** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။

Sunday, July 8, 2012

သင့်ရဲ့နဂိုစိတ်ရင်းဘယ်မှာလဲ?

လူ့လောကမှာပျော်ရွှင်စွာ နေထိုင်နေကြတာကို မကောင်းဆိုးဝါးကြီး က တွေ့တော့
“ဒီလူတွေကို နှောက်ယှက်ရမယ်။ ငါ့ ကိုမေ့နေကြတယ်။
” ဆိုပြီး မကောင်းဆိုးဝါးလေးတစ်ကောင် ကို လယ်သမားတစ်ဦးကို အကျင့် ပျက်အောင်
် လုပ်ခိုင်းစေခဲ့တယ်။ လယ်သမားက လယ်ထွန်ရင်း သူ့ဘ၀ကို သူကျေနပ်တင်းတိမ်နေခဲ့တယ်။
မကောင်းဆိုးဝါးလေးက ထိုလယ်မြေတွေကို မာကြောအောင် ပြုလုပ်လိုက်တယ်။ လယ်သမားက ခဏနားလိုက် ဆက်ထွန်လိုက်နဲ့ ငြီးငြူသံ ကို လုံးဝမကြားရဘဲ လက်လျော့ပြီး ပြန်သွားရှာတယ်။
မကောင်းဆိုးဝါးနောက်တစ်ယောက်ကို စေလွတ်ပြန်တယ်။
ဒါနဲ့ သူဟာ လယ်သမားရဲ့ ပိုင်ဆိုင်မှုတွေကိုယူမယ်ဆိုပြီး ထမင်းဘူး နဲ့ ရေဘူး ကိုယူလိုက်တယ်။
ထမင်းဘူးတွေမရှိတော့တာကို သိတော့ “အော် ငါ့ထက်ဆာနေမဲ့သူ ရှိနေရင် ယူပါစေ။
သူဗိုက်ဝရင် ရပါပြီ” ဆိုပြီး လယ်ကိုဆက်ထွန်နေရှာတယ်။ ဒုတိယ မကောင်းဆိုးဝါးလည်း မအောင်မြင်ပဲ ပြန်လာရရှာတယ်။
တတိယ မကောင်းဆိုးဝါးကို စေလွတ်ပြန်တယ်။

သူကတော့ လယ်သမားနဲ့ အရင်မိတ်ဆွေဖွဲ့တယ်။ ပြီးတော့ မကောင်းဆိုးဝါးက အနာဂါတ်ကို မြင်နိုင်တော့ လာမည့်နှစ်မှာ ဆန်ရေစပါးရှားပါးမှုဖြစ်မယ် ဆိုပြီး လယ်သမားကိုပြောတယ်။
ဒီလိုနဲ့ မကောင်းဆိုးဝါး ဆီက အကြံတွေရယူပြီး လယ်သမားဟာ မကြာမီမှာပဲ သူဌေးဖြစ်လာခဲ့တယ်။
လယ်ယာတွေမထွန်ယက်တော့ဘဲ မကောင်းဆိုးဝါးရဲ့ အကြံပေးတဲ့အတိုင်း အရက်အရောင်းတွေ စတင်လုပ်ကိုင်လာပြီး ချမ်းသာထက်ချမ်းသာလာခဲ့တယ်။

မကောင်းဆိုးဝါးဟာ သူ လယ်သမားရဲ့အကျင့်တွေကို ပျက်အောင်လုပ်နိုင်ပြီ ဖြစ်ကြောင်း မကောင်းဆိုးဝါးကြီး ထံလာပြောတယ်။ တနေ့ သူဌေးရဲ့စားပွဲမှာ အခြွေအရံတွေ အရသာရှိတဲ့စားစရာတွေနဲ့ အကောင်းစားအရက် တွေနဲ့ပေါ့။
အဲဒီချိန်မှာ အစေခံတစ်ဦးက အရက်ပုလင်းယူလာနေချိန်မှာ ခြေချော်ပြီး သူဌေးပေါ်ကို မောက်ကျကုန်တယ်။
သူဌေးက “ဒါလေးလုပ်တာကို ဂရုကိုမစိုက်ဘူး” ဆိုတော့ အစေခံက “သူဌေး၊ မနက်ကတည်းကလုပ်နေတာ အရမ်းကို ဗိုက်ဆာလှပါပြီ” လို့ပြောတော
့ “အလုပ်မပြီးရင် မစားရဘူး” လို့အော်လိုက်ပါတယ်။
မကောင်းဆိုးဝါးကြီးက “မင်းဘယ်လို အကျင်ပျက်အောင်လုပ်နိုင်တာလဲ” လို့ဆိုတော့ “လယ်သမားလိုတာထက်ပိုပေးလိုက်တာပါ၊ ဒီလိုနဲ့ သူ့ရဲ့လောဘစိတ်တွေတက်လာတာပါ” လို့ပြန်ပြောလိုက်တယ်။

စိတ်ပြောင်းရင် ပုံစံပြောင်းမယ်။ပုံစံပြောင်းရင် အကျင့်ပြောင်းမယ်။
အကျင့်ပြောင်းရင် စရိုက်ပြောင်းမယ်။စရိုက်ပြောင်းရင် ဘ၀ပြောင်းမယ်။
ဒီပုံပြင်လေးကတော့ ပန်းတိုင်ရောက်အောင် ကြိုးပမ်းနေတဲ့ အားလုံးကို
ကိုယ့်ရဲ့ တကယ့် ပန်းတိုင်က ဘာလဲဆိုတဲ့ နဂိုစိတ်ရင်း ကို မမေ့ပစ်ဖို့ပါပဲ။
(ဘဝမမေ့ကြပါနဲ့..ဘာပဲဖြစ်ဖြစ်ပေါ့)

ကိုယ်ချင်းစာတရားတွေနဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေ

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More