူတို့ ကြီးလာတော့လည်း ဒီရုန်းမထွက်နိုင်တဲ့ အခြေအနေကို ဆက်လက်ပြီး လက်ခံကြတယ်။ ဒီကြိုးလေးကနေ သူတို့ ရုန်းမထွက်နိုင်ဘူးလို့ ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့ မရုန်းကြတော့တာပေါ့ ပြန်ဖြေပါသတဲ့။

လူငယ်ကလေးလည်း တော်တော်ကို အံအားသင့်သွားပြီး ဒီယုံကြည့်မှု့ကြောင့် ဒီဆင်တွေက ရုန်းဖို့ ထပ်မကြိုးစားကြတော့ပဲ ဒီလိုနေရာမှာပဲ နေကြရတယ်ပေါ့။
အဲ့ဒီလိုပါပဲ ကျွန်တော်တို့တွေလည်း အဖြစ်နိုင်ဘူးလို့ ယုံကြည့်ထားတဲ့ အရာတွေအောက်မှာ ဘယ်နှစ်ယောက်လောက် ပိတ်မိနေပြီလဲ? သေချာတာကတော့ သူတို့တွေဟာ ပထမဆုံးအကြိမ်မှာ ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ကြရလို့ပါ။
ရှုံးနိမ့်မှု့ဆိုတာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး သင်ယူဖို့ သင်ခန်းစာတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ဘယ်တော့မှ လက်မြှောက်အရှုံးပေးလို့ မရပါဘူး။ ဒါမှ နောက်ထပ် နောက်ထပ်သော စိန်ခေါ်မှု့တွေကို ရင်ဆိုင်နိုင်မှာပါ။
လမ်းလျှောက်ရင်လဲမှာကြောက်လို့ လမ်းမလျှောက်ရဲ့တဲ့ ကလေးငယ်ဟာ ဘယ်တော့မှ လမ်းလျှောက်တပ်လာမှာမဟုတ်ပါဘူး။ လဲရင်ပြန်ထ နောက်ထပ်တစ်လှမ်း၊ နောက်ထပ်တစ်လှမ်းနှင့် အောင်မြင်မှု့ပန်းတိုင်ဆီကို လျှောက်လှမ်းရမှာဖြစ်ပါတယ်။ တစ်နေ့ သင်လျှောက်လှမ်းခဲ့တဲ့ ဘ၀လမ်းခရီးတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့၊ အောင်မြင်စွာကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲမှတ်တိုင်တွေကို ပြန်ကြည့်ရတာလောက် ချိုမြိန်တဲ့ ကျေနပ်မှု့မျိုးဟာ ဘာနှင့်မှ မလဲနိုင်ပါဘူး။

ပြန်လည်မျှဝေပါသည်

Connection ကျနေစဉ် Gmail , Gtalk ဖွင့်နိုင်စေရန်

Connection ကျနေစဉ် G talk,G mail ဖွင့်နိုင်စေရန်ရည်ရွယ်ကာပို့ခြင်းဖြစ်သည်.

G mail ဖွင့်လိုလျှင်-

-Mozilla ကို ဖွင့်ပါ။

-Mozilla ထဲက Tools ကိုဖွင့်ပါ။

-Tools ထဲက Options ကိုနှိပ်ပါ။

-Options ထဲက Advanced ကိုနှိပ်ပါ။

-Advanced ထဲက settings ကိုနှိပ်ပါ။

-Settings ထဲက manual poxy ကို နှိပ်ပါ။

-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။
ပေါ်လာလျှင်HTTP poxy box တွင်

212.93.193.72 ကိုရိုက်လိုက်ပါ။
ဘေးက Post box တွင်

443 ကိုရိုက်ထည့်လိုက်ပါ။

*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။
ဒါဆို ရင် G mail ဖွင့်လို့ရပါပြီ။

G talk ဖွင်လိုလျှင်- g talk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။ ပြီးရင်
use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါ
post box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် G talk ၀င်လို့ရပ်ပြီ။

သူငယ်ချင်းတို့ CONNECTION ကျခြင်းမှကင်းဝေးပါစေ

poxy no. နေရာမှာ 212.93.193.72 ဆိုတာအပြင်... 212.93.193.82
,212.93.193.83, 212.93.193.84, block.appleak.net တို့ကို အဆင်ပြေသလို့
အစားသုံးသွားလို့ရပါတယ်။ port ကတော့ 443 ပဲဖြစ်ပါတယ်...



