** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ခွန်အားဖြည့် ရသ. Show all posts
Showing posts with label ခွန်အားဖြည့် ရသ. Show all posts

Monday, November 5, 2012

နှလုံးသားအာဟာရ

နှလုံးသားအာဟာရ


နှလုံးသားရှိသူများ … သင့်နှလုံးသားကို အားဖြည့်ကြည့်ပါလား ?
  

( နှလုံးသားအာဟာရ )

လွတ်လပ်မူ ဆိုတာ
မိမိရဲ့လွတ်လပ်မူဟာ သူတစ်ပါးကို
အနှောက်အယှက် ဖြစ်စေရင်၊ ဖြစ်နေရင်
အဲဒီလွတ်လပ်မူမျိုးကို
“ လွတ်လပ်မူ ” လို့ မခေါ်နိုင်ဘူး။
( အရှင်ရေဝတ - ဖားအောက်တောရ)

စိတ်ကို အလိုလိုက်မလား
မြစ်ထဲက လှေက ရေစုန်မျောခွင့်ရရင်
အကျိုးရှိ သက်သာမူတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်နော်။
ဘဝ မြစ်ပင်လယ်ကြီးထဲက
လူ့ဘဝလှေငယ်လေးကို ရေစုန်မှာ မျှောလိုက်ရင်
အကျိုးမဲ့ ဆုတ်ယုတ်မူတွေ နစ်မွန်းမူတွေ ဖြစ်ဖို့ များသွားတယ်။
စိတ်ကို အလိုလိုက်တာ ရေစုန်မှာ မျောခွင့် ပေးတာပါ။
စိတ်ကို အလိုမလိုက်တာ ရေကို ဆန်တက်တာပါ။
တန်ဖိုးရှိရှိနေချင်ရင် ရေကို ဆန်တက်ရမယ်။
( အရှင်ရေဝတ - ဖားအောက်တောရ)
အချိန်မှီသိနိုင်ပါစေ

