** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 16, 2012

သင့်ကိုနားလည်ပေးမဲ့သူတွေပါ

သင့်ကိုနားလည်ပေးမဲ့သူတွေပါ

အိမ်ထောင်ရှိအမျိုးသားတစ်ယောက်က နောက်နေ့ သူငယ်ချင်းဟောင်းများနှင့် မိတ်ဆုံစားပွဲသွားဖို့ ဘောင်းဘီအသစ်ကိုဝယ်လာခဲ့တယ်။ အိမ်ပြန်ရောက်မှဝတ်ကြည့်တော့ ၁၀စင်တီမီတာလောက် ရှည်နေတယ်။
ဒါနဲ့ သူ့အမေကို ပြင်ပေးဖို့ပြောတယ်။ ဒါပေမဲ့ သူ့အမေက ပင်ပန်းတယ် စောစောအနားယူမယ် ဆိုပြီးမပြင်ပေးဘူး။
သူ့ဇနီးထံပြင်ပေးရန်ပြောပြန်တယ်။ အိမ်အလုပ်အများကြီးလုပ်ရမယ်ဆိုပြီး ပြောပြန်တယ်။
နောက်ဆုံး သူ့သမီးထံ ပြောပြန်တယ်။ party ပွဲသွားရန်ရှိကြောင်း အကြောင်းပြပြန်တယ်။
အဲဒါနဲ့ သူလဲ ဘောင်းဘီဟောင်းပဲဝတ်တော့မယ် လို့ဆုံးဖြတ်လိုက်တယ်။
အဲဒီညမှာ သူ့အမေက “အော်..ငါ့သားလေး၊ မိဘကိုလုပ်ကျွေးရှာတယ်၊ သူ့ကိုဒါလေးတောင်မလုပ်ပေးလို့မဖြစ်ဘူး။ ”ဆိုပြီး ဘောင်းဘီကို ၁၀စင်တီမီတာတိုပေးလိုက်တယ်။
သူ့ဇနီးကလည်း အိမ်အလုပ်ပြီးတော့ စိတ်မကောင်းဖြစ်ပြီး “မိန်းကလေးအလုပ်မလို့လာလုပ်ခိုင်းတာကို ငါမလုပ်ပေးရကောင်းလား” ဆိုပြီး ဘောင်းဘီကို၁၀စင်တီမီတာ တိုပေးပြန်တယ်။
သူ့သမီးကလည်း party ကအပြန်မှာ သူ့အဖေအတွက်မလုပ်ပေးရလို့ဆိုပြီး ဘောင်းဘီကိုပြင်ပေးပြန်တယ်။
နောက်နေ့ကျတော့ ဘောင်းဘီကိုဝတ်ကြည့်တော့ အရမ်းတိုနေရော…..
ဒါနဲ့ သူက….အားရပါးရရယ်ပြီး “ငါဒီဘောင်းဘီကို ၀တ်သွားမယ်။ သူငယ်ချင်းတွေကိုပြောမယ် ငါ့မှာ ငါ့အပေါ်ကောင်းတဲ့ အမေ၊ဇနီး၊သမီး ရှိတယ်ဆိုတာကို”
မိတ်ဆုံစားပွဲမှာ့ သူ့သူငယ်ချင်းတွေက သူ့ရဲ့အိမ်ထောင်ရေးသာယာကြောင်းပြောတယ်။
ဒါကို သူ့အိမ်ပြန်ရောက်တော့ ပြောပြတော့ အမေ၊ဇနီး နဲ့ သမီးကအရမ်းကိုပီတိဖြစ်သွားကြတယ်။
သင်သာ အဲဒီအမျိုးသားနေရာမှာဆို သင်ဘယ်လိုတုံ့ပြန်မိမှာလဲ? ဘောင်းဘီပျက်လို့ ဒေါသထွက်မှာလား၊ ရယ်နိုင်မှာလား။
လူတွေက အပြင်လူနဲ့ တွေ့တဲ့အချိန်မှာ သဘောထားကြီးကြပြီး ကိုယ့်မိသားစုဝင်နဲ့ တွေ့တဲ့အချိန်မှာဆိုရင် နားလည်မှုမပေးပဲ တယောက်ကိုတယောက်ထိခိုက်အောင်ပြောကြတယ်။
ဒါလေးကိုသင်သတိထားမိလား….. ကိုယ့်မိသားစုအပေါ် စိတ်ရှည်ပြီး Hum our လေးတွေရှိရင်မကောင်းဘူးလားကွယ်။
မဟုတ်ရင် သင့်ဘယ်လိုလုပ်ပျော်ရွှင်စွာနေထိုင်နိုင်မှာလဲ။

မိမိရဲ့မိသားစုဝင်တွေကိုဂရုစိုက်ပါ...


ကျတော် သိသမျှ ပြန်လည် ဝေမျှပါသည်

Friday, June 15, 2012

သုည

သုည

ကျွန်တော်က သုညပါ

ကျွန်တော့်ရှေ့ကနေရင်တော့

ခင်ဗျားရဲ့တန်ခိုးကို ဆယ်ဆတိုးစေမယ့် သုညပေါ့

ကျွန်တော့် နောက်ကနေရင်တော့

ခင်ဗျားရဲ့ အရှိအတိုင်းပဲ

အရမ်းနီးလို့ ဒသမခြားရင်လည်း ခင်ဗျားအဖြစ်နဲ့ ခင်ဗျား

ကျွန်တော်က သုညပါ

ခင်ဗျားလည်း သုညပဲဆိုရင်တော့

ရှေ့ကရပ်ရပ် နောက်ကရပ်ရပ် ဒသမပဲခြားခြား

ဒါပေမယ့်

ကျွန်တော့်အပေါ်တော့ လုံးကြီးမတင်ပါနဲ့

ပြီးတော့ ကျွန်တော့်နားကပ်ပြီးလည်း ထပ်ဆင်မထူးချင်နဲ့

ကျွန်တော်ကမရူးချင်ဘူး…

ကျွန်တော်က သုညသက်သက်ပါ

သန့်သန့်စင်စင် အဓိပါယ်မဲ့ချင်လို့…။


ကဗျာရေးသော ပညာရှင်ကိုအထူးလေးစားပါသည်၊ ဘယ်သူဆိုသည်ကို ကျတော်လဲမသိတော့ပါ

အမေ(ကျွန်တော်ပင်လယ်ကူး သင်္ဘောသားလေး)



အမေ(ကျွန်တော်ပင်လယ်ကူး သင်္ဘောသားလေး)

မေမေ့နှလုံးသား၊ မေမေ့အကြည့်တွေက
ကျွန်တော်ပင်လယ်ကူးတဲ့ သင်္ဘောသားလေး
အသက်နှစ်ဆယ်ကျော် ကျွန်တော်
ခုထိဘယ်ကစ၊ ဘာလုပ်ရမယ်မသိ
ဘာမှမယ်မယ်ရရ မဖြစ်သေး
နေ့စဉ် အနှုတ်လဏ္ခာတွေနဲ့

ကမ္ဘာမြေမှာ၊ ခိုလှုံရာအိမ်ဆိုတဲ့
နှလုံးသားလေးနွေးထွေးနေတဲ့
အမေ့ရင်ခွင်အိမ်လေးထဲမှာပဲ
မေ့မေ့ပေါင်ကို၊ ခေါင်းအုံးလုပ်
သားဖြစ်ချင်တဲ့ အိမ်မက်ကလေးတွေကိုပြော
သေသည့်တိုင်၊ မမေ့နိုင်တဲ့
မွှေးပျန့်တဲ့ချွေးရနံ့နဲ့၊ မေမေ့ရင်ခွင်
ခုထိတော့ .... တမ်းတလို့ရနေတုန်း

ကွန်ပြူတာလည်း တအားမသုံးတော့ပါဘူး
အိပ့်ရေးလည်း ၀အောင်အိပ့်ပါတယ်
ပြောစကားလည်းနားထောင်ပါတယ်
ဘုရားလည်း မှန်မှန်ရှိခိုးပါတယ်
အမေ့ရဲ့ကောင်းမွန်တဲ့ ဆန္ဒလေးအတိုင်း
ကျွန်တော် ဆက်ညာနေတုန်ပဲ

ကျွန်တော်အိမ်ပြန်ချိန်နောက်ကျရင်
စိုးရိမ်ပူပန်မှုတွေ က... မျက်ရည်တစမ်းစမ်း
စိတ်ဖိစီးမှုတွေ ကလွန်ကဲလို့
သောကအိပ်ယာထဲပါ လိုက်ပါနေ
စိတ်ချလက်ချ မအိပ့်ရဲ

အမေ ငွေမမက်ပေမယ့်
အမေဘ၀ လူ့အောက်မကျဖို့ ငွေလိုတယ်
သားဒီအလုပ်ကို ရွေးခဲ့တယ်
သန့်စင်တဲ့အလုပ်၊ သန့်ရှင်းတဲ့ပိုက်ဆံ
ဒါ့အတွက် မေမေဂုဏ်ယူပါ
မျက်ရည်မကျပါနဲ့ အမေ ...

အမေ့အတွက်ဆိုရင် တိုင်းတပါးဆိုလဲ သွားမယ်
ဒါပေမယ့် ... ဒါပေမယ့်
အမေနှုတ်ဆက်လိုက်မယ့် မျက်ဝန်းစိုစို
အားမပါပေမယ့် အားယူဝှေ့ရမ်းလိုက်မယ့်
သားဘ၀ကိုထွေးပွေ့ထားခဲ့တဲ့၊ အမေ့ လက်တစ်စုံကို
ကျွန်တော် ကြည့်နိုင်လိမ့်မယ်မထင်ဘူး အမေ
ခွဲရမယ့်ရက် တဖြည်းဖြည်းနီးလာနေပြီ

အသက်ဆက်လို့  ကျွန်တော်ဆုတောင်းသည်
ကျွန်တော့် ရှင်သန်ခြင်းအတွက်
မေမေ့ကို စောင့်ရှောက်ခြင်းနဲ့
ရိုးရှင်းတဲ့ဘ၀မှာရပ်တည်နိုင်ခြင်းတွေက
ကျွန်တော့်အတွက် မြင့်မြတ်တဲ့လမ်းစဉ်ပါပဲ

ခိုက်ခိုက်တုန် တမ်းတတဲ့စိတ်နဲ့
ဒီညတော့ အမေ့ရင်ခွင်
ခေါင်းလေးတင်ပြီ အိပ်လိုက်အုံးမယ်

Monday, June 11, 2012

ယနေ့ခေတ်စား လာတဲ့ မြန်မာနိုင်ငံကိုချိန်းခြောက်နေသော DDoS attack အကြောင်း..................



DoS ဆိုတဲ့ တိုက်ခိုက်မှုဟာ ယနေ့ခေတ်မှာ အင်တာနက် တိုက်ခိုက်ရေးသမားတို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်.. Denial of Service ဆိုတဲ့အတိုင်း အတိုက် ခိုက်ခံရသူရဲ့ Computer သို့မဟုတ် Webserver ရဲ့ Bandwidth , CPU, Memory အသုံးပြုမှုတွေက သာမာန်ပေးစွမ်းနိုင်တဲ့ ပမာဏထက် ပိုပြီးလိုအပ်တဲ့အတွက် Out of Service တွေ ဖြစ်ကုန်တာပါ။ ကြားဖြတ်၍ Resource အားလုံးကို စားသုံးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ထပ်ပြီး ရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့က www.planetcreator.net ဆိုပြီး Browser မှာရိုက်ထည့်လိုက်ရင် နောက်မှာ အလုပ် လုပ်ပေးတာက www.planetcreator.net တင်ထားတဲ့ Webserver က အလုပ်လုပ် ဖြေကြား၊ ဖော်ဆောင်ပေးရတာဖြစ်ပါတယ်။ ဒီတော့ သာမာန်တောင်းဆိုမှုနဲ့ ပိုတဲ့ Fade Request တွေကို server ကပြန်လည်ဖြေကြား ပေးနေရတဲ့အတွက် Over Load ဖြစ်ကာ Server က ဆက်သွယ်မှုရပ်တန့်သွားရခြင်းဖြစ်ပါတယ်။

DoS တိုက်ခိုက်မှုမှာ သတ်မှတ်ထားတဲ့ Targeted System (Victim) နဲ့ ၄င်း System ရဲ့ Port, network component, firewall ကို အတိအကျရွေးချယ် တိုက်ခိုက်တာဖြစ်တဲ့ အပြင် printer တွေ Alarm System တွေပြတ်တောက်သွားအောင် တိုက်ခိုက်တာလည်းရှိပါတယ်....

