** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, November 14, 2012

ကောသလမင်းကြီး၏ အိမ်မက် (၁၆) ချက်


(၁) အမေး ။ နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။
အဖြေ။ အရှေ့အနောက်၊ တောင် မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။

- အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
- နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
(၂) အမေး ။ မြေကမြ<ွက၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။
အဖြေ ။ အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။
- နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
- နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) အမေး ။ ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
အဖြေ ။ သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။
- နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
- နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
(၄) အမေး ။ နွားကြီးမကြိုက်၊ ဝန်တိုက်နွားယေ်၊ မရုန်းနိုင်ဘဲ၊ ဝပ်လဲနေတယ်။
အဖြေ ။ ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။
- လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
- နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
(၅) အမေး ။ ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မဝနိုင်ပါ။
အဖြေ ။ မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။
- ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
- နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
 
(၆) အမေး ။ ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
အဖြေ ။ မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။
- အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
- နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
(၇) အမေး ။ ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
အဖြေ ။ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။
- တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
- နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
(၈) အမေး ။ အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။
အဖြေ ။ ဆင်းရဲသူများ၊ ဝတ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။
- ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
- နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
(၉) အမေး ။ ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။
အဖြေ ။ မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။
-နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
- နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
(၁ဝ) အမေး ။ တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ။
အဖြေ ။ မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။
-တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
- နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
(၁၁) အမေး ။ မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အဖြေ ။ အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။ 
- အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
- နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၂) အမေး ။ သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
အဖြေ ။ ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။
- ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
(၁၃) အမေး ။ အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။
အဖြေ။ ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။
- ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
(၁၄) အမေး ။ အဆိပ်ပြင်းတောက်၊ြေ>ွမဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။
အဖြေ။ ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။
- ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
- နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၅) အမေး ။ အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
အဖြေ ။ ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ဝပ်တွားနေရမှာ။ 
- မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
- နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
(၁၆) အမေး ။ ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။
အဖြေ။သူယုတ်မာများ၊ထောင်လွှားနိုင်ငံ၊သူတော်ကောင်းပုန်းအောင်းတောမြိုင်ယံ။
- ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
- နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။
...............................
&
 မှ ဓမ္မဒါန ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ 
 
khunzayyarlin.mm@gmail.com

အရိမေတ္တယျ ဗုဒ္ဓ၀င်တရားတော် Mp3 (ဗုဒ္ဓဘာသာမှန်လျှင် ဓမ္မဒါနအဖြစ်ထပ်ဆင့်မျှဝေပေးပါ)

            ပဲခူးဆရာတော် ဦးတေဇောသာရ ဟောကြားတော်မူအပ်သော အရိမေတ္တယျ ဗုဒ္ဓ၀င်တရားတော်
ကို ဗုဒ္ဓဘာသာဝင်များအားလုံးအတွက် မျှဝေပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်ဒီတရားတော်ကိုကမ္ဘာ အ၀ှမ်း
မှာရှိကြတဲ့ မြန်မာဗုဒ္ဓဘာသာဝင်များအားလုံးကိုမျှဝေပေးချင်နေတာတော်တော်ကြာပါပြီဗျာ။ တရားတော်
ကို ကွန်နရှင်အခက်အခဲကြောင့် အပိုင်းလေးပိုင်းပိုင်းပြီး MP3 ဖြစ်တင်ပေးထားပါတယ်။ မြန်မာနိုင်ငံကွန်
နရှင်ဘယ်လောက်ကောင်းလိုက်သလည်းဆိုရင် 225 MB ကို လေးညလောက်တင်ရတယ်ဗျာ။
             ဒီတရားတော်ကို MRTV-4 မှာ လွင့်ချင်ပါတယ်ဗျာ။သာသနာရေးရုံးရဲ့ ခွင့်ပြုချက်လက်မှတ်လိုနေ
တဲ့အတွက် အခုထိလွင့်ခွင့်မရသေးပါဘူး။ သာသာနာရေးရုံး ကိုလည်းကျွန်တော်သွားဖို့ အချိန်မပေးနိုင်
တာကြောင့် ပါ။ သာသနာရေးရုံးမှ လက်မှတ်ရယူပေးနိုင်တဲ့ ဓမ္မမိတ်ဆွေများရှိခဲ့ရင်လည်း ကျွန်တော့်ကို
အကြောင်းကြားပေးပါနော်။ ဒီတရားတော်က အရမ်းကိုကောင်းလွန်းတဲ့အတွက် ကျွန်တော် ရုပ်သံ DVD ကို
ဓမ္မဒါနအဖြစ်မျှဝေနေတာ တော်တော်ကြာပါပြီ။ပြည်တွင်းမှ တရားနာလိုသူများရှိခဲ့ပါက ကျွန်တော့်ဆီကို
Gmail နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေဆက်သွယ်ပြီးရယူနိုင်ပါတယ်ဗျာ။ ဒီတရားတော်ကိုလည်း ဓမ္မဒါနအဖြစ်
လက်လှမ်းမှီသလောက်လေး လက်ဆင့်ကမ်းပြီး မျှဝေပေးစေချင်ပါတယ်ဗျာ။