ကောင်းတာတွေ အများကြီးရလာရင် အဲဒီလူဟာ ဘာဖြစ်တော့မလဲ…
မာနကြီးတော့မယ်၊ စိတ်ကြီးဝင်တော့မယ်။
ငါမှန်တယ်၊ ငါသိတယ်၊ ငါတတ်တယ်၊ ငါလုပ်နိုင်တယ်၊
ငါမှားနေတောင်မှ မင်းတို့ပြောပိုင်ခွင့် မရှိဘူး။
ဒီလိုအထင်ရောက်သွားတယ်။
ဒီလိုဖြစ်လာရင် အဲဒီလူရဲ့ စိတ်ဓါတ်အရည်အချင်းတွေ၊
ကိုယ်ရည်ကိုယ်သွေးတွေ၊ အကျင့်စာရိတ္တတွေ
ခေါင်းဆောင်နိုင်မူ အရည်အချင်းတွေ အားလုံးပျက်စီးသွားတော့မယ်။
အဲဒီလူဟာ ကျဆုံးရတော့မယ်။ ဆရာတော်ဦးဇောတိက
( ဆရာတော် ဦးဇောတိက )
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့
ငါမကောင်းဘူး၊ ငါဆိုးတယ်၊ ငါအသုံးမကျဘူး၊ ငါညံ့တယ်၊ အဲဒီလိုတော့မတွေးပါနဲ့။
ငါမတတ်နိုင်တဲ့ ကိစ္စရှိတယ်။ ငါတတ်နိုင်တဲ့ ကိစ္စရှိတယ်။
ငါဆိုးတဲ့ အပိုင်းရှိသလို ငါကောင်းတဲ့ အပိုင်းလည်းရှိတယ် ဆိုတာလက်ခံပြီးထားပါ။
ကောင်းတာတွေကို တစ်နေ့တစ်ခြား ပိုပိုပြီးတော့လုပ်သွားပါ။
နေ့စဉ်နေ့တိုင်း ကိုယ့်စိတ်ကို ကိုယ်သိပြီး လက်ခံပြီး နေသွားမယ်ဆိုရင်
အလိုအလျောက်ပဲ ကောင်းတဲ့ဘက်က တိုးတက်လာတယ်။
ဆိုးတဲ့ဘက်ကလျော့သွားတယ်။
( ဆရာတော် ဦးဇောတိက )
လိုက်ခံစားမနေဖို့
သူများတွေ ချီးမွမ်းထောပနာပြုတာကို သာယာနေဖို့ မဟုတ်သလို
ကဲ့ရဲ့ ဝေဖန်နေတာကိုလည်း စိတ်ညစ်နေဖို့မလိုပါဘူး။
သူများစိတ်ထဲမှာ တဒင်္ဂ တခဏလေးဖြစ်တဲ့ အရာတွေကို
လိုက်ခံစားနေရင် တခဏမျှသာ လူဖြစ်ရတဲ့ဘဝ၊
တန်ဖိုးရှိတဲ့ အချိန်တွေကို သူတို့ကို ပေးလိုက်ရသလို ဖြစ်သွားမှာပေါ့။
( အရှင်ဇောတိက - ပတ္တမြားရိပ်သာ )
လိုချင်ပြီး မပေးချင်သူ
ကိုယ်ကပဲ မေတ္တာအပြည့်လိုချင်ပြီး
ကိုယ့်ဘက်ကတော့ မေတ္တာအပြည့် မပေးချင်ဘူးဆိုရင်တော့
အကြောင်းအကျိုး မညီညွတ်တဲ့အတွက်
ကိုယ်လိုချင်တဲ့ အချစ်ကံကောင်းခြင်းကို ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။
ကိုယ်လိုချင်တဲ့အရာကို ကိုယ့်ဘက်ကအရင်ပေးရမယ်ဆိုတဲ့
ကမ္မနိယာမကို လုံးဝမမေ့လိုက်ပါနဲ့။
( အရှင်ဆန္ဒာဓိက )
 အချစ်ကံကောင်းချင်ရင် အကောင်းကံချစ်ပါ
အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။
ကောင်းတဲ့ ကုသိုလ်အလုပ်တွေ လုပ်နေရုံနဲ့ အချစ်ကံ မကောင်းနိုင်သေးပါဘူး။
ဆိုးတဲ့ အကုသိုလ်အလုပ်တွေပါ ရှောင်ကြဉ်မှ အချစ်ကံကောင်းနိုင်ပါတယ်။
အချစ်ကံ မဆိုးချင်ရင် အဆိုးကံ မချစ်ကြပါနဲ့။
ဆိုးတဲ့ အကုသိုလ်အလုပ်တွေ လုံးဝမလုပ်ပါနဲ့။
အဆိုးကံတစ်ခုခုကြောင့် အားနည်းချက်တစ်ခုခုရှိသွားရင်
အဲဒီအားနည်းချက်ကြောင့်ပဲ အချစ်ကံ ဆိုးတတ်ပါတယ်။
( အရှင်ဆန္ဒာဓိက )
စိတ်ဆင်းရဲခြင်းနှင့် စိတ်ချမ်းသာခြင်း
စိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓါတ်ပျော့ညံ့တဲ့သူတွေ
ကန်ထရိုက်ဆွဲထားတတ်တဲ့ ခပ်ညံ့ညံ့ပစ္စည်းတစ်ခုပါ။
စိတ်ချမ်းသာခြင်းကတော့ စိတ်ဓါတ်ခိုင်မာသူတွေရဲ့
မူပိုင်ရတနာထုပ်ကြီးတစ်ခု ဖြစ်ပါတယ်။
( အရှင်ဆန္ဒာဓိက )
 ကြိုးစားကြည့်ပါ
အကျိုးကောင်းကောင်း လိုချင်တဲ့စိတ်နဲ့ မကြိုးစားပါနဲ့။
အကြောင်းကောင်းကောင်း လုပ်ချင်တဲ့စိတ်နဲ့ ကြိုးစားပါ။
( အရှင်ဆန္ဒာဓိက )
အကုသိုလ်ကံ မစုဆောင်းချင်ပါနဲ့
တကယ်တော့ ပြန်ပြင်လို့ မရတော့တဲ့ သူတစ်ပါးရဲ့အမှားတွေ၊
အပြစ်တွေကို ကိုယ်က ပါးစပ်အရသာခံပြီး ကဲ့ရဲ့ရှုတ်ချ
ပြစ်တင်ဝေဖန်နေရုံနဲ့ သူတစ်ပါးရဲ့အမှားတွေက
အမှန်ပြန်မဖြစ်မလာနိုင်တော့သလို
သူတစ်ပါးရဲ့အပြစ်တွေကလည်း အပြစ်မဲ့ ဖြစ်မသွားနိုင်ပါဘူး။
အပြစ်ပြောတဲ့ကိုယ်သာ အလကားနေရင်း
အကုသိုလ်ကံတွေ စုဆောင်းသိမ်းဆည်းပြီးသား ဖြစ်သွားပါတယ်။
( အရှင်ဆန္ဒဓိက )
ကိုယ်ကျင့်သီလ

ဥစ္စာစည်းစိမ် ဆင်းရဲလို့အပါယ်မကျ။
ကိုယ်ကျင့်သီလ ဆင်းရဲမှ အပါယ်ကျသည်။
ဥစ္စာစည်းစိမ်ဆင်းရဲလို့ မည်သည့်သူတော်ကောင်းမှ အထင်မသေး။
ကိုယ်ကျင့်သီလဆင်းရဲမှ အထင်သေးသည်။
ဒါနနှင့်ဘာဝနာသာရှိပြီး ကိုယ့်ကျင့်သီလ မရှိသူသည်
အင်္ကျီနှင့်ခေါင်းပေါင်းသာ ဆင်ထားပြီး ပုဆိုးမဝတ်ထားသူနှင့်တူ၏။
ထိုသူမျိုးသည် ဥစ္စာမည်မျှချမ်းသာစေ၊ ရာထူးမည်မျှကြီးပါစေ၊
ပညာရှိ သူတော်ကောင်းတို့ရှေ့၌ မျက်နှာငယ်ရသည်သာတည်း။

