** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Thursday, June 7, 2012

ယောကျာ်းများရဲ့ပြောင်းလဲလာမှု(၆ပတ် ၆လ ၆နှစ်)

ဟာသအနေနဲ့ပဲ တင်တာပါ... ထိခိုက်လိုတဲ့ဆန္ဒ မပါပါဘူး... အားလုံးပဲပျော်ရွှင်ပါစေနော်... :)

၁။ ချစ်စကားပြောချိန်

၆ ပတ် _ ချစ်တယ် ၊ ချစ်တယ် ၊ ချစ်တယ်။

၆ လ _ ချစ်တာပေါ့ကွာ။

၆ နှစ် _ မင်းကို ငါ မချစ်ရင် အစကတည်းက အားအားယားယား ချစ်ခွင့်တောင်းမလားဟ။

၂။ အလုပ်ပြန်လာချိန်

၆ ပတ် – အချစ်ရေ ၊ ကိုယ်ပြန်လာပြီ။

၆ လ – ငါပြန်လာပြီကွ။

၆ နှစ် _ ငါပြန်လာတာတောင် မသိရအောင် နင်ဘယ်သွားနေလဲကွ။

၃။ လက်ဆောင်ပေးရာတွင်

၆ ပတ် – အချစ်ရေ၊ မင်းဒီလက်စွပ်လေး သဘောကျလိမ့်မယ်လို့ မျှော်လင့်တယ်။

၆ လ – ပန်းချီကား တစ်ချပ်ဝယ်လာတယ်၊ ဧည့်ခန်းမှာထားရင် အဆင်ပြေမယ်ထင်တယ်။

၆ နှစ် – ရော့ ပိုက်ဆံ။ နင့်ဘာသာ ကြိုက်တာသွားဝယ်။

၎။ ဖုန်း မြည်လာလျှင်

၆ ပတ် – အချစ်ရေ၊ ဖုန်းလာနေတယ်။

၆ လ – ရော့၊ နင့်ဖုန်း။

၆ နှစ် – နင့်ဖုန်းမြည်နေတယ်၊ မြန်မြန်လာကိုင် ၊ ဘယ်သွားနေလဲကွာ ။ တော်တော်ပဲ။

၅။ ချက်ပြုတ်စဉ်

၆ ပတ် – မင်းဒီလောက် ဟင်းချက်ကောင်းလိမ့်မယ်လို့ မထင်ခဲ့ဘူးကွာ။

၆ လ – ကနေ့ညစာ ငါတို့ဘာစားကြမှာလဲ။

၆ နှစ် – လာပြန်ပြီ ။ ဒီဟင်း။

၆။ အ၀တ်အစားသစ်

၆ ပတ် – မင်း ဒီအင်္ကျီလေး ၀တ်လိုက်တော့ နတ်သမီးလေးလား အောက်မေ့ရတယ်ကွာ။

၆ လ – အင်္ကျီအသစ် ၀ယ်ပြန်ပလား။

၆ နှစ် – အဲ့ဒါ ဘယ်လောက်တောင် ပေးလိုက်ရတုန်း။ ကုန်ပါပြီ။

၇။ ခရီးသွားရန်စီစဉ်

၆ ပတ် – ငပလီကို ၁ ပတ်လောက် အပန်းဖြေခရီးသွားရအောင်လေ ။

တခြားဘယ်နေရာ သွားရင်ကောင်းဦးမလဲ ။ အကြံပေးပါဦး။

၆ လ – ငပလီကို မသွားချင်ဘူး ဟုတ်လား၊ ။ ဂျီးများမနေနဲ့ ။

၆ နှစ် – ဘာ!! ခရီးသွားဦးမယ်။ အိမ်မှာနေရတာ ဘာပြုနေလို့ အားတိုင်း ထွက်ချင်နေရတာလဲ။

၈။ တီဗွီကြည့်စဉ်

၆ ပတ် – ကနေ့ည ဘာကားကြည့်ချင်လဲ အချစ်။

၆ လ – ငါဒီကား ကြိုက်တယ် ။ တခြား Channel မပြောင်းနဲ့ ။

၆ နှစ် – ငါဒီနေ့ည ESPN လိုင်းကြည့်မှာ၊ မကြည့်ချင်ရင် စောစောသွားအိပ်။

ဟာသအနေနဲ့ပဲ တင်တာပါ... ထိခိုက်လိုတဲ့ဆန္ဒ မပါပါဘူး... အားလုံးပဲပျော်ရွှင်ပါစေနော်... :)