မှတ်ချက်။ ။မသိသူများအတွက်ရည်ရွယ်ပါသည်။

Tuesday, June 19, 2012

online chit thu < လေလှိုင်းချစ်သူ >



အွန်လိုင်းအချစ်

ွအွန်လိုင်းအချစ်က ပိုဆိုးတယ်နော် ။ မျက်လုံးမမြင်ရဘူး ကြားခံနည်းပါးတယ်။
နှလုံးသားနဲ့ဦးဏှောက်တိုက်ရိုက်ရောက်တာ ။ အသည်းနုတဲ့လူ
စိတ်ထားဖြူတဲ့လူတွေ မေတ္တာငတ်နေတဲ့သူတွေ ၊ ဖော်ကွာဝေးနေတဲ့သူတွေအတွက်တော့
သိပ်ကိုစိတ်မကောင်းစွာနဲ့ရင်နာရပါတယ် ကြေကွဲရပါတယ် ငိုကြွေးရပါတယ်
ခံစားချက်တခုအတွက်ပေါ့လေ .. ဘယ်လိုခံစားမှုဖြစ်စေ အွန်လိုင်းပေါ်ကနေတွေ့သိကျတော့မမြင်ရဘူး
မကြားရဘူးအတွေ့ အထိမပါပဲ ချစ်နေတဲ့ အချစ်ပဲ ...။

အွန်လိုင်းအချစ်
အတွေ့ အထိပါနေရင်တောင် ဒါကိုသာယာလို့ ဖြစ်ချင်ဖြစ်နိုင်သေးတယ်
ဘာအတွေ့ အထိမှမရှိပဲ စိတ်ထဲကနေ ချစ်နေတဲ့အချစ် အင်းသေချာတယ်
တစ်ဖက်ကညာတာလည်း မသိ ၊ စိတ်ညစ်နေလား ၊ ပျော်နေလား ၊ အလုပ်တွေ ရှုပ်နေလား ၊ဘာတွေဖြစ်နေလဲ
မသိသူနဲ့ကိုယ်နဲ့ချစ်နေတာသာသိတာနော်
ဖြူစင်မှု ညစ်နွမ်းမှု သူပြောသလောက်ပဲ ကိုယ်ကသိရတာလေနော်
အွန်လိုင်းပေါ်ကနေ ခင်မင်ရင်နှီးချစ်ခင်မိကျတော့ အချိန်ကုန် စိတ်ပင်ပမ်းနွမ်းနယ် စားချိန်မေ့ အိပ်ချိန်မေ့
ဘယ်အချိန်များလာမလည်း သူဘာလုပ်နေလည်း သူအတွက်စဉ်းစားပြီး စောင့်မျှော်နေရတယ်
ဒီကြားထဲ လိုင်းမကောင်းတော့လည်း စိတ်ပင်ပန်းရသေးတယ် သူရှိက ဘာ message လေးတွေချန်ထားခဲ့အုံးမလဲ အားတဲ့အချိန်လေးဖွင့်ကြည့်ရတာလဲ အမော ထမင်းမကျက်သေးတဲ့အချိန်မှာ ဘေးနားမှာရှိနေတဲ့ ကလေး ဗိုက်ဆာလို့
အော်ငိုနေသလိုပေါ့ ။