( အရှင်ဇဝန - မေတ္တာရှင် ရွှေပြည်သာ)
သူ့နေရာနဲ့ သူပေါ့

တစ်ယောက်နဲ့တစ်ယောက် တစ်ကယ်ချစ်ပြီဆိုရင်
တစ်ဖက်သားကို နေရာတကာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း
လိုက်ဖြစ်စေချင်လို့ ရပါ့မလား။ ~ မရဘူး။
နားလည်ခွင့်လွတ်သင့်တာကို ခွင့်လွတ်ရမယ်၊
လိုက်လျောသင့်တာကို လိုက်လျောရမယ်။
တစ်ကယ့်ကို ဆိုးပြစ်တွေ ဖြစ်မယ့်ဟာဆိုရင်တော့
မဖြစ်မနေ တားဆီးရမှာပေါ့။

( အရှင်ဆန္ဒာဓိက )
လွမ်းမနေနဲ့တော့ ... အပိုပါပဲ

ကံတရား လေသင့်လို့ ဘဝတစ်ခုမှာ ခေတ္တပေါင်းဆုံခွင့်ရကြတယ်။
ကံတရား လေပင့်လို့ တစ်ယောက်နှင့်တစ်ယောက် ဝေးလွင့်ခွဲခွါကြတယ်။
မြစ်ထဲမြောနေတဲ့ ဗေဒါပင်တွေလိုပဲ ကံကြုံရင်ပြန်ဆုံကြတယ်။
ကကံသေရင်ပြန်ဝေးကြမယ်။
ကံမတူပဲ ကြည်ဖြူချင်လို့ မရသလို
ကံမကောင်းဘဲ ပြန်ပေါင်းချင်နေလို့လည်း အလကားပါပဲ။
ကိုယ့်ကံနဲ့ ကိုယ့်ခရီး၊ သူ့ကံနဲ့ သူ့ခရီး
တွေ့ကြုံခွင့်ရှိတုန်း ကိုယ့်တာဝန်ကိုယ်ကျေ သူ့တာဝန်သူကျေ
ခွဲခွါကြုံခါမှတော့ လွမ်းမနေနဲ့တော့ ... အပိုပါပဲ။

( အရှင်ဆန္ဒာဓိက )

စိတ်လေးထားတတ်ပါစေ

ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်စိတ်ထားပေါ်မှာ မူတည်တယ်။
ကိုယ့်အသိညဏ်ပေါ်မှာ မူတည်တယ်။ ဒါကိုနားလည်ဖို့ လိုတယ်။
ငါ့ကို စိတ်ဆင်းရဲအောင် လုပ်နေတယ်ဆိုတဲ့ အတွေးမျိုး၊
အယူအဆမျိုးကို စွဲမထားပါနဲ့။
ငါ့ကို သူတို့က စိတ်ဆင်းရဲအောင် လုပ်နေတယ်လို့ သဘောထားရင်
သူမပြောင်းလဲသေးသမျှ ငါစိတ်မချမ်းသာနိုင်ဘူးလို့ ပြောသလို ဖြစ်နေတယ်။
သူ့ကို ငါ့အလိုကျဖြစ်အောင် ငါတတ်နိုင်မလား။ မတတ်နိုင်ဘူးနော်။
ပြင်ပအရာတွေ၊ လူတွေ၊ အခြေအနေတွေကို ကိုယ်လိုချင်သလို ပြောင်းပစ်လို့ မရဘူး။
ပတ်ဝန်းကျင်ကလူတွေ၊ အခြေအနေတွေ ဘယ်လိုရှိရှိ သဘောထားမှန်မှန်၊
အသိအမြင်မှန်မှန်၊ လမ်းမှန်မှန်နဲ့ ငါ့ဘဝကို အဆင်ပြေပြေ နေသွားမယ်ဆိုရင်
ငါစိတ်ချမ်းသာအောင် နေလို့ရတယ်လို့ ယုံကြည်မှဖြစ်မယ်။

( ဆရာတော်ဦးဇောတိက )



တွေးနည်းလေးတွေ မှန်ပါစေ
 

စိတ်ဆင်းရဲမှု အများဆုံး ဖြစ်နေကြရတာဟာ

လူအထင်ကြီးအောင် ဘာလုပ်ရမလဲဆိုတဲ့ အတွေးတွေကြောင့်။
ငါ့ကိုလူတွေ အထင်ကြီးသလား၊ အထင်သေးသလား။
ဘယ်လိုနေသွားရမလဲဆိုတာကို တွေးပါ။

 ကိုယ့်ကိုကိုယ် သူများနဲ့ နှိုင်းယှဉ်ပြီး သူကသာတယ်၊

ငါ့ဘဝကို ငါ့အတွက် အဓိပ္ပါယ်ရှိအောင် 
ငါကသာတယ်ဆိုတဲ့ အတွေးမျိုးတွေဟာ စိတ်ကိုပင်ပန်းစေတယ်။



( ဆရာတော်ဦးဇောတိက ) 

ကိုယ့်မှာပေါများနေရင် 
ဖြုန်းနိုင်တဲ့သူတွေ ဖြုန်းနေကြတာကို အတုယူမှားပြီးတော့ 
လိုက်တုရင် လူ့အသိုင်းအဝိုင်းပျက်စီးမယ်။
ဒါကြောင့် ကိုယ့်အသိုင်းအဝိုင်းကို ကောင်းစေချင်ရင် 
ကိုယ်က Good Example ဖြစ်အောင်နေတာကိုက
စည်းကမ်းရှိရှိနေပြရမယ်။ ခြိုးခြိုးခြံခြံနေပြရမယ်။
ကိုယ့်မှာပေါများနေရင် အများအတွက်
 အကျိုးရှိမယ့်နေရာမှာ သုံးတာ အကောင်းဆုံးဖြစ်တယ်။
လောကအကျိုးကို ဆောင်တာဖြစ်တယ်။ 
( ဆရာတော်ဦးဇောတိက )