Sunday, May 27, 2012

♥ ♥ ခြားနားချက် ♥ ♥

သူငယ်ချင်းများအားလုံးကို ဗဟုသုတလေးတစ်ခုပြောပြမယ်....။ အဲဒါက ချစ်သူဘ၀ နှင့် အိမ်ထောင်သည်ဘ၀ ခြားနားချက်လေး ဖြစ်ပါတယ်....။ ဘယ်လိုခြားနားလေး ဆိုတော့ အောက်မှာဖတ်ကြည့်နော်.....

အိမ်ထောင်ရေးဟာသလေးနော်.....

၁။ ချစ်သူဘ၀ = အလကားနေရင်း အကြည့်ချင်းဆုံ၏။
အိမ်ထောင်သည်ဘ၀ = အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏။

၂။ ချစ်သူဘ၀ =အလကားနေရင်း ချစ်သူကိုတမ်းတ၏။
အိမ်ထောင်သည်ဘ၀ = ချစ်သူကို တမ်းတသော်လည်း အလကားဖြစ်၏။

၃။ ချစ်သူဘ၀ =ကလေးဘယ်နှစ်ယောက် ယူလိုက်မည်ဟုစိတ်ကူး၏။
အိမ်ထောင်သည်ဘ၀ = စိတ်ကူးသည့်အတိုင်း ကလေးမယူဖြစ်ခဲ့ရင် အကောင်းဟုတွေး၏။

၎။ ချစ်သူဘ၀ = ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏။
အိမ်ထောင်သည်ဘ၀ = ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေး ထားလို၏။

၅။ ချစ်သူဘ၀ = မွှန်နေသော်လည်း ကိစ္စမရှိဟုဆို၏။
အိမ်ထောင်သည်ဘ၀ = ကိစ္စရှိမှ မွှန်၏။

၆။ ချစ်သူဘ၀ = တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေး အကြာကြီးပြော၏။
အိမ်ထောင်သည်ဘ၀ = ဖုန်းထဲမှာအော်လိုက်ရသည်ကိုပင် အားမရ။

၇။ ချစ်သူဘ၀ = ချစ်သူအကြောင်း ကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘ၀ = ကဗျာရေးသူ ငစနူ။

၈။ ချစ်သူဘ၀ = သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘ၀ = သူငိုလျှင် T.V အစီအစဉ်ကောင်းပြီ။

၉။ ချစ်သူဘ၀ = သူ့မွေးနေ့ကို အလွတ်ရ၏။
အိမ်ထောင်သည်ဘ၀ = ကိုယ်မွေးနေ့ကို အလွတ်ရ၏။

၁၀။ ချစ်သူဘ၀ = လူတောထဲတွင် လက်ချင်းချိတ်ပြီး သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘ၀ = လူတောထဲတွင် မျက်စောင်းချင်းချိတ်ပြီး သွားလေ့ရှိ၏။

၁၁။ ချစ်သူဘ၀ = အစာစားလျှင် ခွံကျွေးမှကြိုက်၏။
အိမ်ထောင်သည်ဘ၀ = အစာစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏။

၁၂။ ချစ်သူဘ၀ = အချစ်သီချင်း နားထောင်၏။
အိမ်ထောင်သည်ဘ၀ = ကက်ဆက် အကြောင်းသာပြော၏။

၁၃။ ချစ်သူဘ၀ = ချစ်သူအကြောင်းသာ ပြော၏။
အိမ်ထောင်သည်ဘ၀ = သံသရာမှ လွတ်မြောက်ရာ အကြောင်းသာတွေး၏။

၁၄။ ချစ်သူဘ၀ = ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။
အိမ်ထောင်သည်ဘ၀ = လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏။


သာဓု - “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု - “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”

သာဓု - “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု - “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

သာဓု - “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု - “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”

သာဓု - “မိန်းမဆိုတာဘာလဲ”
ပါပု - “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”

သာဓု - “မယားငယ်ဆိုတာ ဘာလဲ”
ပါပု - “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”

သာဓု - “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု - “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”