ဒါကြောင့် DoS အတိုက်ခံရပြီဆိုရင်
* Network ရဲ့ စွမ်းရည်ကျဆင်းလာခြင်း (နှေးကွေးလာခြင်း)
* Website များကို အသုံးပြုတဲ့အခါ အသုံးပြု၍ မရခြင်း (တိုက်ခိုက်တဲ့သူက http server ကို request အမြောက်အများတောင်းဆိုခြင်းကြောင့်)
* spam mail တွေ အ၀င်များလာခြင်း ( Mail Server ပျက်စီးမယ်/တိုက်ခိုက်သူက အချိန်တိုအတွင်းမှာ မေးလ်တွေ ထောင်ပေါင်းများစွာကို victim အားပို့ဆောင်သောကြောင့်)
* Computer or Webserver များရဲ့ CPU & Memory Usage တွေ မြင့်တက်နေခြင်းတို့ကိုတွေ့ရနိုင်ပါတယ်။


တိုက်ခိုက်ပုံ

DoS ရဲ့ တိုက်ခိုက်ပုံကတော့ Peer to Peer တိုက်ခိုက်သလိုပါပဲ... အထူးပြုလုပ်ထားတဲ့ DoS Tool တွေနဲ့ Vitim ရဲ့ host သို့မဟုတ် ip address and port တွေကို အချိန်တို အတွင်းမှာ request ပေါင်းများစွာတောင်းဆို အသုံးပြုခြင်းပဲဖြစ်ပါတယ်။

တိုက်ခိုက်တဲ့ မှုကွဲတွေကတော့
* ICMP Flood
* Teardrop Attack
* Peer-to-Peer Attack
* Permanent Denial of Service
* Application Level Floods (IRC Floods)
* Nuke
* Distributed Attack
* Reflected Attack
* Degradation-of-Service
* Unintentional Denial of Service
* Denial of Service Level II
* Blind Denial of Service

DDoS ( Distributed Denial of Service) ဆိုတာ DoS ရဲ့ Advanced Version တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပစ်မှတ် Server တစ်ခုကို flooding packets ပေါင်းများစွားအာ
single network တစ်ခုကတင် မဟုတ်ပဲနဲ့ Multiple host or network တွေကနေတိုက်ခိုက်တာပါ။ DDoS က ယနေ့ခေတ်အတွက် ကုရာ နတ္ထိဆေးမရှိသလိုဖြစ်နေပြီး မိမိသုံး
တဲ့ Server ရဲ့ Security အားနည်းတာလည်း ဖြစ်နိင်သလို site ရဲ့ security စောင့်ကြည့်မူ့တွေအားနည်းမူ့ကြောင့်လည်း ဖြစ်ပါတယ်။


ဘယ်လိုပဲဖြစ်စေ DoS နဲ့ DDoS ကိုကျွန်တော်တို့ ထပ်ပြီး အနည်းငယ် အကျယ်ချဲ့ ကြည့်ရအောင်.. ကျွန်တော်က လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်ချင်တယ်ဆိုရင် အဲ့လူရဲ့ ဖုန်းနံပါတ်ကိုကောက်နိုပ်လိုက်မယ်.. ပြီးရင် အဲ့လူနားထောင်လောက်တဲ့ အချိန်ကျမှ ဖုန်းကို ကောက်ချလိုက်မယ်.. ဒီလိုအကြိမ်အရေအတွက် များလာခဲ့မယ်ဆိုရင် တစ်ဖက်ကလူလည်းအနှောက်အယှက်ဖြစ်မယ်... စိတ်ညစ်မယ်ပေါ့.. ဒါဟာ Attacker to Victim တိုက်ရိုက် ဆက်နွယ်တဲ့ DoS နည်းလမ်းပဲ... ဒါပေမဲ့ Victim က နည်းပညာကောင်းပြီး Attacker ရဲ့ ဖုန်းနံပါတ်လေးတစ်ခုတည်းကိုပဲ Block လုပ်ထားလိုက်မယ်ဆိုရင် Attacker က ခေါ်လို့ရမှာမဟုတ်တော့ဘူး ... ဒီလိုအချိန်မှာ Attacker က ထပ်လောင်း၍ တစ်ခြားနည်းလမ်းကိုသုံးလာလိမ့်မယ်.. အဲ့ဒါကတော့ Radio Station တွေကနေပြီးတော့ လာမည့်ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်ပွဲအတွက် လက်မှတ်တွေကို ဈေးနှုန်းချိုသာစွာရောင်းချနေတယ်... နောက်ထပ် ဘယ်နေရာမှာ အန္တရာယ်နဲ့တွေ့နေတယ်.. ဒီလို Fade တွေကို Victim နဲ့ သတ်ဆိုင်တဲ့သူတွေကို သတင်းပေးလိုက်မယ်ဆိုရင် Victim ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကလည်း Victim ကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက် အကြောင်းကြား အသိပေးနေတော့မှာပါပဲ.. ဒါက Distributed လုပ်တယ်လို့ ခေါ်တယ်.. တစ်နည်းအားဖြင့် DDoS ပေါ့...

Distributed လုပ်တဲ့နေရာမှာ Attacker (Hacker) တွေက Malware, Virus တွေနဲ့ဖြစ်စေ Fade Mail, Social Engineering နဲ့ဖြစ်စေ အွန်လိုင်းကို ဖြန့်လိုက်ပါတယ်... ၄င်း Attacker ရဲ့ Malware,Virus တွေ မိမိစက်ထဲကိုရောက်လာတာပဲဖြစ်စေ Social Engineering နဲ့ရောက်လာတာပဲ ဖြစ်စေ မိမိရဲ့ စက်ဟာ Attacker ရဲ့ အသုံးချခံဖြစ်သွား ပါပြီ... ဒါကို Zombie လို့ခေါ်ပါတယ်... ဒီ Zombie တွေဟာ ဟက်ကာတွေရဲ့ ခိုင်းစေတာကို လုပ်ဆောင်ဖို့ အချိန်တိုင်းအသင့်ရှိနေကြပါတယ်... ဒီလိုအွန်လိုင်းမှာ ဟက်ကာတွေ ရဲ့ အသုံးချခံနေရတဲ့ Zombie တွေက မနည်းပါဘူး။ ဒီအချိန်မှာ တိုက်ခိုက်မဲ့ Attacker (Hacker) က ၄င်းရဲ့ Zombie တွေကို အချိန်၊ နေရာ တွေကို ညွန်ကြားပေးလိုက်တာနဲ့ Victim ကို အားလုံး Fade Request, Fade Mail တွေ ပို့ဆောင်ကြတာပါပဲ...

Fade Mail ဆိုတာက Mail Bomber ပုံစံမျိုး တစ်ကြိမ်မှာ မေးလ်ပေါင်း သောင်းနဲ့ ချီပြီး ပို့ဆောင်နိုင်သလို ၄င်းကို Distributed လုပ်ပြီးတိုက်ခိုက်တာလည်းရှိပါတယ်... သာမာန် user တစ်ယောက်က ထိုသူသွားလည်တဲ့ Website (www.abc.com) တစ်ခု ရှိတယ်ဆိုကြပါစို့ .. Attacker က ၄င်းရဲ့ Website မှာ စိတ်ဝင်စားစရာ ကြော်ငြာလေး တစ်ခုထည့်ထားမယ် ... ဒီအချိန်မှာ ၄င်း site (www.abc.com) ကိုလာရောက်လည်ပတ်တဲ့သူတွေက ၄င်း ကြော်ငြာ်လေးကို နိုပ်လိုက်တိုင်းမှာ Attacker ကြိုတင်သတ်မှတ် ထားတဲ့ Victim ရဲ့ mail server ကို မေးလ်ပေါင်း မြောက်များစွာ ပို့ကြပါလိမ့်မယ်... ဒီလိုအချိန်မှာ တစ်ဖက်က SMTP/POP စသည့် Mail Server တွေက Down သွားနိုင်ပါ တယ်။

ဒါဟာ ရိုးရှင်းတဲ့ တိုက်ခိုက်မှုပဲရှိပါသေးတယ်...DoS and DDoS တိုက်ခိုက်မှုမှာ 'packet-forgery' ခေါ်တဲ့ packet အတုအယောင် ဖန်တီးခြင်း၊ 'IP spoofing' ခေါ်တဲ့ IP Address ကို packet နဲ့အတူပြောင်းလဲခြင်း စသည်အများကြီးရှိပါသေးတယ်..

ဒီနေရာမှာ Ethernet ဆိုတာကို နဲနဲလေး လူဗိန်းနားလည်လောက်တဲ့ ပုံစံနဲ့ ပြောပါမယ်.. Ethernet ရဲ့ System တွေဆက်သွယ်မှုမှာ "packets" frames လေးတွေ ကရှိပါတယ် အဲ့ frame ထဲ destination address, source address type field and data လေးတွေပါဝင်ပါတယ်... Ethernet address က 6 bytes ရှိပြီး ၄င်းတို့ရဲ့ ကိုယ်ပိုင် Ethernet Address တစ်ခုစီ ရှိကြပါတယ်။ Ethernet က အသုံးပြုတာက CSMA/CD (Carrier Sense and Multiple Access with Collision Detection) ကိုအသုံးပြုတာဖြစ်တဲ့အတွက် ၄င်းတို့က Data တစ်ခုပို့တော့မယ်ဆိုရင် ၄င်းပို့မယ့် Destination လမ်းကြောင်းပေါ်မှာ သူပို့ဆောင်တဲ့ Data တွေ ရှိမရှိစစ်ပါတယ်... ရှိသေးရင် ခေတ္တခဏ စောင့်ပြီးမှ ထပ်ပို့ပါ တယ်... ဒီလိုလုပ်တာကို Collision Detection လုပ်တယ်လို့ခေါ်ပါတယ်.. ဒီတော့ တစ်ခါပို့နိုင်ပြီး လက်ခံတာကတော့ အဆက်မပြတ်လက်ခံနိုင်တယ်ဆိုတဲ့ သဘောပေါ့....

ဒါကို ဥပမာတစ်ခုထပ်ပေးမယ်... Ethernet technology ဆိုတာ အမှောင်ခန်းထဲမှာ လူတွေဝိုင်းဖွဲ့ စကားပြောတာနဲ့တူပါတယ်... အခန်းထဲမှာဘယ်သူပြောပြော အားလုံးက ကြားပါတယ်.. ဒါက Carrier Sense ဖြစ်ပါတယ်။ အခန်းထဲက လူတိုင်းက သူတို့ စိတ်ဆန္ဒရှိရင် ပြောဆိုနိုင်ပါတယ်.. ဒါက Multiple Access ဖြစ်ပါတယ်.. ဒါပေမဲ့ပြောတဲ့သူ တွေတိုင်းက ယဉ်ကျေးသိမ်မွေ့တဲ့အတွက် စကားပြောတဲ့ နေရာမှာ ဆင်ခြင်ကြတယ်ပေါ့... အကယ်၍ တစ်ယောက်က စကားပြောတဲ့အခါမှာ နောက်တစ်ယောက်က ပထမတစ် ယောက်ရဲ့ စကားအပြီးကိုစောင့်ကြပြီး ဘာမှမပြောပါဘူး... ဒါက Collision Detection ဖြစ်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေမှာ နာမည်ကိုယ်စီရှိကြပါတယ်.. ဒါက unique Ethernet address ဖြစ်ပါတယ်... ဒီအချိန်မှာ အခန်းထဲက လူတစ်ယောက်က " Hello, brb, I'm PlanetCreator " လို့ပြောရင် ဒါက Ethernet destination and source
address ဖြစ်ပါတယ်... ပြောမဲ့သူက အားလုံးကို ပြောချင်တယ်ဆိုရင် "Hello everyone, I'm PlanetCreator" လို့ပြောပါလိမ့်မယ်.. ဒါက Broadcast Message လို့ခေါ်ပါတယ် အဖြစ်အများဆုံးကတော့ ဒီအခန်းထဲမှာ ရှိတဲ့သူတွေအားလုံးက တစ်ယောက်ကို တစ်ယောက် ယုံကြည်တဲ့အတွက် စကားကို လျို့ဝှက်ချက်မပါပဲ ပွင့်ပွင့်လင်းလင်းပြောကြပါ တယ်... ဒါက non-encrypted data communication is common ဖြစ်ပါတယ်..