ပြည့်ဖြိုး

Gmail   -   maytharngee@gmail.com
Phone :    0943115558

ဆရာပြည့်ဖြိုးထံမှ ဓမ္မဒါနအဖြစ်ထပ်ဆင့်မျှဝေပေးပါသည်။ 

khunzayyarlin.mm@gmail.com

Monday, November 5, 2012

နှလုံးသားအာဟာရ

နှလုံးသားအာဟာရ


နှလုံးသားရှိသူများ … သင့်နှလုံးသားကို အားဖြည့်ကြည့်ပါလား ?
  

( နှလုံးသားအာဟာရ )

လွတ်လပ်မူ ဆိုတာ
မိမိရဲ့လွတ်လပ်မူဟာ သူတစ်ပါးကို
အနှောက်အယှက် ဖြစ်စေရင်၊ ဖြစ်နေရင်
အဲဒီလွတ်လပ်မူမျိုးကို
“ လွတ်လပ်မူ ” လို့ မခေါ်နိုင်ဘူး။
( အရှင်ရေဝတ - ဖားအောက်တောရ)

စိတ်ကို အလိုလိုက်မလား
မြစ်ထဲက လှေက ရေစုန်မျောခွင့်ရရင်
အကျိုးရှိ သက်သာမူတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်နော်။
ဘဝ မြစ်ပင်လယ်ကြီးထဲက
လူ့ဘဝလှေငယ်လေးကို ရေစုန်မှာ မျှောလိုက်ရင်
အကျိုးမဲ့ ဆုတ်ယုတ်မူတွေ နစ်မွန်းမူတွေ ဖြစ်ဖို့ များသွားတယ်။
စိတ်ကို အလိုလိုက်တာ ရေစုန်မှာ မျောခွင့် ပေးတာပါ။
စိတ်ကို အလိုမလိုက်တာ ရေကို ဆန်တက်တာပါ။
တန်ဖိုးရှိရှိနေချင်ရင် ရေကို ဆန်တက်ရမယ်။
( အရှင်ရေဝတ - ဖားအောက်တောရ)
အချိန်မှီသိနိုင်ပါစေ