ကိုယ်ပိုင်နဲ့အများဆိုင်

ပစ္စည်းဥစ္စာတွေ အများကြီးရှိပေမယ့်၊ ရာထူးအမြင့်ကြီး ရှိပေမယ့်၊

စိတ်အေးချမ်းမူမရှိရင် မအောင်မြင်တဲ့သူပဲ။
ပစ္စည်းဥစ္စာတို့ ရာထူးတို့ဆိုတာ Outer World ဖြစ်တယ်။
စိတ်အေးချမ်းမူ၊ အသိညဏ်ဆိုတာ Inner World ဖြစ်တယ်။
Outer World ဆိုတာအများနဲ့ဆိုင်တယ်။ ကိုယ်တစ်ဦးထဲပိုင်လို့ မဆိုနိုင်ဘူး။
အချိန်အရွေး သူများလက်ထဲ ရောက်သွားနိုင်တယ်။
အသိညဏ်နဲ့ စိတ်အေးချမ်းမူ Inner World ဟာ အများပိုင် အများဆိုင်မဟုတ်ဘူး။
ဘယ်သူမှ ယူသွားလို့မရဘူး။
ဒါကြောင့် ကိုယ့်ရဲ့ Inner World ပြည့်စုံဖို့ကို အလေးထားရမယ်။

( ဆရာတော်ဦးဇောတိက )

 



လက်ဆင့်ကမ်းလိုက်ပါ




တစ်ဦးသိတာကို နောက်တစ်ဦးကို မျှပေးလို့ 
လူ့လောကကြီး ဒီလိုတိုးတက်လာတာ။ 
နောက်တစ်ဦးကလည်း မျှပေးတဲ့အတိုင်း ရပ်မနေဘူး။ 
နောက်ထပ်ပိုသိအောင်ကြိုးစားတယ်။ 
ကြိုးစားပြီးတော့ နောက်တစ်ခါ သူ့နောက်ကလာတဲ့
ငယ်တဲ့သူတွေကို ပညာပေးခဲ့ပြန်တယ်။
အဲဒီလို လက်ဆင့်ကမ်းသွားတဲ့အတွက်ကြောင့် 
လောကကြီးက တိုးတက်လာတာ။ 



( ဆရာတော်ဦးဇောတိက )

..................................

https://www.facebook.com/heartarharya

နှလုံးသားအာဟာရ - Page မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Saturday, September 8, 2012

အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်

အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်

(၁) ဒီလောကမှာ မိဘတွေပဲ ကိုယ့်အပေါ် ထာဝရကောင်းတယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်ထားရမယ်။

သင်၂၄ နှစ်ပြည့်ပြီ။ ငယ်ရွယ်ချိန်မှာ မိဘတွေအပေါ် ဆန့်ကျင်ပုန်ကန်ခဲ့၊ သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။

သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဆုံးရှုံးသွားမှ မိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။


(၂) အိမ်ထောင်ပြုတဲ့အသက်အရွယ်ရောက်ပြီဆိုပေမယ့် လောစရာမလိုပါဘူး။

သင့်မှာ ချစ်သူရှိကောင်းရှိလိမ့်မယ်။ သင်နဲ့ သင်ချစ်သူတို့ တစ်သက်လုံးချစ်ကြမယ်လို့ ကတိသစ္စာ ဆိုချင်ဆိုထားကြမယ်။

သင် အခုမှ ၂၄နှစ်ပြည့်တာပါ။ တစ်သက်ဆိုတာ ဘယ်လောက်ရှည်ကြာမယ်မှန်း သင်မသိနိုင်ပါဘူး။ ဘဝဆိုတာ ဖြတ်သန်းပြီးမှ ဖြစ်လာတာပါ။ စိတ်ကူးယဉ်ပြီးမှ ဖြစ်လာတာ မဟုတ်ပါဘူး။

အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူး။ မိသားစုနှစ်စုရဲ့ ကိစ္စပါ။ တစ်သက်မှာတစ်ခါဆိုတဲ့ ယုံကြည်မှုကိုလက်ကိုင်ထားပြီး အဲဒီတစ်ခါကို အသင့်တော်ဆုံးလူအတွက် ထားပါ။ လောစရာမလိုပါဘူး။


