** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။
This is default featured post 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Tuesday, July 24, 2012
***.. သင်ဟာ သန်းကြွယ်သူဌေးတစ်ရောက်ဆိုတာ သင်သိပါသလား..***
တစ်ခါတုန်းကပေါ့ဗျာ.....
အဖိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေလမ်းလျှောက်နေတဲ့ တစ်နေ့ မှာပေါ့။ အဖိုးအိုဟာ လမ်းမှာ လူငယ်တစ် ယောက် နဲ့ သွားဆုံမိတယ်။ လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။
အဖိုးအိုကမေးလိုက်တယ်။ ” ကလေး.. မင်းဘာဖြစ်နေတာလည်းကွ..ဟေ။ မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဖိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့ မေးလိုက်တယ်။ လူငယ်က အဖိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။
” ကျွန်တော်က မွဲလိုက်တာမှ ဖွတ်ကဘိုးအေ ခေါ်ရလောက်အောင်ကို မွဲတယ်ဗျာ။ နေစရာ အိမ်လည်းမရှိ။ သား မယားဆိုတာကတော့ ဝေလာဝေး။ အလုပ်ကလည်း မရှိတော့ ၀င်ငွေမရှိ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့။ ရေသောက် ဗိုက်မှောက် အိပ်ရတဲ့ နေ့တွေ မရေတွက်နိုင်ပါဘူးဗျာ။ အဖိုးရယ် ဒီလို လူတစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးအရယ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဗျာ ” ..လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
ဒီတော့ အဖိုးအိုက ပြုံးရယ်ပြီး..
” မင်းက.. တကယ့် ငတုံး အရူးဘဲကွ..ဟေ။ တကယ်ဆိုရင် မင်းဒီလိုမျိုး မညည်းညူ နေသင့်ဘူး။ ဘာလို့လည်း ဆိုတော့ မင်းဟာ အခုအချိန်ထိကို သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးလို့ဘဲကွ “
လူငယ်လည်း အဖိုးအို စကားကြောင့် တအံ့တသြ ဖြစ်မိပြီး ” ဘာလို့လည်းအဖိုးရ။ အဖိုးစကားကို ကျွန်တော် နားမလည်နိုင်ဘူး ” လို့ မေးလိုက်တယ်။
” အေးလေကွာ။ မင်းဟာ အခုအချိန်အထိ သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးတယ်..မင်းမသိဘူးလား ” လို့ အဖိုးအိုက ပဟေဠိ ဆန်ဆန် ထပ်ပြီး ပြန်ပြောတယ်။
ဒီတော့ လူငယ်က ” သန်းကြွယ် သူဌေး ဟုတ်လားအဖိုး..? ကျွန်တော့်လို ကောင် ငမွဲကို အဖိုးက လှောင်နေတာလားဗျာ ” လို့ ၀မ်းနည်းလေသံနဲ့ ပြောပြီး လှည့်ထွက်သွားမယ် လုပ်တော့ အဖိုးက ..
” မင်းကို ငါဘယ်လှောင်ရက်ပါ့မလည်းကွယ်။ ကဲ မင်းကို မေးခွန်း လေးငါးခြောက်ခွန်းလောက် မေးပါရစေ။ ဖြေကြည့်စမ်းပါဦး ” အဖိုးအိုက ဒီလိုလည်းပြောလိုက်ရော လူငယ်လည်း စိတ်ဝင်စားလာတာပေါ့။
” ဘယ်လို မေးခွန်းများလည်းခင်ဗျာ။ မေးပါ။ ကျွန်တော် အမှန်အတိုင်း ဖြေဆိုပါ့မယ် ”
အဖိုးက သူ့မေးခွန်းကို စတင်လိုက်တယ်။
” မင်းရဲ့ ပျိုရွယ်မှုကို ငါ ငွေနှစ်သိန်း ပေးပြီးဝယ်မယ်။ မင်းငါ့ထက် ပိုအိုသွားမှာပေါ့ကွာ။ မင်းရောင်းဖို့ သဘောတူမလား ” ။
လူငယ်က ခေါင်းခါပြီး ” သဘောမတူဘူး ” လို့ ပြောလိုက်တယ်။
” ငါ နောက်ထပ် ငွေနှစ်သိန်း တိုးပြီးတော့ပေးမယ်။ မင်းရဲ့ ကျန်းမာသန်စွမ်းမှုတွေကို ငါ့ကို ရောင်းစမ်းကွာ။ မင်း သဘောတူမလား ” ။
” ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူးအဖိုး “လို့ဆိုပြီး လူငယ်က ခါးခါးသီးသီး ငြင်းလိုက်တယ်။
” ဒါဆို နောက်ထပ် နှစ်သိန်းတိုးပေးမယ်ကွာ။ မင်းရဲ့ ချစ်ခင်ဖွယ်ရာ မျက်နှာလေးကို ငါဝယ်ယူမယ်။ မင်းကတော့ ငါ့လို အရည်တွန့် မျက်နှာနဲ့ အကြည့်ရတော့ ဆိုးသွားမှာပေါ့ ။ သဘောတူလိုက်စမ်းပါကွာ ” လို့ပြောတော့ လူငယ်က ” လုံးဝမဖြစ်နိုင်ဘူး၊ ကျွန်တော် လုံးဝ သဘော မတူနိုင်ဘူး အဖိုး ” လို့ ပြောလိုက်တယ်။
” အင်း.. နောက်ထပ်နှစ်သိန်း တိုးပေးမယ်။ မင်းခေါင်းထဲက လတ်ဆတ်တဲ့ မှတ်ဥာဏ်တွေ ငါဝယ်ယူမယ်။ ဘယ့်နှယ့်လဲ ” လို့ပြောတော့ လူငယ်လည်း တော်တော် ဒေါကန်သွားပြီး ” အဲ့ဒါ ငတုံးတွေကမှ ရောင်းမှာဗျ ” လို့ ပြောပြီး လှည့်ထွက် သွားမလို့လည်း လုပ်ရော အဖိုးအိုက…
” ခဏလေး နေပါဦးကွယ်။ နောက်ဆုံး မေးခွန်းလေးတော့ ဖြေသွားလိုက်ပါဦး။ မင်းကို နောက်ထပ် နှစ်သိန်း ထပ်တိုးပေးမယ်။ မင်း လူတွေကို သတ်ပေးရမယ်။ အိမ်တွေကို မီးတင်ရှို့ပေးရမယ်။ မင်းရဲ့ စိတ်ကောင်း နှလုံးကောင်းကို ၀ယ်ယူတဲ့ သဘောပေါ့။ ဘယ်နှယ့်လဲ.. မင်းသဘောတူလား” လို့ပြောပြန်တယ်။
ဒီတော့ လူငယ်က ” ဘုရား… ဘုရား.. ဒီလို အကုသိုလ် အလုပ်မျိုးကို မာန်နတ်ဘဲ လုပ်မှာဗျ ” လို့ ဒေါသတကြီး ပြန်ပြောလိုက်တယ်။ ဒီတော့မှ အဖိုးအိုက ပြုံးပြီး ရှင်းပြလေတယ်။
” အေးကွယ်.. ကောင်းပါပြီ။ စောစောက မင်းကို အဖိုး ဆယ်သိန်းဈေးပေးပြီး ၀ယ်ပေမယ့် မင်းကိုယ်ထဲက ဘယ်အရာမှ မရခဲ့ဘူးနော်။ မင်း စဉ်းစားကြည့်စမ်း။ မင်းဟာ တစ်သန်းကြွယ်ဝတဲ့ သူဌေးမဟုတ်ဘူးလား။ အဲ့ဒါမှ မဟုတ်ရင်ဘာလည်းကွဲ့။ ပြောစမ်းပါဦး။ “
အဖိုးအို စကားကြားပြီးချိန်မှာတော့ လူငယ်ဟာ ချက်ချင်းဘဲ အသိဥာဏ်ထဲ လင်းကနဲ ဖြစ်သွားတော့တယ်။ သွန်သင် ဆုံးမ လမ်းပြပေး တဲ့ အဖိုးအိုကို ကျေးဇူးတင်စကားပြောပြီး ချက်ခြင်းနေရာမှာဘဲ ထိုင်ကန်တော့ကာ နှုတ်ဆက်ထွက်ခွာ သွားတော့တယ်။
အဲ့ဒီ အချိန်ကစပြီး လူငယ်ဟာ ဘယ်တော့မှ သက်ပြင်းချ ညည်းတွားခြင်း မရှိတော့ဘဲ ပြုံးပြုံးရယ်ရယ်နဲ့ ဘ၀ တိုးတက်ဖို့အတွက် လမ်းကြောင်းအသစ်တွေ ရှာဖွေနေတဲ့သူ ဖြစ်လာတော့တယ်။
...........................အားလုံးကိုလေးစားလျှက်..................................
( ဖက်ဖူးခဲ့တာလေးကို သူငယ်ချင်းတို့ဖက်စေခြင်တာနဲ့ မျှဝေတင်ပြပေးလိုက်တာပါ...)
Saturday, July 21, 2012
သင်စိတ်မခိုင်လျှင်တော့ ဤပုံများကိုမကြည့် ပါလေနှင့် ....
The Largest Breasts In Europe
Thursday, July 12, 2012
ဥရောပမှ ရင်သားအကြီးဆုံးဆိုက်ဒ်ပိုင်ရှင်....
 သင်စိတ်မခိုင်လျှင်တော့ ဤပုံများကိုမကြည့် ပါလေနှင့် ....
အံ့ သြမင်သက်ပြီး နောက်ပြန်လဲကျသွားနိုင်ပါတယ်...
သူမနာမည်က ဘီရှိုင်း ဖြစ်ပြီး ဂျာမဏီနိုင်ငံမှဖြစ်ပါတယ်.... သူမဟာဥရောပမှာတော့ သဘာဝ
ကြိုက် လိင်မှုဆိုင်ရာ အနုပညာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေပါတယ်...
Don't look if you are susceptible.
 Her name is Beshine and she is from Germany and has the largest fake boobs in Europe. Her gigantic 32XXX’s help her make a living as an erotic/adult performer.
The Largest Breasts In Europe
 ဥရောပမှာတော့ ကျွန်မအကြီးဆုံးပါပဲ...
The Largest Breasts In Europe
 ကျွန်မအမြတ်နိုးဆုံးပိုင်ဆိုင်မှု....
The Largest Breasts In Europe
 ဒါကြီးတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတာ...
The Largest Breasts In Europe
 Like ကြမလားဟေ့ .... facebook မှာ...
The Largest Breasts In Europe
 မယုံယင်ပုံပြင်လို့ သာမှတ်ကြပေရော....
The Largest Breasts In Europe
 Big Bang သီအိုရီအရ ထိန်းချူပ်လို့ မရလောက်အောင်ပါပဲလား...
The Largest Breasts In Europe
 ရေအိတ်၊ သဲအိတ်တွေအကူအညီနဲ့ ...
