** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။
This is default featured post 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Saturday, October 6, 2012
ဘာသာခြားများအတွက် လိုရင်းတိုရှင်း အဖြေအချို့ ...
အာက်ပါအကြောင်းအရာများဟာ မွတ်စလင်တစ်ဦးက မေးလို့ သူနားလည်အောင် အရပ်သုံးစကားများသုံးပြီး ဖြေဆိုထားခြင်းဖြစ်ပါတယ်။ နားလည်ပေးပါ။
ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း
ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများ နှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။ ဆရာအဖြစ်မှတ်ယူကာ ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။ မြတ်စွာဘု၇ားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။ ရှိမခိုးဘဲ နေလိုက နေနိုင်သည်။ ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ကာ
ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဘို့နှင့် ကိုယ့်ပတ်ဝတ်ကျင် စိတ်ချမ်းသာအောင် လုပ်ပေးဘို့ အရေးကြီးသည်။
လွတ်လပ်ရေးရအောင်လုပ်ပေးသော အာဇာနည်သူရဲကောင်းများကို
နိုင်ငံသူ နိုင်ငံသားများက အုတ်ဂူသို့သွား၍ ကျေးဇူးတင် အမှတ်ရ အောက်မေ့သည့်အနေဖြင့် အလေးပြုကြသလို မြတ်စွာဘုရားကို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းသာဖြစ်ပါသည်။
ထိုသို့ရှိခိုးရတွင် အကြိမ်ရေ သတ်မှတ်ချက်မရှိပါ။ ရှိခိုးခြင်းထက် ကိုယ်ကျင့်သီလကို ဦးစားပေးသော ဘာသာဖြစ်သည့်အတွက် ကိုယ်ကျင့်ကောင်းဘို့သာလိုပါသည်။
ကိုယ်ကျင့်တရားမကောင်းပဲ ၂၄ နာရီပတ်လုံး ရှိခိုးစေကာမူ ချည်းနှီးဖြစ်သည့်အတွက်
ရှိခိုးခြင်းကို ဦးစားမပေးပါ။ သို့သော် အထက်မှာ ဖော်ပြခဲ့သလို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးလိုက လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်က ပေါ်ပေါက်ခဲ့တဲ့ ဘုရားရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် သူ့ရဲ့တရားတော်ကို အာရုံပြုပီး (၁) ကြိမ် သူ့တရားတော်တွေကို မပျောက်အောင် ထိမ်းသိန်းစောင့်ရှောက်တဲ့သူတွေရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် စုစုပေါင်း တစ်ခါရှိခိုးခြင်း အမှုပြုက ဦး (၃) ကြိမ်ချရပါသည်။
ရှိခိုးရာတွင် ခြေ၊ လက်၊ နဖူး၊ တဒေါင်ဆစ်၊ ဒူးတို့ကို ကြမ်းပြင်ထိစေ၍ ရှိခိုးရပါသည်။ ထိုသို့ ကြမ်းပြင်ကို ထိရခြင်းရည်ရွယ်ချက်မှာ ရှိခိုးသူ၏ မာန်မာနများ နှိမ့်ချစေခြင်းပင်ဖြစ်ပါသည်။
ဥပုသ်စောင့်ရခြင်း
ဥပုသ်စောင့်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မတော်မတရားလိုချင်မှု လောဘ၊
ကြမ်းကြုတ်မှု ဒေါသ၊ မိုက်မဲတွေဝေမှု မောဟ တို့ နည်းပါးအောင် လုပ်ခြင်းပင်ဖြစ်ပါသည်။ အဆင်းအာရုံ၊ အသံအာရုံ စသော ငါးဖြာအာရုံတို့အပေါ်မှာ မှီပြီး မကောင်းတဲ့ စိတ် မ၀င်မိအောင်၊ မဖြစ်ပေါ်လာအောင် ကြိုးစားခြင်းကို ဥပုသ်စောင့်ခြင်း ဟုခေါ်ပါသည်။
ဥပုသ်ကို ပုံမှန်အားဖြင့် လပြည့်နေ့နှင့် လကွယ်နေ့များတွင် စောင့်ထိန်းလေ့ရှိပါသည်။
သို့သော် မိမိဆန္ဒအားလျှော်စွာ မည်သည့်နေ့တွင်မဆို စောင့်ထိန်းနိုင်ပါသည်။
အတင်းအကျပ် လုပ်ကို လုပ်ရမယ် ဆိုသော ဖိအားပေးမှုမျိုး ဗုဒ္ဓဘာသာတွင် မရှိပါ။ ဗုဒ္ဓဘာသာလမ်းစဉ်သည် အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။
ဥပုသ်စောင့်ရာတွင် စည်းကမ်းချက်များမှာ ထွေထွေထူးထူးမရှိပါ။ ရှစ်ပါးဥပုသ်သီလ၊ ကိုးပါးဥပုသ်သီလ၊ ဆယ်ပါးဥပုသ်သီလစသည်ဖြင့် ရှိပါသည်။ မိမိအရွယ်နှင့် မိမိအင်အားနှင့် မိမိအချိန်နှင့်ကိုက်ညီအောင် ဥပုသ်သီလများ စောင့်ထိန်းနိုင်ပါသည်။
ဗုဒ္ဓဘာသာအဓိကပွဲသဘင်များကို ဗုဒ္ဓမြတ်စွာဘုရားက ချမှတ်ခဲ့တာ မဟုတ်ပါ။ နောင်လာနောက်သားများက ဗုဒ္ဓဘာသာအမှတ်တရနေ့များအဖြစ် သတ်မှတ်ပြီး ကျင်းပကြခြင်းဖြစ်ပါသည်။
ဥပမာ။ မေလ လပြည့်နေတွင် (Vesak Festival) ၀ိသာခါ ပွဲသဘင်ကို ကျင်းပပါသည်။
ထိုပွဲသဘင်သည် ဘုရားဖြစ်မဲ့သူရဲ့ မွေးနေ့၊ ဘုရားအဖြစ်သို့ရောက်တဲ့နေ့၊
ဘုရားကွယ်လွန်တဲ့နေ့တို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဘို့ လိုက်နာရမည့်စည်းကမ်းသတ်မှတ်မထားပါ။ ဗုဒ္ဓဘာသာတွင် ငါးပါးသီလရှိပါသည်။ ထိုငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်အတွက် မဟုတ်ပါ။ လူသားတိုင်းအတွက်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားကို ကြားဘူးစရာမလိုပါ။ မြင်ဘူးစရာမလိုပါ။ ရှိခိုးစရာ မလိုပါ။ ငါးပါးသီလ စောင့်ထိန်းက ထိုငါးပါးသီလစောင့်ထိန်းသူသည်
ဗုဒ္ဓဘာသာဝင်ဖြစ်သွားပေတော့သည်။ ငါးပါးသီလစောင့်ထိန်းသူ ဘယ်သူမဆို။
တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊
ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ကောင်းတဲ့ ဘုံဘ၀ ရောက်မည်။
ငါးပါးသီလ မစောင့်ထိန်းသူ ဘယ်သူမဆို၊ တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် မကောင်းတဲ့ ဘုံဘ၀ ရောက်မည်။
ငါးပါးသီလ
(၁) သူတပါးအသက်မသတ်ရ။
(၂) သူတပါးဥစ္စာ မခိုးရ။
(၃) သူတပါး သားမယား စိတ်နဲ့တောင် မပြစ်မှားရ။