ဒီအချိန်မှာ အခန်းထဲကို လူစိမ်းတစ်ယောက်က ၀င်လာတယ်ဆိုပါစို့ ဒါကို (has tapped that Ethernet segment) လို့သတ်မှတ်မယ်... အထဲမှာပြောတဲ့သူတွေအားလုံးက လျို့ဝှက်ချက်မရှိပဲပြောသလို ၀င်ရောက်လာတဲ့ လူစိမ်းကလည်း စကားဝိုင်းကို မနှောက်ယှက်ပဲ ထိုင်ပြီးနားထောင်နေမယ် .. ဒါကို Sniffing လုပ်တယ်လို့ခေါ်မယ်... ပြီးရင် အခန်းထဲက ပြန်ထွက်သွားမယ်... ဘာမှနှောက်ယှက်မှုမလုပ်ခဲ့တဲ့အတွက် သူ့ကို Detect လုပ်ဖို့ခက်ပါတယ်.. ဒီလောက်ပါပဲ...

ဒီအချိန်မှာ ၀င်ရောက်လာတဲ့ လူစိမ်းက အဆက်မပြတ်ပြောနေမယ်ဆိုရင် ဒါက DoS to that segment of the Ethernet ဖြစ်တယ်လို့ခေါ်ပြီး သူတစ်ယောက်တည်းတင်သာမ က အခြားသူများကိုပါ စကားတွေ တစ်ပြိုင်နက်ထဲပြောအောင် လုပ်တယ်ဆိုရင် DDoS ပေါ့... ပြီးရင် အခန်းတစ်ခုလုံး လက်ပံပင်ဇရပ်ဖြစ်သွားတော့ စကားဝိုင်းခေါ်တဲ့ server ပျက်ပြီပေါ့...

လူစိမ်းက ခဏကလို စကားတွေပြောတဲ့အခါ အခြားသူတစ်ယောက်လို အသံမျိုးနဲ့ ထပြီး စကားပြောမယ်.. နောက်တစ်ခါ နောက်တစ်ယောက် လေသံနဲ့ အသံတုလုပ်ပြောမယ် ဆိုရင် ဒါက IP Spoofing လုပ်တယ်ခေါ်တယ်... ပြီးရင် နောက်တစ်ယောက်ကို နာမည်အတုနဲ့ စကားတွေပြောနေမယ်ဆိုရင် packet forgery လို့ခေါ်တယ်...

သာမာန်အတွက် Attacker (Hacker) က How are you ? ဆိုတဲ့ မေးလ်ခွန်းကို Server (Victim) က I'm fine ဆိုပြီးတစ်ခါဖြေနိုင်ပါတယ်။ ဒါပေမဲ့ Attacker ဖန်တီးထားတဲ့ Zombie တွေက တစ်ချိန်တည်း တစ်ပြိုင်တည်း How are you? How are you? How are you? ဆိုပြီး အုံလိုက်မေးတဲ့အခါ server က တစ်ယောက်ကိုဖြေကြားပေးပြီး နောက်တစ်ယောက်ကို ဖြေကြားပေးဖို့ လုပ်ဆောင်ရပါတယ်... ဒီလိုဖြေကြားနေရတာများတော့ CPU တွေ RAM တွေက မခံနိုင်တော့ပါဘူး။ ဒါကြောင့် ဆက်သွယ်မှုတွေ ပြတ်တောက်သွားတာပါ။ Server Overload ဖြစ်ပြီး Data တွေ ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။


DoS or DDoS attack ကိုဘယ်ကိုကာကွယ်မလဲ ဆိုတာကတော့ ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့ နည်းလမ်းကို မတွေ့သေးပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့နည်းလမ်းတစ်ချို့တော့ရှိပါ တယ်...

* အမြဲတမ်းမိမိရဲ့ anti virus program ကို update လုပ်ပေးပါ
* Firewall အားမှန်ကန်၍ တင်းကြပ်သော rule များသတ်မှတ်ပါ...
* မိမိကွန်ပျူတာမှာ မလိုအပ်တဲ့ Intenet Port Number တွေကိုပိတ်ပါ.. ကွန်ပျူတာရဲ့ Port ကိုစစ်ရန် http://www.auditmypc.com/firewall-test.asp
* Email အား စနစ်တစ်ကျအသုံးပြုပါ... mail filtering ကိုအသုံးပြုပါ...
ဒီအတွက် အဓိက အနေနဲ့ကတော့ Firewall ကိုထပ်ပြီးပြောပါမယ်.. Firewall မှာ Hardware Firewall နဲ့ Software Firewall ဆိုပြီးရှိပါတယ်...


Hardware Firewall

ဒါကို Network Firewall လို့လည်းခေါ်ပြီး ယနေ့ခေတ် နောက်ဆုံးပေါ် ADSL Router တွေမှာ တစ်ခါတည်းတွဲပြီးပါလာတတ်ပါတယ်... Coporate လုပ်ငန်းတွေဆိုရင်တော့ Firewall Router တစ်ခုကို သီးသန့်ဝယ်ပြီး ဆင်ထားတတ်ကြပါတယ်... Software Firewall ထက်စာရင် Hardware Firewall ကပိုပြီးကောင်းမွန်ပါတယ်..

နောက်တစ်ခုက ဒါကတော့ DoS or DDoS တွေကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ Server ဖွဲ့စည်းမှုတစ်ခုပါပဲ... အထဲမှာ Hardware Firewall အပြင် Load Balancer ဆိုတာကိုပါထည့်ထားပါ တယ်...

Load Balancer ကိုပြထားတာပါ...
အားလုံးကို အကျဉ်းချုပ်ပြီးပြောရမယ်ဆိုရင် DoS ဆိုတာ Attacker ကနေ Victim ကို တိုက်ရိုက်တိုက်ခိုက်တယ်.. DDoS ဆိုတာကတော့ ကြားခံ Zombie ကိုမွေးပြီး တိုက်ခိုက် တယ်... ဒီလောက်ပါပဲ...


Zombie & Botnet

Zombies ဆိုတာ ဟက်ကာရဲ့ အသုံးချခံတစ်ခုဖြစ်ပြီး Victim ကို ဟက်ကာရဲ့ ခိုင်းစေချက်အတိုင်း တိုက်ခိုက်ရတာဖြစ်ပါတယ်.. ဒါကြောင့် Zombie ရတယ်ဆိုတာ malware ရတာလို့ဆိုနိုင်ပါတယ်.. Malware (zombie) ရထားတဲ့ ကွန်ပျူတာဟာ

* Sending spam
* Hack other computers
* Denial of service attacks
* Advertisement click fraud
* Phishing websites

စသည်တို့ကိုလုပ်ဆောင်ကြပါတယ်..

၎င်း Malware, trojan, virus ဟာ အသုံးချခံကွန်ပျူတာအတွင်းဝင်ရောက်ပြီး အထဲမှာရှိတဲ့ Security တွေ၊ Antivirus တွေကို ပိတ်ကာ Hacker အနေနဲ့ Additional Programတွေ ထည့်သွင်းလို့ရအောင်၊ ၀င်ထွက်လို့ရအောင် လမ်းဖွင့်ပေးပါတယ်... ဒီတော့ ၄င်း ကွန်ပျူတာက Hacker ရဲ့ အသုံးချခံလုံးလုံးဖြစ်ပြီး လိုအပ်တဲ့အခါ အသုံးပြုလို့ရအောင် Hacker တွေက ၄င်း Zombie လေးတွေကို စုထားတတ်ပါတယ်... ဒါကို botnet လို့ခေါ်ဆိုနိုင်ပါတယ်.. bot ဆိုတဲ့အဓိပ္ပါယ်ကလည်း Robot လို Artificial Intelligence ပေါ့... အခုလို Trojan တွေများလာခဲ့ရင် စေလိုရာစေ ခိုင်းလို့ရပါပြီ... ဟက်ကာတွေက Zombie တွေသုံးပြီးတိုက်ခိုက်လိုက်တော့ သူတို့ကို လိုက်လံ Trace လိုက်ရတာ ခက်သွားတာ ပေါ့...

မိမိစက်က Zombie ဖြစ်နေပြီဆိုရင်တော့

၁။ မိမိ RUN လိုက်တဲ့ programs တွေက နှေးလာမယ်။
၂။ services တွေ (ဥပမာ http) high rate ကျလာမယ်။
၃။ များပြားလှသော connection requests တွေဟာ ကွဲပြားတဲ့ Networks တွေကနေ ၀င်လာမယ်။
၎။ မိမိရဲ့ site ကိုလာရောက်အသုံးပြုသူတွေက site ကို အသုံးပြုတဲ့ နေရာမှာ နှေးမယ်။
၅။ မိမိရဲ့ စက်ဟာ CPU load မြင့်နေလိမ့်မယ်။



မူရင်လိပ့်စာ http://aungmoe2011.blogspot.com/2012/02/ddos-attack.html

Friday, June 8, 2012

ဘင်င်္ဂါလီ ကုလားများ " သိစေ "



" သိစေ "
=====
အကြံမမှား ၊ ရန်မပွားချင်
အမှန်တရားက ငါတို့လက်တွင် ...

မမှန်မော်ကြွား ၊ ရန်စော်ကားလျှင်
တရားလက်တွင် ဓါးနှင့်ယှဉ်မည် ...

ငါတို့သည်
တရားလည်းဆောင်
ဓါးလည်း ပြောင်၏ ...

ငါတို့သည်
တရားလည်းမွေး
ဓါးလည်း သွေး၏ ...

တရားတစ်ဖက် ဓါးတစ်လက်နှင့်
မှားကွက်ဖွေရှာ သင် ငါတို့အား
မတန်တရာ ရန်မစွာနှင့် ...

တရားလည်းသိ ဓါးလည်းရှိသည့်
ငါတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြ၏ ...

မြန်မာနိုင်ငံသားများ
၈ - ၆ - ၂၀၁၂။

khin kalayah soe

တကယ်ကိုထူးဆန်းတဲ သူယောင်မယ်သီးပါ







သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ ၀ိဇ္ဇာ၊ဇော်ဂျီ၊တပသီစတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတောင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲထပ်မံသိရပါသေးတယ်။ Naree ဆိုတာကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေါ့ဗျာ..။ အားလုံး ဗဟုသုတတိုးပွါးနိုင်ကြပါစေ


☺ June 3, 2012 ရက်၊ 12:48 တွင် No ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

Thursday, June 7, 2012

ယောကျာ်းများရဲ့ပြောင်းလဲလာမှု(၆ပတ် ၆လ ၆နှစ်)

ဟာသအနေနဲ့ပဲ တင်တာပါ... ထိခိုက်လိုတဲ့ဆန္ဒ မပါပါဘူး... အားလုံးပဲပျော်ရွှင်ပါစေနော်... :)

၁။ ချစ်စကားပြောချိန်

၆ ပတ် _ ချစ်တယ် ၊ ချစ်တယ် ၊ ချစ်တယ်။

၆ လ _ ချစ်တာပေါ့ကွာ။

၆ နှစ် _ မင်းကို ငါ မချစ်ရင် အစကတည်းက အားအားယားယား ချစ်ခွင့်တောင်းမလားဟ။

၂။ အလုပ်ပြန်လာချိန်

၆ ပတ် – အချစ်ရေ ၊ ကိုယ်ပြန်လာပြီ။

၆ လ – ငါပြန်လာပြီကွ။

၆ နှစ် _ ငါပြန်လာတာတောင် မသိရအောင် နင်ဘယ်သွားနေလဲကွ။

၃။ လက်ဆောင်ပေးရာတွင်

၆ ပတ် – အချစ်ရေ၊ မင်းဒီလက်စွပ်လေး သဘောကျလိမ့်မယ်လို့ မျှော်လင့်တယ်။

၆ လ – ပန်းချီကား တစ်ချပ်ဝယ်လာတယ်၊ ဧည့်ခန်းမှာထားရင် အဆင်ပြေမယ်ထင်တယ်။

၆ နှစ် – ရော့ ပိုက်ဆံ။ နင့်ဘာသာ ကြိုက်တာသွားဝယ်။

၎။ ဖုန်း မြည်လာလျှင်

၆ ပတ် – အချစ်ရေ၊ ဖုန်းလာနေတယ်။

၆ လ – ရော့၊ နင့်ဖုန်း။

၆ နှစ် – နင့်ဖုန်းမြည်နေတယ်၊ မြန်မြန်လာကိုင် ၊ ဘယ်သွားနေလဲကွာ ။ တော်တော်ပဲ။

၅။ ချက်ပြုတ်စဉ်

၆ ပတ် – မင်းဒီလောက် ဟင်းချက်ကောင်းလိမ့်မယ်လို့ မထင်ခဲ့ဘူးကွာ။

၆ လ – ကနေ့ညစာ ငါတို့ဘာစားကြမှာလဲ။

၆ နှစ် – လာပြန်ပြီ ။ ဒီဟင်း။

၆။ အ၀တ်အစားသစ်

၆ ပတ် – မင်း ဒီအင်္ကျီလေး ၀တ်လိုက်တော့ နတ်သမီးလေးလား အောက်မေ့ရတယ်ကွာ။

၆ လ – အင်္ကျီအသစ် ၀ယ်ပြန်ပလား။

၆ နှစ် – အဲ့ဒါ ဘယ်လောက်တောင် ပေးလိုက်ရတုန်း။ ကုန်ပါပြီ။

၇။ ခရီးသွားရန်စီစဉ်

၆ ပတ် – ငပလီကို ၁ ပတ်လောက် အပန်းဖြေခရီးသွားရအောင်လေ ။

တခြားဘယ်နေရာ သွားရင်ကောင်းဦးမလဲ ။ အကြံပေးပါဦး။

၆ လ – ငပလီကို မသွားချင်ဘူး ဟုတ်လား၊ ။ ဂျီးများမနေနဲ့ ။

၆ နှစ် – ဘာ!! ခရီးသွားဦးမယ်။ အိမ်မှာနေရတာ ဘာပြုနေလို့ အားတိုင်း ထွက်ချင်နေရတာလဲ။

၈။ တီဗွီကြည့်စဉ်

၆ ပတ် – ကနေ့ည ဘာကားကြည့်ချင်လဲ အချစ်။

၆ လ – ငါဒီကား ကြိုက်တယ် ။ တခြား Channel မပြောင်းနဲ့ ။

၆ နှစ် – ငါဒီနေ့ည ESPN လိုင်းကြည့်မှာ၊ မကြည့်ချင်ရင် စောစောသွားအိပ်။

ဟာသအနေနဲ့ပဲ တင်တာပါ... ထိခိုက်လိုတဲ့ဆန္ဒ မပါပါဘူး... အားလုံးပဲပျော်ရွှင်ပါစေနော်... :)