(၃) ကလေးမဆန်၊ မရူးမိုက်နဲ့တော့

သင် ၂၄နှစ်ပြည့်ပြီ။ တခြားလူအတွက် ဟာသဖြစ်စေမယ့် ရူးရူးမိုက်မိုက်အလုပ်တွေ မလုပ်နဲ့တော့။ ည အိမ်မကပ်တာ၊ လမ်းပေါ်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တာ၊ ကိုယ့်အသက်နဲ့ ခြိမ်းခြောက်တာ၊ ဘာမဟုတ်တဲ့ကိစ္စနဲ့ အော်ဟစ်ငိုယိုတာ၊ ဒါတွေက အသက်၂၄နှစ်မပြည့်ခင် ရူးမိုက်ခဲ့၊ တွေ့ကြုံခဲ့ပြီးတဲ့အရာတွေပါ။ အခု အသက် ၂၄နှစ်ပြည့်တော့ ရင့်ကျက်နားလည်မှုတွေ ရှိသင့်ပါပြီ။ မိန်းကလေးဆိုတာ ဂုဏ်ရှိရှိနဲ့ ဝင့်ကြွားစွာရှင်သန်နေသင့်တယ်။ သူတစ်ပါးအချစ်ကိုရဖို့ ကိုယ့်ကိုယ်ကို သိမ်ငယ်နိမ့်ချနေစရာမလိုပါဘူး။


(၄) အထီးကျန် အဖော်မဲ့လို့ ရည်းစားထားတာမျိုး မဖြစ်စေနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတတ်ဖို့ သင်ယူရပါမယ်။


(၅) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဆီကနေ လက်ဆောင်ရဖို့ မမျှော်လင့်ပါနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ အရင်တုန်းက မြူတူတူဆော့ကစားခဲ့သလိုမျိုး အီစီကလီဆိုတာ မရှိသင့်တော့ဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဝယ်ပေးတာမျိုး၊ တခြားသူဆီကနေ လက်ဆောင်ရဖို့ မျှော်လင့်တာမျိုး မရှိသင့်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးသင့်ပါပြီ။ ဝင်ငွေမှာလည်း ကိုယ့်အားကိုယ်ကိုးတဲ့ အခြေခံရှိသင့်ပါပြီ။


(၆) တကယ်လို့ ယောက်ျားတစ်ယောက်က သင်နဲ့ သူမတူမတန်ဘူးလို့ပြောလာခဲ့ရင် သူ့စကားကိုယုံကြည်လိုက်ပါ။

သင်နဲ့ မလိုက်ဖက်ဘူး၊ မတူမတန်ဘူးလို့ ကိုယ့်ကိုယ်ကိုပြောလာတဲ့ ယောက်ျားက သင်နဲ့တစ်သက်လုံးလည်း လိုက်ဖက်မှာမဟုတ်ပါဘူး။ အားထားထိုက်မှာ မဟုတ်ပါဘူး။ တန်ဖိုးထားတယ်ဆိုတာ ခွန်အားနဲ့မဆိုင်ပါဘူး။ ငွေကြေးနဲ့မဆိုင်ပါဘူး။


(၇) ပြတ်သားတဲ့ရည်မှန်းချက်နဲ့ အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။

သင် ၂၄နှစ်ပြည့်ပြီ။ နိုင်ငံခြားထွက် ကျောင်းဆက်တက်မလား၊ အလုပ်ရှာမလား၊ တစ်ခုခု သင်ယူမလား။ သင် ၂၄နှစ်ပြည့်ပြီ။ လူမှုကွန်ယက်ထဲ သင်ခြေဝင်ဆန့်ဖို့ နီးလာပါပြီ။ အဲဒီအတွက် သင်အဆင်သင့်ဖြစ်နေပြီလား။


(၈) လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာကို ဖြစ်အောင်လုပ်ပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်သင့်တယ်။ ဆုံးဖြတ်ချက် ခိုင်မာသင့်တယ်။ ကိုယ့်ကိုယ်ကို သနားနေရင်၊ ပျော့ညံ့နေရင် ဘာမှဖြစ်လိမ့်မှာမဟုတ်ဘူး။

သင် ၂၄နှစ်ပြည့်ပြီ။ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ရပါတော့မယ်။ ရှောင်လွဲတာမျိုး၊ စိတ်ကူးယဉ်တာမျိုး မရှိသင့်တော့ပါဘူး။


(၉) နာကျင်ထိခိုက်စေခဲ့သူကို ကျေးဇူးတင်ပါ။

အသက် ၂၄နှစ်ပြည့်တဲ့နေ့မှာ သင့်ကိုနာကျင်ထိခိုက်စေခဲ့သူကို လက်ပြနှုတ်ဆက်ပါ။ သူတို့ကို ကျေးဇူးတင်ပါ။ သင်ကြီးပြင်းလာခဲ့ပါပြီ။ ထိခိုက်နာကျင်မှုတချို့ကို တည့်တည့်ရင်ဆိုင်ရပါလိမ့်မယ်။ တချို့ထိခိုက်နာကျင်မှုတွေက သင့်ကို ကောင်းတဲ့သင်ခန်းစာတွေ ပေးပါလိမ့်မယ်။


(၁ဝ) လှည့်ထွက်တာက မျက်ရည်ကျတာထက် မြန်ရမယ်။

သင် ၂၄နှစ်ပြည့်ပြီ။ ဘယ်သူကမှ သင့်ကိုကလေးလို သဘောထားတော့မှာ မဟုတ်ဘူး။ ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူတတ်ရပါတော့မယ်။