(၄) လိမ်မပြောရ။
(၅) အရက်၊ ဆေးခြောက်စတဲ့ မူယစ်စေတတ်တဲ့အရာဝတ္ထုမှန်သမျှ မသုံးစွဲရ။
ဗုဒ္ဓဘုရားဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာ သဘာဝတရားကို သိဘို့ ကြိုးစားရင်း နောက်ဆုံးသဘာဝတရားတွေကို သိလာလို့ သိသူ (ဗုဒ္ဓ) အမည်ရလာတာ။ ဗုဒ္ဓဆိုတာ သိသူလို့ အဓိပ္ပါယ်ရပါတယ်။
ဗုဒ္ဓဘာသာတို့၏ အဓိကယုံကြည့်ချက်မှာ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဖြစ်သည်။
ထာဝရဘုရားသခင်ကို မယုံကြည်။
မွေးခါစကတည်းက မျက်စိကန်းလာတဲ့ခလေးလေးတွေ၊ နားမကြားတဲ့ခလေးတွေ၊
ရုပ်မလှတဲ့သူ၊ ရုပ်လှတဲ့သူ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူတွေ ဘာကြောင့် ဒီလိုဖြစ်နေကြရတာလဲ ဆိုတဲ့ အကြောင်းအကျိုး သဘာဝကို လေ့လာလက်ခံယုံကြည်သော ၀ါဒဖြစ်သည်။
ဗုဒ္ဓဘာသာတွင် အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေသည်။
ယင်းတို့မှာ
(၁) ထေရ၀ါဒဗုဒ္ဓဘာသာ
(၂) ဟီနယာနဗုဒ္ဓဘာသာ
(၃) မဟာယာနဗုဒ္ဓဘာသာ တို့ဖြစ်သည်။
၁။ ထေရဝါဒဗုဒ္ဓဘာသာ
ထို့ကြောင့်ထေရဝါဒသာသနာဆိုသည်မှာ မြတ်စွာဘုရား ဟောကြားတော်မူထားသော
တရားတော်  မူရင်းအတိုင်း လက်ခံကျင့်သုံးသည်။ ထုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမပြု။
ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရိုးရိုးသာမန် တပည့်အဖြစ်ဖြင့် ကျင့်သုံး၍လည်း ရောက်နိုင်သည်။ ဘုရားဖြစ်အောင် ကျင့်ကြံ၍လည်း ဘုရားဖြစ်ပြီး ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ရောက်နိုင်သည်။
ထေရဝါဒဗုဒ္ဓဘာသာကို
၁။ မြန်မာ၊ ၂။ ထိုင်း၊ ၃။ သီရိလင်္ကာ၊ ၄။ ကမ္ဗောဒီးယား၊ ၅။ လော-နိုင်ငံတို့မှာ ကိုးကွယ်နေလျက် ရှိကြသည်။
ထေရဝါဒဗုဒ္ဓဘာသာဟူသည်မှာ မြတ်စွာဘုရား၏ တရားတော်ကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မပြုမပြင်၊ မဖြည့်မစွက်၊ မပယ်မနှုတ်ဘဲ
လိုက်နာကျင့်သုံး သည့် ဗုဒ္ဓဘာသာကို ခေါ်ဆိုခြင်းသာတည်း။
၂။ ဟီနယာနဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာကဲ့သို့ မူရင်းတရား အစစ်အမှန်တွေကိုလည်း အတိအကျ မလိုက်နာနိုင် မဟာယာနတွေလောက်လည်း ပြုပြင်ဖြည့်စွက်ပယ်နှုတ်ဖို့ မလုပ်ချင်သော ဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာဟု ခေါ်ဆိုသည်။
အခုအခါမှာတော့ ၎င်းဂိုဏ်းတို့သည် မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းက မျိုထားခြင်းကို ခံလိုက်ကြရသည်ဖြစ်၍ မဟာယာနအတွင်းမှာ တိမ်မြုပ်ကြကုန်ပြီး ပျောက်ကွယ်  သလောက် ဖြစ်သွားကြပါသည်။
ယင်းဂိုဏ်းတို့အား ဟီနယာန=နိမ့်ကျသည့်ယာဉ်ဟူ၍ နာမည်တပ်မှုကို မဟာယာနတို့က ပြုလုပ်ခဲ့သည်။ ဘီစီ ငါးရာစုခန့်က စတင်ပေါ် ထွန်းခဲ့သည့်ဂိုဏ်းဟု ဆိုနိုင်ပါသည်။
၃။ မဟာယာနဗုဒ္ဓဘာသာ
မဟာယနဂိုဏ်း၏ အဓိကအချက်ကြီးကား ဘုရားလောင်းဝါဒပင်ဖြစ်သည်။
လူတိုင်းလူတိုင်း သတ္တ၀ါတိုင်းသတ္တ၀ါတိုင်း ဘုရားလောင်းဆုကို ယူရသည်။
ဘုရားလောင်းဖြစ်ရမည်။ ဘုရားလောင်းအဖြစ်နှင့် လောကကို ကယ်တင်ရမည်။
ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ သွားရမည်။
မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မဟုတ်ဘဲ ကာလ၊ ဒေသ၊ ပုဂ္ဂလ အစရှိ သော အခြေအနေအရပ်ရပ်တို့နှင့် ကိုက်ညီအောင် ဘုရားရှင်၏ တရားတော်တို့ကို ပြုပြင်ပြီး တပည့်သာဝကအဖြစ်၊ သီးခြားဘုရား (ဘုရားဖြစ်ကာမတ္တ) ပစ္စေကအဖြစ်ဖြင့်
နိဗ္ဗာန်ကိုမရနိုင်ဘဲ သမ္မာသမ္ဗုဒ္ဓအဖြစ်ဖြင့်သာ နိဗ္ဗာန်ကို ရနိုင်သည်ဟူ၍ ယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓ ဘာသာဟုခေါ်ဆို သည်။
ယခု -တိဘက်၊ ဆိကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ် အစရှိသောနိုင်ငံ - တို့မှာမဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်နေကြသည်။
ဖက်မိသမျှ ပြန်လည် မျှဝေပါသည်။
မိန်းမတွေရဲ့ တန်ဖိုး
မိန်းမတွေရဲ့ တန်ဖိုး
မိန်းမတွေရဲ့တန်ဖိုး 
************
“ဒကာရေ ဒီမာတုဂါမတွေကြောင့်ပဲ သံသရာလည်နေကြသကိုးကွဲ့”
”မှန်ပါ” 
“အဲဒီတော့ မာတုဂါမတွေ မရှိမှ သံသရာဝဋ်က ကျွတ်မယ် ဒီလိုမဟုတ်လား”
“ မှန်ပါ ကျွတ်မှာပါဘုရား” 
“ ကဲ ဒီလိုဆို မာတုဂါမတွေကို လှေကြီးတစ်စင်းထဲ စုပြုံထည့်ပြီးမျှောလိုက်ကြရအောင် လှေကြီးလုပ်ဟေ့”
“မှန်ပါ လုပ်သင့်ကြောင့်ပါ” 
“ကဲ ကြာတယ် ခုပဲ လုပ်ကြစို့”
“မှန်ပါ လုပ်ပြီးကြောင်းပါ”
(ဆရာဒကာ အတိုင်အဖောက်ညီနေတာပါ။) 
“ ကိုင်း ဒကာရေ လှေလုပ်ပြီးရင် မိန်းမမှန်သမျှ ဘုစုခရု မျိုးစေ့ပါမကျန် စုပြုံထည့်ကွာ”
“ထည့်ပြီးကြောင်းပါဘုရား” 
“မျှောဖို့ အသင့်ဖြစ်ပြီလား”
“ ဖြစ်ပါပြီဘုရား” 
“ဟဲ့ ဟဲ့ နေကြဦး ဒကာတို့ ဒို့များကို ဘယ်သူက ဆွမ်းချက်ကပ်ကြမတုန်းကွယ်။ အိမ်က ဘုရားခန်းမှာ သောက် တော်ရေချမ်းဆီမီးပန်းတွေ ဘယ်သူတွေက ကပ်လှူကြမတုန်းကွယ်။ မောင်တို့ စီးပွားရှာနေတုန်း အိမ်ကို သပ်ရပ်သန့်ရှင်းပြီး သာသာယာယာဖြစ်အောင် ဘယ်သူက ဆောင်ရွက်ကြမတုန်းကွယ်။ မောင်တို့သားတွေ သမီးတွေ ဘယ်သူက အုပ်ထိန်းကြမတုန်းကွယ် ”
စသည် စသည် ဆရာတော်ကြီးက မိန်းမတွေရဲ့ တန်ဖိုးကို ဟောပါတော့တယ်။
……………………........................
