** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, September 8, 2012

အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်

အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်

(၁) ဒီလောကမှာ မိဘတွေပဲ ကိုယ့်အပေါ် ထာဝရကောင်းတယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်ထားရမယ်။

သင်၂၄ နှစ်ပြည့်ပြီ။ ငယ်ရွယ်ချိန်မှာ မိဘတွေအပေါ် ဆန့်ကျင်ပုန်ကန်ခဲ့၊ သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။

သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဆုံးရှုံးသွားမှ မိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။


(၂) အိမ်ထောင်ပြုတဲ့အသက်အရွယ်ရောက်ပြီဆိုပေမယ့် လောစရာမလိုပါဘူး။

သင့်မှာ ချစ်သူရှိကောင်းရှိလိမ့်မယ်။ သင်နဲ့ သင်ချစ်သူတို့ တစ်သက်လုံးချစ်ကြမယ်လို့ ကတိသစ္စာ ဆိုချင်ဆိုထားကြမယ်။

သင် အခုမှ ၂၄နှစ်ပြည့်တာပါ။ တစ်သက်ဆိုတာ ဘယ်လောက်ရှည်ကြာမယ်မှန်း သင်မသိနိုင်ပါဘူး။ ဘဝဆိုတာ ဖြတ်သန်းပြီးမှ ဖြစ်လာတာပါ။ စိတ်ကူးယဉ်ပြီးမှ ဖြစ်လာတာ မဟုတ်ပါဘူး။

အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူး။ မိသားစုနှစ်စုရဲ့ ကိစ္စပါ။ တစ်သက်မှာတစ်ခါဆိုတဲ့ ယုံကြည်မှုကိုလက်ကိုင်ထားပြီး အဲဒီတစ်ခါကို အသင့်တော်ဆုံးလူအတွက် ထားပါ။ လောစရာမလိုပါဘူး။


(၃) ကလေးမဆန်၊ မရူးမိုက်နဲ့တော့

သင် ၂၄နှစ်ပြည့်ပြီ။ တခြားလူအတွက် ဟာသဖြစ်စေမယ့် ရူးရူးမိုက်မိုက်အလုပ်တွေ မလုပ်နဲ့တော့။ ည အိမ်မကပ်တာ၊ လမ်းပေါ်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တာ၊ ကိုယ့်အသက်နဲ့ ခြိမ်းခြောက်တာ၊ ဘာမဟုတ်တဲ့ကိစ္စနဲ့ အော်ဟစ်ငိုယိုတာ၊ ဒါတွေက အသက်၂၄နှစ်မပြည့်ခင် ရူးမိုက်ခဲ့၊ တွေ့ကြုံခဲ့ပြီးတဲ့အရာတွေပါ။ အခု အသက် ၂၄နှစ်ပြည့်တော့ ရင့်ကျက်နားလည်မှုတွေ ရှိသင့်ပါပြီ။ မိန်းကလေးဆိုတာ ဂုဏ်ရှိရှိနဲ့ ဝင့်ကြွားစွာရှင်သန်နေသင့်တယ်။ သူတစ်ပါးအချစ်ကိုရဖို့ ကိုယ့်ကိုယ်ကို သိမ်ငယ်နိမ့်ချနေစရာမလိုပါဘူး။


(၄) အထီးကျန် အဖော်မဲ့လို့ ရည်းစားထားတာမျိုး မဖြစ်စေနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတတ်ဖို့ သင်ယူရပါမယ်။


(၅) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဆီကနေ လက်ဆောင်ရဖို့ မမျှော်လင့်ပါနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ အရင်တုန်းက မြူတူတူဆော့ကစားခဲ့သလိုမျိုး အီစီကလီဆိုတာ မရှိသင့်တော့ဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဝယ်ပေးတာမျိုး၊ တခြားသူဆီကနေ လက်ဆောင်ရဖို့ မျှော်လင့်တာမျိုး မရှိသင့်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးသင့်ပါပြီ။ ဝင်ငွေမှာလည်း ကိုယ့်အားကိုယ်ကိုးတဲ့ အခြေခံရှိသင့်ပါပြီ။