ရင်ကိုထိစေတဲ.ပုံလေး





ကဲ...ခင်ဗျားတို့...ကျုပ်တို့...တစ်နေ့ တစ်နေ့ အချိန်လေးငါးနာရီ(နဲတောင်နဲနေသေးလားမသိ) ဖေ့ဘွတ်ပေါ် ဂျီမေးလ်ပေါ်မှာ အီးရောင်ဝါးလုပ်ပြီး..အင်တာနက်ဆိုင်တွေမှာအလကားဖြုန်းနေမဲ့ပိုက်ဆံတွေကို...တစ်နေ့ အင်တာနက်တစ်နာရီလောက်လျှော့သုံးပြီး...အဲတစ်နာရီစာပိုက်ဆံလေးကို မိဘမဲ့ဂေဟာ တို့ဘာ တို့မှာ .. ဒီလိုမရှိမွဲတေနေတဲ့ဆင်းရဲသားကလေးလေးတွေအတွက်သွားလှူရင်...သူတို့လေးတွေအတွက်ဘယ်လောက်အကျိုးရှိလိမ့်မလဲ။ဒီကလေးလေးတွေကိုကြည့်ပြီး ရင်ထဲမှာမချိအောင်ကိုခံစားရတယ် ( ဒီပုံလေးကိုတတ်နိုင်သလောက် Share ပေးကြပါ)


By Maung Maung Lwin (ကိုလတ်)

Tuesday, June 5, 2012

လူကောင်းတို့ကိုဆိုသောအခန်း (လောကနီတိ အခန်း ၂)



အခန်း (၂)
သုဇနကဏ္ဍ
လူကောင်းတို့ကိုဆိုသောအခန်း

(၁) သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖက်ရာ၏ ။ သူတော်ကောင်းတို့နှင့် ပေါင်းဖက်ခြင်းကို ပြုရာ၏။ သူတော်ကောင်းတို့၏ တရားကိုသိ၍ မြတ်သည်ဖြစ်၏။ ယုတ်မာသည် မဖြစ်။

ရှင်းချက်။ ။ သူတော်ကောင်းသည် ရိုးသားဖြောင့်မတ်တော်မှန်သည်။ အကုသိုလ်ကို ရှောင်ကြဉ်ပေသည်။ သူတော်ကောင်းတို့နှင့် ပေါင်းသင်း၍ သူတော်ကောင်းတရားကို ကြားနာသိမှတ်ခြင်းသည် မြတ်၏။ မယုတ်ပေ။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂) သူယုတ်တို့နှင့် ပေါင်းသင်းခြင်းကို စွန့်လော့။ ပေါင်းဖက်အပ်သော သူတော်ကောင်းသို့ ဆည်းကပ်လော့။ နေ့စဉ်ပတ်လုံးကောင်းမှုကိုပြုလော့။ သင်္ခါရတရားတို့၏ မမြဲသောအဖြစ်ကို အမြဲအောက်မေ့လော့။

ရှင်းချက်။ ။ သူတော်ကောင်းကို ပေါင်း၊ သူယုတ်မာကိုရှောင်၊ ကုသိုလ်ကောင်းမှုကို နေ့စဉ်မပြတ် ပြုလုပ်၊ မမြဲသော အဖြစ်ကို ဖော်ပြသော သင်္ခါရတရားကို အမြဲဆင်ခြင်သုံးသပ်လော့။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၃) ရေသဖန်းသီးမှည့်တို့သည် နီစွာသာလျှင်ကတည်း။ အတွင်း၌ကား ပိုးအတိပြည့်ကုန်သည်ဖြစ်သကဲ့သို့ ထို့အတူ သူယုတ်တို့၏ နှလုံးတို့သည် ဖြစ်ကုန်၏။

ရှင်းချက်။ ။ သူယုတ်တို့သည် အပြင်ပန်းမှာ လှသည်၊ အတွင်းစိတ်မှာ ဆိုးညစ်သည်။ သူယုတ်တို့သည်သူတော်ကောင်းယောင် ဆောင်တတ်သည်။ အပြောကောင်းသည်နှင့် အမျှ စိတ်ထားဆိုးယုတ်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၄) ပိန္နဲသီးတို့သည်ကား အပြင်၌ ဆူးသာထင်ကုန်၏။ အတွင်း၌ကား အမြိန်အရသာတို့နှင့် ပြည့်စုံကုန်သည် ဖြစ်ကုန်သကဲ့သို့ ထိုအတူ သူတော်ကောင်းတို့သည်လည်းဖြစ်ကုန်၏။

ရှင်းချက်။ ။ သူတော်ကောင်းတို့သည် ရိုးသားကြ၏။ သူတို့သည် သူယုတ်တို့ကဲ့သို့ အပေါ်ယံကောင်းဟန်ပြခြင်းမပြုပေ။ စိတ်ရင်းကောင်းကြပေသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၅) လောက၌ စန္ဒကူးပင်သည် ခြောက်သွေ့သော်လည်း အနံ့ကို မစွန့်။ ဆင်ပြောင်သည် စစ်မြေပြင်သို့ရောက်သော်လည်း လူတို့၏ မျက်မှေက်၌ တင့်တယ်ခြင်းကို မစွန့်။ ကြံသည် တန္တရားစက်၏ အ၀သို့ရောက်သော်လည်း ချိုသောအရာသာကို မစွန့်။ ပညာရှိသူတော်ကောင်းသည် ဆင်းရဲခြင်းသို့ရောက်သော်လည်းသူတော်ကောင်းတရားကို မစွန့်သာလျှင်ကတည်း။

ရှင်းချက်။ ။ အချို့သောအရာတို့၌ ပင်ကို အရည်အသွေးရှိသည်။ ထိုအရည်အသွေားတို့သည် ကောင်းသောအရည်အသွေးများဖြစ်လျှင် သက်ဆိုင်ရာအရာ (သို့) ပုဂ္ဂိုလ်သည်ထူးခြား၏။ သူတော်ကောင်း၏ အရည်အသွေးမှာ ပစ္စည်းဥစ္စာ မပြည့်စုံငြားလည်း မတရားမှုကို ဘယ်တော့မျှမလုပ်ဘဲ လမ်းမှန်ကိုသာ လျှောက်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၆) ခြင်္သေ့သည် မွတ်သိပ်သော်လည်း သစ်ရွက်စသည်တို့ကိုမစား။ ခြင်္သေ့မည်သည်ကား ကြုံလှီသော်လည်း ဆင်သားကို မစား။

ရှင်းချက်။ ။ ခြင်္သေ့သည် ဆာသော်လည်း သစ်ရွက်ကိုမစားပေ။ အစာမစာရ၍ ပိန်နေသော်လည်းဆင်သားကို မစားပေ။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၇) မြတ်သောအမျိုး၌ ဖြစ်ထသော အမျိုးအနွယ်ကို စောင့်ထသော အမျိုးကောင်းသားသည် မိမိသည် ဆင်းရဲခြင်းကိုရောက်သော်လည်း ယုတ်သောအမှုကိုမပြုရာ။

ရှင်းချက်။ ။ အမျိုးကောင်းသားသည် မိမိ အမျိုးဂုဏ်ကို စောင့်ရှောက်သည့်အလျှောက် ဆိုးမိုက်ယုတ်ညံ့သောအမှုကိုဘယ်သောအခါမျှမပြုပေ။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၈) လောက၌ စန္ဒကူးသည် ချမ်းမြေ့စွာ၏။ ထိုစန္ဒကူး ချမ်းမြေ့သည်ထက် လသည်သာလျှင် ချမ်းမြေ့၏။ စန္ဒကူးနှင့် လတို့ချမ်းမြေ့သည်ထက် ကောင်းစွာဆိုအပ်သော သူတော်ကောင်းတို့၏ စကားသည် ချမ်းမြေ့စွာ၏။

ရှင်းချက်။ ။ စန္ဒကူးနံ့နှင့် လအရောင်တို့သည် အသီးသီး ချမ်းမြေ့ဖွယ် ဖြစ်၏။ သူတော်ကောင်းစကားသည် ယင်းတို့ထက်ပို၍ ချမ်းမြေ့ပေသည်။ သူတော်ကောင်းအဆိုအမိန့်တို့သည် ပူလောင်ခြင်းတို့ကို သက်သာပြေပျောက်၍ ချမ်းသာခြင်းကိုရစေသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၉) ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းသည် အနောက်မျက်နှာ၌ တတ်ရာ၏။ မြင်းမိုရ်တောင်မင်းသည် ညွတ်ရာ၏။ အကယ်မလွဲ ငရဲမီးသည် ချမ်းမြေ့ရာ၏။ အကယ်မလွဲ ငရဲမီးသည် ချမ်းမြေ့ရာ၏။ တောင်ထိပ်၌လည်း ကြာသည် ပွင့်ရာ၏။ သူတော်ကောင်းတို့၏စကားသည် တရံတဆစ်မျှ မဖောက်ပြန်ရာ။

ရှင်းချက်။ ။ ဖြစ်ရိုးဖြစ်စဉ်အပေါင်းတို့ ဖောက်ပြန်ကြစေကာမူ သူတော်ကောင်း၏ စကားသည် မဖောက်မပြန်အမြဲတည်နေမည်သာဖြစ်၏။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၀) သစ်ပင်၏ အရိပ်သည်လျှင် ချမ်းသာ၏။ ထိုသစ်ပင်အရိပ်၏ ချမ်းသာသည်ထက် ဆွေမျိုးမိဘ၏အရိပ်သည် ချမ်းသာ၏။ ထိုဆွေမျိုးမိဘအရိပ်ချမ်းသာသည်ထက် ဆရာသမား၏ အရိပ်သည် ချမ်းသာ၏။ ထိုဆရာသမားတို့၏ အရိပ်ချမ်းသာသည်ထက် မင်း၏အရိပ်သည် ချမ်းသာ၏။ ထိုမင်း၏အရိပ်ချမ်းသာသည်ထက် မြတ်စွာဘုရား၏အရိပ်ဟုဆိုအပ်သောတရားသည် များစွာသောအပြားအားဖြင့် ချမ်းသာ၏။