The Largest Breasts In Europe
အင်း....ချစ်ကြောက်ရိုသေရမယ့် အထဲ အဲဒါကြီးလည်းပါလိမ့် မယ်....
The Largest Breasts In Europeစွမ်းလို့ ဆောင်နိုင်တာပေါ့ နော်...
The Largest Breasts In Europe
 ဒါကြောင့် စွမ်းဆောင်နိုင်သူလို့ ခေါ်ရမယ်...
The Largest Breasts In Europe
သူမအတွက်တော့ တစ်ကယ့် ကိုရင်လေးမိပါတယ်...
The Largest Breasts In Europe
 ဒါကြီးပြပြီးထမင်းစားနေရတာမို့ သေသေချာချာ ရိုရိုသေသေကိုင်တွယ်ရမယ်...
The Largest Breasts In Europe
 အစစ်အမှန်မဟုတ်ပါဘူးတဲ့ ... ၀တ်ထားတဲ့ အင်္ကျီကတော့ ဆိုနေတာပါပဲ....
ဦးပီတာရှိက ပြန်ပြီးရှယ်ပါသည်။
Gmail Account သစ်ဖွင့်ရန် မရဘဲ verification code တောင်းနေပါသလား
G mail အကောင့်အသစ်ဖွင့်နည်း...ဖုန်းမရှိပဲ verification code ထည့်နည်း တဲ့
သိပ်အထင်မကြီးနဲ့ သူများဆီက ခိုးလာတာ ဟီးဟီး
http://www.kyawkyawcho.co.cc  မှာ တင်ထားတာလေး တွေ့လို့  မျှပေးဖို့ စေတနာနဲ့ အကုန်သမ လာတာပါ ...  ဘယ်ကပဲ ရရ သုံးလို့အဆင်ပြေဖို့အဓိကပဲ မလား
အောက်မှာ မူရင်းအတိုင်း မပြင်မဆင် မပြောင်းမလဲဘဲ တင်လိုက်ပြီနော် ..
စမ်းကြည့်ကြပေါ့
 Gmail account ကို ဖွင့်ရာတွင် verification code တောင်းမြဲဖြစ်ပါတယ်။အဲ့ဒီcode တောင်းခြင်း
ကို code ထည့်ပြီး Gmail account create လုပ်လို့ရပါတယ်။
မှတ်ချက် - ထိုနည်းသည် MZ မှ ကို Iceforge22 ပြုလုပ်သည့် create new gmail နည်းလမ်းကိုမှိငြမ်းကာ ကျနော့်တွင်ရှိသော နည်းလမ်းဖြင့်ပေါင်းစပ်ကာ အကောင့်ဖွင့်ခြင်းဖြစ်ပါသည်။
လိုအပ်ချက်များ။
Ultrasulf
IE
Mozilla Firefox
ယခုအသုံးပြုနေသော Gmail account တစ်ခုသင့်တင့်သော connection ရှိရမည်။Ultrasulf ကို http://www.mediafire.com/?x6i3e5x59h6b4yx တွင်ရယူပါ။
 IE နဲ့ firefox ကတော့စာဖတ်သူများမှာရှိမှာပါ။
Gmail account တစ်ခုလဲစာဖတ်သူမှာရှိမှာပါ။
OK ကျနော်တို့စဖွင့်ကြစို့ ( account ကိုပြောတာ :P)
 အရင်ဆုံး Ultra Sulf ကိုဒေါင်းလုပ်ချပီး ဖွင့်လိုက်ပါ။ configure လုပ်ခြင်းကို ကိုညီနေမင်းဆိုဒ်တွင်ကြည့်ပါ။ http://www.nyinaymin.org/2009/10/ultrasurf_03.html ။ဖွင့်ပြီးလျှင် IE တွင် Ultra sulf home page တက်လာလျှင်သုံးလို့ရပါပြီ။အခု ultra sulf ဖြစ်ကျော်ထားသော IE browser တွင် https://www.google.com/voice ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။
ယခုသုံးနေသောGmail username နဲ့ password ထည့်ပီး sign in လုပ်ပါ။
ထို box ပေါ်လာမည်။ I want a new number ကိုနှိပ်ပါ။
Word,phrase,number တွင်ကိုယ်ကြိုက်နစ်သက်သော number သုံးလုံးကိုရိုက်ထည့်ပါ။ဘာဖြစ်ဖြစ်
၇ပါတယ်။ပြီးလျှင် Search numbers ကိုနှိပ်ပါ။
ထို number များပေါ်လာလိမ့်မည်။ကြိုက်နှစ်သက်သည့် number ကို ရွေးပြီး notdpad ဖြင့်မှတ်ထားပါ။
 သေချာမှတ်ထားပါ။အရေးကြီးပါသည်။ကျနော်ကတော့ (970) 765-8456 ကိုရွေးပြီးမှတ်ထား
ပါတယ်။ပြီးလျှင် continue ကိုနှိပ်ပါ။
Enter PIN box တွင်ကြိုက်နှစ်သက်တဲ့ number လေးလုံးကိုရိုက်ထည့်ရပါမယ်။ကျနော်ကတော့1234
 ပဲရိုက်ပါတယ်။ confirm PIN box တွင်လည်းအပေါ်က Enter PIN number နဲ့တူအောင်ရိုက်ရပါမယ်။
ကျနော်ကတော့ 1234 ပဲထည့်ပါတယ်။ I accept Google Voice’s Terms and Privacy Policky. တွင်အမှန်ခြစ်ပေးပါ။ပြီးရင် continue ကိုနှိပ်ပါ။
Box ပေါ်လာပါမယ်။ဒီနေရာမှ ခနရပ်ထားပါ။ဘာမှမနှိပ်ပါ။ firefox ကိုဖွင့်ပါ။https://mail.google.com/
 ကိုသွားပါ။ Create an account ကိုနှိပ်ပါ။ Create An Account page ပေါ်လာပါပြီ။ဖြည့်သင့်တာဖြည့်ပါ။ location တွင် United State ကိုပဲရွေးပါ။အရေးကြီးပါတယ်။ဖြည့်ပီးရင် I accept ကိုနှိပ်ပါ။
Box ပေါ်လာပါလိမ့်မယ်။ country တွင် United States ကိုရွေးပြီး Phone number ကိုခုနက Notepad 
 ဖြင့်မှတ်ထားတာကိုထည့်ပေးရပါမယ်။ကျနော်ကတော့ (970) 765-8456 ပါ။ပြီးရင် Send Verification 
code ကိုနှိပ်ပါ။ ပြီးရင် IE ကိုပြန်သွားပါ။ခုနကရပ်ခဲ့သော
တွင် Cancel ကိုနှိပ်လိုက်ပါ။ခနစောင့်ပါ။ voice mail တစ်စောင်ပို့ပေးပါလိမ့်မယ်။
Verification code ရလာပါပီ။ 861278 ဖြစ်သည်။ firefox ကိုသွားပြီး Verification code တွင်ရလာသော
 code number ကိုရိုက်ထည့်ပါ။
Verify ကိုနှိပ်လိုက်ပါ။ယခုအခါတွင် သင်သည်Gmail accountကိုအောင်မြင်စွာလုပ်ဆောင်နိုင်ပါပြီခင်ဗျာ။
မှတ်ချက်။ ။ နောက်တစ်ခါ Gmail account ကိုဖွင့်ချင်ပါက သုံးနေကျGmail နဲ့ www.google.com/voice ကိုဝင်ကာ ဘယ်ဘက်ရှိ UPGRADE ကိုနှိပ်ပီးထပ်လုပ်နိုင်ပါတယ်။
ကဲ အကုန်လုံး ကူးပြီး တင်ပေးလိုက်ပြီ။ အဆင်မပြေရင် လာပြောပါတဲ့ဗျာ ။ အဆင်မပြေတဲ့သူများ ဒီမှာ သွားပြောကြပေါ့နော်.. ရှာတွေ့သမျှ နည်းပညာလေးတွေ ထပ်ဆင် မျှဝေလိုက်ပါတယ် .. အားလုံး OK နိုင်ကြ ပါစေဗျာ...
ဆရာရွှေဥဒေါင်း ရတနာပုံ (၀တ္တုရှည်)
မူရင်း စာကောင်းပေမွန်..လမ်းညွှန်
ရတနာပုံ (၀တ္တုရှည်)
ရေးသူ - ရွှေဥဒေါင်း
ဘာသာပြန်တွေအရေးကောင်းလွန်းတဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ ပင်ကိုယ်
ရေး ၀တ္တုလေးကိုလည်း ခံစားကြည့်ကြပါရှင်။ ဒီဝတ္တုဟာ .. ၀တ္တုအဖြစ်
သာမက ထိုခေတ်ထိုအခါက ရုပ်ရှင်အဖြစ်နဲ့ပါ ထင်ရှားကျော်ကြားခဲ့ပါ
တယ်။ စာကောင်းပေမွန်တွေကို ဖတ်ရှုချင်သူများအတွက် လက်မလွှတ်
သင့်တဲ့ ဂန္တ၀င်စာအုပ်တစ်အုပ်ဖြစ်ပါတယ်၊
အားမရရင်တော့ စာအုပ်သာ ၀ယ်ဖက်ကြပါနော် .... :D
http://www.mediafire.com/view/?dbo3of45so5jgc6
Tuesday, July 10, 2012
မြန်မာလို PDF စာအုပ်များ ၁၀၄ အုပ်
လိုချင်တာသာ ယူကြပါကုန် ....