ကိုယ်ကတွေ့ချင်ပြောချင် ဆိုချင်လိုင်းကမကောင်း တော်တော်စိတ်ပင်ပန်းစွာနဲံ့ချစ်ရတဲ့အချစ်ပါ....
သူငယ်ချင်းလေးအပေါ်ဖြစ်ဖြစ်.ချစ်သူရည်းစားအပေါ်ဖြစ်ဖြစ် ကိုယ်ကရင်ထဲရှိတာဖွင့်ဟပြောချင်သူတို့ မအားတာလား ပုန်းနေတာလား ဘလော့ထားလား စောင့်နေရင်း စိတ်မောစွာနဲ့ စစ်ကြည့်ရသေးတယ်လေနော် ကိုယ်ဘက်ကသာ ခင်မင်တွယ်တာနေတာ ချစ်ခင်ရင်းနှီးနေတာ တဖက်လူကကိုယ့်ကိုရင်းနှီးချင်လား ခင်မင်ချင်လား
စကားပြောချင်လား တကယ်ချစ်လားဆိုတာ မသိပဲပြောဆိုနေကျရတာလေ ။
အွန်လိုင်းပေါ်ကနေ ဖြူဖြူစင်စင် တကယ်ချစ်နေတဲ့လူတွေအတွက် သိပ်ကိုစိတ်မကောင်းစွာနဲ့ဖြစ်ရတာပေါ့နော် သူတို့ရင်ထဲမှာအပြင်ကသူငယ်ချင်းထက် ပိုခင်မင်မိကျတယ် ရင်းနှီးမိကျတယ်။
ချစ်သူချင်းဆိုလည်း ချစ်တော့ချစ်တယ် ။ သူမရှိဘူးဆိုသလိုပဲ
သူဂျီတော့လေးစိမ်းနေရင်ပျော် ၊ ၀ါနေရင်နွမ်း ၊ပျောက်နေရင်ပင်ပမ်း
စိတ်မောစွာနဲ့ မျှော်နေရတာ အပြင်မှာချစ်တဲ့အချစ်ထက် ပိုဆိုးပါတယ်
အွန်လိုင်းကအချစ် တစ်ကယ်ချစ်တဲ့ လူတွေသိပ်ကို ခံစားကြေကွဲရတာကြတော့အပြင်မှာချစ်တဲ့ အချစ်ထက် သာပါတယ် ။
အတွေ့အထိ လွတ်ကင်းတယ်။ အမြင်အာရုံမပါဘူး စိတ်ခံစားမှု့ သက်သက်မို့ အွန်လိုင်းပေါ်ကအချစ်က တော်တော်ပြင်းထန်ပါတယ်
နှလုံးသားလေး တိုက်ရိုက်ဆက်သွယ်ထားပါတယ်။ ပြီးမှဦးဏှောက်ကို သတင်းပို့ပါတယ်။ ရင်ထဲ တော်တော်ငြိပါတယ် ။
ဒါကြောင့်အွန်လိုင်းပေါ်မှာ တကယ်အသည်းနုတဲ့သူ တွေ စိတ်ထားဖြူစင်တဲ့သူတွေ အွန်လိုင်းအချစ်မှာ ကြေကွဲရင်နင့်ရပါတယ် ငိုကျွေးမောပမ်းရပါတယ်။ စိတ်မကောင်းခြင်းကြီးစွာနဲ့ တကယ်ချစ်မိတဲ့သူ တကယ်ခင်မင် တွယ်တာတဲ့သူ ချစ်ခြင်းမေတ္တာ ငတ်နေသူ ဝေးတနေရာက ဝေးကွာနေသူတွေ ၊ ဖော်ကွာဝေးနေသူတွေအတွက်စိတ်မကောင်းစွာနဲ့ ဒီစာလေးရေးမိခြင်းဖြစ်ပါတယ်
picture widgets

I miss u < for my love >

Sunday, June 17, 2012

အဖေများနေ့ ( အဖေနဲ့ သား)

