** တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ် ** ဒါကြောင့် ကျတော် လေးစားရတဲ့ ဆရာ့ ဆရာကြီးတွေရဲ့ အသိပညာ အတတ်ပညာ များကို အားမနာတမ်း မျှပါသည်။

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 31, 2012

မြည်းကလေး (ပုံပြင် ၆)

လယ်သမားတစ်ယောက်ရဲ့မြည်းလေးတစ်ကောင်ဟာ
အကာအရံ မရှိတဲ့ လယ်ထဲက ရေတွင်းထဲကျသွားတယ်။
မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကိုခေါ်တယ် ။

လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့တွေးတယ်။

နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။
ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်းကလည်းမသုံးတာကြာတဲ့ရေတွင်းဟောင်းကြီး
ဖို့ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး။ အဲဒီလိုတွေးပြီးတော့
သူ့သူငယ်ချင်း လယ်သမားတွေကိုသွားခေါ်လာတယ်။

တစ်ယောက် ပေါက်ပြားတစ်လက်ဆီယုလာကြတယ်။ မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။

မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်။
နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်။

သူမြင်ရတာကိုအံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့လိုက်တိုင်း

မြည်းလေးဟာ မြေကြီးတွေကိုခါချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။ ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ
ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရ၀မ်းသာ ခုန်ပေါက်ပြီး ပြေးတော့တယ်။ လယ်သမားတွေကမြည်းလေးကိုကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ်။

ကိုယ့် ဘ၀ အခြေအနေဟာ ကိုယ့် ကျောပေါ်ကို မြေတွေပုံမယ်။

ဒုက္ခကနေလွတ်အောင်လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ။

ဖို့လိုက်တဲ့မြေကြီးဟာကျောပေါ်မှာ မနေဖို့ပဲလိုတယ်။ ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကိုရောက်သွားရမယ်။

သူငယ်ချင်းများအားလုံး ဘ၀မှာ အဆင်ပြေချောမွေ့ပါစေ ....

Tuesday, May 29, 2012

သိပေါမင်း၏မြေးတော်ရေးတဲ့ပါတော်မူပြီးနောက်ပိုင်း(ဖက်သင့်ပါသည်)

သီပေါဘုရင် ထိန်းသိမ်းခံခဲ့ရသည့် စံအိမ်တော်ကို အိန္ဒိယက ပြုပြင်မွမ်းမံ
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၁



သီပေါမင်းအကြောင်းကို သမိုင်းမှာ လူတိုင်းနီးပါး သင်ခဲ့ကြဖူးမှပါ ပြီးတော့ ပါတော်မူ

တဲ့ အကြောင်းကိုလည်း ဇာတ်လမ်းမှာ ကြည့်ခဲ့ဖူး စာအုပ်တွေမှာ ဖတ်ခဲ့ဖူးကြမှာပါ

ဒီစာအုပ်လေးကတော့ သီပေါမင်းရဲ့ မြေးတော် ရေးခဲ့တဲ့ ရတနာပုံမှ ~ရတနာဂီရိသို့ 

ဆိုတဲ့စာအုပ်လေးပါ သီပေါမင်းသေတော့ သရဏဂုံတင်ခွင့်မပေးလို့  အခုချိန်မှာမှ

အိန္ဒိယကိုသွားပြီး ရေစက်ချ အမျှဝေလုပ်တဲ့ခရီးစဉ်ကို စာဖတ်သူ ဗဟုသုတ ရဖွယ်

စုံလင်စွာ ဓာတ်ပုံနှင်တကွ ဖော်ပြပေးထားတဲ့ သမိုင်းမှတ်တမ်းဝင်စာအုပ်ကလေးပါ

သမိုင်းနောက်ခံရဲ့ အသေးစိတ်ကို သီပေါမင်းရဲ့ မြေးအရင်းကနေ ပြန်ရေးပြနေတာ

သိရတော့ ဖတ်ရတာ စိတ်ထဲတမျိုးကြီး။ ပြီးတော့ မြန်မာဘုရင်တွေရဲ့ မျိုးဆက်တွေ

မြန်မာပြည်မှာ ရှိနေပါသေးလားဆိုတာ ခုမှတိတိကျကျ နာမည်နှင်တကွ သိရတယ်

တွေ့ တာ နောက်ကျလေခြင်းလို့  ။တကယ့်ကို ဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ပါ

မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်ဆိုတဲ့စကား ရှိသလို မြန်မာလူမျိုး နဲ့ မြန်မာသမိုင်း

ကိုစိတ်ဝင်စားရင် ဒီဟာကို ဖတ်ဖူးသင့်တယ်လို့ ယူဆမိပါတယ် ဖတ်စေချင်လွန်း၍

မျှဝေလိုက်ပါသည်။

ဒီမှာဒေါင်းပြီး ဖက်ပါ။

မူရင်းလင့်လေးကိုလဲ သွားလည်ကြည့်ကြပါ၊ ဒီကနေသွားပါ

မောင်(စွယ်စုံကျမ်း)

http://kyawzayarlinn.blogspot.com

သမန်းကျားရွာ


မဖဲဝါလိုပဲဖက်လို့ကောင်းပါတယ် ဖက်ကြည့်ကြပါ

ဒီမှာ ဒေါင်းယူပါ

မူရင်းလိပ်စာကတော့ မောင်(စွယ်စုံကြမ်း)

ဖက်ကြည့်ကြပါ၊ ကောင်းပါတယ်၊ စာရေးစရာကတော့ ဒတ္တကျော်စွာပါ။

Monday, May 28, 2012

ပုံပြင်(၅) မှန်ကန်သော ဆုံးဖြတ်ချက်

လင်းယုန်ဌက်ဟာ သူ့ရဲ့မျိုးရင်းထဲက စွန်ဌက်၊ သိမ်းဌက်စတဲ့ ဌက်မျိုးတွေထဲမှာ
အသက်အရှည်ဆုံး နေထိုင်ရှင်သန်နိုင်တဲ့ သတ္တ၀ါ ဖြစ်ပါတယ်။
လင်းယုန်ဌက်တစ်ကောင်ဟာ အနှစ် 70 အထိ အသက်ရှည်နိုင်ပါတယ်။

ဒါပေမဲ့ သည်လို အသက်ရှည်ရှည်နေနိုင်ဖို့ လင်းယုန်ဌက်ဟာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို မဖြစ်မနေ ချမှတ်ရပါတယ်။

သူ့အသက်အနှစ် 40 ကို ရောက်တဲ့အခါ သူ့ရဲ့အသက်အရွယ်အလိုက်
ရှည်လျှားပျော့ပျောင်းလာတဲ့ ခြေသည်းကောက်ကောက်တွေဟာ သူ့ရဲ့အစာဖြစ်တဲ့ သားကောင်တွေကို မဖမ်းနိုင်တော့ပါဘူး။ သူ့ရဲ့တချိန်က ရှည်လျားချွန်ထက်ခဲ့တဲ့ နှုတ်သီးတွေဟာလည်း ခုတော့ သားကောင်ကို မစားနိုင်လောက်အောင် ကွေးညွတ်လာခဲ့ပြီ။

သူ့ရဲ့ အိုးမင်းလာတဲ့ အသက်အရွယ်အလိုက် တောင်ပံတစ်စုံပေါ်က ဌက်မွေးတွေဟာလည်း ပိုမိုထူထပ်လာတဲ့အတွက် လေးလံလာပြီး တောင်ပံအစုံကို မဖြန့်ကားနိုင်တော့ဘဲ တောင်ပံအစုံဟာရင်အုပ်မှာကပ်နေခဲ့ပြီ။

ဒါကြောင့်အရင်လို ပျံသန်းနိုင်ဖို့တော်တော်ကိုခက်ခဲလာနေပါပြီ။

သူ့အတွက် ရွေးချယ်စရာ နှစ်လမ်းသာ ရှိပါတော့တယ်။ ပထမ တစ်လမ်းက အသေခံမလား ၊ ဒါမှမဟုတ် ရက်ပေါင်း 150 ကြာမဲ့ နာကျင်မှုတွေနဲ့ ပြည့်နှက်နေမဲ့ ပြောင်းလဲခြင်းဖြစ်စဉ်ထဲကို ၀င်ရောက်ဖြတ်သန်းမလား ဆိုတာပါပဲ။

သည်ပြောင်းလဲခြင်းဖြစ်စဉ်မှာလင်းယုန်ဟာတောင်ထိပ်ကိုရောက်အောင်
်ပျံသန်းပြီးတောင်ထိပ်ကသူရဲ့အသိုက်ထဲမှာ နေထိုင်နေဖို့လိုပါတယ်။