☺ About Deepfreeze (194.8KB) (Download mediafire)
☺ Acrobat (5.18MB) (Download mediafire)
☺ Adobe PhotoShop - Web Designer Guide (ပဒုမ္မာ) (12.88MB) (Download mediafire)
☺ Adobe Illustrator အဓိကသော့ချက်များ (မင်းသန့်အောင်) (11.09MB) (Download mediafire)
☺ Adobe Photoshop CS4 (11.22MB) (Download jumbofiles)
☺ Adobe Photoshop Design Tutorials By U Aung Naing Maw (12.64MB) (Download mediafire)
☺ Applied AutoCAD 2009 (5.59MB) (Download mediafire)
☺ Applying Computer Business Environment Vol-4 By U Zaw Lin (Youth) (15.35MB) (Download mediafire)
☺ bagantraining (2.52MB) (Download mediafire)
☺ bagantraining (2.52MB) (Download mediafire)
☺ Basic Joomla & Google Apps (1.49MB)
(Download mediafire)
(Download jumbofiles)
☺ Basic Android - Andriod application ရေးသားခြင်းဆိုင်ရာ အခြေခံသဘောတရားများ (12.03MB) (Download mediafire)
Basic%20DesignGraphic%20%20Artist (15.45MB) (Download mediafire)
☺ Beginners guide to networt (8.6MB) (Download jumbofiles)
☺ Basic DNN Hacking Tutorial By 3thic0kiddi3 (393.4KB) (Download jumbofiles)
☺ Blogger Handbook Inside (3.27MB) (Download jumbofiles)
☺ Building Free Websites By Myo Thura (13.33MB) (Download mediafire)
☺ C++ 1 (4.22MB) (Download mediafire)
☺ ++ 2 (3.65MB) (Download mediafire)
☺ ++ 3 (3.16MB) (Download mediafire)
☺ Comp Net Study Guidemm (187.78MB) (Download mediafire)
☺ computer repair (257.05KB) (Download mediafire)
☺ computer using (9.21MB) (Download mediafire)
☺ Corel Draw X4 (11.47MB) (Download mediafire)
☺ CPU (8.9MB) (Download mediafire)
☺ Cracker Guide 2.2 (14.7MB) (Download mediafire)
☺ Deep Freeze(411.97KB) (Download mediafire)
☺ Df7 UserGuide(822.47KB) (Download mediafire)
☺ Digital Video Editing (10.83MB) (Download mediafire)
☺ DOS = Command (8.3MB) (Download mediafire)
☺ Easy Computer Basic By Myo Thura (15.54MB) (Download mediafire)
☺ English For Computer User (586.49KB) (Download mediafire)
☺ everyday use internet (29.8MB) (Download mediafire)
☺ Excel 2010 (12.13MB) (Download mediafire)
☺ free website joomla (3.9MB) (Download mediafire)
☺ Graphic Guide (4.2MB) (Download jumbofiles) (Download mediafire)
☺ Gmail details (2.9MB) (Download mediafire)
☺ Guide Book For Using Internet (15.23MB) (Download mediafire)
☺ Hacking Google (9.46MB) (Download mediafire)
☺ Honest Hacking Guide Book(18.6MB) (Download mediafire)
☺ HOW TO CREATE NEW PARTITION ON EXTERNAL HDD (1.25MB) (Download mediafire)
☺ how to install window 7 (759.13KB) (Download mediafire)
☺ howtomakemyanmarblog (6.71MB) (Download mediafire)
☺ IISWebsiteHackingwithWindows7 (1.33MB) (Download mediafire) (Download jumbofiles) (Download jumbofiles)
☺ InstallGuidePatchandCrackFiles (224.14MB) (Download mediafire)
☺ Internet Connection Sharing (ICS) (329.25KB) (Download mediafire)
☺ Internet Website Directory & Using Facebook (7.97MB) (Download mediafire)
☺ Internet Address book (31.62MB) (Download mediafire)
☺ Internet Security 3 (13.04MB) (Download mediafire)
☺ Introduction to Windows Registry By Mg Htoo Chon(12.42MB) (Download mediafire)
☺ Java script (5.02MB) (Download mediafire)
☺ JAVA Developer Guide (5.25MB) (Download mediafire)
☺ JAVA Programming (34.35MB) (Download mediafire)
☺ kasperskyupdateoffline (1MB) (Download mediafire) (Download jumbofiles)
☺ Learning Premiere (12.11MB) (Download mediafire)
☺ LinusOSMyanmarVersion (4.2MB) (Download mediafire)
☺ Linux Myanmar Language (6.69MB) (Download mediafire)
☺ Loic DDOS using by 3thic0kiddi3 (134.86KB) (Download mediafire) (Download jumbofiles)
☺ MakingBlog 1 (2.14MB) (Download mediafire)
☺ MicrosoftExcelPPT (1.05MB) (Download mediafire)
☺ MicrosoftWord (1.08MB) (Download mediafire)
☺ myanmar font fort andorid (4.65MB) (Download mediafire)
☺ MySQL-lessons-in-Burmese (980.81KB) (Download mediafire)
☺ n Yout Networking Essential (69.53MB) (Download mediafire)
☺ NetworkHackingTesting(97.25KB) (Download mediafire) (Download jumbofiles) (Download jumbofiles)
☺ PC UPGRADE AND REPAIR SIMPLIFIED (16.3MB) (Download jumbofiles)
☺ PhotoShop 7.0 (13.13MB) (Download mediafire)
☺ Photoshop Knowledge (4.21MB) (Download mediafire)
☺ PHOTOSHOP NOTES(1) (9.75MB) (Download mediafire) (Download jumbofiles)
☺ Photoshop NOTE (2) (Download jumbofiles) (Download jumbofiles)
☺ Photoshop 1 (5.5MB) (Download mediafire)
☺ Photoshop CS Tools (9.71MB) (Download mediafire)
☺ Photoshopcs5 မြန်မာလို (11.62MB) (Download mediafire)
☺ Power Director Editing (11.72MB) (Download mediafire)
☺ Microsoft Access 2010 ကို Database program ဖြင့်ရေးဆွဲခြင်း (6.95MB) (Download mediafire)
☺ RandomAccessMemory (2.9MB) (Download jumbofiles)
☺ SECRET OF GMAIL (530.31KB) (Download mediafire)
☺ SQL Injection Attack by 3thic0kiddi3 (2.38MB) (Download mediafire) (Download jumbofiles)
☺ Social Engineering Hacking-signed (2.1MB) (Download jumbofiles) (Download jumbofiles)
☺ Teach YourSelf Java Programming (5.79MB) (Download mediafire)
☺ TEACH YOURSELF REPAIRING PC (U AYE KO KO) (16.95MB) (Download mediafire)
☺ The Hacker's Handbook (Myanmar) (3.5MB) (Download mediafire)
☺ Ulead VideoStudio 6 (663.99KB) (Download mediafire)
☺ Understanding PC Harware (15.06MB) (Download mediafire)
☺ Using Gmail By Dennis Lin (3.85MB) (Download mediafire)
☺ Using Internet & Email By Thura Aung (10.39MB) (Download mediafire)
☺ Using Laptop Windows 7 Professional Version By U Aung Myint (M.E., Australia) (10.12MB) (Download mediafire)
☺ iPhone 4G/3GS/3G အသုံးပြုနည်းလက်ဆွဲ (10.86MB) (Download mediafire) (Download mediafire)
☺ Using Twitter - Twitter အသုံးပြုနည်း (4.44MB) (Download mediafire)
☺ Using%20You%20Tube (7.83MB) (Download mediafire)
☺ Using Internet Email Update (10.39MB) (Download mediafire)
☺ VBNET (6.43MB) (Download mediafire)
☺ virtual basic 6 (5.64MB) (Download mediafire)
☺ VirtualBox User Manual (4.81MB) (Download mediafire)
☺ Visual C++ (33.18MB) (Download mediafire)
☺ web site creating (340.78KB) (Download mediafire)
☺ Wifi Hacking Basic By 3thic0kiddi3 (1.13KB) (Download mediafire)
☺ Wifi လွှင့်နည်းများ (85.2KB) (Download mediafire) (Download jumbofiles)
☺ Windows 7 by U Aung Lin (13.56MB) (Download mediafire)
☺ Windows XP & Windows 7 Installation User Guide (3.98MB) (Download mediafire)
☺ Wordpress Installation guide/ Wordpress ဖြင့် ကိုယ်ပိုင် website တစ်ခုတည်ဆောက်ခြင်း (1.09MB) (Download mediafire)
☺ အခြေခံ Photoshop သင်ခန်းစာများ (12.1MB) (Download jumbofiles)
☺ ကွန်ပျူတာမှာ 7.45 GB Free ရအောင်အသုံးပြုနည်း (214KB) (Download jumbofiles)
☺ ဖို+မ ဆက်ဆံရေး (ဒေါက်တာအောင်ခင်ဆင့်) (3.7MB) (Download jumbofiles) ဒါလေးကတော့ အပိုထည့်ပေးပါသည် :D
မူရင်း သီရိခေတ္တရာပြည်မြို့
နည်းပညာ စာအုပ်များပြန်လည်မျှဝေပေးပါသည်
ခိုးပြီး အန် မဟုတ်ပါဘူး ကူးယူတင်ပြ ပါသည်၊
Sunday, July 8, 2012
ကွန်ပြူတာမှ ပြသာနာပေါင်း သောင်းခြောက်ထောင် ဖြေရှင်းနည်း
ဆရာ ဦးဥာဏ်ကြွယ် ရဲ့ ကွန်ပြူတာမှာ အများဆုံးဖြစ်တတ်တဲ့ ပြဿနာများ ဖြေရှင်းနည်း စာအုပ်လေးပါ..။
တော်ရုံ တန်ရုံ ပြဿနာကို ကိုယ် ကိုယ်တိုင်ဖြေရှင်းတတ်အောင် လေ့လာသင့်တဲ့ စာအုပ်လေးဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်....:)
ဒီမှာ ယူပါ၊ ဒေါင်းတတ်မယ်ထင်ပါတယ်
မူရင်း ဆရာဝင်းကမ္ဘာကျော်
သင့်ရဲ့နဂိုစိတ်ရင်းဘယ်မှာလဲ?