သာဓု - “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ပါပု - “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနိုင်တာတော့ အမှန်ပဲ”

သာဓု - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု - “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”

သာဓု - “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု - “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့
အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”

သာဓု - “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ”
ပါပု - “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက် ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”

သာဓု - “ယောက်ျားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ”
ပါပု - “အမျိုးမျိုးခံစားချင်တဲ့အခါ ယောက်ျားဟာ မိန်းမကိုလဲတယ်၊ အဲမိန်းမကတော့ ဘာမှမခံစားရတဲ့အခါမှာ ယောက်ျားကိုလဲတယ်”

သာဓု - “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ပါပု - “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”

သာဓု - “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု - “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”

သာဓု - “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု - “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”

သာဓု - “ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ပါပု - “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့ ချီးကျုးတဲ့အခါမှာ”

သာဓု - “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု - “ယောက်ျားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘ၀ကို ယောက်ျားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘ၀နဲ့ လဲလိုက်ခြင်းပဲပေါ့”

သာဓု - “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု - “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်”

သာဓု - “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ပါပု - “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပ၀ါတစ်ထည် ၀ယ်ပေးလိုက်”

သာဓု - “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
ပါပု - “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို အဆုံးခံမလားလို့မေးတယ်၊
မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”

သာဓု - “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု - “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့”

သာဓု - “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု - “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး”

သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့ ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် ယောင်္ကျားလေးခါယူရမယ်”

သာဓု - “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”

သာဓု - “ကိုယ့်မိန်းမနဲ့စကားများကြရာမှာ ကိုယ်က အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ“
ပါပု - “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”

သာဓု - “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ပါပု - “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”

သာဓု - “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု - “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”

မေးထဲကရတာလေးတွေ လိုက်ပေါင်းထားတာပါ ...
ရယ်မောစရာလို့ပဲမှတ်ပါ ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်မရှိပါ ....

Wednesday, May 23, 2012

ငပျင်းတစ်ယောက်ရဲ့ ဒိုင်ယာရီ

ဘွဲ့ရပြီးသိပ်မကြာတဲ့တစ်ရက်မှာ ကောင်မလေးက ကျွန်တော်ဆီ smsပို့တယ်။ "ငါတို့ လမ်းခွဲရအောင်"တဲ့။ ကျွန်တော်ဝမ်းနည်းမယ်ကြံကာရှိသေး သူနောက်တစ်ကြောင်းထပ်ပို့တယ်။ "ဆောရီးပဲ... ငါ မှားပို့မိတယ်"တဲ့။ အဲအချိန်ကျမှ ကျွန်တော်အသည်း တစ်စစီကြွေရော... (ဇန်နဝါရီ ၁၅ရက်)

××××××

ချစ်သူများနေ့မှာ အလယ်တန်းတုန်းက ကျွန်တော်တိတ်တခိုးချစ်ခဲ့ရတဲ့ ကောင်မလေးကို sms ပို့လိုက်တယ်။ "တကယ်လို့ ဆန်ပြုတ်တစ်ခွက်ရှိရင်၊ နင့်ကို တစ်ဝက်အရင်တိုက်မယ်၊ ကျန်တစ်ဝက်ကို အေးမသွားအောင် ငါ့ရင်ခွင်ထဲထည့်ထားမယ်"ပေါ့။

မိနစ်အနည်းငယ်အတွင်းမှာ သူ့ဆီက ပြန်ပို့လိုက်တဲ့စာရတယ်။ "နင့်ကို ဘယ်သူမိတ်ဆက်ပေးတာလဲ? တစ်ခါ ၄ဝဝဝ၊ ညပါရင် ၇ဝဝဝ" တဲ့။ (ဖေဖော်ဝါရီ ၁၄ရက်)

××××××

ဒီနေ့တစ်နေကုန် နေလို့မကောင်းဘူး။ မနေ့ညက တဘက်သတ်စွဲလမ်းခဲ့တဲ့ ကောင်မလေးကို sms ပို့လိုက်တာ သူက တစ်ခါ ၄ဝဝဝတဲ့ စာပြန်တယ်။ သူ လမ်းမှားနေပြီ။ စိတ်မကောင်းဖြစ်မိတယ်။ ဝမ်းနည်းမိတယ်။ ပိုက်ဆံအိတ်ထုတ်ပြီး ပိုက်ဆံရှာကြည့်တော့ ကျွန်တော်ပိုဝမ်းနည်းသွားတယ်။ သူနဲ့အတူ လမ်းလိုက်မှားဖို့ ကျွန်တော့်မှာ အရင်းတောင်မရှိခဲ့ပါလား.... (ဖေဖော်ဝါရီ ၁၅ရက်)