ရှင်းချက်။ ။ ချမ်းသာခြင်းရနိုင်သော အရိပ်အာဝါသအသီးသီးတို့တွင် ဗုဓ္ဒမြတ်စွာ၏ တရားဓမ္မတည်းဟူသောအရိပ်သည် ချမ်းသာခြင်းအရနိုင်ဆုံးဖြစ်ပေသည်။ အရိပ်အသီးသီးတို့နှင့် ပတ်သက်၍ ဆိုစရာရှိသည်။ ဆွေမျိုးသားချင်းများ။ ဆရသမားများနှင့် မင်းတို့၏ အရိပ်များသည် ပုဂ္ဂိုလ်၏ စေတနာကိုလိုက်၍သာ ချမ်းသာခြင်းကိုပေးနိုင်သည်။ စေတနာမကောင်းသော ချမ်းသာခြင်းကို ပေးနိုင်သည်။ စေတနာ မကောင်းသော ဆွေမျိုးများ၊ ဆရာ မပီသသော ဆရာသမားများ၊ မင်းဆိုးမင်းညစ်များ၏ အရိပ်တို့သည် ချမ်းသာမှုကိုမပေးကြချေ။ မိဘ၏ မေတ္တာနှင့် ဗုဒ္ဓမြတ်စွာ၏ မဟာကရုဏာတော်ဖြင့် ဟောကြားအပ်သော တရားတော်တို့၏ အရိပ်တို့မှာကား အရိပ်ခိုသူတို့အား ချမ်းသာခြင်းကို ပေးပေသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၁) ပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏။ သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏။ ယင်းတို့သည် အပုပ်ကို အလိုရှိကုန်၏။ သူယုတ်တို့သည် အမျက်ကို အလိုရှိကုန်၏။

ရှင်းချက်။ ။ မြတ်သောသူတို့သည် ကောင်းမွန်မြင့်မြတ်သောအရာကိုသာ အလိုရှိကုန်၏။ ယုတ်ညံ့သူတို့သည် ဒေါသတည်းဟူသော ယုတ်ညံ့သော စိတ်စေတသိက်၌သာမွှေ့လျော်၏။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၂) အမိယုတ်သောသူကား မကောင်းသောစကားရှိသည်ဖြစ်၏။ အဘယုတ်သောသူကားမကောင်းသော အမူအကျင့်ရှိသည်ဖြစ်၏။ မိဘနှစ်ပါး စုံယုတ်မူကား မကောင်းသော စကားရှိသည်လည်းဖြစ်၏။ မကောင်းသော အမူအကျင့်ရှိသည်လည်း ဖြစ်၏။

ရှင်းချက်။ ။ လူမိုက်သား ရမ်းကား၊ လူလိမ္မာသားယဉ်ပါး ဆိုသောစကားရှိသည်။ သားသမီးတို့သည် ဘ၀အစ၌ မိဘတို့ထံမှ အရာရာတွင် သင်ယူကြသည်။ မိဘမိုက်တို့၏ သားသမီးများသည် လိမ္မာခဲလှသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၃) အမိမြတ်သောသူအား ကောင်းသောစကားရှိ၏။ အဘမြတ်သောသူအား ကောင်းသောအမူအကျင့်ရှိ၏။ မိဘနှစ်ပါး စုံမြတ်မူကား ကောင်းသောစကားလည်းရှိ၏။ ကောင်းသော အမူအကျင့်လည်းရှိ၏။

ရှင်းချက်။ ။ မိဘရိုးရာကို သားသမီးတို့ လိုက်ကြသည်။ ဆိုးဝါးသော မိဘတို့၏ သားသမီးတို့သည် အပြောအဆိုအပြုအမူ ယုတ်ကြသည်။ မိကောင်းဘခင်သားသမီးတို့၏ အမူအကျင့် အပြောအဆိုတို့သည် ကောင်းကြပေသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၄) စစ်မြေပြင်အရပ်၌ ရဲရင်သောသူကို အလိုရှိကုန်၏။ ခိုက်ရန်ဖြစ်သောအခါတွင် စကား၌ လိမ္မာသူကို အလိုရှိကုန်၏။ ထမင်း အဖျော်စားသောက်သောအခါ၌ ချစ်သောသူကို အလိုရှိကုန်၏။ အနက်သဒ္ဒါခက်ခဲစွာသော အရေးအရာအမှုကိစ္စရှိသော ကာလတို့၌ ပညာရှိသောသူကို အလိုရှိကုန်၏။

ရှင်းချက်။ ။ အရာရာတွင် သက်ဆိုင်သော စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်တို့ကို လိုအပ်၏။ ယင်းသို့သော ပုဂ္ဂိုလ်တို့ မရှိလျှင် မဖြစ်သင့်ရာတို့ ဖြစ်နိုင်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၅) ခွေးတစ်ကောင်သည် ခွေးတစ်ကောင်ကိုမြင်၍ ချုပ်ချယ်လျက်ညှဉ်းဆဲအံ့သောငှာ သွားကိုပြ၏။ သူယုတ်သည် သူတော်ကောင်းကိုမြင်လျှင် ချုပ်ချယ်လျက် ညှဉ်ဆဲခြင်းအမှုကို ပြုခြင်းငှာ အလိုရှိ၏။

ရှင်းချက်။ ။ ခွေးသည် အခြားခွေးကို ကိုက်ဖို့ကြိုးစားသလို လူယုတ်မာက သူတော်ကောင်းကို ပြစ်မှားသည်။ မကောင်းမှုက ကောင်းမှုကို အတိုက်အခံပြုသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၆) လျင်စွာ အမှုကိစ္စဟူသမျှကို မိမိလည်းမပြုသင့်။ သူတစ်ပါးကိုလည်း မပြုစေလင့်။ အဆောတလျင်ပြုမူကား ပညာနည်းသူသည် နောက်မှ ပူပန်ရတတ်သည်။

ရှင်းချက်။ ။ အရာရာကို စဉ်းစားဆင်ခြင်ပြီးမှ လုပ်သင့်သည်။ မဆင်ခြင်ဘဲ စိတ်လိုက်မာန်ပါ မလုပ်သင့်။ မိမိလည်း မလုပ်သင့်။ သူတစ်ပါးကိုလည်း မခိုင်းသင့်။ သို့မဟုတ်လျှင် နောက်အခါတွင် ခုက္ခတွေ့၍ နောင်တ ဖြစ်ချေမည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၇) လောက၌ အမျက်ကိုဖျောက်နိုင်မူကား တစ်ရံတစ်ဆစ်မျှ မစိုးရိမ်ရ။ သူ့ကျေးဇူးကို ဆိုတတ်သောသူကို ဘုရားစသော သူတော်ကောင်းတို့သည် ချီးမွမ်းကုန်၏။ ခပ်သိမ်ကုန်သောသူတို့၏ ကြမ်းကြုတ်သောစကားကို သည်းခံလော့။ ဤသို့သော သည်းခံခြင်းကို မြတ်၏ဟူ၍ သူတော်ကောင်းတို့သည် ဆိုကုန်၏။

ရှင်းချက်။ ။ အမျက်ဒေါသသည် ချိုးနှိမ်မနိုင်လောက်အောင် ကြမ်းတမ်း၏။ အမျက်ကိုထိန်းနိုင်သူမှာ စိုးရိမ်ကြောင့်ကြခြင်း မရှိပေ။ ကျေးဇူးတရားသိသူကို ဘုရားအစရှိသော သူတော်ကောင်းများ ချီးမွန်းကြသည်။ ကြမ်းတမ်းသောစကားကို သည်းခံသူကို သူတော်ကောင်းတို့ကမြတ်သည်ဟု ဆိုကြသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၈) လောက၌ မစင်အတိပြည့်သော ကျဉ်းမြောင်းသော အရပ်၌ နေရခြင်းသည် ဆင်းရဲ၏။ ထိုထက်မချစ်မှစ်သက်လိုသော ရန်သူ့ထံ၌ နေရခြင်းသည် ဆင်းရဲ၏။ ထိုထက်လည်း သူ့ကျေးဇူးကို မသိတတ်သောသူနှင့် နေရခြင်းသည် ဆင်းရဲ၏။

ရှင်းချက်။ ။ ကျေးဇူးမသိတတ်သောသူသည် ရွှံမုန်းစရာအကောင်းဆုံး ဖြစ်သည်။ ကျေးဇူးကန်းသူသည် ယုတ်မာ၏။ မည်သည့်အကုသိုလ်မျိုးကိုပင် လုပ်ရန်မခဲခက်ချေ။ ကျေးဇူးရှင်ကို သတ်ရန် မနှေင့်နှေးချေ။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၉) ဆုံးမသင့်သောအရာ၌ ဆုံးမရာ၏။ မပြတ်ဆုံးမရာ၏။ ယုတ်မာသော အကျင့်မှလည်း တားမြစ်ရာ၏။ ထိုစကား သင့်စွ။ ထိုဆုံးမတတ်သောသူကို သူတော်ကောင်းတို့သည် ချစ်ခင်အပ်သည်ဖြစ်၏။ သူတော်မဟုတ်သူယုတ်တို့သည် မချစ်ခင်အပ်သည်ဖြစ်၏။

ရှင်းချက်။ ။ ဆုံးမဏ၇ာရှိလျှင် အမြဲပင်ဆုံးမပါ။ ယုတ်မာသော အမူအကျင့်တို့ကို တားမြစ်ပါ။ ယင်းသည် သင့်လျော်သောစကားဖြစ်၏။ ဆုံးမတတ်သူကိုသူတော်ကောင်းတို့က ချစ်ခင်သည်နှင် အမျှသူယုတ်တို့က မုန်တီးကြသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၀) ကိုယ့်ထက်မြတ်သောသူကို ကိုယ့်ကို နှိမ့်ချသဖြင့်အောင်ရာ၏။ ရဲရင့်သောသူကို သင်ခွဲသဖြင့် အောင်ရာ၏။ ကိုယ့်အောက်နိမ့်သောသူကို တစိုးတစိ ပေးခြင်းဖြင့်အောင်ရာ၏။ ကိုယ်နှင့်တူသောသူကို လုံ့လပြုခြင်းဖြင့်အောင်ရာ၏။

ရှင်းချက်။ ။ မိမိထက် အဆင့်မြင့်သူ၊ အဆင့်နိမ့်သူ၊ တန်းတူသူနှင့် မိမိထက် ပို၍ရဲရင့်သူတို့ကို နည်းအမျိုးမျိုးဖြင့် အောင်ရပေသည်။ နည်း အမျိုးမျိုးသုံး၍ မိမိက အနိုင်ယူနိုင်မှသာ မိမိအတွက် အကျိုးရှိမည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၁) လျင်မြန်ခြင်းဖြင့် မြင်းကောင်း ကျေးဇူးကို သိကုန်၏။ လေးလံသောဝန်ကို ရွက်ဆောင်သဖြင့် နွားကျေးဇူးကိုသိကုန်၏။ နို့ညှစ်ခြင်းဖြင့် နို့ထွက်နွားမ၏ ကျေးဇူးကိုသိကုန်၏။ ကြံစည်လျှိ့ဝှက်ရာ၌ ပြောဆိုနိုင်ခြင်းဖြင့် ပညာရှိကျေးဇူးကို သိကုန်၏။

ရှင်းချက်။ ။ အရာရာမှာဖြစ်စေ၊ ပုဂ္ဂိုလ်အသီးသီးမှာ ဖြစ်စေ တန်ဖိုးရှိကြ၏။ ယင်းတန်ဖိုးကို စွမ်းရည်ဖြင့်ချင့်ချိန်၍ သတ်မှတ်နိုင်သည်။ တန်ဖိုးဖြတ်ရာ၌ သက်ဆိုင်ရာ၏ ထူးခြားသော စွမ်းရည်ကို ကြည့်၍ ဖြတ်သင့်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၂) သူတော်ကောင်းတို့၏ ဥစ္စာသည် အနည်းငယ် သော်လည်းတွင်းဝ၌ ရေကဲ့သို့ သူတစ်ပါးတို့ မှီခိုရာ၏။ သူတော်ကောင်းမဟုတ်သော သူတို့၏ ဥစ္စာသည်များသော်လည်း သမုဒ္ဒရာ၌ ရေကဲ့သို့ သောက်ချိုးရာမှီရာမရ။

ရှင်းချက်။ ။သူတော်ကောင်းတို့သည် စေတနာထက်သန်သည့်အလျှေက်သူတစ်ပါးတို့အား ပေးကမ်းစွန့်ကြဲကြသည်။ လူအများက သူတို့၏ ဒါနအကျိုးကို ခံစားကြရ၏။ သူတော်ကောင်းမဟုတ်သူတို့သည် တစ်ကိုယ်ကောင်းသဘောရှိသောကြောင့် သူတို့မှာ ပစ္စည်းဥစ္စာများသော်လည်းတွန့်တို၏။ ထို့ကြောင့်သမုဒ္ဒရာမှ ရေကိုမည်သူမျှ သောက်သုံး၍ မရသကဲ့သို့ မည်သူမျှအကျိုးမခံစားကြရချေ။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၃) ရေကို မြစ်တို့သည် မသောက်ကုန်။ သစ်ပင်တို့သည် အသီးကို မစားကုန်။ မိုးသည် အချို့သောအရပ်တို့၌ မရွာကုန်။ သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့ အကျိုးမှာသာတည်း။