ကောင်းတာတွေ အများကြီးရလာရင် အဲဒီလူဟာ ဘာဖြစ်တော့မလဲ…
မာနကြီးတော့မယ်၊ စိတ်ကြီးဝင်တော့မယ်။
ငါမှန်တယ်၊ ငါသိတယ်၊ ငါတတ်တယ်၊ ငါလုပ်နိုင်တယ်၊
ငါမှားနေတောင်မှ မင်းတို့ပြောပိုင်ခွင့် မရှိဘူး။
ဒီလိုအထင်ရောက်သွားတယ်။
ဒီလိုဖြစ်လာရင် အဲဒီလူရဲ့ စိတ်ဓါတ်အရည်အချင်းတွေ၊
ကိုယ်ရည်ကိုယ်သွေးတွေ၊ အကျင့်စာရိတ္တတွေ
ခေါင်းဆောင်နိုင်မူ အရည်အချင်းတွေ အားလုံးပျက်စီးသွားတော့မယ်။
အဲဒီလူဟာ ကျဆုံးရတော့မယ်။ ဆရာတော်ဦးဇောတိက
( ဆရာတော် ဦးဇောတိက )
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့
ငါမကောင်းဘူး၊ ငါဆိုးတယ်၊ ငါအသုံးမကျဘူး၊ ငါညံ့တယ်၊ အဲဒီလိုတော့မတွေးပါနဲ့။
ငါမတတ်နိုင်တဲ့ ကိစ္စရှိတယ်။ ငါတတ်နိုင်တဲ့ ကိစ္စရှိတယ်။
ငါဆိုးတဲ့ အပိုင်းရှိသလို ငါကောင်းတဲ့ အပိုင်းလည်းရှိတယ် ဆိုတာလက်ခံပြီးထားပါ။
ကောင်းတာတွေကို တစ်နေ့တစ်ခြား ပိုပိုပြီးတော့လုပ်သွားပါ။
နေ့စဉ်နေ့တိုင်း ကိုယ့်စိတ်ကို ကိုယ်သိပြီး လက်ခံပြီး နေသွားမယ်ဆိုရင်
အလိုအလျောက်ပဲ ကောင်းတဲ့ဘက်က တိုးတက်လာတယ်။
ဆိုးတဲ့ဘက်ကလျော့သွားတယ်။
( ဆရာတော် ဦးဇောတိက )
လိုက်ခံစားမနေဖို့
သူများတွေ ချီးမွမ်းထောပနာပြုတာကို သာယာနေဖို့ မဟုတ်သလို
ကဲ့ရဲ့ ဝေဖန်နေတာကိုလည်း စိတ်ညစ်နေဖို့မလိုပါဘူး။
သူများစိတ်ထဲမှာ တဒင်္ဂ တခဏလေးဖြစ်တဲ့ အရာတွေကို
လိုက်ခံစားနေရင် တခဏမျှသာ လူဖြစ်ရတဲ့ဘဝ၊
တန်ဖိုးရှိတဲ့ အချိန်တွေကို သူတို့ကို ပေးလိုက်ရသလို ဖြစ်သွားမှာပေါ့။
( အရှင်ဇောတိက - ပတ္တမြားရိပ်သာ )
လိုချင်ပြီး မပေးချင်သူ
ကိုယ်ကပဲ မေတ္တာအပြည့်လိုချင်ပြီး
ကိုယ့်ဘက်ကတော့ မေတ္တာအပြည့် မပေးချင်ဘူးဆိုရင်တော့
အကြောင်းအကျိုး မညီညွတ်တဲ့အတွက်