×××××××

ဒီနေ့စာဖတ်နေရင်းက Kangxiဘုရင် အသက်(၂၃)နှစ်မှာ တိုင်းပြည့်ရှင်ဘုရင်မင်းကြီးဖြစ်နေပြီတဲ့။ ကျွန်တော့်ကိုကျွန်တော်ကြည့်ပြီး ဝမ်းနည်းမိတယ်။ နောက် စာဆက်ဖတ်ရင်းက Tongzhiဘုရင် အသက်(၂၃)နှစ်မှာ နတ်ရွာစံတာ၎နှစ်ရှိခဲ့ပြီတဲ့။ ကျွန်တော့်စိတ် သက်သာရာရသွားတော့တယ်။ (မတ်လ ၁၁ရက်)

××××××××

လောကကြီးရဲ့ မမျှတမှုက.....
ဘုရားသခင်က ... ငါအလင်းလိုတယ်ဆိုတာနဲ့ နေ့ဆိုတာ ရှိသွားတယ်။
မိန်းမလှက...... ငါ စိန်လက်စွပ်လိုတယ်ဆိုတာနဲ့ စိန်လက်စွပ်ရသွားခဲ့တယ်။
ချမ်းသာသူက..... ငါ မိန်းမလှလိုတယ်ဆိုတာနဲ့ မိန်းမလှရသွားခဲ့တယ်။
ကျွန်တော်က.... ငါ ကွန်ပြူတာသုံးမယ်ဆိုတာနဲ့ မီးပျက်သွားခဲ့တော့တယ်။ (ဧပြီ ၂၃ရက်)

××××××××

တစ်ည ထမင်းစားပြီး ဝရန်တာမှာ ဆေးလိပ်ထိုင်ဖွာနေတုန်း ကောင်းကင်ပေါ်မှာ ရုတ်တရက်အလင်းတန်းတစ်ခု ဖြတ်သွားတယ်။ ကြယ်ကြွေပြီဆိုပြီး ဆု ၄,၅,၆ခုလောက် တောင်းလိုက်တယ်။ ဆုတောင်းပြီးကြည့်လိုက်တော့ ဆေးလိပ်ကတိုနေပြီ။ နှစ်ချက်လောက်ဖွာပြီး လွင့်ပစ်လိုက်တယ်။ အဲဒီမှာ အောက်ထပ်က ကောင်မလေးတစ်ယောက် ရုတ်တရက်ထအော်တယ်။ "ဟော... ကြယ်ကြွေပြီ... မြန်မြန်ဆုတောင်း"တဲ့။ (မေ ၃ရက်)


မေးလ်ထဲဝင်လာတဲ့ စာတချို့ပါ။ ဘာသာပြန်မျှဝေပါတယ်...

အစ်မ နိုင်းနိုင်းစနေ ထံမှ ကူးယူပါသည် ... မူရင်းလိမ့်စာပါ

Saturday, May 19, 2012

အပျိုကြီး ၊ လူပျိုကြီးဖြစ်ချင်ရင် ဖတ်ဖို့ပါ...(အမြန်ဖက်ပါ)

> အိုဘယ့် မိန်းမ

> ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
> ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
> နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊
> ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
> မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
> ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
> ခေတ်မှီတာကျတော့ စိတ်မချရ၊
> စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။
>.................................................................................။

> အိုဘယ့် ယောက်ျား

> အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
> ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
> ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
> အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
> အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့
ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊
> အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
> အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့
အပေအတေတစ်ယောက်လိုနေမယ်။
>.............................................................................

ဒါကြောင့်................................

> ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး
ဖြစ်လာနိုင်တယ်။
> ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ
ဖြစ်လာနိုင်တယ်။
> ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
> ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်...တဲ့၊
> ဟီးဟီး.....ဘာပြောရမလဲ မသိတော့ဘူးဗျာ..။

> -----------------------------------------------------------------------
ပြီးတော့....

> မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
> ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
> အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက်
ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
> အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာတဲ့။

>--------------------------------------------------------------------------
> ကွာခြားချက်...

> ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။
> ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။
> ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။
> ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။
> ဆင်းရဲတုန်း မယားက secretaryတာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က
မယားတာဝန် တွဲယူရတယ်။
> ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။
> ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊
ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။
> ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။
> ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက်
ဖော်ကြချွတ်ကြတယ်။

(အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စတိုင်းသည် သင့်ဧ။်ကိုယ်ကျင့်တရားပင် ဖြစ်သည်။)

မေးထဲကရထားတာပါ။ ပြန်လည်မျှဝေပါသည်။

မေးမိတာကိုက ငါ့အပြစ် (တော်2 ရယ်ရတယ်)

ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က အလွန်ဆိုးခဲ့သည်။ ကျွန်တော့်သူငယ်ချင်းများလည်း
အလွန် အနောက်အပြောင်သန်ကြသည်။ ကျောင်းက ကျောင်းငယ်၊ ဆရာများ လုံလုံလောက်လောက် မရှိသေး။
အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းသို့ စတင်တိုးချဲ့ကာစမို့ လုပ်အားပေးဆရာဆရာမများ
အကူအညီဖြင့် အထက်တန်းကို ကျားကန်ထားရသည်။ ဆယ်တန်းကိုလာသင်သည့် ဆရာဆရာမများကလည်း
ငယ်ငယ်၊ ကျောင်းသားများက ခပ်ကြီးကြီး ခပ်ဆိုးဆိုးများ၊ ဤတွင် တွေ့ကြလေသတည်းပေါ့..။

ကျောင်းဖွင့်စတစ်ရက် အတန်းထဲသို့ မြန်မာစာသင်ရန် ဆရာမအပျိုကြီး ၀င်လာသည်။ အပျိုကြီးပီပီ
ဆံပင်လေး သပ်ကာသပ်ကာဖြင့် လှလှပပ ကြွကြွရွရွလေး သင်လေသည်။
“ကဲ.. ဒီနေ့ စသင်မယ့် သင်ခန်းစာကတော့ မြန်မာအက္ခရာတွေ အဆင့်ဆင့် ပြောင်းလဲလာပုံအကြောင်းပဲ
ဖြစ်တယ်။ အဲဒီထဲကမှ ဆလိမ်ပြောင်းလဲပုံအကြောင်းကို အရင်ဆုံး ပြောမယ်နော်။ ဆလိမ်
ဘယ်လို ပြောင်းလဲသလဲ သိလား”

“သိပါတယ်ဆရာမ”

နောက်ဆုံးတန်းမှ ကျောင်းသားတစ်ယောက်က ထဖြေသည်။
“အလဲ့.. တယ်ဟုတ်ပါ့လား။ ပြောပါဦး.. ဆလိမ် ဘယ်လို ပြောင်းလဲသလဲ”

“စိန်လှ ပါ ဆရာမ”

ရယ်သံများက တဝေါဝေါ ထွက်လာသည်။ ဆရာမခမျာ ခေတ္တမျှ ကြောင်နေသေးသည်။ ပြီးတော့မှ
"သြော်.. ဆရာမက အကောင်းပြောနေတယ် အောက်မေ့လို့။ မင်းတို့က နောက်နေကြတာပဲ။ ပျော်တတ်တာကို
မပြောလိုပေမယ့် ဒီလို နောက်တတ်တာက နောင်ဆို ပြင်ရခက်မယ်။ ဗီဇပါသွားမယ်။ ဗီဇဆိုတာသိလား"
ဆရာမက သူ့အကျင့်အတိုင်း ပြောရင်း ပြန်မေးခွန်းထုတ်လိုက်သည်။ ထိုကျောင်းသားကပင် ထ၍

"သိပါတယ်။ ဘစီပါ ဆရာမ.."