အမျိုးစောင့်ပါ တို့ဝန်တာ
****************
လူမှာအမျိုး ကြက်မှာအရိုး ဟူသော ဆိုရိုးစကားအတိုင်း လူတိုင်းမှာ အမျိုးအနွယ်သည် အရေးကြီးလှပါသည်။ ဘာသာရေးအရဆိုလျှင်မိမိတို့၏ ဗုဒ္ဓဘာသာဝင်မျိုးရိုးကို စောင့်ထိန်းရပါမည်။ ဗုဒ္ဓဘာသာဝင် မျိုးရိုးကို ချစ်မြတ်နှိုးတတ်ရပါမည်။
အိမ်ထောင်ဘက်ရွေးရာ၌ ဘာသာတူဖြစ်သော ဗုဒ္ဓဘာသာဝင်မျိုးရိုးကို ရွေးချယ်ရပါမည်။ ဤအချက်သည် အလွန်အရေးကြီးပါသည်။ အချို့လူငယ်တို့သည် "အချစ်သည်သာ ပဓာန" ဟူသောစကားကို အားကျ အဟုတ်ထင်ပြီး အိမ်ထောင်ဘက် ရွေးချယ်မှားကြလေသည်။
အိမ်ထောင်ဘက် ရွေးချယ်မှားရာတွင် ယောက်ျားလေးထက် မိန်းကလေးက ပို၍ အရေးကြီးသည်။ ဘာသာခြားနှင့်ဧည့်အိမ်ထောင်ပြုမိပါလျှင် သားစဉ်မြေးဆက် ရင်သွေးတို့ပါ ဘာသာခြား ဖြစ်သွားတတ်ပါသည်။ " စောင့်လေမျိုးနွယ် " တာဝန်ကြီး ပျက်သွားပါသည်။
အချို့မိရိုးဖလာဗုဒ္ဓဘာသာဝန်တို့၏ ဘာသာရေးခံယူချက်နှင့် လူမျိုးရေးစိတ်ဓာတ် ပျော့ညံ့မှုတို့ကြောင့် များစွာသော ဗုဒ္ဓဘာသာဝန် အမျိုးသမီးတို့သည် ဘာသာခြားတို့နှင့် အိမ်ထောင်ပြုကြသဖြင့် ဘာသာရော လူမျိုးပါ ဆုံးရှုံးနစ်နာရလေသည်။
ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒဘာသာဝင်တိုင်း ဗုဒ္ဓဘာသာမျိုးကို စောင့်ထိန်းချင်အောင်၊ စောင့်ထိန်းတတ်အောင် လေ့ကျင့်ပေးဖို့ အရေးကြီးလှပါသည်။
( "ဗုဒ္ဓဘာသာ မြန်မာစာ" စာအုပ် ၄၆ - ၅၂ မှ )
.........................................
ကမ္ဘာဖျက်လက်နှက်များ
****************
လူတိုင်း ၊ ဘာသာဝင်တိုင်းမှာ အစွန်းရောက်မှုဆိုတာ ရှိတတ်ပါတယ်၊ သို့သော်လည်း ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်တွေ အစွန်းရောက်ရင် အစွဲကြီးရုံ အငြင်းသန်ရုံပါပဲ ...
သူတို့ အစွန်းရောက်၇င်တော့ သတ်ဘို့၊ ဖြတ်ဘို့ အကြမ်းဘက်ဘို့ ၀န်မလေးတော့ဘူး၊ ဒါဟာ လူသားလောကအတွက် အန္တရာယ်ပါ၊ သူတို့ ကျယ်ပြန့်လာတာနဲ့ အမျှ ကမ္ဘာကြီးဟာ ခြိးခြောက်ခံနေရပါတယ် ...
ဒါကြောင့် မိမိဘာသာတရားကို မိမိစောင့်ရှောက်ကြဘို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ် (သူများကိုတော့ မပြောတော့ဘူး)၊ အမျိုးသမီးများလည်း ကိုယ့်လင်ကိုယ်ယူတာပဲ... ဆိုပြီး ကိုယ့်ကြောင့် ကမ္ဘာဖျက်မယ့် လက်နှက်တွေ မပြန့်ပွါးပါစေ ... နဲ့ ... ။
ငြိမ်းချမ်းစွာကာကွယ်ဘို့ တိုက်တွန်းခြင်းသာဖြစ်တယ် .... မလိုအပ်ဘူးထင်လျှင် လွတ်လပ်စွာ ကွဲလွဲပါ ...
( ရွှေဘုန်း - အရှင်တေဇာနန္ဒ )
.............................
-
( အရှင်ဝိစိတ္တသာရ ပြုစုထားသော “ တရားလက်ဆောင် ” စာအုပ်မှ )
-
-
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Saturday, September 8, 2012
အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်
အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်
(၁) ဒီလောကမှာ မိဘတွေပဲ ကိုယ့်အပေါ် ထာဝရကောင်းတယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်ထားရမယ်။
သင်၂၄ နှစ်ပြည့်ပြီ။ ငယ်ရွယ်ချိန်မှာ မိဘတွေအပေါ် ဆန့်ကျင်ပုန်ကန်ခဲ့၊ သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။
သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဆုံးရှုံးသွားမှ မိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။
(၂) အိမ်ထောင်ပြုတဲ့အသက်အရွယ်ရောက်ပြီဆိုပေမယ့် လောစရာမလိုပါဘူး။
သင့်မှာ ချစ်သူရှိကောင်းရှိလိမ့်မယ်။ သင်နဲ့ သင်ချစ်သူတို့ တစ်သက်လုံးချစ်ကြမယ်လို့ ကတိသစ္စာ ဆိုချင်ဆိုထားကြမယ်။
သင် အခုမှ ၂၄နှစ်ပြည့်တာပါ။ တစ်သက်ဆိုတာ ဘယ်လောက်ရှည်ကြာမယ်မှန်း သင်မသိနိုင်ပါဘူး။ ဘဝဆိုတာ ဖြတ်သန်းပြီးမှ ဖြစ်လာတာပါ။ စိတ်ကူးယဉ်ပြီးမှ ဖြစ်လာတာ မဟုတ်ပါဘူး။
အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူး။ မိသားစုနှစ်စုရဲ့ ကိစ္စပါ။ တစ်သက်မှာတစ်ခါဆိုတဲ့ ယုံကြည်မှုကိုလက်ကိုင်ထားပြီး အဲဒီတစ်ခါကို အသင့်တော်ဆုံးလူအတွက် ထားပါ။ လောစရာမလိုပါဘူး။
(၃) ကလေးမဆန်၊ မရူးမိုက်နဲ့တော့
သင် ၂၄နှစ်ပြည့်ပြီ။ တခြားလူအတွက် ဟာသဖြစ်စေမယ့် ရူးရူးမိုက်မိုက်အလုပ်တွေ မလုပ်နဲ့တော့။ ည အိမ်မကပ်တာ၊ လမ်းပေါ်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တာ၊ ကိုယ့်အသက်နဲ့ ခြိမ်းခြောက်တာ၊ ဘာမဟုတ်တဲ့ကိစ္စနဲ့ အော်ဟစ်ငိုယိုတာ၊ ဒါတွေက အသက်၂၄နှစ်မပြည့်ခင် ရူးမိုက်ခဲ့၊ တွေ့ကြုံခဲ့ပြီးတဲ့အရာတွေပါ။ အခု အသက် ၂၄နှစ်ပြည့်တော့ ရင့်ကျက်နားလည်မှုတွေ ရှိသင့်ပါပြီ။ မိန်းကလေးဆိုတာ ဂုဏ်ရှိရှိနဲ့ ဝင့်ကြွားစွာရှင်သန်နေသင့်တယ်။ သူတစ်ပါးအချစ်ကိုရဖို့ ကိုယ့်ကိုယ်ကို သိမ်ငယ်နိမ့်ချနေစရာမလိုပါဘူး။
(၄) အထီးကျန် အဖော်မဲ့လို့ ရည်းစားထားတာမျိုး မဖြစ်စေနဲ့။
သင် ၂၄နှစ်ပြည့်ပြီ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတတ်ဖို့ သင်ယူရပါမယ်။
(၅) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဆီကနေ လက်ဆောင်ရဖို့ မမျှော်လင့်ပါနဲ့။