ကိုယ်လိုချင်တဲ့ အချစ်ကံကောင်းခြင်းကို ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။
ကိုယ်လိုချင်တဲ့အရာကို ကိုယ့်ဘက်ကအရင်ပေးရမယ်ဆိုတဲ့
ကမ္မနိယာမကို လုံးဝမမေ့လိုက်ပါနဲ့။
( အရှင်ဆန္ဒာဓိက )
 အချစ်ကံကောင်းချင်ရင် အကောင်းကံချစ်ပါ
အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။
ကောင်းတဲ့ ကုသိုလ်အလုပ်တွေ လုပ်နေရုံနဲ့ အချစ်ကံ မကောင်းနိုင်သေးပါဘူး။
ဆိုးတဲ့ အကုသိုလ်အလုပ်တွေပါ ရှောင်ကြဉ်မှ အချစ်ကံကောင်းနိုင်ပါတယ်။
အချစ်ကံ မဆိုးချင်ရင် အဆိုးကံ မချစ်ကြပါနဲ့။
ဆိုးတဲ့ အကုသိုလ်အလုပ်တွေ လုံးဝမလုပ်ပါနဲ့။
အဆိုးကံတစ်ခုခုကြောင့် အားနည်းချက်တစ်ခုခုရှိသွားရင်
အဲဒီအားနည်းချက်ကြောင့်ပဲ အချစ်ကံ ဆိုးတတ်ပါတယ်။
( အရှင်ဆန္ဒာဓိက )
စိတ်ဆင်းရဲခြင်းနှင့် စိတ်ချမ်းသာခြင်း
စိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓါတ်ပျော့ညံ့တဲ့သူတွေ
ကန်ထရိုက်ဆွဲထားတတ်တဲ့ ခပ်ညံ့ညံ့ပစ္စည်းတစ်ခုပါ။
စိတ်ချမ်းသာခြင်းကတော့ စိတ်ဓါတ်ခိုင်မာသူတွေရဲ့
မူပိုင်ရတနာထုပ်ကြီးတစ်ခု ဖြစ်ပါတယ်။
( အရှင်ဆန္ဒာဓိက )
 ကြိုးစားကြည့်ပါ
အကျိုးကောင်းကောင်း လိုချင်တဲ့စိတ်နဲ့ မကြိုးစားပါနဲ့။
အကြောင်းကောင်းကောင်း လုပ်ချင်တဲ့စိတ်နဲ့ ကြိုးစားပါ။
( အရှင်ဆန္ဒာဓိက )
အကုသိုလ်ကံ မစုဆောင်းချင်ပါနဲ့
တကယ်တော့ ပြန်ပြင်လို့ မရတော့တဲ့ သူတစ်ပါးရဲ့အမှားတွေ၊
အပြစ်တွေကို ကိုယ်က ပါးစပ်အရသာခံပြီး ကဲ့ရဲ့ရှုတ်ချ
ပြစ်တင်ဝေဖန်နေရုံနဲ့ သူတစ်ပါးရဲ့အမှားတွေက
အမှန်ပြန်မဖြစ်မလာနိုင်တော့သလို
သူတစ်ပါးရဲ့အပြစ်တွေကလည်း အပြစ်မဲ့ ဖြစ်မသွားနိုင်ပါဘူး။
အပြစ်ပြောတဲ့ကိုယ်သာ အလကားနေရင်း
အကုသိုလ်ကံတွေ စုဆောင်းသိမ်းဆည်းပြီးသား ဖြစ်သွားပါတယ်။
( အရှင်ဆန္ဒဓိက )
ကိုယ်ကျင့်သီလ