သင် ၂၄နှစ်ပြည့်ပြီ။ နာကျင်ဝမ်းနည်းမှုတွေ၊ အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ သင်ကြိုးစားရပါမယ်။ ဒါတွေဟာ ဖြစ်ပြီးရင် ပျက်သွားမယ်အရာတွေပါ။ ငါ သတ္တိရှိရှိလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။ တခြားသူရဲ့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေပါနဲ့။ သင့်မျက်ရည်ကို သူတို့မြင်ဖန်များရင် သင်ဟာ ပျော့ညံ့သူဆိုတာ သူတို့အလိုလိုသိသွားပါလိမ့်မယ်။


http://www.360doc.com/content/10/1226/14/2747542_81458290.shtml

http://www.99sanay.com/2012/09/blog-post.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ကျတော် 24 နှစ်ပြည့် ကိုယ့်ကိုကိုယ် ပြန်ဆုံးမဖို့ရာ အစ်မ နိုင်းနိုင်းစနေ ရှိမှ ရှယ်ပါသည်။

Tuesday, July 24, 2012

***.. သင်ဟာ သန်းကြွယ်သူဌေးတစ်ရောက်ဆိုတာ သင်သိပါသလား..***

တစ်ခါတုန်းကပေါ့ဗျာ.....

အဖိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေလမ်းလျှောက်နေတဲ့ တစ်နေ့ မှာပေါ့။ အဖိုးအိုဟာ လမ်းမှာ လူငယ်တစ် ယောက် နဲ့ သွားဆုံမိတယ်။ လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။

အဖိုးအိုကမေးလိုက်တယ်။ ” ကလေး.. မင်းဘာဖြစ်နေတာလည်းကွ..ဟေ။ မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဖိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့ မေးလိုက်တယ်။ လူငယ်က အဖိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။

” ကျွန်တော်က မွဲလိုက်တာမှ ဖွတ်ကဘိုးအေ ခေါ်ရလောက်အောင်ကို မွဲတယ်ဗျာ။ နေစရာ အိမ်လည်းမရှိ။ သား မယားဆိုတာကတော့ ဝေလာဝေး။ အလုပ်ကလည်း မရှိတော့ ၀င်ငွေမရှိ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့။ ရေသောက် ဗိုက်မှောက် အိပ်ရတဲ့ နေ့တွေ မရေတွက်နိုင်ပါဘူးဗျာ။ အဖိုးရယ် ဒီလို လူတစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးအရယ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဗျာ ” ..လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

ဒီတော့ အဖိုးအိုက ပြုံးရယ်ပြီး..

” မင်းက.. တကယ့် ငတုံး အရူးဘဲကွ..ဟေ။ တကယ်ဆိုရင် မင်းဒီလိုမျိုး မညည်းညူ နေသင့်ဘူး။ ဘာလို့လည်း ဆိုတော့ မင်းဟာ အခုအချိန်ထိကို သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးလို့ဘဲကွ “

လူငယ်လည်း အဖိုးအို စကားကြောင့် တအံ့တသြ ဖြစ်မိပြီး ” ဘာလို့လည်းအဖိုးရ။ အဖိုးစကားကို ကျွန်တော် နားမလည်နိုင်ဘူး ” လို့ မေးလိုက်တယ်။

” အေးလေကွာ။ မင်းဟာ အခုအချိန်အထိ သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးတယ်..မင်းမသိဘူးလား ” လို့ အဖိုးအိုက ပဟေဠိ ဆန်ဆန် ထပ်ပြီး ပြန်ပြောတယ်။

ဒီတော့ လူငယ်က ” သန်းကြွယ် သူဌေး ဟုတ်လားအဖိုး..? ကျွန်တော့်လို ကောင် ငမွဲကို အဖိုးက လှောင်နေတာလားဗျာ ” လို့ ၀မ်းနည်းလေသံနဲ့ ပြောပြီး လှည့်ထွက်သွားမယ် လုပ်တော့ အဖိုးက ..

” မင်းကို ငါဘယ်လှောင်ရက်ပါ့မလည်းကွယ်။ ကဲ မင်းကို မေးခွန်း လေးငါးခြောက်ခွန်းလောက် မေးပါရစေ။ ဖြေကြည့်စမ်းပါဦး ” အဖိုးအိုက ဒီလိုလည်းပြောလိုက်ရော လူငယ်လည်း စိတ်ဝင်စားလာတာပေါ့။

” ဘယ်လို မေးခွန်းများလည်းခင်ဗျာ။ မေးပါ။ ကျွန်တော် အမှန်အတိုင်း ဖြေဆိုပါ့မယ် ”

အဖိုးက သူ့မေးခွန်းကို စတင်လိုက်တယ်။

” မင်းရဲ့ ပျိုရွယ်မှုကို ငါ ငွေနှစ်သိန်း ပေးပြီးဝယ်မယ်။ မင်းငါ့ထက် ပိုအိုသွားမှာပေါ့ကွာ။ မင်းရောင်းဖို့ သဘောတူမလား ” ။
လူငယ်က ခေါင်းခါပြီး ” သဘောမတူဘူး ” လို့ ပြောလိုက်တယ်။

” ငါ နောက်ထပ် ငွေနှစ်သိန်း တိုးပြီးတော့ပေးမယ်။ မင်းရဲ့ ကျန်းမာသန်စွမ်းမှုတွေကို ငါ့ကို ရောင်းစမ်းကွာ။ မင်း သဘောတူမလား ” ။
” ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူးအဖိုး “လို့ဆိုပြီး လူငယ်က ခါးခါးသီးသီး ငြင်းလိုက်တယ်။