ရှင်းချက်။ ။ မြစ်က ရေကိုမသောက်၊ သစ်ပင်က သစ်သီးကို မစား၊ မိုးက အချို့နေရာများမှာ မရွာ၊ ထိုနည်းအတူ သူတော်ကောင်းတို့သည် သူတို့၏ပစ္စည်း ဥစ္စာများကို သူတို့ချည်းမသုံးဘဲ အများအကျိုါ်အတွက်လှူတန်းပေးကမ်းသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၄) မတောင့်တအပ်သည်ကို မတောင့်တရာ၊ မကြံအပ်သည်ကို မကြံရာ၊ တရားသဘောနှင့် ကောင်းစွာယှဉ်သူတို့သာ ကောင်းစွာ ကြံရာ၏။ အချည်းနှီးသော ကာလကို အလိုမရှိရာ။

ရှင်းချက်။ ။ မရနိုင်တာကို တောင့်တလျှင် စိတ်ဆင်းရဲခြင်းသာ အဖက်တင်မည်။ မကြံစည်အပ်တာကိုကြံစည်လျှင် ဦးနှေက်ခြောက်ရုံသာ ရှိမည်။ တရားဓမ္မနှင်က်စပ်သော အတွေးမျိုးကိုသာ တွေးပါ၊ အချိန်မဖြုန်းပါနှင့်။ အချိန်သည် အဖိုးတန်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၅) မကြံဘဲနှင့်လည်း ဖြစ်တတ်၏။ ကြံသော်လည်း ပျက်တတ်၏။ ထိုစကားသည် သင့်စွ။ ပိန်မအားလည်းကောင်း၊ ယောင်္ကျားအားလည်းကောင်း၊ စည်းစိမ်ကိုသည် ကြံတိုင်းလည်း မပြီးကုန်။

ရှင်းချက်။ ။ မကြံစည် မကြိုးစားပါဘဲလျက် ဖြစ်ချင်ရာဖြစ်လာတတ်သည်။ ကြံစည်ကြိုးစားသော်လည်း မဖြစ်ချင်လျှင် မဖြစ်၊ ကိုးရိုးကားရား ဖြစ်သွားတတ်သည်၊ လောကမှာ ယင်းသည် ဓမ္မတာ ဖြစ်၏။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၆) အကြင်သူသည် သူတော်မဟုတ်သောသူအား ချစ်အပ်သည်ဖြစ်၏။ သူတော်ကောင်းကို ချစ်ခြင်းကို မပြု၊ မသူတော်တို့၏ တရားကိုသာလျှင် နှစ်သက်၏၊ ထိုသူ၏ ထိုအမူအကျင့်သည် ပျက်စီးအပ်သည်၏ အကြောင်းတည်း။

ရှင်းချက်။ ။ မသူတော်နှင့် ပေါင်းဖက်ပြီး မသူတော်တို့စကားကိုသာ နှစ်သက်လိုက်နာသူသည် ပျက်စီးမည်သာ ဖြစ်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
သူတော်ကောင်းတို့ကို ဆိုရာ၊
အခန်းသည်
ပြီးပြီ။


အခန်း (၃)
ဗာလဒုဇနကဏ္ဍ
သူမိုက်သူယုတ်တို့ကို ဆိုသောအခန်း
ဆက်ရန် >>>>>

Saturday, June 2, 2012

လောကနိတိ

လောကနိတိ
အခန်း (၁)
ပဏ္ဍိတကဏ္ဍ
ပညာရှိတို့ကိုဆိုသောအခန်း

(၁) ငါသည် ရတနာသုံးပါးကို ရှိခိုးပြီး၍ အထူးထူးသော ကျမ်းဂန်တို့မှ ကောက်နုတ်အပ်သော လောက နီတိအမည်ရှိသော ဤကျမ်းကို မာဂဓ (ပါဋိ) ဘာသာဖြင့် အကျဉ်းမျှ ဆိုအံ့။

ရှင်းချက်။ ။ ရှေးခေတ်ကျမ်းပြုဆရာတို့သည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ရှိခိုးကန်တော့ပြီးနောက် မိမိတို့ ရေးသားစီရင်မည့်ကျမ်းကို ပြုကြသည်။ယင်းသည် ထုံးစံအတတိုင်းပင်ဖြစ်၏။ လောကနီတိကျမ်းသည် အခြားသောကျမ်းများမှ အချက်အလက်များကို ကောက်နုတ်၍စီရင်ထားသောကျမ်း ဖြစ်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂) စင်စစ် ဤကျမ်းသည် လောက၌ ယောက်ျားတို့၏အနှစ်လည်းမည်၏။ မိဘလည်း မည်၏။ ဆရာလည်းမည်၏။ အဆွေခင်ပွန်းလည်း မည်၏။ ထို့ကြောင့် ဤနီတိကျမ်းကို သင်ကြားတတ်မြောက်သောယောက်ျားသည် အကြားအမြင်များသော၊ မြင့်မြတ်သော ပညာတတ်ယောက်ျား ဖြစ်၏။

ရှင်းချက်။ ။ ဤလောကနီတိကျမ်းသည် လူသားတို့၏အားကိုးစရာ ပညာပေးစာအုပ် ဖြစ်သည်။ ဤကျမ်းကိုတတ်မြောက်သူသည် ပညာဗဟုသုတနှင့်ပြည့်စုံးသော ပညာတတ်တစ်ဥိးဖြစ်ပေသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၃) ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။ အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်း အဘယ်မှာရအံ့နည်း။ အဆွေခင်ပွန်း မရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။ ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။

ရှင်းချက်။ ။ ဤအပိုဒ်သည် ပျင်းရိခြင်း၏ မကောင်းသော အကျိုးဆက်များကို ဖော်ပြထားသည်။ ပျင်းလျှင်အတတ်ပညာ မရ။ အတတ်ပညာမရလျှင် ဥစ္စာမရ၊ ဥစ္စာမရလျှင် မိတ်ဆွေမရ၊ မိတ်ဆွေမရလျှင် ချမ်းသာခြင်းမရ၊ ချမ်းသာခြင်းမရှိလျှင် ကုသိုလ်မရ၊ ကုသိုလ်မရလျှင် နိဗ္ဗာန်ရောက်မည် မဟုတ်ဟူ၍ မကောင်းကျိုးအဆက်များကိုဖော်ပြထားသည်။ အပျင်းမရှိဖို့ အဓိကဖြစ်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၄) အတတ်နှင့်တူသောဥစ္စာသည် မရှိ။ အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။ ဤလောက၌ ချမ်းသာကိုဆောင်တတ်၏။

ရှင်းချက်။ ။ လူ့ဘ၀မှာ အတတ်ပညာသည် အရေးအပါဆုံးဖြစ်သည်။ အတတ်ပညာရှိလျှင် ယခုဘ၀နောင်ဘ၀တို့မှာ ချမ်းသာခြင်း ရနိုင်ပေမည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၅) အကြားအမြင်ပညာကို နည်း၏ဟူ၍မအောက်မေ့ရာ။ မိမိစိတ်ထဲ၌ သွင်းထားရာ၏။ တောင်ပို့၌ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။

ရှင်းချက်။ ။ ဗဟုသုတကို အထင်မသေးပါနှင့်။ မိမိစိတ်ထဲတွင် ရသမျှဗဟုသုတကို သိမ်းဆည်းထားပါ။ ခြတောင်ပို့ပေါ်မှ ရေပေါက်များစွာ ကြာရှည်ကျလျှင် ထိုတောင်ပို့သည် ရေပြည့်သွားပေလိမ့်မည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၆) နှုတ်မှုပညာကိုလည်းကောင်း၊ လက်မှုပညာကိုလည်းကောင်း ငယ်သည်ဟူ၌ မအောင့်မေ့ရာ။ ကုန်စင်အောင်တတ်မှုကား တစ်ခုသောအတတ်သည်လည်း အသက်မွေးဝမ်းကျောင်း ဖြစ်ပါသည်သာလျှင်တည်း။

ရှင်းချက်။ ။ နှုတ်မှုပညာသည် ၀ိဇ္ဇာပညာ၊ လက်မှုပညာသည် သိပ္ပံပညာဟု မှတ်သင့်သည်။ အကယ်၍ သင်သည် ဤပညာနှစ်ရပ်ရှိ တစ်ခုခုသောပညာကို တတ်ကျွမ်းလျှင် သင့်အဖို့ သက်မွေးဝမ်းကျောင်းပညာ ဖြစ်ပေလိမ့်မည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၇) တောင်တောင်ဟူသမျှ၌ ပတ္တမြား မရှိ။ ဆင်ဆင်ဟူသမျှ၌ အမြုတေ မရှိ။ တောတောင်ဟူသမျှ၌ စန္ဒကူးမရှိ။ အရပ်တိုင်း အရပ်တိုင်း၌ ပညာရှိသုခမိန် မရှိ။

ရှင်းချက်။ ။ ပတ္တမြားသည် ကောင်းမြတ်သောကျောက်မျက်ရတနာ ဖြစ်သည်။ အမြုတေသည် အသက်ကိုထိန်းသော (အသက် မသေစေသော) ပုလဲရတနာ တစ်မျိုးဖြစ်သည်။ စန္ဒကူးသည် အမြဲမွှေးကြိုင်သော သစ်ပင်ဖြစ်သည်။ တိုအရာတို့သည်ရှား၏။ ထိုနည်းအတူ နေရာတိုင်းမှာ ပညာရှိ မရှိပေ။ ရှားပေသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၈) သုတနှင့်ပြည့်စုံသော ပညာရှိသည် အကြင်အရပ်၌ရှိ၏ဟူ၍ အကယ်၍ ကြားငြားအံ့၊ ထိုအရပ်သို့သုတရှာသော အမျိုးကောင်းသားသည် သည်းစွာအားထုတ်၍ သွားရာသည်သာလျှင်တည်း။

ရှင်းချက်။ ။ ပညာရှာလိုသူသည် ပညာရှိနေထိုင်ရာ အရပ်သို့ရောက်အောင် ကြိုးစားသွားသင့်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၉) အတတ်ကို ဖြည်းဖြည်းသင်ရာ၏။ ဥစ္စာကိုဖြည်းဖြည်းရှာရာ၏။ တောင်ကို တတ်သောသူသည် ဖြည်းဖြည်းတတ်ရာ၏။ ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏။ အမျက်ကိုဖြည်းဖြည်းထွက်ရာ၏။ ဤငါးပါးတို့ကိုဖြည်းဖြည်း အလိုရှိရာ၏။

ရှင်းချက်။ ။ ပညာဥစ္စာတို့ကို ဖြည်းဖြည်းချင်း ဆည်းပူးစုဆောင်းသင့်သည်။ တောင်ကိုဖြည်းဖြည်းတတ်မှ ထိမ်သို့ကောက်မည်။ ကာမဂုဏ်ကိုလည်း ဖြည်းဖြည်းခံစားသင့်သည်။ အမျက်ဒေါသကို ထိန်းရပေမည်။ ဤငါးမျိုးကို ဖြည်းဖြည်း ပြုရပေမည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၀) အကြားအမြင်အတတ်သည်လည်းကောင်း၊ ဓမ္မအတတ်သည် လည်းကောင်း၊ သင်္ချာဂဏန်းအတတ်သည် လည်းကောင်း၊ တံစည်းစူးဆောက်အတတ်သည်၎င်း၊ နီတိကျမ်းအတတ်သည်၎င်း၊ ယာယီယာတာစသော ဗျာကရိုဏ်းအတတ်သည်၎င်း၊ လက်ပစ်အတတ်သည်၎င်း၊ ဒူးလေးလင်းလေးအတတ်သည်၎င်း၊ စကားဟောင်းအတတ်သည်၎င်း။
ဆေးအတတ်သည်၎င်း၊ ရယ်ရွင်မှုအတတ်သည်၎င်း၊ ဗေဒင်အတတ်သည်၎င်း၊ လှည့်မတ်တတတ်သော အတတ်သည်၎င်း၊ ဆန်းကျမ်းအတတ်သည်၎င်း၊ သံတမန်အတတ်သည်၎င်း၊ မန္တန်အတတ်သည်၎င်း၊ သဒ္ဒါကျမ်းအတတ်သည်၎င်း၊ ဤသည်တို့ကား ဆယ့်ရှစ်ပါးသော အတတ်တို့တည်း။