"အင်.."
ဆရာမ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ ကျောင်းသူကျောင်းသားများ ရယ်၍ မဆုံးတော့။
ဆရာမမှာ ဒေါသထွက်ပြီး အခန်းထဲမှ ထွက်သွားတော့သည်။

ပြောလေ ဆိုးလေ

မကြာမီ ကျောင်းအုပ်ဆရာကြီးနှင့်အတူ ဆရာမ ပြန်ရောက်လာသည်။ ဆရာကြီးမှာ
အလွန် ဒေါသထွက်နေပုံရ၏ ။

“ဟေ့ကောင်တွေ.. မင်းတို့ မိုက်ရိုင်းလှချည်လား။ ဆရာမကို စော်ကားလွှတ်လိုက်တယ်ဆိုကွ”

ဆရာကြီးစကားကြောင့် ဆရာမအပျိုကြီး မျက်နှာရဲသွားသလို ကျောင်းသူများလည်း ပြုံးစေ့စေ့
ဖြစ်ကုန်ကြသည်။
“အင်.. ဆရာကြီးကလည်း..”
“အဲ.. အေး အေး၊ ဆောရီးဆရာမ။ မင်းတို့ ဒီလိုလုပ်တာ ကောင်းသလား။ ကိုယ့်ကျောင်းကို စေတနာနဲ့
လာသင်ပြပေးရတဲ့ ဆရာမကို နောက်လွှတ်တယ် ဆိုတော့ မင်းတို့က ဘာကောင်တွေလဲ။ ခွေးတွေလား။
မင်းတို့တက်နေတဲ့ ကျောင်းကြီးက ခွေးကျောင်းကြီးလားကွ ဟေ။ မင်းတို့ကို ဘယ်သူတွေက
အဲလို သင်ထားလဲ”

ဆရာကြီးမှာ ဒေါသဖြင့် ပြောနေရာ တစ်တန်းလုံး ငြိမ်သက်နေကြသည်။ ထိုစဉ် နောက်တန်းမှ
အသံတစ်သံက မကြားတကြား ထွက်လာသည်။

“အဲဒီကျောင်းက ဆရာတွေပါပဲခင်ဗျာ”

တခွိခွိ ရယ်သံများက သိသိသာသာ ဖြစ်သွားသည်။ ဆရာကြီးလည်း သူ့စကားနှင့်သူ ပိတ်မိနေ၏ ။

“တိတ်စမ်း...၊ ဘယ်ကောင်လဲကွ ပြန်ပြောတာ”

မျက်မှန်နှင့် ဖြူနွဲ့နွဲ့ကျောင်းသားတစ်ယောက် ထလာပြီး ပြောသည်။

“ကျွန်တော်လည်း မသိပါဘူး ဆရာကြီး”

“မင်းက မသိတာကို ဘာလျှာထရှည်နေတာတုန်း”

“ဆရာကြီးပဲ တိတ်စမ်း ဆို.. ခေါ်လိုက်ပြီးတော့..”

“ဟေ..”

ဆရာမကိုယ်တိုင် ရယ်နေပြီဖြစ်သည်။ ဆရာကြီးလည်း ပြုံးရမလို မဲ့ရမလို ဖြစ်နေသည်။

“ဘာတွေလဲကွ။ နောက်နေကြတာလား မင်းတို့က”

ဘယ်သူမှ ပြန်မဖြေကြ။ တစ်တန်းလုံးတော့ ပြုံးစေ့စေ့မျက်နှာပိုးများကို သတ်ထားရသည်။

“ကဲ.. အဲဒီ စိန်လှ ဆိုတဲ့ကောင်နဲ့ ဘစီ ဆိုတဲ့ကောင် ထွက်ခဲ့ကြစမ်း”

ကျောင်းသားများ ရယ်ကြပြန်သည်။ ဘာကြောင့်ရယ်ကြပါလိမ့်ဟု ဆရာကြီး ဝေခွဲရပုံမပေါ်။
ဆရာမလည်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။

“ဘယ်မလဲ စိန်လှ။ ဟိုကောင် ဘစီ ထစမ်း”

“ဒီအတန်းထဲမှာ စိန်လှလည်း မရှိ၊ ဘစီ ဆိုတာလည်း မရှိပါဘူး ဆရာကြီး။ Roll Call စာအုပ်မှာ ကြည့်ကြည့်ပါ”

ထိုအခါ ဆရာမမှာ မနေသာတော့၊ ၀င်ရှင်းပေးရတော့သည်။

“မဟုတ်ဘူး ဆရာကြီး။ ကျွန်မက စိန်လှလို့ ပြောရင် သူတို့က ဆလိမ်လို့ ပြောတာ။ ကျွန်မက ဘစီ ဆို