လူ့လောကမှာပျော်ရွှင်စွာ နေထိုင်နေကြတာကို မကောင်းဆိုးဝါးကြီး က တွေ့တော့
“ဒီလူတွေကို နှောက်ယှက်ရမယ်။ ငါ့ ကိုမေ့နေကြတယ်။
” ဆိုပြီး မကောင်းဆိုးဝါးလေးတစ်ကောင် ကို လယ်သမားတစ်ဦးကို အကျင့် ပျက်အောင်
် လုပ်ခိုင်းစေခဲ့တယ်။ လယ်သမားက လယ်ထွန်ရင်း သူ့ဘ၀ကို သူကျေနပ်တင်းတိမ်နေခဲ့တယ်။
မကောင်းဆိုးဝါးလေးက ထိုလယ်မြေတွေကို မာကြောအောင် ပြုလုပ်လိုက်တယ်။ လယ်သမားက ခဏနားလိုက် ဆက်ထွန်လိုက်နဲ့ ငြီးငြူသံ ကို လုံးဝမကြားရဘဲ လက်လျော့ပြီး ပြန်သွားရှာတယ်။
မကောင်းဆိုးဝါးနောက်တစ်ယောက်ကို စေလွတ်ပြန်တယ်။
ဒါနဲ့ သူဟာ လယ်သမားရဲ့ ပိုင်ဆိုင်မှုတွေကိုယူမယ်ဆိုပြီး ထမင်းဘူး နဲ့ ရေဘူး ကိုယူလိုက်တယ်။
ထမင်းဘူးတွေမရှိတော့တာကို သိတော့ “အော် ငါ့ထက်ဆာနေမဲ့သူ ရှိနေရင် ယူပါစေ။
သူဗိုက်ဝရင် ရပါပြီ” ဆိုပြီး လယ်ကိုဆက်ထွန်နေရှာတယ်။ ဒုတိယ မကောင်းဆိုးဝါးလည်း မအောင်မြင်ပဲ ပြန်လာရရှာတယ်။
တတိယ မကောင်းဆိုးဝါးကို စေလွတ်ပြန်တယ်။
သူကတော့ လယ်သမားနဲ့ အရင်မိတ်ဆွေဖွဲ့တယ်။ ပြီးတော့ မကောင်းဆိုးဝါးက အနာဂါတ်ကို မြင်နိုင်တော့ လာမည့်နှစ်မှာ ဆန်ရေစပါးရှားပါးမှုဖြစ်မယ် ဆိုပြီး လယ်သမားကိုပြောတယ်။
ဒီလိုနဲ့ မကောင်းဆိုးဝါး ဆီက အကြံတွေရယူပြီး လယ်သမားဟာ မကြာမီမှာပဲ သူဌေးဖြစ်လာခဲ့တယ်။
လယ်ယာတွေမထွန်ယက်တော့ဘဲ မကောင်းဆိုးဝါးရဲ့ အကြံပေးတဲ့အတိုင်း အရက်အရောင်းတွေ စတင်လုပ်ကိုင်လာပြီး ချမ်းသာထက်ချမ်းသာလာခဲ့တယ်။
မကောင်းဆိုးဝါးဟာ သူ လယ်သမားရဲ့အကျင့်တွေကို ပျက်အောင်လုပ်နိုင်ပြီ ဖြစ်ကြောင်း မကောင်းဆိုးဝါးကြီး ထံလာပြောတယ်။ တနေ့ သူဌေးရဲ့စားပွဲမှာ အခြွေအရံတွေ အရသာရှိတဲ့စားစရာတွေနဲ့ အကောင်းစားအရက် တွေနဲ့ပေါ့။
အဲဒီချိန်မှာ အစေခံတစ်ဦးက အရက်ပုလင်းယူလာနေချိန်မှာ ခြေချော်ပြီး သူဌေးပေါ်ကို မောက်ကျကုန်တယ်။
သူဌေးက “ဒါလေးလုပ်တာကို ဂရုကိုမစိုက်ဘူး” ဆိုတော့ အစေခံက “သူဌေး၊ မနက်ကတည်းကလုပ်နေတာ အရမ်းကို ဗိုက်ဆာလှပါပြီ” လို့ပြောတော
့ “အလုပ်မပြီးရင် မစားရဘူး” လို့အော်လိုက်ပါတယ်။
မကောင်းဆိုးဝါးကြီးက “မင်းဘယ်လို အကျင်ပျက်အောင်လုပ်နိုင်တာလဲ” လို့ဆိုတော့ “လယ်သမားလိုတာထက်ပိုပေးလိုက်တာပါ၊ ဒီလိုနဲ့ သူ့ရဲ့လောဘစိတ်တွေတက်လာတာပါ” လို့ပြန်ပြောလိုက်တယ်။
စိတ်ပြောင်းရင် ပုံစံပြောင်းမယ်။ပုံစံပြောင်းရင် အကျင့်ပြောင်းမယ်။
အကျင့်ပြောင်းရင် စရိုက်ပြောင်းမယ်။စရိုက်ပြောင်းရင် ဘ၀ပြောင်းမယ်။
ဒီပုံပြင်လေးကတော့ ပန်းတိုင်ရောက်အောင် ကြိုးပမ်းနေတဲ့ အားလုံးကို
ကိုယ့်ရဲ့ တကယ့် ပန်းတိုင်က ဘာလဲဆိုတဲ့ နဂိုစိတ်ရင်း ကို မမေ့ပစ်ဖို့ပါပဲ။
(ဘဝမမေ့ကြပါနဲ့..ဘာပဲဖြစ်ဖြစ်ပေါ့)
ကိုယ်ချင်းစာတရားတွေနဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေ
Friday, July 6, 2012
ပန်းစကား
ပန်းတစ်ပွင့်က ပြောပါတယ်....
အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။
မူရင်း နိုင်းနိုင်းစနေ
မိတ်ဆွေစစ်
အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး
ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။
အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။
မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်
အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ
တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ
အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။
မေးတိုင်းလည်းမဖြေသင့်ဘူး။
စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို
သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ
အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ
မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်
မိတ်ဆွေစစ်တွေ ရနိုင်အောင်တော့ ကိုယ်ကခံ နိုင်ရည်ရှိအောင် ကြိုးစားရတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ
အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ
ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း
ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့
ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့
မသင့်တော့ဘူး။
လူတော်တစ်ယောက်ဖြစ်နိုင်ဖို့ ဆိုတာ....
လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ
ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း
ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင်
လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။
မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု
ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။
မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ်လိုအပ်ပါတယ်။
ကိုယ့်ကို နားလည်ပေးမယ့်၊ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ့်၊ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ့်၊
ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။
မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။
မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။
အမှားလည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့
ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး.....
Monday, July 2, 2012
ကျွန်တော်ကြိုက်သော မင်းခိုက်စိုးစံရဲ့ စကားစုများ
ဘ၀ဆိုတာ တံခါးတစ်ချပ်ဖြစ်တယ်။
တံခါးရဲ့ သစ်သားဘောင်ပေါ်မှာ ထွင်းထုထားတဲ့
ကနုတ်ပန်းအပြောက်အမွှန်းတွေ .... ပန်းပုရုပ်လုံးတွေကို
ငေးကြည့်ရင်မောနေစရာမလို....
အဓိပါယ်ဖွင့်ဆို တွေးတော တွေဝေနေစရာမလို ...
ငါတို့ လုပ်ရမယ့် အလုပ်က အဲ့ဒီတံခါးကို တွန်းဖွင့်ဝင်သွားဖို့ပဲ ဖြစ်တယ်။
-------------------------
ကျောက်တုံးတစ်တုံးပေါ်ကို
အလင်းရောင် ကျနေတယ်...
အလင်းကွယ်သွားတဲ့အခါ ကျောက်တုံးပေါ်
မှောင်ရိပ်ကျလာမှာပဲပေါ့။
ကျောက်တုံးဟာ ဘာမှ မပြောင်းလဲ သွားပါဘူး။
လူတွေဟာ ကိုယ်ကောင်းမှုပြုတဲ့အခါ
တစ်လောကလုံး သိစေချင်ကြတယ် ....
ကိုယ်က မကောင်းမှုပြုတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ကြပြန်ဘူး။
လောကကတော့ ဘာမှ မပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်း-အမှောင်ကို ထွန်းညှိနေတာပါ။
-------------------------------------
ရေခွက်တစ်ခွက်ရဲ့ အသုံးဝင်မှု့ဟာ ဘယ်အပေါ်မှာ မူတည်သလဲ?
ရေခွက်ရဲ့ အပြင်နံရံပေါ်မှာ ချယ်သထားတဲ့ ကနုတ်ပန်းတွေ အပေါ်မှာလား၊ အနားကွပ်ထားတဲ့
ရွှေစင် ရွှေသားတွေရဲ့ တန်ဖိုးပေါ်မှာလား?
ဒါမှမဟုတ် ---
ရေခွက်ရဲ့ အတွင်းက လစ်ဟာနေတဲ့ ဗလာဟင်းလင်း ဖြစ်မှုအပေါ်မှာလား?
---------------------------------------
ပင်လယ်ဟာ တောင်တန်းတွေရဲ့ ဘုရင်ဖြစ်တယ်
ဘာဖြစ်လို့လဲဆိုတော့ ....
ပင်လယ်ဟာ အားလုံးရဲ့ အောက်နိမ့်တဲ့ နေရာမှာ ရှိနေလို့ပဲ။
ပင်လယ်ဟာ သူ့ကို တောင်တန်းတွေက
ဝါးမျိုသွားမှာကို စိုးရိမ်ပူပန်မနေဘူး။
တောင်တန်းတွေကသာ သူတို့ကို ပင်လယ်က
ဖုံးလွှမ်းသွားမှာ ကြောက်ရွံ့စိုးလန့်နေရရဲ့။
မသိမ်းပိုက်သူဟာ
အရာရာကို အောင်နိုင်တယ်။
-----------------------------------------
အသုံးမကျတဲ့ ပေါင်းမြက်ပင်တွေနဲ့
အသုံးဝင်ဆုံးလို့ ဆိုကြတဲ့ ကျွန်းပင်တွေဟာ
မြေကြီးတစ်ခုတည်းရဲ့ အပေါ်မှာပဲ
ပေါက်ကြတယ်။
တစ်စုံတစ်ရာကို ရယူပိုင်ဆိုင်ရတာပဲဖြစ်ဖြစ်
တစ်စုံတစ်ရာကို စွန့်လွှတ်ပေးဆပ်ရတာပဲ ဖြစ်ဖြစ်ပေါ့
ထားလိုက်ပါလေ..... ထားလိုက်ပါ။
နှလုံးသားဆိုတဲ့ အရာဟာ
မြေကြီးဆန်တယ်။
------------------------------------
နိဂုံးဆိုသည်မှာ သုည၏ ဟိုဘက်အလွန်တွင်သာ
ရှိသင့်သော အရာဖြစ်ပါသည်။
အရာရာကို နိဂုံးချုပ်လိုက်ပြီဆိုလျှင် အကြွင်းအဖြစ် သုညပင်လျှင်
မကျန်ရစ်ခဲ့သင့်ပါ။
အဘယ်ကြောင့်ဆိုသော် ...... သုညသည် အရာရာတိုင်း၏
မိခင်ဖြစ်၏။ သုညရှိနေလျှင် ဘ၀သည် အသစ်တစ်ဖန်
ပြန်စနေရဦးမည်။ လောကသည် သံသရာအသစ်
ပြန်လည်ရဦးမည်။
တကယ်တမ်း ...
သင့်ကိုယ်သင် နိဂုံးချုပ်လိုလျှင်
သင့်စိတ်သည် သုည၏
ဟိုဘက်အလွန်အထိ ရောက်အောင် သွားသင့်ပါသည်။
---------------------------
စောင်းတို့ကို ရိုက်ချိုးလော့....
ထိုအခါ လူတို့သည် ကိုယ်ပိုင်နားရွက်ဖြင့်
ပကတိအတိုင်း နားထောင်တတ်လိမ့်မည်။
အမြင်စူးရှသူတို့၏ မျက်လုံးကို ပိတ်လော့...
ထိုအခါ လူတို့သည် ကိုယ့်မျက်စိဖြင့် ကိုယ်
ကြည့်မြင်တတ်ကြလိမ့်မည်။
မြင့်မြတ်ခြင်းကို ဖျက်သိမ်းလော့...
ထိုအခါ မြင့်မြတ်ကြလိမ့်မည်။
------------------------------------------
ဂျပန် ပုံပြင်တစ်ပုဒ်ထဲတွင် လေပြည်တိုးဝှေ့သောကြောင့်
လှုပ်ယမ်းနေသည့် အလံငယ်ကလေးကို ကြည့်ပြီး လူနှစ်ယောက်
ငြင်းခုံကြသည်။
တစ်ယောက်က ----
အလံက အ၀တ်စကလေး လှုပ်ယမ်းနေတယ်...
အခြားတစ်ယောက်က
အ၀တ်စက လှုပ်တာ မဟုတ်ဘူး၊ လေက လှုပ်နေတာဟုပြော၏။
ထို့နောက် ---- သူတို့နှစ်ယောက်ကို အဆုံးဖြတ်ပေးရန်
တရားဓမ္မအားထုတ်နေသည့် ဆရာဖြစ်သူကို သွားမေးကြသည်။
ဆရာက ...