သင် ၂၄နှစ်ပြည့်ပြီ။ အရင်တုန်းက မြူတူတူဆော့ကစားခဲ့သလိုမျိုး အီစီကလီဆိုတာ မရှိသင့်တော့ဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဝယ်ပေးတာမျိုး၊ တခြားသူဆီကနေ လက်ဆောင်ရဖို့ မျှော်လင့်တာမျိုး မရှိသင့်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးသင့်ပါပြီ။ ဝင်ငွေမှာလည်း ကိုယ့်အားကိုယ်ကိုးတဲ့ အခြေခံရှိသင့်ပါပြီ။
(၆) တကယ်လို့ ယောက်ျားတစ်ယောက်က သင်နဲ့ သူမတူမတန်ဘူးလို့ပြောလာခဲ့ရင် သူ့စကားကိုယုံကြည်လိုက်ပါ။
သင်နဲ့ မလိုက်ဖက်ဘူး၊ မတူမတန်ဘူးလို့ ကိုယ့်ကိုယ်ကိုပြောလာတဲ့ ယောက်ျားက သင်နဲ့တစ်သက်လုံးလည်း လိုက်ဖက်မှာမဟုတ်ပါဘူး။ အားထားထိုက်မှာ မဟုတ်ပါဘူး။ တန်ဖိုးထားတယ်ဆိုတာ ခွန်အားနဲ့မဆိုင်ပါဘူး။ ငွေကြေးနဲ့မဆိုင်ပါဘူး။
(၇) ပြတ်သားတဲ့ရည်မှန်းချက်နဲ့ အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။
သင် ၂၄နှစ်ပြည့်ပြီ။ နိုင်ငံခြားထွက် ကျောင်းဆက်တက်မလား၊ အလုပ်ရှာမလား၊ တစ်ခုခု သင်ယူမလား။ သင် ၂၄နှစ်ပြည့်ပြီ။ လူမှုကွန်ယက်ထဲ သင်ခြေဝင်ဆန့်ဖို့ နီးလာပါပြီ။ အဲဒီအတွက် သင်အဆင်သင့်ဖြစ်နေပြီလား။
(၈) လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာကို ဖြစ်အောင်လုပ်ပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်သင့်တယ်။ ဆုံးဖြတ်ချက် ခိုင်မာသင့်တယ်။ ကိုယ့်ကိုယ်ကို သနားနေရင်၊ ပျော့ညံ့နေရင် ဘာမှဖြစ်လိမ့်မှာမဟုတ်ဘူး။
သင် ၂၄နှစ်ပြည့်ပြီ။ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ရပါတော့မယ်။ ရှောင်လွဲတာမျိုး၊ စိတ်ကူးယဉ်တာမျိုး မရှိသင့်တော့ပါဘူး။
(၉) နာကျင်ထိခိုက်စေခဲ့သူကို ကျေးဇူးတင်ပါ။
အသက် ၂၄နှစ်ပြည့်တဲ့နေ့မှာ သင့်ကိုနာကျင်ထိခိုက်စေခဲ့သူကို လက်ပြနှုတ်ဆက်ပါ။ သူတို့ကို ကျေးဇူးတင်ပါ။ သင်ကြီးပြင်းလာခဲ့ပါပြီ။ ထိခိုက်နာကျင်မှုတချို့ကို တည့်တည့်ရင်ဆိုင်ရပါလိမ့်မယ်။ တချို့ထိခိုက်နာကျင်မှုတွေက သင့်ကို ကောင်းတဲ့သင်ခန်းစာတွေ ပေးပါလိမ့်မယ်။
(၁ဝ) လှည့်ထွက်တာက မျက်ရည်ကျတာထက် မြန်ရမယ်။
သင် ၂၄နှစ်ပြည့်ပြီ။ ဘယ်သူကမှ သင့်ကိုကလေးလို သဘောထားတော့မှာ မဟုတ်ဘူး။ ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူတတ်ရပါတော့မယ်။
သင် ၂၄နှစ်ပြည့်ပြီ။ နာကျင်ဝမ်းနည်းမှုတွေ၊ အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ သင်ကြိုးစားရပါမယ်။ ဒါတွေဟာ ဖြစ်ပြီးရင် ပျက်သွားမယ်အရာတွေပါ။ ငါ သတ္တိရှိရှိလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။ တခြားသူရဲ့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေပါနဲ့။ သင့်မျက်ရည်ကို သူတို့မြင်ဖန်များရင် သင်ဟာ ပျော့ညံ့သူဆိုတာ သူတို့အလိုလိုသိသွားပါလိမ့်မယ်။
http://www.360doc.com/content/10/1226/14/2747542_81458290.shtml
http://www.99sanay.com/2012/09/blog-post.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
ကျတော် 24 နှစ်ပြည့် ကိုယ့်ကိုကိုယ် ပြန်ဆုံးမဖို့ရာ အစ်မ နိုင်းနိုင်းစနေ ရှိမှ ရှယ်ပါသည်။
Tuesday, July 24, 2012
***.. သင်ဟာ သန်းကြွယ်သူဌေးတစ်ရောက်ဆိုတာ သင်သိပါသလား..***
တစ်ခါတုန်းကပေါ့ဗျာ.....
အဖိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေလမ်းလျှောက်နေတဲ့ တစ်နေ့ မှာပေါ့။ အဖိုးအိုဟာ လမ်းမှာ လူငယ်တစ် ယောက် နဲ့ သွားဆုံမိတယ်။ လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။
အဖိုးအိုကမေးလိုက်တယ်။ ” ကလေး.. မင်းဘာဖြစ်နေတာလည်းကွ..ဟေ။ မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဖိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့ မေးလိုက်တယ်။ လူငယ်က အဖိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။
” ကျွန်တော်က မွဲလိုက်တာမှ ဖွတ်ကဘိုးအေ ခေါ်ရလောက်အောင်ကို မွဲတယ်ဗျာ။ နေစရာ အိမ်လည်းမရှိ။ သား မယားဆိုတာကတော့ ဝေလာဝေး။ အလုပ်ကလည်း မရှိတော့ ၀င်ငွေမရှိ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့။ ရေသောက် ဗိုက်မှောက် အိပ်ရတဲ့ နေ့တွေ မရေတွက်နိုင်ပါဘူးဗျာ။ အဖိုးရယ် ဒီလို လူတစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးအရယ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဗျာ ” ..လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
ဒီတော့ အဖိုးအိုက ပြုံးရယ်ပြီး..
” မင်းက.. တကယ့် ငတုံး အရူးဘဲကွ..ဟေ။ တကယ်ဆိုရင် မင်းဒီလိုမျိုး မညည်းညူ နေသင့်ဘူး။ ဘာလို့လည်း ဆိုတော့ မင်းဟာ အခုအချိန်ထိကို သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးလို့ဘဲကွ “
လူငယ်လည်း အဖိုးအို စကားကြောင့် တအံ့တသြ ဖြစ်မိပြီး ” ဘာလို့လည်းအဖိုးရ။ အဖိုးစကားကို ကျွန်တော် နားမလည်နိုင်ဘူး ” လို့ မေးလိုက်တယ်။
” အေးလေကွာ။ မင်းဟာ အခုအချိန်အထိ သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးတယ်..မင်းမသိဘူးလား ” လို့ အဖိုးအိုက ပဟေဠိ ဆန်ဆန် ထပ်ပြီး ပြန်ပြောတယ်။
ဒီတော့ လူငယ်က ” သန်းကြွယ် သူဌေး ဟုတ်လားအဖိုး..? ကျွန်တော့်လို ကောင် ငမွဲကို အဖိုးက လှောင်နေတာလားဗျာ ” လို့ ၀မ်းနည်းလေသံနဲ့ ပြောပြီး လှည့်ထွက်သွားမယ် လုပ်တော့ အဖိုးက ..