(၆) တကယ်လို့ ယောက်ျားတစ်ယောက်က သင်နဲ့ သူမတူမတန်ဘူးလို့ပြောလာခဲ့ရင် သူ့စကားကိုယုံကြည်လိုက်ပါ။

သင်နဲ့ မလိုက်ဖက်ဘူး၊ မတူမတန်ဘူးလို့ ကိုယ့်ကိုယ်ကိုပြောလာတဲ့ ယောက်ျားက သင်နဲ့တစ်သက်လုံးလည်း လိုက်ဖက်မှာမဟုတ်ပါဘူး။ အားထားထိုက်မှာ မဟုတ်ပါဘူး။ တန်ဖိုးထားတယ်ဆိုတာ ခွန်အားနဲ့မဆိုင်ပါဘူး။ ငွေကြေးနဲ့မဆိုင်ပါဘူး။


(၇) ပြတ်သားတဲ့ရည်မှန်းချက်နဲ့ အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။

သင် ၂၄နှစ်ပြည့်ပြီ။ နိုင်ငံခြားထွက် ကျောင်းဆက်တက်မလား၊ အလုပ်ရှာမလား၊ တစ်ခုခု သင်ယူမလား။ သင် ၂၄နှစ်ပြည့်ပြီ။ လူမှုကွန်ယက်ထဲ သင်ခြေဝင်ဆန့်ဖို့ နီးလာပါပြီ။ အဲဒီအတွက် သင်အဆင်သင့်ဖြစ်နေပြီလား။


(၈) လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာကို ဖြစ်အောင်လုပ်ပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်သင့်တယ်။ ဆုံးဖြတ်ချက် ခိုင်မာသင့်တယ်။ ကိုယ့်ကိုယ်ကို သနားနေရင်၊ ပျော့ညံ့နေရင် ဘာမှဖြစ်လိမ့်မှာမဟုတ်ဘူး။

သင် ၂၄နှစ်ပြည့်ပြီ။ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ရပါတော့မယ်။ ရှောင်လွဲတာမျိုး၊ စိတ်ကူးယဉ်တာမျိုး မရှိသင့်တော့ပါဘူး။


(၉) နာကျင်ထိခိုက်စေခဲ့သူကို ကျေးဇူးတင်ပါ။

အသက် ၂၄နှစ်ပြည့်တဲ့နေ့မှာ သင့်ကိုနာကျင်ထိခိုက်စေခဲ့သူကို လက်ပြနှုတ်ဆက်ပါ။ သူတို့ကို ကျေးဇူးတင်ပါ။ သင်ကြီးပြင်းလာခဲ့ပါပြီ။ ထိခိုက်နာကျင်မှုတချို့ကို တည့်တည့်ရင်ဆိုင်ရပါလိမ့်မယ်။ တချို့ထိခိုက်နာကျင်မှုတွေက သင့်ကို ကောင်းတဲ့သင်ခန်းစာတွေ ပေးပါလိမ့်မယ်။


(၁ဝ) လှည့်ထွက်တာက မျက်ရည်ကျတာထက် မြန်ရမယ်။

သင် ၂၄နှစ်ပြည့်ပြီ။ ဘယ်သူကမှ သင့်ကိုကလေးလို သဘောထားတော့မှာ မဟုတ်ဘူး။ ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူတတ်ရပါတော့မယ်။

သင် ၂၄နှစ်ပြည့်ပြီ။ နာကျင်ဝမ်းနည်းမှုတွေ၊ အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ သင်ကြိုးစားရပါမယ်။ ဒါတွေဟာ ဖြစ်ပြီးရင် ပျက်သွားမယ်အရာတွေပါ။ ငါ သတ္တိရှိရှိလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။ တခြားသူရဲ့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေပါနဲ့။ သင့်မျက်ရည်ကို သူတို့မြင်ဖန်များရင် သင်ဟာ ပျော့ညံ့သူဆိုတာ သူတို့အလိုလိုသိသွားပါလိမ့်မယ်။


http://www.360doc.com/content/10/1226/14/2747542_81458290.shtml

http://www.99sanay.com/2012/09/blog-post.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ကျတော် 24 နှစ်ပြည့် ကိုယ့်ကိုကိုယ် ပြန်ဆုံးမဖို့ရာ အစ်မ နိုင်းနိုင်းစနေ ရှိမှ ရှယ်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More