ဥစ္စာစည်းစိမ် ဆင်းရဲလို့အပါယ်မကျ။
ကိုယ်ကျင့်သီလ ဆင်းရဲမှ အပါယ်ကျသည်။
ဥစ္စာစည်းစိမ်ဆင်းရဲလို့ မည်သည့်သူတော်ကောင်းမှ အထင်မသေး။
ကိုယ်ကျင့်သီလဆင်းရဲမှ အထင်သေးသည်။
ဒါနနှင့်ဘာဝနာသာရှိပြီး ကိုယ့်ကျင့်သီလ မရှိသူသည်
အင်္ကျီနှင့်ခေါင်းပေါင်းသာ ဆင်ထားပြီး ပုဆိုးမဝတ်ထားသူနှင့်တူ၏။
ထိုသူမျိုးသည် ဥစ္စာမည်မျှချမ်းသာစေ၊ ရာထူးမည်မျှကြီးပါစေ၊
ပညာရှိ သူတော်ကောင်းတို့ရှေ့၌ မျက်နှာငယ်ရသည်သာတည်း။

( အရှင်ဇဝန - မေတ္တာရှင် ရွှေပြည်သာ)
သူ့နေရာနဲ့ သူပေါ့

တစ်ယောက်နဲ့တစ်ယောက် တစ်ကယ်ချစ်ပြီဆိုရင်
တစ်ဖက်သားကို နေရာတကာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း
လိုက်ဖြစ်စေချင်လို့ ရပါ့မလား။ ~ မရဘူး။
နားလည်ခွင့်လွတ်သင့်တာကို ခွင့်လွတ်ရမယ်၊
လိုက်လျောသင့်တာကို လိုက်လျောရမယ်။
တစ်ကယ့်ကို ဆိုးပြစ်တွေ ဖြစ်မယ့်ဟာဆိုရင်တော့
မဖြစ်မနေ တားဆီးရမှာပေါ့။

( အရှင်ဆန္ဒာဓိက )
လွမ်းမနေနဲ့တော့ ... အပိုပါပဲ

ကံတရား လေသင့်လို့ ဘဝတစ်ခုမှာ ခေတ္တပေါင်းဆုံခွင့်ရကြတယ်။
ကံတရား လေပင့်လို့ တစ်ယောက်နှင့်တစ်ယောက် ဝေးလွင့်ခွဲခွါကြတယ်။
မြစ်ထဲမြောနေတဲ့ ဗေဒါပင်တွေလိုပဲ ကံကြုံရင်ပြန်ဆုံကြတယ်။
ကကံသေရင်ပြန်ဝေးကြမယ်။
ကံမတူပဲ ကြည်ဖြူချင်လို့ မရသလို
ကံမကောင်းဘဲ ပြန်ပေါင်းချင်နေလို့လည်း အလကားပါပဲ။
ကိုယ့်ကံနဲ့ ကိုယ့်ခရီး၊ သူ့ကံနဲ့ သူ့ခရီး
တွေ့ကြုံခွင့်ရှိတုန်း ကိုယ့်တာဝန်ကိုယ်ကျေ သူ့တာဝန်သူကျေ
ခွဲခွါကြုံခါမှတော့ လွမ်းမနေနဲ့တော့ ... အပိုပါပဲ။

( အရှင်ဆန္ဒာဓိက )

စိတ်လေးထားတတ်ပါစေ

ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်စိတ်ထားပေါ်မှာ မူတည်တယ်။
ကိုယ့်အသိညဏ်ပေါ်မှာ မူတည်တယ်။ ဒါကိုနားလည်ဖို့ လိုတယ်။
ငါ့ကို စိတ်ဆင်းရဲအောင် လုပ်နေတယ်ဆိုတဲ့ အတွေးမျိုး၊
အယူအဆမျိုးကို စွဲမထားပါနဲ့။
ငါ့ကို သူတို့က စိတ်ဆင်းရဲအောင် လုပ်နေတယ်လို့ သဘောထားရင်
သူမပြောင်းလဲသေးသမျှ ငါစိတ်မချမ်းသာနိုင်ဘူးလို့ ပြောသလို ဖြစ်နေတယ်။
သူ့ကို ငါ့အလိုကျဖြစ်အောင် ငါတတ်နိုင်မလား။ မတတ်နိုင်ဘူးနော်။
ပြင်ပအရာတွေ၊ လူတွေ၊ အခြေအနေတွေကို ကိုယ်လိုချင်သလို ပြောင်းပစ်လို့ မရဘူး။
ပတ်ဝန်းကျင်ကလူတွေ၊ အခြေအနေတွေ ဘယ်လိုရှိရှိ သဘောထားမှန်မှန်၊
အသိအမြင်မှန်မှန်၊ လမ်းမှန်မှန်နဲ့ ငါ့ဘဝကို အဆင်ပြေပြေ နေသွားမယ်ဆိုရင်
ငါစိတ်ချမ်းသာအောင် နေလို့ရတယ်လို့ ယုံကြည်မှဖြစ်မယ်။

( ဆရာတော်ဦးဇောတိက )



တွေးနည်းလေးတွေ မှန်ပါစေ
 

စိတ်ဆင်းရဲမှု အများဆုံး ဖြစ်နေကြရတာဟာ

လူအထင်ကြီးအောင် ဘာလုပ်ရမလဲဆိုတဲ့ အတွေးတွေကြောင့်။
ငါ့ကိုလူတွေ အထင်ကြီးသလား၊ အထင်သေးသလား။
ဘယ်လိုနေသွားရမလဲဆိုတာကို တွေးပါ။