” မင်းကို ငါဘယ်လှောင်ရက်ပါ့မလည်းကွယ်။ ကဲ မင်းကို မေးခွန်း လေးငါးခြောက်ခွန်းလောက် မေးပါရစေ။ ဖြေကြည့်စမ်းပါဦး ” အဖိုးအိုက ဒီလိုလည်းပြောလိုက်ရော လူငယ်လည်း စိတ်ဝင်စားလာတာပေါ့။
” ဘယ်လို မေးခွန်းများလည်းခင်ဗျာ။ မေးပါ။ ကျွန်တော် အမှန်အတိုင်း ဖြေဆိုပါ့မယ် ”
အဖိုးက သူ့မေးခွန်းကို စတင်လိုက်တယ်။
” မင်းရဲ့ ပျိုရွယ်မှုကို ငါ ငွေနှစ်သိန်း ပေးပြီးဝယ်မယ်။ မင်းငါ့ထက် ပိုအိုသွားမှာပေါ့ကွာ။ မင်းရောင်းဖို့ သဘောတူမလား ” ။
လူငယ်က ခေါင်းခါပြီး ” သဘောမတူဘူး ” လို့ ပြောလိုက်တယ်။
” ငါ နောက်ထပ် ငွေနှစ်သိန်း တိုးပြီးတော့ပေးမယ်။ မင်းရဲ့ ကျန်းမာသန်စွမ်းမှုတွေကို ငါ့ကို ရောင်းစမ်းကွာ။ မင်း သဘောတူမလား ” ။
” ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူးအဖိုး “လို့ဆိုပြီး လူငယ်က ခါးခါးသီးသီး ငြင်းလိုက်တယ်။
” ဒါဆို နောက်ထပ် နှစ်သိန်းတိုးပေးမယ်ကွာ။ မင်းရဲ့ ချစ်ခင်ဖွယ်ရာ မျက်နှာလေးကို ငါဝယ်ယူမယ်။ မင်းကတော့ ငါ့လို အရည်တွန့် မျက်နှာနဲ့ အကြည့်ရတော့ ဆိုးသွားမှာပေါ့ ။ သဘောတူလိုက်စမ်းပါကွာ ” လို့ပြောတော့ လူငယ်က ” လုံးဝမဖြစ်နိုင်ဘူး၊ ကျွန်တော် လုံးဝ သဘော မတူနိုင်ဘူး အဖိုး ” လို့ ပြောလိုက်တယ်။
” အင်း.. နောက်ထပ်နှစ်သိန်း တိုးပေးမယ်။ မင်းခေါင်းထဲက လတ်ဆတ်တဲ့ မှတ်ဥာဏ်တွေ ငါဝယ်ယူမယ်။ ဘယ့်နှယ့်လဲ ” လို့ပြောတော့ လူငယ်လည်း တော်တော် ဒေါကန်သွားပြီး ” အဲ့ဒါ ငတုံးတွေကမှ ရောင်းမှာဗျ ” လို့ ပြောပြီး လှည့်ထွက် သွားမလို့လည်း လုပ်ရော အဖိုးအိုက…
” ခဏလေး နေပါဦးကွယ်။ နောက်ဆုံး မေးခွန်းလေးတော့ ဖြေသွားလိုက်ပါဦး။ မင်းကို နောက်ထပ် နှစ်သိန်း ထပ်တိုးပေးမယ်။ မင်း လူတွေကို သတ်ပေးရမယ်။ အိမ်တွေကို မီးတင်ရှို့ပေးရမယ်။ မင်းရဲ့ စိတ်ကောင်း နှလုံးကောင်းကို ၀ယ်ယူတဲ့ သဘောပေါ့။ ဘယ်နှယ့်လဲ.. မင်းသဘောတူလား” လို့ပြောပြန်တယ်။
ဒီတော့ လူငယ်က ” ဘုရား… ဘုရား.. ဒီလို အကုသိုလ် အလုပ်မျိုးကို မာန်နတ်ဘဲ လုပ်မှာဗျ ” လို့ ဒေါသတကြီး ပြန်ပြောလိုက်တယ်။ ဒီတော့မှ အဖိုးအိုက ပြုံးပြီး ရှင်းပြလေတယ်။
” အေးကွယ်.. ကောင်းပါပြီ။ စောစောက မင်းကို အဖိုး ဆယ်သိန်းဈေးပေးပြီး ၀ယ်ပေမယ့် မင်းကိုယ်ထဲက ဘယ်အရာမှ မရခဲ့ဘူးနော်။ မင်း စဉ်းစားကြည့်စမ်း။ မင်းဟာ တစ်သန်းကြွယ်ဝတဲ့ သူဌေးမဟုတ်ဘူးလား။ အဲ့ဒါမှ မဟုတ်ရင်ဘာလည်းကွဲ့။ ပြောစမ်းပါဦး။ “
အဖိုးအို စကားကြားပြီးချိန်မှာတော့ လူငယ်ဟာ ချက်ချင်းဘဲ အသိဥာဏ်ထဲ လင်းကနဲ ဖြစ်သွားတော့တယ်။ သွန်သင် ဆုံးမ လမ်းပြပေး တဲ့ အဖိုးအိုကို ကျေးဇူးတင်စကားပြောပြီး ချက်ခြင်းနေရာမှာဘဲ ထိုင်ကန်တော့ကာ နှုတ်ဆက်ထွက်ခွာ သွားတော့တယ်။
အဲ့ဒီ အချိန်ကစပြီး လူငယ်ဟာ ဘယ်တော့မှ သက်ပြင်းချ ညည်းတွားခြင်း မရှိတော့ဘဲ ပြုံးပြုံးရယ်ရယ်နဲ့ ဘ၀ တိုးတက်ဖို့အတွက် လမ်းကြောင်းအသစ်တွေ ရှာဖွေနေတဲ့သူ ဖြစ်လာတော့တယ်။
...........................အားလုံးကိုလေးစားလျှက်..................................
( ဖက်ဖူးခဲ့တာလေးကို သူငယ်ချင်းတို့ဖက်စေခြင်တာနဲ့ မျှဝေတင်ပြပေးလိုက်တာပါ...)
Saturday, July 21, 2012
သင်စိတ်မခိုင်လျှင်တော့ ဤပုံများကိုမကြည့် ပါလေနှင့် ....
The Largest Breasts In Europe
Thursday, July 12, 2012
ဥရောပမှ ရင်သားအကြီးဆုံးဆိုက်ဒ်ပိုင်ရှင်....
 သင်စိတ်မခိုင်လျှင်တော့ ဤပုံများကိုမကြည့် ပါလေနှင့် ....
အံ့ သြမင်သက်ပြီး နောက်ပြန်လဲကျသွားနိုင်ပါတယ်...
သူမနာမည်က ဘီရှိုင်း ဖြစ်ပြီး ဂျာမဏီနိုင်ငံမှဖြစ်ပါတယ်.... သူမဟာဥရောပမှာတော့ သဘာဝ
ကြိုက် လိင်မှုဆိုင်ရာ အနုပညာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေပါတယ်...
Don't look if you are susceptible.
 Her name is Beshine and she is from Germany and has the largest fake boobs in Europe. Her gigantic 32XXX’s help her make a living as an erotic/adult performer.
The Largest Breasts In Europe
 ဥရောပမှာတော့ ကျွန်မအကြီးဆုံးပါပဲ...
The Largest Breasts In Europe
 ကျွန်မအမြတ်နိုးဆုံးပိုင်ဆိုင်မှု....
The Largest Breasts In Europe
 ဒါကြီးတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတာ...
The Largest Breasts In Europe
 Like ကြမလားဟေ့ .... facebook မှာ...
The Largest Breasts In Europe
 မယုံယင်ပုံပြင်လို့ သာမှတ်ကြပေရော....
The Largest Breasts In Europe
 Big Bang သီအိုရီအရ ထိန်းချူပ်လို့ မရလောက်အောင်ပါပဲလား...
The Largest Breasts In Europe
 ရေအိတ်၊ သဲအိတ်တွေအကူအညီနဲ့ ...
The Largest Breasts In Europe
အင်း....ချစ်ကြောက်ရိုသေရမယ့် အထဲ အဲဒါကြီးလည်းပါလိမ့် မယ်....
The Largest Breasts In Europeစွမ်းလို့ ဆောင်နိုင်တာပေါ့ နော်...
The Largest Breasts In Europe
 ဒါကြောင့် စွမ်းဆောင်နိုင်သူလို့ ခေါ်ရမယ်...
The Largest Breasts In Europe
သူမအတွက်တော့ တစ်ကယ့် ကိုရင်လေးမိပါတယ်...
The Largest Breasts In Europe
 ဒါကြီးပြပြီးထမင်းစားနေရတာမို့ သေသေချာချာ ရိုရိုသေသေကိုင်တွယ်ရမယ်...
The Largest Breasts In Europe
 အစစ်အမှန်မဟုတ်ပါဘူးတဲ့ ... ၀တ်ထားတဲ့ အင်္ကျီကတော့ ဆိုနေတာပါပဲ....