သူတို့က ဗီဇ တဲ့”

ကျောင်းသားများ တ၀ါးဝါး ရယ်ကြတော့သည်။ ဆရာမမှာ ပြောချင်ဇောကြီး၍ ရှေ့နောက်
ပြောင်းပြန်ဖြစ်သွားသည်ကို မသိလိုက်။ ဆရာကြီးက ဆရာမဘက် မျက်မှောင်ကျုံ့လျက်

“နေပါဦး..၊ နင်ကစာသင်တာလား၊ သူတို့ကို ရယ်စရာပြောပြနေတာလား”

“အင်.. ဆရာကြီးကလည်း”

ရယ်သံများက ပတ်တုတ်မရတော့။ ကျောင်းသူများမှာ မျက်မှာများ နီရဲနေအောင် ရယ်ကြသည်။
ကျောင်းသားများကတော့ အူနှိပ်နေကြလေပြီ။

“တော်ကြရှန်း။ အဲဒီ နောက်တဲ့ကောင် ထစမ်း”

ဆရာကြီးမှာ ဒေါသကြောင့် စကားများပင် မပီတော့။ တံတွေးတွေ စင်ထွက်ကုန်အောင် အော်လိုက်၏ ။
နောက်မိသော ကျောင်းသားက မျက်နှာငယ်လေးနှင့် ထ၍
“ဆ..ဆ ဆရာကြီး၊ ဒေါသရှေ့ထားရင် မှားတတ်ပါတယ် တဲ့။ ပြီးတော့ ဟို.. သည်းခံခြင်းသည် အောင်မြင်ခြင်းလို့
ဘုရားကလည်း ဟော.. ဟောထားပါတယ်”

“အေး အေး.. လာခဲ့။ အဲဒီကောင် လာခဲ့။ အဲလောက်တတ်နေရင် ငါနဲ့ ဟိုဘက် ခဏလိုက်ခဲ့။ မင်း သိတာတွေ

သိပ်များနေပြီ”
ဟု ဆိုကာ ထိုကျောင်းသားကို နားရွက်ကဆွဲလျက် ကြိမ်လုံးကြီး တစ်ဘက်ဖြင့် ကျွန်တော်တို့
ကင်ပေတိုင်စခန်းဟုခေါ်သော ကျောင်းအုပ်ကြီးရုံးခန်းသို့ နာဇီစစ် စစ်ရန်အလို့ငှာခေါ်ဆောင်သွားလေတော့သည်။ ခိုင်လုံသော သတင်းရင်းမြစ်များအဆိုအရ ဆရာကြီးက ထိုကျောင်းသားအားကျောတစ်ရာရင်တစ်ရာခတ်၍ မြိုင်ရပ်သို့ တစ်ပတ်နှင်လိုက်သော ဟူပါသည်။

သူငယ်ချင်းများရယ်မောနိုင်ကြပါစေ... ကျေးဇူးတင်ပါတယ် :D

"မ"ဆိုရင် မကောင်းဘူး: ဟာသလေးနော် ...

၁ ။ ။ ဖော်ဖော်ရွေရွေ များ ဆက်ဆံမိလိုက်ရင် ပြောပါလိမ့်မယ် " သူ့ ကိုပိုးပန်းနေတယ်"လို့
အဲလိုမှ မလုပ်ပြန်ရင်လည်း " ဘ၀င်မြင့်တဲ့ ကောင် " .. တဲ့။

၂ ။ ။ သပ်သပ်ရပ်ရပ်များ ၀တ်စားမိရင် ပြောပါလိမ့်မယ် " သူ့ ကိုမြူဆွယ်နေတယ် " .. လို့ 
အဲလိုမှမ၀တ်ပြန်ရင်လည်း " တောသား " .. တဲ့။

၃ ။ ။ သူ့ ကိုများပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် " ခေါင်းမာတဲ့ ကောင် " .. လို့ 
ငြိမ်နေပြန်တော့လည်း " အဖြစ်မရှိတဲ့ ကောင် ".. တဲ့။