အ၀တ်က လှုပ်တာလဲ မဟုတ်ဘူး၊ လေက လှုပ်တာလဲ မဟုတ်ဘူး၊
စိတ်က လှုပ်နေတာဟု ဖြေလိုက်သည်။
-----------------------------------
နေထွက်သည်ဟု မည်သူ ပြောပါသနည်း၊ နေ၀င်သည်ဟု မည်သူ ပြောပါသနည်း။
နေဆိုသည်မှာ ၀င်လည်း မ၀င်၊ ထွက်လည်း မထွက်ဘဲ သူ့ဘာသာသူ တည်ငြိမ်နေသည့်
အရာတစ်ခုသာဖြစ်သည်။ တကယ်တမ်း ရွေ့လျား ပြောင်းလဲသွားသည်မှာ
ကမ္ဘာမြေကြီးနှင့် လူသားတို့သာ ဖြစ်၏။
သို့သော် မည်သူကမှ ကမ္ဘာမြေကြီး ရှေ့သို့ လည်သွားသည်ဟုလည်းကောင်း၊ ကမ္ဘ္ဘာမြေကြီး
အနောက်သို့ လည်သွားသည်ဟု လည်းကောင်း မပြောဆိုကြပါ။
လူတိုင်း နားလည်စေချင်လျှင် နေ၀င်ပြီ၊ နေထွက်ပြီ ဟူသော ဝေါဟာရ အမှားအယွင်းကိုပင်
သုံးနှုန်းပြောဆိုရမည်ဖြစ်၏။
မှားနေလျှင် ပြင်လိုက်ပေါ့ဟု
ခပ်လွယ်လွယ် အကြံမပေးစေလိုပါ။
တကယ်တမ်း မှားပြီဆိုလျှင် ပြင်ဖို့ ခက်ပါသည်။
-----------------
အထူးသဖြင့် လူတွေအများကြီး တစ်ညီတစ်ညွတ်တည်း မှားကြသော
အမှားများသည် ပြင်ဖို့ရန် အခက်ဆုံးဖြစ်၏။
---------------------------
လူတော်တော်များများသည် ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေသူကို
အားကျတတ်ကြ၏။ သို့ရာတွင် သူတို့ကိုယ်တိုင်ကမူ မြေပြင်ပေါ်တွင်
မည်သို့ လမ်းလျှောက်ရမည်ကို မသိကြချေ။
---------------------
လူ့ဘ၀ကို အပြည့်အ၀ရရှိသော လူသားစစ်စစ်တစ်ယောက်ဖြစ်ရန်
အချက်နှစ်ချက် လိုအပ်ပါသည်။ ယင်းအချက်များမှာ-
အန္တရာယ် (Danger)နှင့်
လှုပ်ရှားကစားခြင်း (Playing) တို့ဖြစ်၏။
-----------------------------
မိမိ၏ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအတွင်း ပေါင်းသင်းဆက်ဆံရာတွင် ဖြစ်စေ
ခေတ်၏ အပြောင်းအလဲနှင့်ဖြစ်စေ၊ အတွေးအခေါ် အယူအဆများ ပြုပြင်
ပြောင်းလဲနေသော အသွင်ဖြင့် ဖြစ်စေ .... လိုက်လျောညီထွေဖြစ်အောင်
မနေတတ်ပဲ မိမိတစ်ဦးတည်း ဘေးထွက်နေသူများ၊ အံဝင်ခွင်ကျ မဖြစ်သူများ၊
အထိုက်အလျောက်လိုက်ပြီး ကိုယ့်စိတ်ကိုယ် သက်သာအောင်
မနေတတ်ဘဲ ပင်ပန်းဆင်းရဲ နေသူများ၏ စိတ်သဘောကို MALADJUSTMENT ဟုခေါ်သည်။
(ဆစ်ဂမန်ဖရွိုက်)
----------------------------
မျှော်လင့်ချက်တွေကလည်း
သစ်ရွက်တွေလိုပဲ
တဖွဲဖွဲ ကြွေကျတတ်လွန်းတော့
ငါ့မှာ
လေပြည်လေညင်းတိုက်ခတ်မှာကိုတောင်
ကြောက်ရွံ့နေရတယ်။
----------------------
ခွင့်လွှတ်ခြင်းကို မမွေးမြူတတ်သူတစ်ဦး၏
နှလုံးအိမ်သည် ပူလောင်မှု အဆိပ်သစ်သီးများကိုသာ
သိမ်းပိုက်ထားရသော
ဥယျာဉ်ဖြစ်လေသည်။
------------------------------
စစ်မှန်ပြီး တန်ဖိုးရှိသော အကူအညီဆိုသည်မှာ
တမင်ဖိတ်ခေါ်ရသော သံတမန်တစ်ပါးမဟုတ်ပါ။
အချိန်တန်လျှင် သူ့အလိုလို ရိုးသားစွာ
ပွင့်လာတတ်သည့် အဖြူရောင် ပန်းတစ်ပွင့်သာ ဖြစ်ပါသည်။
---------------------------------
တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီတောအုပ်ထဲမှာ ...
ငါဘာလို့ ဆက်ရှင်သန်မှာလဲ...
လူတွေရဲ့ မျက်ဝန်းကိုက
ညှီစော်နံတယ်။
---------------------
လေတိုက်ရင် ယိမ်းပြဖို့အတွက်
မြက်ပင်တွေပေါက်နေကြတာ မဟုတ်ဘူး
ကိုယ့်ရူးသွပ်မှုနဲ့ကိုယ် စိမ်းလန်း
ငါ့အပေါ် ....
ဘယ်သူမှ လမ်းဖြတ်မလျှောက်ရင်တော်ပြီ......
-------------------------
ငါးတွေဟာ သွေးအေးတယ်
နှုတ်ဆိတ်တယ်
တိုးတိတ်လွန်းတော့လည်း
အဲ့ဒီရင်ခုန်သံကို
မင်း .... ကြားရလိမ့်မယ် မဟုတ်ပေဘူး။
မူရင်းလိမ့်စာ ဇရပ်
Sunday, July 1, 2012
တစ်သက် ဖတ်ပါ.... ဖတ်ပါ တစ်သက်
လူ့ဘဝတစ်သက်က စာဖတ်တဲ့တစ်သက်ဖြစ်တယ်။ ငယ်ငယ်လေးကစ ကြီးပြင်းအိုမင်းသေဆုံးတဲ့အထိ စာဖတ်ကြတယ်။
အသိပညာက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။ နှစ်လရာသီက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။ သဘာဝက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။ လူ့ဘဝဆိုတာ ပိုကြီးပိုထူတဲ့စာအုပ်ဖြစ်တယ်။ ဒီစာအုပ်ကို နေ့တိုင်းဖတ်ရတယ်။ တစ်သက်လုံးလည်း ဖတ်လုံးမကုန်နိုင်ခဲ့ဘူး။ ရောက်ရာအရပ်မှာ ဖတ်တယ်။ အသက်သေဆုံးတဲ့အထိ ဖတ်တယ်။ မဖတ်တာပဲရှိမယ်... ဖတ်စရာမရှိဘူးဆိုတာတော့ မရှိဘူး။ ဖတ်လို့မကုန်နိုင်သလို ဖတ်ပြီး အသိပညာမရဘူးဆိုတာလည်း မရှိဘူး။ ဖတ်လေ အကျိုးရှိလေဖြစ်တယ်။
လမ်းပေါ်လျှောက်ရင်း လမ်းကိုဖတ်တယ်။ ဖြောင့်မတ်တဲ့လမ်း၊ ကွေးကောက်တဲ့လမ်း၊ ကျဉ်းတဲ့လမ်း၊ ကျယ်တဲ့လမ်း... ကမ္ဘာပေါ်မှာ လမ်းတွေအများကြီး လမ်းတိုင်းလမ်းတိုင်းက တစ်ခုနဲ့တစ်ခု မတူကြဘူး။ ဒါကြောင်း လမ်းဆိုတဲ့"စာအုပ်"က "အထူ"ဆုံးဖြစ်တယ်။ ဘယ်သူမှ နောက်ဆုံးစာမျက်နှာထိ ပြီးအောင် မဖတ်နိုင်ခဲ့ကြဘူး။ ခရီးတစ်ထောက်ရောက်ရင်း တစ်ခါဖတ်တယ်။ ဖတ်ရင်း အသိတွေရကြတယ်။ အသိတွေရရင်း တွေးတောကြတယ်။ တွေးတောကြရင်း လျှောက်လှမ်းကြတယ်။ မြင့်မြင့်ကိုလှမ်းတယ်။ ဝေးဝေးကို လှမ်းတယ်။ ခြေရာဆိုတာ သင်လျှောက်ခဲ့တဲ့ လမ်းပေါ်မှာ တစ်ကြောင်းပြီးတစ်ကြောင်း၊ တစ်ပုဒ်ပြီးတစ်ပုဒ် အတိမ်၊ အနက်လိုက်ပြီး သင်ဖော်ညွှန်းခဲ့တဲ့အရာတွေဖြစ်တယ်။
မနက်ပိုင်းမှာ မနက်အာရုဏ်ကိုဖတ်တယ်။ တစ်နေ့ တစ်ကျော့ဖတ်တယ်။ တစ်သက်မှာ ဘယ်နှကျော့ဖတ်နိုင်မလဲ? လေပြင်းမုန်တိုင်းကျချိန်နဲ့တိုးရင်း တစ်သက်မှာ ဘယ်နှကျော့ဖတ်ပြီးနိုင်မလဲ? မနက်နေရောင်က သင့်ဖတ်တာကို စောင့်နေလိမ့်မယ် မဟုတ်ဘူး။ သူ့ကို သင်မဖတ်ရင် သူ့အချိန်နဲ့သူ သူထွက်ခွာသွားမှာပဲ။ သင့်ကို သူက မလွဲချော်ဘူး။ သင်ကသာ သူ့ကို လွဲချော်မှာဖြစ်တယ်။ သူ့ကို သင်ဘယ်လောက်ဖတ်နိုင်မလဲ ဒါကတော့ သင့်ရဲ့ဇွဲလုံ့လနဲ့ ပျင်းရိခြင်းပေါ်မှာပဲ မူတည်လိမ့်မယ်။ အာရုဏ်နေရောင်ကို မဖတ်ရင် သင့်ရင်ထဲမှာ ဘယ်ကလာတဲ့ အလင်းရှိတော့မလဲ?
ရေတွေ့ရင် ရေကိုဖတ်တယ်။ ရေဆိုတာ လောကမှာ အပျော့ပျောင်း၊ အနူးညံ့ဆုံးအရာဖြစ်သလို ရေတစက်ချင်းနဲ့လည်း မာကြောတဲ့ ကျောက်ဆောင်ကို ဖောက်နိုင်ပါတယ်။ ရေအကြောင်း သင်ကောင်းကောင်းဖတ်တတ်သွားရင် ဘယ်အရာကို သင်မဖောက်ထွင်းပဲရှိနိုင်ဦးမလဲ?