ဦးပီတာရှိက ပြန်ပြီးရှယ်ပါသည်။
Gmail Account သစ်ဖွင့်ရန် မရဘဲ verification code တောင်းနေပါသလား
G mail အကောင့်အသစ်ဖွင့်နည်း...ဖုန်းမရှိပဲ verification code ထည့်နည်း တဲ့
သိပ်အထင်မကြီးနဲ့ သူများဆီက ခိုးလာတာ ဟီးဟီး
http://www.kyawkyawcho.co.cc  မှာ တင်ထားတာလေး တွေ့လို့  မျှပေးဖို့ စေတနာနဲ့ အကုန်သမ လာတာပါ ...  ဘယ်ကပဲ ရရ သုံးလို့အဆင်ပြေဖို့အဓိကပဲ မလား
အောက်မှာ မူရင်းအတိုင်း မပြင်မဆင် မပြောင်းမလဲဘဲ တင်လိုက်ပြီနော် ..
စမ်းကြည့်ကြပေါ့
 Gmail account ကို ဖွင့်ရာတွင် verification code တောင်းမြဲဖြစ်ပါတယ်။အဲ့ဒီcode တောင်းခြင်း
ကို code ထည့်ပြီး Gmail account create လုပ်လို့ရပါတယ်။
မှတ်ချက် - ထိုနည်းသည် MZ မှ ကို Iceforge22 ပြုလုပ်သည့် create new gmail နည်းလမ်းကိုမှိငြမ်းကာ ကျနော့်တွင်ရှိသော နည်းလမ်းဖြင့်ပေါင်းစပ်ကာ အကောင့်ဖွင့်ခြင်းဖြစ်ပါသည်။
လိုအပ်ချက်များ။
Ultrasulf
IE
Mozilla Firefox
ယခုအသုံးပြုနေသော Gmail account တစ်ခုသင့်တင့်သော connection ရှိရမည်။Ultrasulf ကို http://www.mediafire.com/?x6i3e5x59h6b4yx တွင်ရယူပါ။
 IE နဲ့ firefox ကတော့စာဖတ်သူများမှာရှိမှာပါ။
Gmail account တစ်ခုလဲစာဖတ်သူမှာရှိမှာပါ။
OK ကျနော်တို့စဖွင့်ကြစို့ ( account ကိုပြောတာ :P)
 အရင်ဆုံး Ultra Sulf ကိုဒေါင်းလုပ်ချပီး ဖွင့်လိုက်ပါ။ configure လုပ်ခြင်းကို ကိုညီနေမင်းဆိုဒ်တွင်ကြည့်ပါ။ http://www.nyinaymin.org/2009/10/ultrasurf_03.html ။ဖွင့်ပြီးလျှင် IE တွင် Ultra sulf home page တက်လာလျှင်သုံးလို့ရပါပြီ။အခု ultra sulf ဖြစ်ကျော်ထားသော IE browser တွင် https://www.google.com/voice ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။
ယခုသုံးနေသောGmail username နဲ့ password ထည့်ပီး sign in လုပ်ပါ။
ထို box ပေါ်လာမည်။ I want a new number ကိုနှိပ်ပါ။
Word,phrase,number တွင်ကိုယ်ကြိုက်နစ်သက်သော number သုံးလုံးကိုရိုက်ထည့်ပါ။ဘာဖြစ်ဖြစ်
၇ပါတယ်။ပြီးလျှင် Search numbers ကိုနှိပ်ပါ။
ထို number များပေါ်လာလိမ့်မည်။ကြိုက်နှစ်သက်သည့် number ကို ရွေးပြီး notdpad ဖြင့်မှတ်ထားပါ။
 သေချာမှတ်ထားပါ။အရေးကြီးပါသည်။ကျနော်ကတော့ (970) 765-8456 ကိုရွေးပြီးမှတ်ထား
ပါတယ်။ပြီးလျှင် continue ကိုနှိပ်ပါ။
Enter PIN box တွင်ကြိုက်နှစ်သက်တဲ့ number လေးလုံးကိုရိုက်ထည့်ရပါမယ်။ကျနော်ကတော့1234
 ပဲရိုက်ပါတယ်။ confirm PIN box တွင်လည်းအပေါ်က Enter PIN number နဲ့တူအောင်ရိုက်ရပါမယ်။
ကျနော်ကတော့ 1234 ပဲထည့်ပါတယ်။ I accept Google Voice’s Terms and Privacy Policky. တွင်အမှန်ခြစ်ပေးပါ။ပြီးရင် continue ကိုနှိပ်ပါ။
Box ပေါ်လာပါမယ်။ဒီနေရာမှ ခနရပ်ထားပါ။ဘာမှမနှိပ်ပါ။ firefox ကိုဖွင့်ပါ။https://mail.google.com/
 ကိုသွားပါ။ Create an account ကိုနှိပ်ပါ။ Create An Account page ပေါ်လာပါပြီ။ဖြည့်သင့်တာဖြည့်ပါ။ location တွင် United State ကိုပဲရွေးပါ။အရေးကြီးပါတယ်။ဖြည့်ပီးရင် I accept ကိုနှိပ်ပါ။
Box ပေါ်လာပါလိမ့်မယ်။ country တွင် United States ကိုရွေးပြီး Phone number ကိုခုနက Notepad 
 ဖြင့်မှတ်ထားတာကိုထည့်ပေးရပါမယ်။ကျနော်ကတော့ (970) 765-8456 ပါ။ပြီးရင် Send Verification 
code ကိုနှိပ်ပါ။ ပြီးရင် IE ကိုပြန်သွားပါ။ခုနကရပ်ခဲ့သော
တွင် Cancel ကိုနှိပ်လိုက်ပါ။ခနစောင့်ပါ။ voice mail တစ်စောင်ပို့ပေးပါလိမ့်မယ်။
Verification code ရလာပါပီ။ 861278 ဖြစ်သည်။ firefox ကိုသွားပြီး Verification code တွင်ရလာသော
 code number ကိုရိုက်ထည့်ပါ။
Verify ကိုနှိပ်လိုက်ပါ။ယခုအခါတွင် သင်သည်Gmail accountကိုအောင်မြင်စွာလုပ်ဆောင်နိုင်ပါပြီခင်ဗျာ။
မှတ်ချက်။ ။ နောက်တစ်ခါ Gmail account ကိုဖွင့်ချင်ပါက သုံးနေကျGmail နဲ့ www.google.com/voice ကိုဝင်ကာ ဘယ်ဘက်ရှိ UPGRADE ကိုနှိပ်ပီးထပ်လုပ်နိုင်ပါတယ်။
ကဲ အကုန်လုံး ကူးပြီး တင်ပေးလိုက်ပြီ။ အဆင်မပြေရင် လာပြောပါတဲ့ဗျာ ။ အဆင်မပြေတဲ့သူများ ဒီမှာ သွားပြောကြပေါ့နော်.. ရှာတွေ့သမျှ နည်းပညာလေးတွေ ထပ်ဆင် မျှဝေလိုက်ပါတယ် .. အားလုံး OK နိုင်ကြ ပါစေဗျာ...
ဆရာရွှေဥဒေါင်း ရတနာပုံ (၀တ္တုရှည်)
မူရင်း စာကောင်းပေမွန်..လမ်းညွှန်
ရတနာပုံ (၀တ္တုရှည်)
ရေးသူ - ရွှေဥဒေါင်း
ဘာသာပြန်တွေအရေးကောင်းလွန်းတဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ ပင်ကိုယ်
ရေး ၀တ္တုလေးကိုလည်း ခံစားကြည့်ကြပါရှင်။ ဒီဝတ္တုဟာ .. ၀တ္တုအဖြစ်
သာမက ထိုခေတ်ထိုအခါက ရုပ်ရှင်အဖြစ်နဲ့ပါ ထင်ရှားကျော်ကြားခဲ့ပါ
တယ်။ စာကောင်းပေမွန်တွေကို ဖတ်ရှုချင်သူများအတွက် လက်မလွှတ်
သင့်တဲ့ ဂန္တ၀င်စာအုပ်တစ်အုပ်ဖြစ်ပါတယ်၊
အားမရရင်တော့ စာအုပ်သာ ၀ယ်ဖက်ကြပါနော် .... :D
http://www.mediafire.com/view/?dbo3of45so5jgc6
Tuesday, July 10, 2012
မြန်မာလို PDF စာအုပ်များ ၁၀၄ အုပ်
လိုချင်တာသာ ယူကြပါကုန် ....