၎ ။ ။ သူ့ ထက်များပိုတော်နေရင် ပြောပါလိမ့်မယ် " အလကားပါ " .. လို့ 
သူကများပိုတော်နေရင်တော့လည်း " အရည်အချင်းကြောင့် " .. တဲ့။

၅ ။ ။ သူ့ ကိုများမကြိုက်ဘူးဆိုရင် .... သင့် ကိုပိုင်ဆိုင်ဖို့ ကြိုးစားပါလိမ့်မယ် .......
သူ့ ကိုကြိုက်မိပြန်တော့လဲ သင့် ကိုထားခဲ့ပါလိမ့်မယ် .. တဲ့။

၆ ။ ။ ချစ်နေတဲ့ အမူအရာပြမိရင်ပြောပါလိမ့်မယ် " အပေါစား ကောင် " .. လို့ 
အဲလိုအမူအရာ မပြပြန်တော့လည်း " လူဗာလ ".. တဲ့။

ရ ။ ။ အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် " ဂြိုလ်ကောင် " .. လို့ 
မတိုင်ပင်ပဲနေပြန်တော့လည်း " သူ့ ကိုမယုံကြည်လို့  " .. တဲ့။

၈ ။ ။ သူ့ ကိုများအော်ငေါက်မိရင် ပြောပါလိမ့်မယ် " လူရမ်းကား " .. လို့ 
သူကများအော်ငေါက်ရရင်တော့ " ဆုံးမတာ " .. တဲ့။

၉ ။ ။ ပေးထားတဲ့ကတိဖျက်မိရင် ပြောပါလိမ့်မယ် " လူလိမ် " .. လို့ 
သူ့ ဘက်ကဖျက်မိရင် ပြောပါလိမ့်မယ် " မလွှဲမရှောင်သာလို့ ပါ " .. တဲ့။

၁၀ ။ ။ သူ့ ရှေ့မှာများဆေးလိပ်သောက်မိရင် ပြောပါလိမ့်မယ် " လူမိုက် " .. လို့ 
သူ ပိုကာ ဆွဲတာကျတော့ " အပျင်းပြေပါ " .. တဲ့။

၁၁ ။ ။ သင် စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် " ကံကောင်းလို့ ပါ " .. လို့ 
သူ အောင်ခဲ့ရင်တော့ " အရည်အသွေးကြောင့် ".. တဲ့။

၁၂ ။ ။ သူ့ ကိုများမတော်တဆနာကျင်စေမိရင် ပြောပါလိမ့်မယ် " အကြင်နာတရားမဲ့တဲ့လူ " .. လို့ 
သူ့ ကြောင့်များ သင်ထိခိုက်မိခဲ့ရင်တော့ " အထိမခံ ရွှေပုကန် " .. တဲ့။

မိန်းမ အကြိုက် ၁၀ ခါလိုက်လည်း
မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွရန်သူ စွဲမှတ်ယူ၏ ...... တဲ့။

ဒီစာကို မိန်းမတွေဆီ ပို့ ပေးမိရင် ပြောပါလိမ့်မယ် " မဟုတ်မဟတ် " တွေလို့  ........
မပို့ ပြန်တော့လည်း " အတ္တသမားတွေ " .. တဲ့။

ယောကျာင်္းလေးများ ရီမောပျော်ရွှင်နိုင်ကြပါစေ။

ကျတော်ရေးတာမဟုတ်ပါ ကိုဇင်မင်းဆိုသူရေးပါသည် ပြန်လည်မျှဝေပါသည် (ဟာသအမြင်နဲ့ကြည့်နော် ဟဲဟဲ)

တိုက်ဆိုင်လိုက်ပုံများ

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း ?
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက်
သည်။

ထိုအခါ

မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန်သည်။

မနီ။ ။"ဂျီးဆပ် ခရစ်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )

ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက်ကလေး မွေးပြီးတဲ့နောက်မှာဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။

ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား
သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ ...

မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။

ဘာအဓိပါယ်လဲဆိုတာ ကျတော်မသိဘူးဂျ ဟဲဟဲ...
သူငယ်ချင်းများသိရင်လဲ စိတ်ထဲမှာပဲ ပြုံးလိုက်ကြနော် .. မေးထဲကရထားတာလေးမျှဝေပါသည်..

Share

Twitter Delicious Facebook Digg Stumbleupon Favorites More