” ဒါဆို နောက်ထပ် နှစ်သိန်းတိုးပေးမယ်ကွာ။ မင်းရဲ့ ချစ်ခင်ဖွယ်ရာ မျက်နှာလေးကို ငါဝယ်ယူမယ်။ မင်းကတော့ ငါ့လို အရည်တွန့် မျက်နှာနဲ့ အကြည့်ရတော့ ဆိုးသွားမှာပေါ့ ။ သဘောတူလိုက်စမ်းပါကွာ ” လို့ပြောတော့ လူငယ်က ” လုံးဝမဖြစ်နိုင်ဘူး၊ ကျွန်တော် လုံးဝ သဘော မတူနိုင်ဘူး အဖိုး ” လို့ ပြောလိုက်တယ်။

” အင်း.. နောက်ထပ်နှစ်သိန်း တိုးပေးမယ်။ မင်းခေါင်းထဲက လတ်ဆတ်တဲ့ မှတ်ဥာဏ်တွေ ငါဝယ်ယူမယ်။ ဘယ့်နှယ့်လဲ ” လို့ပြောတော့ လူငယ်လည်း တော်တော် ဒေါကန်သွားပြီး ” အဲ့ဒါ ငတုံးတွေကမှ ရောင်းမှာဗျ ” လို့ ပြောပြီး လှည့်ထွက် သွားမလို့လည်း လုပ်ရော အဖိုးအိုက…

” ခဏလေး နေပါဦးကွယ်။ နောက်ဆုံး မေးခွန်းလေးတော့ ဖြေသွားလိုက်ပါဦး။ မင်းကို နောက်ထပ် နှစ်သိန်း ထပ်တိုးပေးမယ်။ မင်း လူတွေကို သတ်ပေးရမယ်။ အိမ်တွေကို မီးတင်ရှို့ပေးရမယ်။ မင်းရဲ့ စိတ်ကောင်း နှလုံးကောင်းကို ၀ယ်ယူတဲ့ သဘောပေါ့။ ဘယ်နှယ့်လဲ.. မင်းသဘောတူလား” လို့ပြောပြန်တယ်။

ဒီတော့ လူငယ်က ” ဘုရား… ဘုရား.. ဒီလို အကုသိုလ် အလုပ်မျိုးကို မာန်နတ်ဘဲ လုပ်မှာဗျ ” လို့ ဒေါသတကြီး ပြန်ပြောလိုက်တယ်။ ဒီတော့မှ အဖိုးအိုက ပြုံးပြီး ရှင်းပြလေတယ်။

” အေးကွယ်.. ကောင်းပါပြီ။ စောစောက မင်းကို အဖိုး ဆယ်သိန်းဈေးပေးပြီး ၀ယ်ပေမယ့် မင်းကိုယ်ထဲက ဘယ်အရာမှ မရခဲ့ဘူးနော်။ မင်း စဉ်းစားကြည့်စမ်း။ မင်းဟာ တစ်သန်းကြွယ်ဝတဲ့ သူဌေးမဟုတ်ဘူးလား။ အဲ့ဒါမှ မဟုတ်ရင်ဘာလည်းကွဲ့။ ပြောစမ်းပါဦး။ “

အဖိုးအို စကားကြားပြီးချိန်မှာတော့ လူငယ်ဟာ ချက်ချင်းဘဲ အသိဥာဏ်ထဲ လင်းကနဲ ဖြစ်သွားတော့တယ်။ သွန်သင် ဆုံးမ လမ်းပြပေး တဲ့ အဖိုးအိုကို ကျေးဇူးတင်စကားပြောပြီး ချက်ခြင်းနေရာမှာဘဲ ထိုင်ကန်တော့ကာ နှုတ်ဆက်ထွက်ခွာ သွားတော့တယ်။

အဲ့ဒီ အချိန်ကစပြီး လူငယ်ဟာ ဘယ်တော့မှ သက်ပြင်းချ ညည်းတွားခြင်း မရှိတော့ဘဲ ပြုံးပြုံးရယ်ရယ်နဲ့ ဘ၀ တိုးတက်ဖို့အတွက် လမ်းကြောင်းအသစ်တွေ ရှာဖွေနေတဲ့သူ ဖြစ်လာတော့တယ်။

...........................အားလုံးကိုလေးစားလျှက်..................................

( ဖက်ဖူးခဲ့တာလေးကို သူငယ်ချင်းတို့ဖက်စေခြင်တာနဲ့ မျှဝေတင်ပြပေးလိုက်တာပါ...)

Tuesday, May 15, 2012

ဘာလဲ အချစ်ဆိုတာ?


ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလို ပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကို ကြည့်ပြီး စကားတွေ ပြောနေတတ်တယ်။
တစ်နေ့တော့ သူက ပင်လယ်ကို ကြည့်ပြီး "ပင်လယ်... ငါမှာဖြင့် နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကို အချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့" လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....
"ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား"
"ဟုတ်တယ်...နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"
"ဒါပေမယ့်...နင်ခံနိုင်ရည် ရှိပါ့မလား"
"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို..ု ငါစောင့်နေတယ်"
ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်လာခဲ့တယ်။
လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ သူဟာလန့်ပြီး ထွက်ပြေးသွားခဲ့တယ်။
ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေ ကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။
အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကို ချစ်တဲ့လူ နောက်တစ်ယောက် ထပ်ရောက် လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။
တစ်နေ့မှာ သူလည်း ဟိုအရင်က တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။
"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"
ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။
သူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့ နောက်ဆုံးမှာ ပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်က ပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"
အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး ယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။
ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်သွားတယ်။
လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရ ပွေ့ဖက် လိုက်တော့တယ်။
အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာ အချစ်ကို နားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ လူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။
အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာ ကြာတော့ တစ်နေ့မှာ သူက "ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်.... လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြား အပြောင်းအလဲလေးတောင် မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကို ထားရစ်ခဲ့ပြန်တယ်။
ပင်လယ်က အရမ်း စိတ်ထိခိုက်ပေမယ့်လည်း သူ့ကို မတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကို ချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...
" မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး... ငါသိတယ်" တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။
" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်က တအံ့တသြ ပြန်မေးတယ်။
"သူတို့က နင့်ရဲ့ အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ.. နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့က နင့်ကို နားလည်မယ်၊ တကယ်ချစ်တတ် ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့ အဖိုးတန်ရှုခင်း တွေဟာ သူတို့အတွက် နင်ဖန်တီးထားတယ် ဆိုတာကို သူတို့ခံစားကြရမှာပေါ့"
တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေ မချစ်တတ်ခဲ့တဲ့ ပင်လယ်လား? ဒါမှမဟုတ် ပင်လယ်ကို မချစ်တတ်ခဲ့တဲ့ လူလား?
ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေ မခံစားခဲ့ရတဲ့ လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင် ပင်လယ် အောက် (အတွင်းစိတ်)က ရှုခင်းတွေကို ကြည့်ဖို့ ကိုယ်မထိုက်ခဲ့လို့ပဲ။

အချစ်ဆိုတာ ဒီလိုပဲလား?

အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကို နားလည်ပေးတတ်တဲ့ လူကို ရှာရမယ်တဲ့။
အဲဒီလူက ခြောက်ပစ်ကင်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကို နားလည်ပေးလို့ ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။
တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာ ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့ စကားမပြောသူ
ကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှား ကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို ရန်မရှာတတ်သူ
မိုင်ပေါင်းထောင်ချီဝေးနေလည်း ကိုယ့်ကို ယုံကြည်စိတ်ချသူ
ကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို ရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို ထုတ်ဖော်ပြောတတ်တဲ့သူ
တစ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ ခွင့်လွတ်ခြင်းတွေရှိရမယ် အကြင်နာတွေ ရှိရမယ်။
ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ရာ ခက်ကောင်းခက်လိုက်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရမယ်။
ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ ကိုယ်က သူ့နားလည်နိုင်တဲ့လူ ဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။
သူငယ်ချင်းများလည်းနားလည်အောင်ကြိုးစားစေချင်တယ်
အပြန်အလှန်နားလည်မူများနဲ့ချစ်ခြင်းမေတ္တာကိုပိုင်ဆိုင်နိုင်ကြပါစေ

သင် အသည်းကွဲနေပါသလား ?


ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။

လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ် တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?

လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော် စောင့်နေတာပါ။
တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင် တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေ ပြမှာပေါ့။
တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။ ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေး ခံစားရလိမ့်မယ်။

လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး လည်း မရစေချင်ဘူး။
တီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
တီး.....တကယ် အရမ်းချစ်လား....?

လူငယ်....တကယ်။
တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?

လူငယ်.....ဒါပေါ့...ကိုယ့်ချစ် တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
တီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ ရင်ကော...

လူငယ်.....မဖြစ်နိုင်တာ...ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြော ခဲ့ဖူးတယ်။
တီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။

လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့ အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့် လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာဟသ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
တီး.....မဟုတ်ဘူး...လူလေးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ အချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။ ကျွန်တော်က သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
တီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့ လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ ...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ...

လူငယ်....ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်တော့် အမှားတွေပေါ့။
တီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။

လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး အချစ်တွေ အားလုံး ပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..?သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
တီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်းက လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား...? လူလေး

လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
တီး.....မဖြစ်နိုင်တာ...လူငယ်တွေရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။

လူငယ်....ဒါ ဘာအဓိပ္ပါယ်လဲ....?
တီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို ကျွန်တော် တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြော လိုက်သလဲ သိလား...? အ၀တ်စက ညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလိုပါပဲ။

လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့် နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
တီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့ ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။

လူငယ်.... ဘယ်သူလဲ....?
တီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော လမ်းညွှန်ဆရာ...အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာတွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။

လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်ဘယ်က နေ ခြေလှမ်း စလှမ်း ရမလဲ...?
တီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။

လူငယ်....ဘာဖြစ်လို့လဲ....?
တီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူက ပေးခဲ့လို့ပါပဲ။

မူရင်းလိပ့်စာ http://www.zwmnna.com/2012/02/blog-post_8318.html

Share

Twitter Delicious Facebook Digg Stumbleupon Favorites More