☺ About Deepfreeze (194.8KB) (Download mediafire)
☺ Acrobat (5.18MB) (Download mediafire)
☺ Adobe PhotoShop - Web Designer Guide (ပဒုမ္မာ) (12.88MB) (Download mediafire)
☺ Adobe Illustrator အဓိကသော့ချက်များ (မင်းသန့်အောင်) (11.09MB) (Download mediafire)
☺ Adobe Photoshop CS4 (11.22MB) (Download jumbofiles)
☺ Adobe Photoshop Design Tutorials By U Aung Naing Maw (12.64MB) (Download mediafire)
☺ Applied AutoCAD 2009 (5.59MB) (Download mediafire)
☺ Applying Computer Business Environment Vol-4 By U Zaw Lin (Youth) (15.35MB) (Download mediafire)
☺ bagantraining (2.52MB) (Download mediafire)
☺ bagantraining (2.52MB) (Download mediafire)
☺ Basic Joomla & Google Apps (1.49MB)
(Download mediafire)
(Download jumbofiles)
☺ Basic Android - Andriod application ရေးသားခြင်းဆိုင်ရာ အခြေခံသဘောတရားများ (12.03MB) (Download mediafire)
Basic%20DesignGraphic%20%20Artist (15.45MB) (Download mediafire)
☺ Beginners guide to networt (8.6MB) (Download jumbofiles)
☺ Basic DNN Hacking Tutorial By 3thic0kiddi3 (393.4KB) (Download jumbofiles)
☺ Blogger Handbook Inside (3.27MB) (Download jumbofiles)
☺ Building Free Websites By Myo Thura (13.33MB) (Download mediafire)
☺ C++ 1 (4.22MB) (Download mediafire)
☺ ++ 2 (3.65MB) (Download mediafire)
☺ ++ 3 (3.16MB) (Download mediafire)
☺ Comp Net Study Guidemm (187.78MB) (Download mediafire)
☺ computer repair (257.05KB) (Download mediafire)
☺ computer using (9.21MB) (Download mediafire)
☺ Corel Draw X4 (11.47MB) (Download mediafire)
☺ CPU (8.9MB) (Download mediafire)
☺ Cracker Guide 2.2 (14.7MB) (Download mediafire)
☺ Deep Freeze(411.97KB) (Download mediafire)
☺ Df7 UserGuide(822.47KB) (Download mediafire)
☺ Digital Video Editing (10.83MB) (Download mediafire)
☺ DOS = Command (8.3MB) (Download mediafire)
☺ Easy Computer Basic By Myo Thura (15.54MB) (Download mediafire)
☺ English For Computer User (586.49KB) (Download mediafire)
☺ everyday use internet (29.8MB) (Download mediafire)
☺ Excel 2010 (12.13MB) (Download mediafire)
☺ free website joomla (3.9MB) (Download mediafire)
☺ Graphic Guide (4.2MB) (Download jumbofiles) (Download mediafire)
☺ Gmail details (2.9MB) (Download mediafire)
☺ Guide Book For Using Internet (15.23MB) (Download mediafire)
☺ Hacking Google (9.46MB) (Download mediafire)
☺ Honest Hacking Guide Book(18.6MB) (Download mediafire)
☺ HOW TO CREATE NEW PARTITION ON EXTERNAL HDD (1.25MB) (Download mediafire)
☺ how to install window 7 (759.13KB) (Download mediafire)
☺ howtomakemyanmarblog (6.71MB) (Download mediafire)
☺ IISWebsiteHackingwithWindows7 (1.33MB) (Download mediafire) (Download jumbofiles) (Download jumbofiles)
☺ InstallGuidePatchandCrackFiles (224.14MB) (Download mediafire)
☺ Internet Connection Sharing (ICS) (329.25KB) (Download mediafire)
☺ Internet Website Directory & Using Facebook (7.97MB) (Download mediafire)
☺ Internet Address book (31.62MB) (Download mediafire)
☺ Internet Security 3 (13.04MB) (Download mediafire)
☺ Introduction to Windows Registry By Mg Htoo Chon(12.42MB) (Download mediafire)
☺ Java script (5.02MB) (Download mediafire)
☺ JAVA Developer Guide (5.25MB) (Download mediafire)
☺ JAVA Programming (34.35MB) (Download mediafire)
☺ kasperskyupdateoffline (1MB) (Download mediafire) (Download jumbofiles)
☺ Learning Premiere (12.11MB) (Download mediafire)
☺ LinusOSMyanmarVersion (4.2MB) (Download mediafire)
☺ Linux Myanmar Language (6.69MB) (Download mediafire)
☺ Loic DDOS using by 3thic0kiddi3 (134.86KB) (Download mediafire) (Download jumbofiles)
☺ MakingBlog 1 (2.14MB) (Download mediafire)
☺ MicrosoftExcelPPT (1.05MB) (Download mediafire)
☺ MicrosoftWord (1.08MB) (Download mediafire)
☺ myanmar font fort andorid (4.65MB) (Download mediafire)
☺ MySQL-lessons-in-Burmese (980.81KB) (Download mediafire)
☺ n Yout Networking Essential (69.53MB) (Download mediafire)
☺ NetworkHackingTesting(97.25KB) (Download mediafire) (Download jumbofiles) (Download jumbofiles)
☺ PC UPGRADE AND REPAIR SIMPLIFIED (16.3MB) (Download jumbofiles)
☺ PhotoShop 7.0 (13.13MB) (Download mediafire)
☺ Photoshop Knowledge (4.21MB) (Download mediafire)
☺ PHOTOSHOP NOTES(1) (9.75MB) (Download mediafire) (Download jumbofiles)
☺ Photoshop NOTE (2) (Download jumbofiles) (Download jumbofiles)
☺ Photoshop 1 (5.5MB) (Download mediafire)
☺ Photoshop CS Tools (9.71MB) (Download mediafire)
☺ Photoshopcs5 မြန်မာလို (11.62MB) (Download mediafire)
☺ Power Director Editing (11.72MB) (Download mediafire)
☺ Microsoft Access 2010 ကို Database program ဖြင့်ရေးဆွဲခြင်း (6.95MB) (Download mediafire)
☺ RandomAccessMemory (2.9MB) (Download jumbofiles)
☺ SECRET OF GMAIL (530.31KB) (Download mediafire)
☺ SQL Injection Attack by 3thic0kiddi3 (2.38MB) (Download mediafire) (Download jumbofiles)
☺ Social Engineering Hacking-signed (2.1MB) (Download jumbofiles) (Download jumbofiles)
☺ Teach YourSelf Java Programming (5.79MB) (Download mediafire)
☺ TEACH YOURSELF REPAIRING PC (U AYE KO KO) (16.95MB) (Download mediafire)
☺ The Hacker's Handbook (Myanmar) (3.5MB) (Download mediafire)
☺ Ulead VideoStudio 6 (663.99KB) (Download mediafire)
☺ Understanding PC Harware (15.06MB) (Download mediafire)
☺ Using Gmail By Dennis Lin (3.85MB) (Download mediafire)
☺ Using Internet & Email By Thura Aung (10.39MB) (Download mediafire)
☺ Using Laptop Windows 7 Professional Version By U Aung Myint (M.E., Australia) (10.12MB) (Download mediafire)
☺ iPhone 4G/3GS/3G အသုံးပြုနည်းလက်ဆွဲ (10.86MB) (Download mediafire) (Download mediafire)
☺ Using Twitter - Twitter အသုံးပြုနည်း (4.44MB) (Download mediafire)
☺ Using%20You%20Tube (7.83MB) (Download mediafire)
☺ Using Internet Email Update (10.39MB) (Download mediafire)
☺ VBNET (6.43MB) (Download mediafire)
☺ virtual basic 6 (5.64MB) (Download mediafire)
☺ VirtualBox User Manual (4.81MB) (Download mediafire)
☺ Visual C++ (33.18MB) (Download mediafire)
☺ web site creating (340.78KB) (Download mediafire)
☺ Wifi Hacking Basic By 3thic0kiddi3 (1.13KB) (Download mediafire)
☺ Wifi လွှင့်နည်းများ (85.2KB) (Download mediafire) (Download jumbofiles)
☺ Windows 7 by U Aung Lin (13.56MB) (Download mediafire)
☺ Windows XP & Windows 7 Installation User Guide (3.98MB) (Download mediafire)
☺ Wordpress Installation guide/ Wordpress ဖြင့် ကိုယ်ပိုင် website တစ်ခုတည်ဆောက်ခြင်း (1.09MB) (Download mediafire)
☺ အခြေခံ Photoshop သင်ခန်းစာများ (12.1MB) (Download jumbofiles)
☺ ကွန်ပျူတာမှာ 7.45 GB Free ရအောင်အသုံးပြုနည်း (214KB) (Download jumbofiles)
☺ ဖို+မ ဆက်ဆံရေး (ဒေါက်တာအောင်ခင်ဆင့်) (3.7MB) (Download jumbofiles) ဒါလေးကတော့ အပိုထည့်ပေးပါသည် :D
မူရင်း သီရိခေတ္တရာပြည်မြို့
နည်းပညာ စာအုပ်များပြန်လည်မျှဝေပေးပါသည်
ခိုးပြီး အန် မဟုတ်ပါဘူး ကူးယူတင်ပြ ပါသည်၊
Sunday, July 8, 2012
ကွန်ပြူတာမှ ပြသာနာပေါင်း သောင်းခြောက်ထောင် ဖြေရှင်းနည်း
ဆရာ ဦးဥာဏ်ကြွယ် ရဲ့ ကွန်ပြူတာမှာ အများဆုံးဖြစ်တတ်တဲ့ ပြဿနာများ ဖြေရှင်းနည်း စာအုပ်လေးပါ..။
တော်ရုံ တန်ရုံ ပြဿနာကို ကိုယ် ကိုယ်တိုင်ဖြေရှင်းတတ်အောင် လေ့လာသင့်တဲ့ စာအုပ်လေးဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်....:)
ဒီမှာ ယူပါ၊ ဒေါင်းတတ်မယ်ထင်ပါတယ်
မူရင်း ဆရာဝင်းကမ္ဘာကျော်
သင့်ရဲ့နဂိုစိတ်ရင်းဘယ်မှာလဲ?