ပြီးတော့သူနှုတ်သီးပြုတ်ထွက်သွားတဲ့အထိကျောက်တုံးကိုနှုတ်သီးနဲ့ခေါက်နေဖို့လိုပါတယ်။

သူရဲ့နှုတ်သီးအဟောင်း ပြုတ်ထွက် သွားပြီးတဲ့နောက်လင်းယုန်ဟာ
နှုတ်သီးသစ်ပြန်ပေါက်တဲ့အထိ သူ့ရဲ့အသိုက်ထဲမှာ နေရပါတယ်။

နှုတ်သီးသစ် ပေါက်လာတဲ့အခါမှာ လင်းယုန်ဟာ သူ့ရဲ့ခြေသည်းဟောင်း
တွေကိုသူ့နှုတ်သီးသစ်နဲ့ဖြုတ်ထုတ် ရပါတယ်။

ခြေသည်းသစ်တွေ ပြန်ပေါက်လာ တဲ့အခါမှာ သူ့တောင်ပံတစ်စုံပေါ်က ငှက်မွေးတွေကို
သူ့နှုတ်သီးသစ် နဲ့ ဆွဲနှုတ်ပစ်ရပါတယ်။

သည်လိုနဲ့ငါးလကြာတဲ့အခါမှာ လင်းယုန်ဟာသူရဲ့ကျော်ကြားလှတဲ့
ပြန်လည်မွေးဖွားခြင်း ပြီးနောက် ပျံသန်းခြင်းကိုစတင်ပါတော့တယ်။

နောက်ထပ် နှစ်၃၀ အသက်ရှည်နိုင်ပါတော့တယ်။

ဘာကြောင့်ပြောင်းလဲခြင်းကို လိုအပ်ကြသလဲ။

အကြိမ် များစွာမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်ကြရတဲ့နေရာမှာ
လူသားတွေဟာ သည်လိုပြောင်းလဲခြင်းဖြစ်စဉ်တွေကိုဖြတ်သန်းကြရပါတယ်။

တခါတရံ..လိုအပ်လာတဲ့အခါမှာအမှတ်တရအဟောင်းတွေ၊
ဝါသနာအဟောင်းတွေနဲ့ထုံးတမ်းစဉ်လာအဟောင်းတွေကိုသုတ်သင်ဖယ်ရှားပစ်ဖို့လိုပါတယ်။
အတိတ်ရဲ့ဝန်ထုတ်ဝန်ပိုတွေကိုလွတ်မြောက်နိုင်မှသာပစ္စုပန်ရဲ့
အသီးအပွင့်တွေကိုခံစားနိုင်မှာဖြစ်ပါတယ်။
အသေခံ မလား ?၊ အသက်ရှင် ရပ်တည်နိုင်မှု အတွက်ခဏတာ
နာကျင်မှု အချိန်ပိုင်းကို သည်းခံ ကျော်ဖြတ်ကြမလား? ။
လင်းယုန်ငှက်တစ်ကောင်စာ လောက်ရဲရင့်နိုင်ကြ မလား ??????????????

ကျွန်တော်လည်းပြန်လည်ရှင်သန်ဖို့နေရာလေးရှာနေတုန်းပဲ ....

Sunday, May 27, 2012

♥ ♥ ခြားနားချက် ♥ ♥

သူငယ်ချင်းများအားလုံးကို ဗဟုသုတလေးတစ်ခုပြောပြမယ်....။ အဲဒါက ချစ်သူဘ၀ နှင့် အိမ်ထောင်သည်ဘ၀ ခြားနားချက်လေး ဖြစ်ပါတယ်....။ ဘယ်လိုခြားနားလေး ဆိုတော့ အောက်မှာဖတ်ကြည့်နော်.....

အိမ်ထောင်ရေးဟာသလေးနော်.....