မိုးထဲမှာ မိုးကိုဖတ်တယ်။ မိုးဟာ ကောင်းကင်ကစေလွှတ်လိုက်တဲ့ စေတမန်ဖြစ်တယ်။ မိုးသေးလေးဖြစ်ဖြစ်၊ မိုးကြီးကြီးဖြစ်ဖြစ်၊ မိုးထန်ထန်ဖြစ်ဖြစ်၊ မိုးဖွဲဖွဲဖြစ်ဖြစ် ရာစုပေါင်းများစွာ ရွာသွန်းခဲ့သလို ရွာသွန်းဆဲဖြစ်တယ်။ အဲဒီအပြင် မသန့်ရှင်းတဲ့လောကကြီးကိုလည်း သန့်စင်ပေးနေခဲ့ပါတယ်။ မိုးကိုတစ်ခေါက်ဖတ်တိုင်း သင့်စိတ်နှလုံး တစ်ခါသန့်ရှင်းရပါတယ်၊ စွတ်စိုရပါတယ်။
နှင်းထဲမှာ နှင်းကိုဖတ်တယ်။ နှင်းဟာ ဘာစာလုံးမှရေးမထားတဲ့ အဖြူရောင်စာရွက်ကြီးဖြစ်တယ်။ အဖြူရောင်စာရွက်ပေါ်က စာလုံးတွေကိုမြင်တတ်မှ နှင်းရဲ့အတွင်းစိတ်ကို သင်ဖတ်နိုင်မှာဖြစ်တယ်။ အဲဒီစာလုံးတွေကို နှင်းပဲသိတယ်၊ ဖတ်တဲ့လူပဲသိတယ်။ တချို့က နှင်းရဲ့မရေရာတာကို ဖတ်ကြတယ်။ တချို့က ညိုမှိုင်းတာကို ဖတ်ကြတယ်။ တချို့က နွေဦးအကြိုကိုဖတ်ကြတယ်။ သင်ကော.. ဘာဖတ်ခဲ့သလဲ?
လေထဲမှာ လေကိုဖတ်တယ်။ လေဆိုတာ တောတောင်တွေရဲ့ဝင်သက်ထွက်သက်ဖြစ်တယ်။ ပင်လယ်ရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ လွင်ပြင်လယ်ကွင်းတွေရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ မြို့ရွာတွေရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ သဘာဝရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ ကမ္ဘာမြေကြီးရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ လေကို သင်ဖတ်တတ်ရင် ကမ္ဘာမြေကြီးရဲ့သွေးကြောကို သင်ကိုင်တွယ်မိလိမ့်မယ်။ ဒီလိုမှ သင့်ဝင်သက်ထွက်သက်က ကမ္ဘာမြေကြီးရဲ့ ဝင်သက်ထွက်သက်နဲ့ တသားတည်းကျမှာဖြစ်တယ်။
နေ့လယ်မှာ တိမ်ကိုဖတ်တယ်။ တိမ်ဆိုတာ အဆုံးမရှိတဲ့ ကောင်းကင်ပြင်ပေါ်မှာ ဖြူတစ်လှည့်၊ မည်းတစ်ခါ၊ နီနီညိုညိုနဲ့ ဟိုတစ ဒီတစ ချိတ်ဆွဲထားတဲ့ စာရွက်တွေဖြစ်တယ်။ အဲဒီစာရွက်တွေမှာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေ အပြည့်ရေးထားတယ်။ နေပူ၊ မိုးရွာ၊ နှင်းမြူစိုင်းမှိုင်းတာတွေ မနက်အာရုဏ်၊ အလင်းအမှောင် အားလုံးကို တိမ်တွေထဲမှာ ရေးထားတယ်။ တိမ်တွေကိုမဖတ်ရင် ကောင်းကင်ရဲ့လျှို့ဝှက်ချက်ကို သင်ဘယ်လိုသိနိုင်မလဲ?
ညမှာ ညကိုဖတ်တယ်။ ညက နက်ရှိုင်းကျယ်ပြောတယ်။ အစမရှိ အဆုံးမရှိ။ ညမရှိရင် ကြယ်ရဲ့အလင်းကို မြင်ရမှာမဟုတ်ဘူး။ ညမရှိရင် လမရှိဘူး။ ညမရှိရင် မီးရောင်တွေမရှိဘူး။ ညကို ဖတ်တတ်မှ ညအမှောင်လွန်မြောက်ပြီးရင် လှပတဲ့အလင်းရောင်ကို တွေ့ရမယ်ဆိုတာကို နားလည်တယ်။
မီးအိမ်အောက်မှာ မီးကိုဖတ်တယ်။ မီးအိမ်ထဲမှာ တခြားကမ္ဘာတစ်ခုရှိတယ်။ မီးအိမ်က ကြည်လင်ထင်ရှားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။ ညအမှောင်ကို အလင်းပေးတဲ့စာအုပ်ဖြစ်တယ်။ ဒီစာအုပ်ထဲမှာ စာတစ်ကြောင်းပဲ ရေးထားတယ်။ အဲဒီစာကြောင်းက ကိုယ့်ကိုယ်ကိုလောင်မြိုက်မှ အလင်းထွက်တယ်ဆိုတဲ့စာဖြစ်တယ်။ မီးကိုဖတ်တတ်ပြီးရင် သင့်ဘဝဟာလဲ မီးအိမ်တစ်လုံးလို ဘယ်တော့မှ အမှောင်မဖုံးတော့ဘူး။
တောင်ပေါ်တက်ရင် တောင်ကိုဖတ်တယ်။ တောင်ဆိုတာ အရပ်မျက်နှာအဖက်ဖက်က မြင်ရတဲ့ စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။ ခြေထောက်နဲ့ တောင်ကိုတက်တယ်ဆိုတာထက် ခြေထောက်နဲ့ တောင်ကို"ဖတ်"တယ်ဆိုရင် ပိုမှန်လိမ့်မယ်။ တောင်တွေက ကိုယ့်ဆီမလာရင် ကိုယ်က တောင်ဆီကိုသွားရတယ်။ တောင်က ကိုယ့်ကိုမဖတ်ရင် ကိုယ်ကတောင်ကို ဖတ်ရတယ်။ တောင်တက်တယ်ဆိုတာ တောင်ကိုဖတ်တာပါပဲ။ တောင်အကြောင်းနားလည်မှ ဘယ်လောက်မြင့် ဘယ်လောက်အန္တရာယ်ရှိတဲ့တောင်ပဲဖြစ်ဖြစ် သင့်ခြေဖဝါးအောက် ရောက်ရတာပါပဲ။
တောင်ပေါ်ရောက်ရင် ကျောက်တုံးကိုဖတ်တယ်။ ကျောက်တုံးဆိုတာ မြင့်မားတဲ့တောင်တန်းတွေထဲက စာလုံးလေးတွေဖြစ်တယ်။ ပုံစံအမျိုးမျိုး၊ အရွယ်သဏ္ဍာန်အမျိုးမျိုးရှိကြတယ်။ ကျောက်တုံးတစ်တုံးတိုင်းမှာ အနှစ်နှစ်အလလ သိုဝှက်ထားတဲ့ လျှို့ဝှက်ချက်တွေရှိတယ်။ ကျောက်တုံးသေးသေးလေးတွေ စုပြုံပြီးမှ မြင့်မားတဲ့ တောင်တန်းကြီးဖြစ်လာတာကြောင့် တောင်ကိုဖတ်တတ်ဖို့ ကျောက်တုံးကို အရင်ဖတ်တတ်မှရတယ်။
တောအုပ်ထဲမှာ သစ်ပင်ကိုဖတ်တယ်။ သစ်ပင်ဆိုတာ လောကကြီးထဲမှာ ပျံ့နှံ့မှုအရှိဆုံး အစိမ်းရောင်စာအုပ်ကြီးဖြစ်တယ်။ သစ်ပင်ကိုဖတ်တတ်မှ ရှင်သန်ကြီးထွားခြင်းကို သိတယ်။ သစ်ပင်ရဲ့ ဖွံ့ဖြိုးတာ၊ ညှိုးခြောက်တာကို ဖတ်တတ်မှ အတက်အကျကိုသိတယ်။ ရွက်နု၊ ရွက်ဝါတွေကို ဖတ်တတ်မှ အသီးရဲ့ချိုမြိန်၊ ခါးသီးခြင်းကိုသိတယ်။
ပန်းရှေ့ရောက်ရင် ပန်းကိုဖတ်တယ်။ ပန်းဆိုတာ လောကမှာ ပထမဦးဆုံးထွက်ပေါ်ခဲ့တဲ့ ရောင်စုံစာအုပ်ဖြစ်တယ်။ ပန်းတွေကိုများများဖတ်မှ ပန်းပွင့်တဲ့အသံကိုကြားတယ်။ ပန်းရဲ့လျှို့ဝှက်ချက်ကို သိတယ်။ ပန်းဝတ်မှုံတွေကို ဖမ်းဆုပ်မိတယ်။ ဖတ်တဲ့လူသာမရှိရင် ပန်းတွေဘာကြောင့် ပွင့်လိမ့်မလဲ?