ရှင်းချက်။ ။ရှေးခေတ်က သတ်မှတ်ထားသောအတတ်ပညာ တစ်ဆယ့်ရှစ်ပါး ဖြစ်သည်။ ယခုခေတ်သတ်မှတ်ချက်များနှင့် ယှဉ်ကြည့်လျှင် တချို့သောအတတ်များကို ပေါင်းစပ်၍ထားနိုင်သည်။ အချုပ်မှာ ၀ိဇ္ဇာနှင့် သိပံ္ပပညာတို့ပင် ဖြစ်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၂) လောက၌ ပညာရှိသည်သူ မမေးမူကား စည်ကြိးသဖွယ်ဖြစ်၏။ သူတည်း မေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။ လူမိုက်သည် မေးသော်၎င်း၊ မမေးသော်၎င်း၊ အခါခပ်သိမ်များစွာလည်းဟောတတ်ပြောတတ်သည်သညလျှင်တည်း။

ရှင်းချက်။ ။ ပညာရှိသည် လိုအပ်သည့်အခါမှစကားဆို၏။ စည်ကဲ့သို့ မတီးမမြည်ပေ။ လူမိုက်ကားအမြဲပင်စကားများစွာပြောသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၃) လောက၌ ပေတို့၍ အကြင်အတတ်သည်လည်းကောင်း၊ သူတစ်ပါးတို့၏ လက်တို့၌ အကြင်ဥစ္စာသည်လည်းကောင်း ရှိ၏။ ပြုဖွယ်ကစ္စသည်ဖြစ်လတ်သော ထိုပေ၌ရှိသော အတတ်သည်၎င်း၊ အတတ်မည်။ ထိုသူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။

ရှင်းချက်။ ။ စာအုပ်စာပေထဲမှာရှိသော အတတ်ပညာကို မဆည်းပူးလျှင် မိမိ၏အတတ်ပညာ မဖြစ်။ သူတစ်ပါးတို့၏ လက်ဝယ်ရှိသော ဥစ္စာသည်လည်း မိမိ၏ဥစ္စာ မဟုတ်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၄) လောက၌ ရေတိမ်ရေနက်ကိုကား ကုမုဒ္ဒရာကြာကို မြင်သဖြင့် သိအပ်၏။ အမျိုးခုတ်မြတ်ကိုကား ကိုယ်အမှုအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။ ပညာရှိမရှိကိုကား ဆိုသောစကားဖြင့် သိအပ်၏။ မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကိုမြင်သဖြင့် သိအပ်၏။

ရှင်းချက်။ ။ကုမုဒ္ဒရာကြာရိုးရှည်မရှည်ကိုကြည့်ခြင်းအားဖြင့် ရေတိမ်ရေနက်ကို သိနိုင်၏။ ရေမြင့်မှ ကြာတင့်သည်ဆိုသကဲ့သို့ပင်။ အမျိုးမြတ်၊ အမျိုးယုတ် ခွဲခြားသိဖို့မျာ ထိုသူ၏ အမူအရာ ရည်မွန်ရိုင်းစိုင်းခြင်းဖြင့် သိနိုင်သည်။ ပညာရှိမရှိကို ထိုသူ၏စာကားကိုထောက်ချင့်ခြင်းဖြင့်သိနိုင်သည်။ မြေတစ်ကွက်၏ မြေသြဇာကောင်းမကောင်းကို မြက်သန်မသန်ကိုကြည့်ခြင်းဖြင့် သိနိုင်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၅) လောက၍ နည်းသောသုတရှိသူသည် နည်းသောသုတကို အများအောက်မေ့တတ်၏။ မာန်မာနရှိတတ်၏။ အဘယ်သို့နည်းဟူမူကား သမုဒ္ဒရာရေပြင်ကို မမြင်ဖူသော ဖားသူငယ်သည် တွင်းဝ၌ ရေကို အများထင်သကဲ့သို့တည်း။

ရှင်းချက်။ ။ သုတနည်းသဖြင့် အမြင်ကျဉ်းသူသည် သမုဒ္ဒရာရေကို မမြင်ဖူးသည့်ဖားသူငယ်က သူ့တွင်းထဲမှာ ရှိသည့်ရေကို များလှပြီထင်သကဲ့သို့ သူ့အတတ်ပညာကလေးကို ကြိးလှပေပြီ ထင်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၆) လောက၌ ပထမအရွယ်၍ကား အတတ်မရတုံအံ့။ ခုတိယအရွယ်၍ကာ ဥစ္စာမရတုံအံ့။ တတိယအရွယ်၌ကား တရားမရတုံအံ့။ စတုတ္ထအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။

ရှင်းချက်။ ။ လူတစ်ယောက်မှာ ငယ်ရွယ်စဉ်၌အတတ်ပညာ မရ။ လူလတ်အရွယ်တွင် ဥစ္စာမရ။ လူကြိးအရွယ်မှာ တရားမရလျှင် နောက်ဆုံးအရွယ်တိုင်လဆင်ဘာလုပ်မည်နည်း။ အရွယ်အလိုက် ရသင့်ရာကို ရမှသာ လူဖြစ်ရကျိုးနပ်မည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၇) ချစ်သားတို့ ... အတတ်ပညာသင်ကုန်လော့။ အဘယ်ကြောင့် ပျင်းရိဘိသနည်း။ ချစ်သားတို့နေ့တိုင်း နေ့တိုင်း အတတ်ပညာသင်ကုန်လော့။ အတတ်ပညာမရှိသောသူသည် သူ၏၀န်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို လောက၌သူတစ်ပါးတို့ ပူဇော်အပ်၏။

ရှင်းချက်။ ။ ပညာမတတ်လျှင် သူများဝန်ထမ်းဖြစ်မည်။ ပညာတတ်သူကို လူအများက ရိုသေလေးစားကြသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၈) အကြင်အမိနှင့်အဖသည် သားငယ်ကို အတတ်ပညာသင်မပေး။ အတတ်ပညာသင်၍ မပေးသော အမိသည်အဖသည် ၇န်သူမည်၏။ ထိုအတတ်ပညာမရှိသောသူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။

ရှင်းချက်။ ။ မိဘများက သားသမီးကို ပညာသင်မပေးလျှင် မိဘတို့သည် သားသမီးများ၏ ရန်သူဟုခေါ်ရပေမည်။ ပညာမတတ်သောသူသည် လောက၌ မတင့်တယ်ချေ။ ပညာတတ်မှ ပွဲလယ်တင့်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၁၉) တောင်ချောက်ကြား၌ ရောက်သောဆူးကို ဘယ်သူထက်စိမ့်ချွန်သနည်း။ မိမိအလိုလိုသာလျှင် ထက်ပချေ၏။ သမင်တို့၏ မျက်စိ၌ ဘယ်သူမျက်စဉ်းခတ်၍ကြည်သနည်း။ မိမိအလိုလိုသာလျှင် ကြည်ပချေ၏။ ညွန်၌ကြာကိုဘယ်သူအနံ့ကောင်းထည့်ပေးချေသနည်း။ အလိုလိုသာလျှင် အနံ့ကောင်း ထည့်ပေးချေသနည်း။ အလိုလိုသာလျှင် အနံ့ကောင်းထုံ၏။ အမျိုးကောင်းသား၏ သဘောသည် ဘယ်သူပြု၍ ဖြစ်သနည်း။ မိမိအလိုလိုသာ ဖြစ်ပေချေ၏။

ရှင်းချက်။ ။ ဆူးကို ချွန်ပေးသူမရှိ။ သမင်မျက်စိကိုမျက်စဉ်းခတ်ပေးသူမရှိ၊ ကြာကို အနံ့ကောင်းထည့်ပေးသူမရှိ။ အမျိုးကောင်းသား၏ သဘောကို ပြုပေးသူမရှိ။ မည်သူတို့အသီးသီးကပြုသနည်း။ မည်သူကမျှ မပြုပေ။ သူ့ အလိုအလျှေက် ဖြစ်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၀) ထုံးမရှိသော ကွမ်းသည် အရသာမရှိ။ ဥစ္စာမရှိသူ၏ တန်ဆာဆင်ခြင်းသည်လည်း အရသာမရှိ။ ဆားမရှိသော စားဖွယ်သည်လည်း အရသာမရှိ။ အတတ်မရှိသော သူ၏ ပျို့ကဗျာ ဖွဲ့ခြင်းသည်လည်း အရသာမရှိ။

ရှင်းချက်။ ။ ကွမ်းမှာ ထုံးပါမှ အရသာရှိသည်။ မရှိဆင်းရဲသူ၏ ၀တ်စားတန်ဆာသည် တင့်တယ်ခြင်းမရှိ။ စားစရာမှာ ဆားပါမှ အရသာရှိသည်။ စာမတတ်သူ ကဗျာစပ်လျှင် အဓိပ္ပါယ်မရှိချေ။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၁) လောက၌ အစာစားခြင်းသည်၎င်း၊ မေထုန်မှီဝဲခြင်းသည်၎င်း၊ အိပ့်ခြင်းသည်၎င်း၊ နွား၍၎င်း၊ ယောင်္ကျား၌၎င်း ရှိ၏။ အတတ်ပညာမှယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။

ရှင်းချက်။ ။စားခြင်း၊ အိပ့်ခြင်း၊ မေထုန်မှီဝဲခြင်းတို့သည် လူ့သည်လဲ နွားမှာကဲ့သို့ပင် ရှိ၏။ လူအဖို့ ထူးခြားချက်မှာ အတတ်ပညာ ဖြစ်သည်။ အတတ်ပညာ မရှိသော လူသည် နွားနှင့်အတူတူဖြစ်ချေသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၂) လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည်မရှိ။ အနာနှင့်တူသော ရန်သူသည် မရှိ။ ကိုယ်နှင့်တူသော ချစ်သော သူမည်သည်မရှိ။ ကံနှင့် တူသောအားသည် မရှိ။

ရှင်းချက်။ ။ အတတ်ပညာသည်သာလျှင် လူကိုကူညီစောင်မမည်။ အနာရောဂါနှင့် တူသော ရန်သူသည်မရှိ။ မိမိကိုယ်ကို ချစ်သော အချစ်နှင့်တူသော အချစ်သည်မရှိ။ ကံနှင့်တူသော အင်အားသည် မရှိ။ ပညာတတ်မှ ဘ၀အခြေအနေကောင်းမည်။ ရောဂါသည်လူကိုအနှိပ်စက်ဆုံးဖြစ်သည်။ အတ္တသမံ ပေမံနတ္တိ၊ မိမိကိုယ်ကို မိမိချစ်ခင်စွဲလမ်းခြင်းထက် စွဲလမ်းခြင်းမရှိချေ။ ကံသည် မိမိအားကိုးရာ ဖြစ်သည်။ အားထားရာလည်းဖြစ်သည်။ မိမိ၏ ယခုပြုသော ကုသိုလ်၊ အကုသိုလ်၊ ရှေးဘ၀များမှာ ပြုခဲ့သည့် ကုသိုလ်၊ အကုသိုလ်တို့က မိမိ၏ ယခုဘ၀ကို စီမံပေးသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၃) လောက၌ ဟင်္သာသည် ကျီးတို့၏ အလယ်၌မတင့်တယ်။ ခြင်္သေ့သည် နွးတို့၏အလယ်၌ မတင့်တယ်။ မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်။ လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်။

ရှင်းချက်။ ။ တင့်တယ်သည် ဆိုသည်မှာ ကျက်သရေရှိသည်ဟူ၍ပင်။ ဟင်္သာသည် ကျီးတို့ကြားမှာရှိရန်မအပ်စပ်။ ခြင်္သေ့သည် နွားတို့ကြားတွင်ရှိလျှင်ဂုဏ်ပျက်သည်။ မြင်းသည် မြည်းတို့ကြားတွင်ကျက်သရေမရှိ။ ထို့အတူ ပညာရှိသည် လူမိုက်တို့ကြားတွင်ရောက်နေလျှင် ဂုဏ်သရေ ထိခိုက်သည်။ အမြတ်နှင့် အယုတ်အညံ့တို့ တွဲဖက်လျှင် အမြတ်မှာ နစ်နာသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၄) သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့၊ ထိုသူမိုက်သည် တရားကိုမသိ။ အဘယ်ကဲ့သို့ နည်းဟူမူ ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့တည်း။