မူရင်းလင့် ဟာသကမ္ဘာ



18 ရက်နေ့ အဖေများနေ့ ကို ဂုဏ်ပြုပါသည်


အဖေတစ်ယောက်ဟာ သူ့ရဲ့တစ်နေကုန်လုပ်ရတဲ့ အလုပ်ကနေ ပင်ပန်းစွာနဲ့ နောက်ကျမှ အိမ်ကိုပြန်လာခဲ့တယ်။ သူ့ရဲ့ ၅ နှစ်အရွယ်သားလေးက အဖေ့ရဲ့ အိမ်အပြန်ကို တံခါးပေါက်ကနေ စောင့်နေတယ်။

သား - “ အဖေ... သားတစ်ခုလောက်မေးလို့ရမလား...”

အဖေ - “ ရတာပေါ့ .. သားရယ်.. ”

သား - “ အဖေ .. တစ်နာရီ အလုပ်လုပ်တာ ဘယ်လောက်ရလဲ ”

အဖေ - “ ဒါ.. သား အလုပ်မဟုတ်ပါဘူးကွာ...... ”

သား - “ ကျေးဇူးပြုပြီးတော့ .. သားကိုပြောပြပါ... အဖေ”

အဖေ - “ အဖေ တစ်နာရီ အလုပ်လုပ်တာ ဒေါ်လာ 20 ရတယ် သားရဲ့...”

သား - “ ဒါဆို .. အဖေ ..သားကို ဒေါ်လာ 10 ချေးပေး ”

အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ အဖေဟာ စိတ်ဆိုးဆိုးနဲ့ သူ့ရဲ့သားကို အော်ပြီး အိပ်ယာဝင်ဖို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူ့ရဲ့သားဟာ မျက်နှာလေးညှိုးနွမ်းစွာနဲ့ သူ့ရဲ့ အခန်းလေးထဲဝင်သွားပြီး တံခါးပိတ်လိုက်ပါတယ်။ အချိန်အနည်းငယ်ကြာတဲ့အခါမှာ စိတ်အနည်းငယ်ပြေသွားတဲ့ အဖေဟာ သားရဲ့ အခန်းထဲကို ဝင်လာပြီး ..

အဖေ - “ အဖေ ကြမ်းတမ်းစွာဆက်ဆံမိတဲ့အတွက် .. ဝမ်းနည်းပါတယ်သားရယ်.... ရော့ .. ဒီမှာ သားအတွက် ဒေါ်လာ 10 .. ဒါနဲ့... ဒီပိုက်ဆံနဲ့ သား ဘာလုပ်မှာလဲ .”

သူ့ရဲ့ သားလေးဟာ ပျော်ရွှင်စွာနဲ့ သူ့အဖေကို ကျေးဇူးအများကြီးတင်ကြောင်း
ပြောလိုက်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ကောင်လေးဟာ သူ့ခေါင်းအုံးအောက်မှာ ဝှက်သိမ်းထားတဲ့ အကြွေစေ့ လေးတွေကို ထုတ်ရေတွက်လိုက်ပြီးတော့ သူ့အဖေကိုပြောတယ်...

သား - “ အဖေ . အခု သားဆီမှာ ဒေါ်လာ 20 ရှိသွားပြီ.. အဲ့ဒီပိုက်ဆံနဲ့ သား အဖေ့ရဲ့ အချိန်တစ်နာရီဝယ်မယ် ... မနက်ဖြန် အိမ်ကို စောစောပြန်ခဲ့ပါ .. အဖေနဲ့အတူတူ သား ညစာစားချင်တယ်...”

အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ .. အဖေဟာ မျက်ရည်ကျပြီးတော့ သူ့သားကို ပွေ့ဖက်လိုက်ပါတော့တယ်...။

ဝက်ဆိုဒ်လမ်းညွှန်းမှုဆိုင်ရာလိပ် စာများ

This summary is not available. Please click here to view the post.

Share

Twitter Delicious Facebook Digg Stumbleupon Favorites More