ပင်လယ်ဘေးမှာ ပင်လယ်ကိုဖတ်တယ်။ ပင်လယ်ရဲ့ကျယ်ပြောခြင်းက စိတ်သဘောထားကိုပြတယ်။ ကြီးမားခြင်းက သေးငယ်တာတွေ ပေါင်းစုထားတာကိုပြတယ်။ များပြားခြင်းက နည်းတာတွေ စုစည်းထားတာကိုပြတယ်။ နက်ရှိုင်းခြင်းက တိမ်တာတွေ စုစည်းထားတာဖြစ်တယ်။ ကျယ်ပြောတာက ကျဉ်းတာတွေကို ပေါင်းစုထားတာဖြစ်တယ်။ အဆုံးအစမရှိခြင်းက အဆုံးအစရှိတာတွေကို စုပ်ယူထားတာဖြစ်တယ်။ ပင်လယ်ကို ဖတ်တတ်မှ ပင်လယ်လိုကျယ်ပြော၊ နက်ရှိုင်းမှာဖြစ်တယ်။
မြစ်ကိုဖြတ်ရင် မြစ်ကိုဖတ်တယ်။ မြစ်ကို ထဲထဲဝင်ဝင်ဖတ်မိရင် မြစ်ထဲမှာ စီးဆင်းနေတာတွေဟာ ရေမဟုတ်ဘဲ "စက္ကန့်"တွေဆိုတာကို သင်သိလိမ့်မယ်။ ရေတစ်ခွက်ဟာ မိနစ်၊ ရေတစ်ပုန်းဟာ နာရီ၊ ရေတစ်စည်ဟာ နေ့ရက်တွေဆိုရင် ရှည်လျားတဲ့မြစ်မှာ "ပေါက်ထွက်"တဲ့အပေါက်မရှိပါစေနဲ့။ အပေါက်ရှိခဲ့ရင် သင့်ရဲ့တစ်သက်က အလဟဿ စီးဆင်းကုန်ခမ်းသွားလိမ့်မယ်။
လူတွေထဲမှာ မျက်နှာကိုဖတ်တယ်။ လူကိုတွေ့တာနဲ့ မျက်နှာကိုအရင်တွေ့တယ်။ သူ့အကျင့်စရိုက်သိချင်ရင် သူ့မျက်နှာကို အရင်ကြည့်တယ်။ မျက်နှာက ပြတင်းပေါက်တစ်ချပ်ဖြစ်တယ်။ မျက်နှာပေါ်မှာ ခံစားချက်တွေကို ရေးသားထားတယ်။ လူ့စိတ်ပြောင်းရင် မျက်နှာအရင်ပြောင်းတယ်။ အတွင်းစိတ်ကို မျက်နှာပေါ် ထင်ဟပ်မြင်နိုင်တယ်။ မျက်နှာဆိုတာ အဆုံးမရှိတဲ့ ပြဇာတ်တစ်ပုဒ်ဖြစ်တယ်။ ဘယ်တော့မှ ပြလို့ဆုံးမှာမဟုတ်သလို ဘယ်တော့မှလည်း ဖတ်လို့မကုန်နိုင်ဘူး။ ဒါပေမဲ့ မျက်နှာချိုတိုင်း စိတ်မလှဘူး။ စိတ်လှတိုင်းလည်း မျက်နှာမချိုဘူး။ မျက်နှာကိုဖတ်တယ်ဆိုပေမယ့် အတွင်းစိတ်ကို အကုန်မသိနိုင်ဘူး။ ဒါကြောင့် မျက်နှာမဖတ်ခင် စိတ်ကို အရင်ဖတ်သင့်တယ်။
ကောင်းကင်အောက်မှာ ကောင်းကင်ကိုဖတ်တယ်။ သင် ကြီးမားမြင့်မြတ်တယ်ဆိုတာ ကမ္ဘာမြေကြီးပေါ်မှာ သဲတစ်ပွင့်သာသာလေးပါ။ ကမ္ဘာမြေကြီး ကြီးမားကျယ်ပြန့်တယ်ဆိုတာ နေထဲမှာ သဲတစ်ပွင့်သာသာလေးပါ။ နေကြီးတယ်ဆိုတာ နဂါးငွေ့တန်းထဲမှာ သဲတစ်ပွင့်သာသာလေးပါ။ နဂါးငွေ့တန်း ကြီးမားတယ်ဆိုတာ စကြဝဠာထဲမှာ သဲတစ်ပွင့်သာသာလေးပါ။ ကဲ..... သင်ဘယ်လောက် ကြီးမားမြင့်မြတ်လိမ့်မလဲ?
လပြည့်ညမှာ လကိုဖတ်တယ်။ ကမ္ဘာပေါ်မှာ လတစ်စင်းထဲရှိပါတယ်။ လကို လူတိုင်းဖတ်ကြတယ်။ ကိုယ့်စိတ်ထဲရှိတဲ့ လကိုဖတ်မိနိုင်ဖို့ လူတိုင်းမျှော်လင့်ကြတယ်။ လူတိုင်း လကိုဖတ်ကြတယ်။ ကိုယ့်အမြင်၊ ကိုယ့်အတွေးနဲ့ဖတ်ကြတယ်။ လုံးဝန်းတဲ့လကို ဖတ်တယ်။ တခြမ်းပဲ့လကို ဖတ်တယ်။ တိမ်ကွယ်လကို ဖတ်တယ်။ ညိုမှိုင်းတဲ့လကို ဖတ်တယ်။ ဝင်းပတဲ့လကို ဖတ်တယ်။ ကွေးကောက်တဲ့လကို ဖတ်တယ်။ သင်ဖတ်တဲ့ လက ဘယ်လိုလမျိုးလဲ?
ဆည်းဆာမှာ ဆည်းဆာနေကိုဖတ်တယ်။ ဆည်းဆာနေကို တစ်ဖက်ကကြည့်ရင်း ညအမှောင်ကို ချည်းကပ်တော့မယ့်အချိန်ဖြစ်တယ်။ တခြားတစ်ဖက်ကကြည့်ရင်း နေထွက်မယ့်အချိန်ဖြစ်တယ်။ ဆည်းဆာနေရဲ့ခမ်းညားခြင်းကို ဆည်းဆာအချိန်မှာပဲ တွေ့နိုင်တယ်။
အတက်ကိုဖတ်မှ အကျကိုသိတယ်။ အဝေးကိုဖတ်မှ အနီးကိုသိတယ်။ ရှေ့ကိုဖတ်မှ နောက်ကိုသိတယ်။ အမြန်ကိုဖတ်မှ အနှေးကိုသိတယ်။ အလေးကိုဖတ်မှ အပေါ့ကိုသိတယ်။ အကျယ်ကိုဖတ်မှ အကျဉ်းကိုသိတယ်။ အနက်ကိုဖတ်မှ အတိမ်ကိုသိတယ်။ အထူကိုဖတ်မှ အပါးကိုသိတယ်။ လှုပ်ရှားတာကိုဖတ်မှ ဆိတ်ငြိမ်တာကိုသိတယ်။ အစစ်အမှန်ကိုဖတ်မှ အတုအယောင်ကိုသိတယ်။ ရုပ်ဆိုးတာကိုဖတ်မှ ချောလှတာကိုသိတယ်။ ကျရှုံးတာကိုဖတ်မှ အောင်နိုင်တာကိုသိတယ်။ မတရားတာကိုဖတ်မှ အမှန်တရားကိုသိတယ်။ ပင်ပန်းတာကိုဖတ်မှ ချိုမြိန်တာကိုသိတယ်။ လာဘ်ပေးလာဘ်ယူကိုဖတ်မှ သန့်ရှင်းတာကိုသိတယ်။ အမှောင်ကိုဖတ်မှ အလင်းကိုသိတယ်။ ညကိုဖတ်မှ မနက်ကိုသိတယ်။ ဆောင်းကိုဖတ်မှ နွေကိုသိတယ်။
ပင်လယ်ကိုဖတ်မှ ကြီးမြတ်တာကိုသိတယ်။ ပေါင်းစုတာကိုဖတ်မှ အင်အားကိုသိတယ်။ သိမ်းစွန်ရဲတွေကိုဖတ်မှ အမြင့်ပျံသန်းတာကိုသိတယ်။ မီးကိုဖတ်မှ နွေးထွေးတာကိုသိတယ်။ ဖျားနာတာကိုဖတ်မှ ကျန်းမာတာကိုသိတယ်။ အိုမင်းတာကိုဖတ်မှ နုပျိုတာကိုသိတယ်။ သေဆုံးတာကိုဖတ်မှ ရှင်သန်တာကိုသိတယ်။ မြက်ပင်လေးတွေကိုဖတ်မှ ကြံ့ခိုင်တာကိုသိတယ်။ အချိန်ကိုဖတ်မှ အမြန်နှုန်းကိုသိတယ်။ ဆုံးရှုံးခြင်းကိုဖတ်မှ တန်ဖိုးထားတာကိုသိတယ်။ တိုင်းပြည်ကိုဖတ်မှ တိုးတက်တာ၊ ဆုတ်ယုတ်တာကိုသိတယ်။ သဘာဝကိုဖတ်မှ ခွန်အားကိုသိတယ်။
အချစ်ကိုဖတ်ရင် အချစ်ကိုသိတယ်။ အမုန်းကိုဖတ်ရင် အမုန်းကိုသိတယ်။ လူကိုဖတ်ရင် လူကိုသိတယ်။ လူတစ်ယောက်ကိုဖတ်တာဟာ စာအုပ်တစ်အုပ်ကို ဖတ်သလိုပါပဲ။ မြင့်မြတ်ခြင်း၊ သစ္စာရှိခြင်းကို ဖတ်တယ်ဆိုတာ စန္ဒားရားပေါ် လမ်းလျှောက်သလိုပဲ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ နားဝင်ချိုတဲ့ သံစဉ်တွေထွက်တယ်။ မုသားကိုဖတ်တယ်၊ သစ္စာမဲ့တာကိုဖတ်တယ်ဆိုတာ ရွံ့နွံထဲလမ်းလျှောက်သလိုပဲ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ ညစ်ပတ်တဲ့ ရွံ့နွံတွေကပ်ညှိလို့နေတယ်။
ယောက်ျားကို ဖတ်တယ်။ မိန်းမကို ဖတ်တယ်။ မိန်းမဆိုတာ ယောက်ျားတွေအတွက် လောကမှာ အကြိမ်တစ်ရာဖတ်လည်း ဖတ်မငြီးတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။ ယောက်ျားဆိုတာ မိန်းမတွေအတွက် လောကမှာ အကြိမ်တစ်ရာဖတ်လည်း ဖတ်မငြီးတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။ ဒီစာအုပ်ကို နားလည်အောင်ဖတ်နိုင်ခဲ့ရင် သင့်တစ်သက်က ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံနေလိမ့်မယ်။
အထီးကျန်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ အထီးမကျန်တော့ဘူး။
စိတ်ညစ်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ စိတ်မညစ်တော့ဘူး။
နာကျင်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ မနာကျင်တော့ဘူး။
ချစ်ခြင်းမေတ္တာကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ ချစ်ခြင်းမေတ္တာ တိုးပွားတယ်။
ပျော်ရွှင်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ ပိုပျော်ရွှင်တယ်။
မည်းမှောင်တဲ့မိုးနေ့ထဲကနေ နေထွက်တဲ့နေ့ကိုဖတ်တယ်။
ညအမှောင်ထဲကနေ တိမ်ပြာပြာနေ့ကိုဖတ်တယ်။
ရွက်ဝါထဲကနေ ရွက်နုဝေတာကိုဖတ်တယ်။
သဲကန္တာရထဲကနေ အိုအေစစ်ကိုဖတ်တယ်။
ဒီလိုဆိုရင် သာမန်လူမရနိုင်တဲ့ စိတ်ကူးအကြံကို သင်ရလိမ့်မယ်။
လောကမှာ ဖတ်ရအခက်ခဲဆုံးက လူ့စိတ်ဖြစ်တယ်။ နောက်ပြီး သင်ကိုယ်တိုင်ဖြစ်တယ်။ တခြားလူကို သင်နားလည်အောင် ဖတ်နိုင်ပေမယ့် သင့်ကိုယ်သင် နားလည်အောင်ဖတ်ဖို့ခက်တယ်။ လူ့ဘဝရဲ့တစ်သက်ဟာ စာဖတ်တဲ့တစ်သက်ဖြစ်ရုံမက ကိုယ့်ကိုယ်ကိုဖတ်တာလည်းဖြစ်တယ်။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုနားလည်အောင် ဖတ်ပြီး ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးတတ်ဖို့ဖြစ်တယ်။ ကိုယ့်ကိုယ်ကို အရင်မြတ်နိုးတတ်မှ တခြားလူကိုမြတ်နိုး၊ တန်ဖိုးထားတတ်မှာဖြစ်တယ်။
မူရင်း--- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20101206/163998.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။ (၂ဝ၁၂ ဖေဖော်ဝါရီလ ဖက်ရှင်အင်းမေ့ခ်ျမဂ္ဂဇင်း ပါပြီး)
ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ
လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကို အကြိမ်ကြိမ်ရင်ဆိုင်ရဲပြီး ကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။
ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ ---
(၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။
(i) အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့တိုင်း သူတို့တွေ့တာက အခွင့်အရေးထဲက အခက်အခဲကိုဖြစ်တယ်။ ဒါကြောင့် "No"လို့ ချက်ချင်းငြင်းဆန်တတ်သူဖြစ်တယ်။
(ii) ဆင်းရဲသားစိတ်ထားလိုမျိုး နေ့ချင်းညချင်း ကြီးပွားချင်ကြတယ်။ အလွယ်တကူရတဲ့အရာက တန်ဖိုးရှိတဲ့အရာ မဟုတ်သလို တန်ဖိုးရှိတဲ့အရာကလည်း အလွယ်တကူ မရနိုင်ပါဘူး။ အိုလံပစ် ရွှေတံဆိပ်ပိုင်ရှင်တွေက တစ်ညတည်း ကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။ ပြိုင်ပွဲမှာ သူတို့ရလိုက်တာက သူတို့ ကြိုးစားလေ့ကျင့်ခဲ့တဲ့ရလဒ်အတွက် လူတွေရဲ့အသိအမှတ်ပြုခြင်းတွေဖြစ်တယ်။ "Rich Dad Business School" စာအုပ်မှာပြောထားတာက အမေရိကန်မှာ ထီတစ်သန်းဆုပေါက်သူတွေဟာ ၅နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ဘဝက အရင်ကလောက်မပျော်ဘူးလို့ ဆိုပါတယ်။
(၂)
(i) ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို မပြောင်းလဲချင်ဘူး
လူလူချင်းကြားမှာ အခြေခံကွဲပြားနေတဲ့အချက်က တွေးခေါ်နည်း ခြားနားတာပဲဖြစ်တယ်။ အောင်မြင်သူဖြစ်ချင်ရင် ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို အရင်ဆုံးပြောင်းလဲပစ်ရပါတယ်။ အဲဒီနောက် အပြုအမူကို ပြောင်းလဲရပါတယ်။ ကိစ္စရပ်တစ်ခုဆောင်ရွက်တဲ့အခါ အခက်အခဲ၊ အဟန့်အတားကို သင်အရင်ဆုံးမြင်ရင် အောင်မြင်ဖို့မပြောနဲ့ မဖြစ်မြောက်တဲ့အံ့သြဖွယ်ဖြစ်ရပ်မှာ သင်ပါသွားနိုင်ပါတယ်။ ဟောင်းတဲ့အတွေးအခေါ်ဆိုတာ... ချက်ချင်းတုန့်ပြန်တာ၊ ဆင်းရဲသားစိတ်ထားရှိတာ၊ အခက်အခဲကြုံတာနဲ့ နောက်ဆုတ်ပြေးတာ.. တွေဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့အားက အရာအားလုံးကို သိမ်းသွင်းနိုင်ပါတယ်။ ဟောင်းအိုတဲ့ အပြုအမူဆိုတာ... အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ အကျိုးမရှိတဲ့ ဖြေဖျော်မှုတွေဖြစ်တယ်။
(ii) တခြားလူကို နောက်ကွယ်မှာ ဝေဖန်ကဲ့ရဲ့ဖို့ နှစ်သက်တယ်
ဒီလိုလူမျိုးကို ကျွန်တော်တို့က အားယားနေသူလို့ တင်စားတယ်။ ဒီလိုစကားကို ကျွန်တော်တို့ နားမထောင်ဘူး၊ မပြောဘူး၊ လက်ဆင့်မကမ်းဘူး။ သူပြောဆိုဝေဖန်တဲ့စကားက မှန်တယ်ထားဦး သူ့အတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။
(iii) အမြဲညည်းတွားတယ်၊ အပြုအမူ အပျက်ဆောင်တယ်
လူဆိုတာ ခြောက်ပစ်မကင်းပါဘူး။ ချွတ်ယွင်းချက် အနည်းအများတော့ ရှိတတ်ကြပါတယ်။ ကိုယ်ကျင့်တရားအတွက် မဟုတ်ဘူးဆိုရင် သူတို့ကို ကောင်းတဲ့အကြည့်နဲ့ ကျွန်တော်တို့ကြည့်ဖို့လိုတယ်။ ပိုအရေးကြီးတာက သူ့ရဲ့ချွတ်ယွင်းချက်ကိုပဲ အမြဲမကြည့်ဖို့ဖြစ်တယ်။ သူ့အပေါ် ကိုယ်မကျေမနပ် ညည်းတွားတာတွေက မှန်ခဲ့တယ်ဆိုရင်တောင် မညည်းတွားသင့်ပါဘူး။ အကြောင်းက အောင်မြင်သူတွေဟာ ဘယ်တော့မှ မညည်းတွားလို့ပါပဲ။
(iv) သင်ယူဖို့ ငြင်းဆန်တယ်၊ ပြောင်းလဲဖို့ ငြင်းဆန်တယ်
၂၁ရာစုလောကရဲ့ထူးခြားတဲ့ လဏ္ခာသုံးရပ်က ... အမြန်နှုန်း၊ ပြောင်းလဲနှုန်းနဲ့ ကပ်ဆိုက်နှုန်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့နည်းဗျူဟာက သင်ယူမယ်၊ လုပ်ငန်းတွေကို ပြောင်းလဲမယ်။ သင်မြန်မြန်သင်ယူနိုင်လေ သင့်ပြောင်းလဲနှုန်းကမြန်လေ အောင်မြင်မှုကို သင်မြန်မြန်ဆန်ဆန်ရလေဖြစ်တယ်။ ဒီကနေ့ခေတ် လုပ်ငန်းတွေရဲ့ယှဉ်ပြိုင်မှုက လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုဖြစ်တယ်။ လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုက သင်ယူခြင်းရဲ့ယှဉ်ပြိုင်မှုပဲဖြစ်တယ်။ ကပ်ဆိုက်တဲ့ကာလမှာ သင်အောင်မြင်ချင်ရင် များများသင်ယူရတယ်။ ဒီကနေ့ခေတ် သူဌေးသူကြွယ်တချို့ဟာ နောင် ၅နှစ် ၁ဝနှစ်မှာ ၈ဝ%က ဒေဝါရီခံရကိန်းရှိတယ်။ တကယ်လို့ သင်အောင်မြင်ချင်ရင် သင်ယူရမယ်၊ ပြောင်းလဲရမယ်။
(၃) ခံစားချက်ရဲ့ အထိန်းအချုပ်ကို အမြဲခံတယ်
လောကမှာဖြစ်ပျက်နေတဲ့ ကြေကွဲဝမ်းနည်းခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေဟာ လူလူချင်းကြား သည်းမခံနိုင်လို့ ဖြစ်လာတာတွေဖြစ်တယ်။ တချို့က မဖြစ်စလောက်ကိစ္စနဲ့ ဒေါသအကြီးအကျယ်ထွက်တယ်။ ပေါက်ကွဲတယ်။ အောင်မြင်ခြင်းအတွက် အခြေခံအချက်(၅)ချက်မှာ တစ်အချက်က ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်။ နှစ်အချက်က ကျန်းမာရေး။ သုံးအချက်က အချိန်စီမံခန့်ခွဲရေး၊ လေးအချက်က ဘဏ္ဍာစီမံခန့်ခွဲရေး၊ ငါးအချက်က ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးတွေဖြစ်တယ်။
ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးရဲ့ အဓိကအချက်(၃)ချက်က
(i) တခြားသူကို ကိုယ့်ကိုယ်ကိုထက် ပိုဂရုစိုက်တာဖြစ်တယ်။
(ii) အပြစ်မရှာဘူး၊ မညည်းတွားဘူး၊ မဝေဖန်ဘူး။ များများချီးကျူး ချီးမွမ်းတယ်၊ များများခွင့်လွှတ်နားလည်တယ်။
(iii) နားထောင်ကောင်းသူ၊ ပြောဆိုဆက်ဆံရေးကောင်းသူ လုပ်တယ်။ ဂရုစိုက်ဖော်ရွေမှုက အေးစက်လျစ်လျူရှုမှုထက်များတယ်။
(၄) စိတ်မှန်းနဲ့ ကိစ္စရပ်တွေကို ဝေဖန်ပိုင်းခြားတယ်၊ မှန်ကန်တဲ့ အကြောင်းရင်းကို အခြေမခံဘူး
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ လူတော်တော်များများက ကိစ္စရပ်တွေကို စိတ်မှန်းနဲ့ပဲ ဝေဖန်ပိုင်းခြားကြတယ်။ ကျွန်တော်ထင်တာက ဒီလိုပါ။ ကျွန်မထင်တာက ဟိုလိုပါ။ ထင်တာပြောရရင်...
(၅) အလုပ်လုပ်ရမှာ ယုံကြည်မှုကို အမှီမပြုဘူး။ လူ့အပြောကိုပဲ အမှီပြုတယ်
လူ့ဘဝက ကိုယ့်အတွက်ရှင်သန်တာဖြစ်တယ်၊ သူတစ်ပါးအတွက် ရှင်သန်တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ပါးစပ်က သူ့ကိုယ်ပေါ်မှာရှိတဲ့အတွက် ပြောချင်ရာပြောပါစေ။ ဂရုမစိုက်ပါနဲ့။ လမ်းမှားညွှန်ပြပြီး အဲဒီအမှားအတွက် ကိုယ်တိုင်တာဝန်ယူပေးသူ မရှိပါဘူး။ တကယ့်လမ်းမှန်ကို ညွန်ပြတဲ့ ဆရာကောင်းသမားတွေ ပေါများပါတယ်။
ဒီလောကရဲ့လူအုပ်စုကို နှစ်ဖွဲ့ခွဲရင် တစ်ဖက်က ၅%နဲ့ ကျန်တစ်ဖက်က ၉၅%ဖြစ်တယ်။ ၅%သော အောင်မြင်သူတွေက မအောင်မြင်ခင်မှာ လူတွေရဲ့ကဲ့ရဲ့ဝေဖန်တာကို ခံရတယ်။ အရူး၊ လူတုံးလူအလို့ အခေါ်ခံရတယ်။ လေဒီယိုတီထွင်ခဲ့သူဟာ အရူးလို့စွပ်စွဲခံရပြီး အရူးဆေးရုံအပို့ခံခဲ့ရပါတယ်။ လူအများရဲ့(၉၅%)ဘဝလို့ ကျွန်တော်တို့ မဖြတ်သန်းချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခေါ်ခံရပါစေ၊ အလှောင်ရယ်ခံရပါစေ ကျေနပ်ပါတယ်။
မူရင်း-- http://www.xici.net/d125253821.htm
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Share
Twitter Delicious Facebook Digg Stumbleupon Favorites More