လူ့လောကမှာပျော်ရွှင်စွာ နေထိုင်နေကြတာကို မကောင်းဆိုးဝါးကြီး က တွေ့တော့
“ဒီလူတွေကို နှောက်ယှက်ရမယ်။ ငါ့ ကိုမေ့နေကြတယ်။
” ဆိုပြီး မကောင်းဆိုးဝါးလေးတစ်ကောင် ကို လယ်သမားတစ်ဦးကို အကျင့် ပျက်အောင်
် လုပ်ခိုင်းစေခဲ့တယ်။ လယ်သမားက လယ်ထွန်ရင်း သူ့ဘ၀ကို သူကျေနပ်တင်းတိမ်နေခဲ့တယ်။
မကောင်းဆိုးဝါးလေးက ထိုလယ်မြေတွေကို မာကြောအောင် ပြုလုပ်လိုက်တယ်။ လယ်သမားက ခဏနားလိုက် ဆက်ထွန်လိုက်နဲ့ ငြီးငြူသံ ကို လုံးဝမကြားရဘဲ လက်လျော့ပြီး ပြန်သွားရှာတယ်။
မကောင်းဆိုးဝါးနောက်တစ်ယောက်ကို စေလွတ်ပြန်တယ်။
ဒါနဲ့ သူဟာ လယ်သမားရဲ့ ပိုင်ဆိုင်မှုတွေကိုယူမယ်ဆိုပြီး ထမင်းဘူး နဲ့ ရေဘူး ကိုယူလိုက်တယ်။
ထမင်းဘူးတွေမရှိတော့တာကို သိတော့ “အော် ငါ့ထက်ဆာနေမဲ့သူ ရှိနေရင် ယူပါစေ။
သူဗိုက်ဝရင် ရပါပြီ” ဆိုပြီး လယ်ကိုဆက်ထွန်နေရှာတယ်။ ဒုတိယ မကောင်းဆိုးဝါးလည်း မအောင်မြင်ပဲ ပြန်လာရရှာတယ်။
တတိယ မကောင်းဆိုးဝါးကို စေလွတ်ပြန်တယ်။
သူကတော့ လယ်သမားနဲ့ အရင်မိတ်ဆွေဖွဲ့တယ်။ ပြီးတော့ မကောင်းဆိုးဝါးက အနာဂါတ်ကို မြင်နိုင်တော့ လာမည့်နှစ်မှာ ဆန်ရေစပါးရှားပါးမှုဖြစ်မယ် ဆိုပြီး လယ်သမားကိုပြောတယ်။
ဒီလိုနဲ့ မကောင်းဆိုးဝါး ဆီက အကြံတွေရယူပြီး လယ်သမားဟာ မကြာမီမှာပဲ သူဌေးဖြစ်လာခဲ့တယ်။
လယ်ယာတွေမထွန်ယက်တော့ဘဲ မကောင်းဆိုးဝါးရဲ့ အကြံပေးတဲ့အတိုင်း အရက်အရောင်းတွေ စတင်လုပ်ကိုင်လာပြီး ချမ်းသာထက်ချမ်းသာလာခဲ့တယ်။
မကောင်းဆိုးဝါးဟာ သူ လယ်သမားရဲ့အကျင့်တွေကို ပျက်အောင်လုပ်နိုင်ပြီ ဖြစ်ကြောင်း မကောင်းဆိုးဝါးကြီး ထံလာပြောတယ်။ တနေ့ သူဌေးရဲ့စားပွဲမှာ အခြွေအရံတွေ အရသာရှိတဲ့စားစရာတွေနဲ့ အကောင်းစားအရက် တွေနဲ့ပေါ့။
အဲဒီချိန်မှာ အစေခံတစ်ဦးက အရက်ပုလင်းယူလာနေချိန်မှာ ခြေချော်ပြီး သူဌေးပေါ်ကို မောက်ကျကုန်တယ်။
သူဌေးက “ဒါလေးလုပ်တာကို ဂရုကိုမစိုက်ဘူး” ဆိုတော့ အစေခံက “သူဌေး၊ မနက်ကတည်းကလုပ်နေတာ အရမ်းကို ဗိုက်ဆာလှပါပြီ” လို့ပြောတော
့ “အလုပ်မပြီးရင် မစားရဘူး” လို့အော်လိုက်ပါတယ်။
မကောင်းဆိုးဝါးကြီးက “မင်းဘယ်လို အကျင်ပျက်အောင်လုပ်နိုင်တာလဲ” လို့ဆိုတော့ “လယ်သမားလိုတာထက်ပိုပေးလိုက်တာပါ၊ ဒီလိုနဲ့ သူ့ရဲ့လောဘစိတ်တွေတက်လာတာပါ” လို့ပြန်ပြောလိုက်တယ်။
စိတ်ပြောင်းရင် ပုံစံပြောင်းမယ်။ပုံစံပြောင်းရင် အကျင့်ပြောင်းမယ်။
အကျင့်ပြောင်းရင် စရိုက်ပြောင်းမယ်။စရိုက်ပြောင်းရင် ဘ၀ပြောင်းမယ်။
ဒီပုံပြင်လေးကတော့ ပန်းတိုင်ရောက်အောင် ကြိုးပမ်းနေတဲ့ အားလုံးကို
ကိုယ့်ရဲ့ တကယ့် ပန်းတိုင်က ဘာလဲဆိုတဲ့ နဂိုစိတ်ရင်း ကို မမေ့ပစ်ဖို့ပါပဲ။
(ဘဝမမေ့ကြပါနဲ့..ဘာပဲဖြစ်ဖြစ်ပေါ့)
ကိုယ်ချင်းစာတရားတွေနဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေ
Friday, July 6, 2012
ပန်းစကား
ပန်းတစ်ပွင့်က ပြောပါတယ်....
အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။
မူရင်း နိုင်းနိုင်းစနေ
မိတ်ဆွေစစ်
အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး
ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။
အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။
မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်
အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ
တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ
အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။
မေးတိုင်းလည်းမဖြေသင့်ဘူး။
စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို
သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ
အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ
မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်
မိတ်ဆွေစစ်တွေ ရနိုင်အောင်တော့ ကိုယ်ကခံ နိုင်ရည်ရှိအောင် ကြိုးစားရတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ
အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ
ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း
ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့
ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့
မသင့်တော့ဘူး။
လူတော်တစ်ယောက်ဖြစ်နိုင်ဖို့ ဆိုတာ....
လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ
ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း
ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင်
လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။
မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု
ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။
မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ်လိုအပ်ပါတယ်။
ကိုယ့်ကို နားလည်ပေးမယ့်၊ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ့်၊ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ့်၊
ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။
မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။
မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။
အမှားလည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့
ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး.....
Share
Twitter Delicious Facebook Digg Stumbleupon Favorites More