ရှင်းချက်။ ။ ပညာရှိအနားမှာ နေလျှက်ရှိသောသူမိုက်သည် မိုက်မဲသဖြင့် ပညာရှိက သင်ကြားပေးသော်လည်း တရားကို မသိချေ၊ ယောက်မသည် ဟင်းအိုးကိုမွှေ၏။ ဟင်းနှင့်ထိတွေ့သော်လည်း ဟင်း၏အရာသာကို မသိချေသကဲ့သို့ပင်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၅) လောက၌ ဥစ္စာပျက်ခြင်းသည် လည်းကောင်း၊ နှလုံးပူပန်ခြင်းသည်၎င်း၊ အိမ်၌ မကောင်းမှုကိုပြုကျင့်ခြင်းတို့ကို၎င်း၊ လှည့်ပတ်ခြင်းကို၎င်း၊ မထိမဲ့မြင်ပြုခြင်းကို၎င်း၊ ပညာရှိသည် ထင်ရှားမပြရာ။

ရှင်းချက်။ ။ ပညာရှိသည် မိမိကိုယ်ရေးကိုယ်ရာတွင် သူတစ်ပါးကဲ့ရဲ့ဖွယ် ကစ္စများကို အများသိအောင်မဖော်ပြချေ။ အများသိသွားလျှင် အမျိုးမျိုးကဲ့ရဲ့ဝေဖန်ခြင်းဖြင့် အကုသိုလ် ဖြစ်ကြချေဦးမည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများကို အများသိရန် မလိုပေ။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၆) လောက၌ အရေးအခွင့်ရောက်သည်နှင့်လျော်သောစကားကို၎င်း၊ ကိုယ့်အားလျောက်ပတ်သော ချစ်အပ်သောသူကို၎င်း၊ ကိုယ်နှင်တန်ရုံသော အမျက်ကို၎င်း၊ အကြင်သူသည်သိတတ်၏၊ ထိုသူသည် ပညာရှိမည်၏။

ရှင်းချက်။ ။ အခါအားလျော်စွာ ဆိုအပ်သော စကားကိုဆိုခြင်း၊ ချစ်ခင်ရင်နှီးထိုက်သော သူကို ရွေးချယ်ခြင်း၊ မိမိနှင့် သင့်လျော်သော မိမိ၏ဒေါသ၏ အတိုင်းအတာကို သိခြင်းပြုတတ်သာသူသည် ပညာရှိဖြစ်ပေသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၇) ဥစ္စာမရှိဘဲလျက်အရသာ စားကြူးသောသူ၊ ခွန်အားမရှိဘဲလျက် စကားလိလားသောသူ၊ ၌သူတို့ကာ သူရူးနှင့် တူကုန်၏။

ရှင်းချက်။ ။ မိမိမှာ မရှိဘဲ ၇ှိသူတို့ကဲ့သို့ လုပ်ချင်သူသည် အရုနှင့်တူသည်။ ငွေမရှိဘဲ အစားကြိးသူ၊ အင်အားမရှိဘဲ ရိုက်ပုတ်ထိုးကြိတ်ချင်သူ၊ ပညာမရှိဘဲနှင့် စကားကြိး စကားကျယ်ပြောချင်သူ၊ ထိုသူတို့သည် အရူးနှင့်တူ၏။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၈) သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမမေးပဲ စကားများများပြောတတ်သောသူ၊ မိမိဂုဏ်ကျေးဇူးကို ပလွားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။

ရှင်းချက်။ ။လူယုတ်မာတို့သည် ကြွားတတ်ကြသည်။ လူရာဝင်ချင်ကြသည်။ မိမိတို့ မလုပ်အပ်သည်တို့ကို လုပ်တတ်ကြသည်။ ထိုသူတို့၌ သူယုတ်တို့၏လက္ခဏာရှိသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၂၉) အဆင်းမလှသော သူသည် စကားများတတ်၏။ ပညာနည်းသောသူသည် ထင်ရှားပြတတ်၏။ ရေမပြည့်သောအိုးသည် ချေက်ချားတတ်၏။ နို့ရည်မထွက်သောနွားမသည် ကျေက်ကန်တတ်၏။

ရှင်းချက်။ ။မရှိသူက ရှိဟန်ပြတတ်သည်။ အောက်ကျနောက်ကျစိတ် ရှိသောကြောင့်ပင်။ မပြည့်တဲ့အိုးဘောင်ဘင်ခတ်ဟူသော ဆိုရိုးစကားရှိသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၃၀) ဖားသူငယ်သည်လည်း ဆောင့်ကြောင့်ထိုင်တတ်ကာမူ ခြင်္သေ့ဟုထင်၏။ ကျီးတည်းချီမူကား၊ချစ်ဆွေ ချစ်ဆွေဟု မြည်တတ်၏။ ပညာ မရှိသော သူမိုက်သည်လည်း မိမိကိုယ်ကို ပညာရှိထင်ခြင်းကြောင့် ပညာရှတို့သည် မေးလတ်သော် ငါ့ရှင်ငါ့ရှငိဟု ချစ်စဖွယ်သော စကားကို ဆိုတတ်၏။

ရှင်းချက်။ ။ ဂုဏ်မရှိသူတို့သည် သူတို့ ကိုယ်သူတို့ အထင်ကြိး တတ်သည်။ ဖားသူငယ်သည် ဆောင့်ကြောင့်ထိုင်တတ်သောအခါ သူ့ကိုယ်သူ ခြင်္သေ့ဟုထင်သည်။ ကျီးချီသောအခါ သူကချော့သည့် အသံဖြင့်ချစ်ဆွေ ချစ်ဆွေဟုခေါ်သည်။ ထိုနည်းတူစွာ ပညာမဲ့သူသည် သူ့ကိုယ်သူ ပညာရှိဟုထင်၏။ တကယ့်ပညာရှိက မေးသောအခါ(မဖြေတတ်သဖြင့်) ပညာရှိကို ငါ့ရှင်၊ ငါ့ရှင်ဟုခေါ်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၃၁) မင်းတို့သဘော မည်သည်ဥစ္စာ၌ ရောင့်ရဲခြင်းမရှိ။ မျက်စိသည်လည်း ချစ်သောသူကိုမြင်ခြင်း၌ ရောင့်ရဲခြင်း မရှိ။ သမုဒ္ဒရာသည် ရေ၌ရောင့်ရဲခြင်းမရှိ။

ရှင်းချက်။ ။ လောဘသည် အတောမသတ်ဖြစ်သည်ဟု ဆိုလိုသည်။ ရလေလိုလေ ဖြစ်သည်။ ရောင့်ရဲခြင်းသ်ညပျောက်ကွယ်လျက်ရှိသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၃၂) အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်းပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။

ရှင်းချက်။ ။ အဆင်းလှ၍ အရွယ်တော်သော်လည်း ပညာမရှိလျှင်မတင့်တယ်။ အမျိုးကောင်းသော်လည်း ပညာမရှိလျှင် တန်ဖိုးမရှိနိုင်။ ပေါက်ပန်းတို့သည် အနံ့ကင်းသကဲ့သို့ ဖြစ်ချေမည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၃၃) လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက်မင်း၏အမတ်ဖြစ်တတ်၏။ လူမိုက်၏သားဖြစ်လျက်လည်း ပညာရှဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏ သားဖြစ်လျက်လည်း ဥစ္စာများတတ်၏။ ထို့ကြောင့် ယောက်ျားတို့အား မထိမဲ့မြင် မပြုကုန်ရာ။

ရှင်းချက်။ ။မိဘများ မျိုးရိုးမကောင်းသော်လည်း သားဖြစ်သူသည် အဆင့်မြင့်သောဘ၀သို့ရောက်နိုင်သည်။ မိဘတို့၏ ဘ၀အခြေအနေသည် သားတို့၏ကြီးပွားတိုးတတ်ရေးကို မဟန့်တားနိုင်ပေ။ မိဘထက်သာသောသားများလည်းရှိကြပေသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၃၄) အကြင်တပည့်သည် အတတ်ပညာလိုသဖြင့် အထူးထူး အပြားပြားများစွာ သင်တတ်၏။ ထိုတပည့်လည်း အတတ်ကို အိမ်မက်ကိုမြင်သော သူအကဲ့သို့ပြန်ဆိုခြင်းငှာ မစွမ်းနိုငရာ။

ရှင်းချက်။ ။ အတတ်ပညာအမျိုးမျိုးကို စုပြုံ၍သင်ယူသော တပည့်သည် မည်သည့် အတတ်ပညာကိုမျှ မကြေညက်သဖြင့် အိမ်မက်ကို ပြန်မပြောတတ်သော အသောသူကဲ့သို့ဖြစ်ချေမည်။ အတတ်ပညာကို တစ်မျိုးပြီး တစ်မျိုး သင်ယူမှသာ ကျေညက်စွာ တတ်ကျွမ်းပေလိမ့်မည်။ အတတ်ပညာမျိုးစုံကို တစ်ပြုံးတည်း သင်သူသည် ဘာမျှတကယ်မတတ်ဖြစ်တတ်သည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၃၅) အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊ တင့်တယ်စိမ့်သှေှာုာ ခတ်၏။ ဆရာသည်တပည့်တို့အား အပယ်ဆင်းရဲသို့ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့် ပုတ်ခတ်၏။

ရှင်းချက်။ ။ အိုးထိန်းသည်သည် အိုးကို အချိုးအစားကျအောင် ရိုက်ပေးသည်။ ကွဲစေလို၍မဟုတ်ပေ။ ဆရာသည်လည်း တပည့်တို့ပညာ တိုးတတ်စေရန်ရိုက်၏။ ငရဲကျစေလို၍ မဟုတ်ပေ။ ကောင်းစေလိုသော စေတနာကို သတိပြုရပေမည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
(၃၆) အကြင်သူသည် တောင်ဇလပ်ပန်းကိုလျှင်ပေါက်ဖက်နှင့် ထုပ်၏။ ထိုသူ၏ တောင်ဇလပ်ပန်းသည်သာလျှင် ကောင်းသော အနံ့ကို လှိုင်စေသည်ကားမဟုတ်။ ပေါက်ဖက်တို့သည်လည်း ကောင်းသော အနံ့ကို လှိုင်စေကုန်၏။ ထို့အတူ ပညာရှိနှင့် ပေါင်းဖက်မှီဝဲရသောသူတို့ကို မှန်အပ်၏။

ရှင်းချက်။ ။ တောင်ဇလပ်ပန်းသည် မွှေး၏။ ပေါက်ဖက်၌အနံ့မရှိ။ သို့သော် တောင်ဇလပ်ပန်းကိုပေါက်ဖက်နှင့်ထုပ်လျှင် ပေါက်ဖက်သည်လည်းတောင်ဇလပ် ပန်း၏ အနံ့ကိုရသဖြင့် မွှေးသည်။ ထို့အတူပင် ပညာရှိနှင့် ပေါင်းသူတို့သည် ပညရနံ့စွဲ၍ ပညာရကြကုန်၏။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
ပဏ္ဍိတကဏ္ဍ
ပညာရှိတို့ကိုဆိုသောအခန်း
ပြီးဆုံးပြီ။

အခန်း (၂)
သုဇနကဏ္ဍ
လူကောင်းတို့ကိုဆိုသောအခန်း
ဆက်ရန် >>>>>

Thursday, May 31, 2012

မြည်းကလေး (ပုံပြင် ၆)

လယ်သမားတစ်ယောက်ရဲ့မြည်းလေးတစ်ကောင်ဟာ
အကာအရံ မရှိတဲ့ လယ်ထဲက ရေတွင်းထဲကျသွားတယ်။
မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကိုခေါ်တယ် ။

လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့တွေးတယ်။

နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။
ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်းကလည်းမသုံးတာကြာတဲ့ရေတွင်းဟောင်းကြီး
ဖို့ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး။ အဲဒီလိုတွေးပြီးတော့
သူ့သူငယ်ချင်း လယ်သမားတွေကိုသွားခေါ်လာတယ်။

တစ်ယောက် ပေါက်ပြားတစ်လက်ဆီယုလာကြတယ်။ မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။

မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်။
နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်။

သူမြင်ရတာကိုအံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့လိုက်တိုင်း

မြည်းလေးဟာ မြေကြီးတွေကိုခါချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။ ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ
ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရ၀မ်းသာ ခုန်ပေါက်ပြီး ပြေးတော့တယ်။ လယ်သမားတွေကမြည်းလေးကိုကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ်။

ကိုယ့် ဘ၀ အခြေအနေဟာ ကိုယ့် ကျောပေါ်ကို မြေတွေပုံမယ်။

ဒုက္ခကနေလွတ်အောင်လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ။

ဖို့လိုက်တဲ့မြေကြီးဟာကျောပေါ်မှာ မနေဖို့ပဲလိုတယ်။ ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကိုရောက်သွားရမယ်။

သူငယ်ချင်းများအားလုံး ဘ၀မှာ အဆင်ပြေချောမွေ့ပါစေ ....

Share

Twitter Delicious Facebook Digg Stumbleupon Favorites More