 ကိုယ့်ကိုကိုယ် သူများနဲ့ နှိုင်းယှဉ်ပြီး သူကသာတယ်၊

ငါ့ဘဝကို ငါ့အတွက် အဓိပ္ပါယ်ရှိအောင် 
ငါကသာတယ်ဆိုတဲ့ အတွေးမျိုးတွေဟာ စိတ်ကိုပင်ပန်းစေတယ်။



( ဆရာတော်ဦးဇောတိက ) 

ကိုယ့်မှာပေါများနေရင် 
ဖြုန်းနိုင်တဲ့သူတွေ ဖြုန်းနေကြတာကို အတုယူမှားပြီးတော့ 
လိုက်တုရင် လူ့အသိုင်းအဝိုင်းပျက်စီးမယ်။
ဒါကြောင့် ကိုယ့်အသိုင်းအဝိုင်းကို ကောင်းစေချင်ရင် 
ကိုယ်က Good Example ဖြစ်အောင်နေတာကိုက
စည်းကမ်းရှိရှိနေပြရမယ်။ ခြိုးခြိုးခြံခြံနေပြရမယ်။
ကိုယ့်မှာပေါများနေရင် အများအတွက်
 အကျိုးရှိမယ့်နေရာမှာ သုံးတာ အကောင်းဆုံးဖြစ်တယ်။
လောကအကျိုးကို ဆောင်တာဖြစ်တယ်။ 
( ဆရာတော်ဦးဇောတိက )



ကိုယ်ပိုင်နဲ့အများဆိုင်

ပစ္စည်းဥစ္စာတွေ အများကြီးရှိပေမယ့်၊ ရာထူးအမြင့်ကြီး ရှိပေမယ့်၊

စိတ်အေးချမ်းမူမရှိရင် မအောင်မြင်တဲ့သူပဲ။
ပစ္စည်းဥစ္စာတို့ ရာထူးတို့ဆိုတာ Outer World ဖြစ်တယ်။
စိတ်အေးချမ်းမူ၊ အသိညဏ်ဆိုတာ Inner World ဖြစ်တယ်။
Outer World ဆိုတာအများနဲ့ဆိုင်တယ်။ ကိုယ်တစ်ဦးထဲပိုင်လို့ မဆိုနိုင်ဘူး။
အချိန်အရွေး သူများလက်ထဲ ရောက်သွားနိုင်တယ်။
အသိညဏ်နဲ့ စိတ်အေးချမ်းမူ Inner World ဟာ အများပိုင် အများဆိုင်မဟုတ်ဘူး။
ဘယ်သူမှ ယူသွားလို့မရဘူး။
ဒါကြောင့် ကိုယ့်ရဲ့ Inner World ပြည့်စုံဖို့ကို အလေးထားရမယ်။

( ဆရာတော်ဦးဇောတိက )

 



လက်ဆင့်ကမ်းလိုက်ပါ




တစ်ဦးသိတာကို နောက်တစ်ဦးကို မျှပေးလို့ 
လူ့လောကကြီး ဒီလိုတိုးတက်လာတာ။ 
နောက်တစ်ဦးကလည်း မျှပေးတဲ့အတိုင်း ရပ်မနေဘူး။ 
နောက်ထပ်ပိုသိအောင်ကြိုးစားတယ်။ 
ကြိုးစားပြီးတော့ နောက်တစ်ခါ သူ့နောက်ကလာတဲ့
ငယ်တဲ့သူတွေကို ပညာပေးခဲ့ပြန်တယ်။
အဲဒီလို လက်ဆင့်ကမ်းသွားတဲ့အတွက်ကြောင့် 
လောကကြီးက တိုးတက်လာတာ။ 



( ဆရာတော်ဦးဇောတိက )

..................................

https://www.facebook.com/heartarharya

နှလုံးသားအာဟာရ - Page မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More