၁။ ချစ်သူဘ၀ = အလကားနေရင်း အကြည့်ချင်းဆုံ၏။
အိမ်ထောင်သည်ဘ၀ = အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏။

၂။ ချစ်သူဘ၀ =အလကားနေရင်း ချစ်သူကိုတမ်းတ၏။
အိမ်ထောင်သည်ဘ၀ = ချစ်သူကို တမ်းတသော်လည်း အလကားဖြစ်၏။

၃။ ချစ်သူဘ၀ =ကလေးဘယ်နှစ်ယောက် ယူလိုက်မည်ဟုစိတ်ကူး၏။
အိမ်ထောင်သည်ဘ၀ = စိတ်ကူးသည့်အတိုင်း ကလေးမယူဖြစ်ခဲ့ရင် အကောင်းဟုတွေး၏။

၎။ ချစ်သူဘ၀ = ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏။
အိမ်ထောင်သည်ဘ၀ = ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေး ထားလို၏။

၅။ ချစ်သူဘ၀ = မွှန်နေသော်လည်း ကိစ္စမရှိဟုဆို၏။
အိမ်ထောင်သည်ဘ၀ = ကိစ္စရှိမှ မွှန်၏။

၆။ ချစ်သူဘ၀ = တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေး အကြာကြီးပြော၏။
အိမ်ထောင်သည်ဘ၀ = ဖုန်းထဲမှာအော်လိုက်ရသည်ကိုပင် အားမရ။

၇။ ချစ်သူဘ၀ = ချစ်သူအကြောင်း ကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘ၀ = ကဗျာရေးသူ ငစနူ။

၈။ ချစ်သူဘ၀ = သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘ၀ = သူငိုလျှင် T.V အစီအစဉ်ကောင်းပြီ။

၉။ ချစ်သူဘ၀ = သူ့မွေးနေ့ကို အလွတ်ရ၏။
အိမ်ထောင်သည်ဘ၀ = ကိုယ်မွေးနေ့ကို အလွတ်ရ၏။

၁၀။ ချစ်သူဘ၀ = လူတောထဲတွင် လက်ချင်းချိတ်ပြီး သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘ၀ = လူတောထဲတွင် မျက်စောင်းချင်းချိတ်ပြီး သွားလေ့ရှိ၏။

၁၁။ ချစ်သူဘ၀ = အစာစားလျှင် ခွံကျွေးမှကြိုက်၏။
အိမ်ထောင်သည်ဘ၀ = အစာစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏။

၁၂။ ချစ်သူဘ၀ = အချစ်သီချင်း နားထောင်၏။
အိမ်ထောင်သည်ဘ၀ = ကက်ဆက် အကြောင်းသာပြော၏။

၁၃။ ချစ်သူဘ၀ = ချစ်သူအကြောင်းသာ ပြော၏။
အိမ်ထောင်သည်ဘ၀ = သံသရာမှ လွတ်မြောက်ရာ အကြောင်းသာတွေး၏။

၁၄။ ချစ်သူဘ၀ = ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။
အိမ်ထောင်သည်ဘ၀ = လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏။


သာဓု - “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု - “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”

သာဓု - “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု - “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

သာဓု - “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု - “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”

သာဓု - “မိန်းမဆိုတာဘာလဲ”
ပါပု - “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”

သာဓု - “မယားငယ်ဆိုတာ ဘာလဲ”
ပါပု - “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”

သာဓု - “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု - “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”

သာဓု - “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ပါပု - “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနိုင်တာတော့ အမှန်ပဲ”

သာဓု - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု - “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”

သာဓု - “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု - “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့
အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”

သာဓု - “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ”
ပါပု - “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက် ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”

သာဓု - “ယောက်ျားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ”
ပါပု - “အမျိုးမျိုးခံစားချင်တဲ့အခါ ယောက်ျားဟာ မိန်းမကိုလဲတယ်၊ အဲမိန်းမကတော့ ဘာမှမခံစားရတဲ့အခါမှာ ယောက်ျားကိုလဲတယ်”

သာဓု - “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ပါပု - “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”

သာဓု - “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု - “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”

သာဓု - “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု - “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”

သာဓု - “ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ပါပု - “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့ ချီးကျုးတဲ့အခါမှာ”

သာဓု - “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု - “ယောက်ျားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘ၀ကို ယောက်ျားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘ၀နဲ့ လဲလိုက်ခြင်းပဲပေါ့”

သာဓု - “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု - “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်”

သာဓု - “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ပါပု - “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပ၀ါတစ်ထည် ၀ယ်ပေးလိုက်”

သာဓု - “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
ပါပု - “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို အဆုံးခံမလားလို့မေးတယ်၊
မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”

သာဓု - “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု - “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့”

သာဓု - “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု - “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး”

သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့ ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် ယောင်္ကျားလေးခါယူရမယ်”

သာဓု - “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”

သာဓု - “ကိုယ့်မိန်းမနဲ့စကားများကြရာမှာ ကိုယ်က အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ“
ပါပု - “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”

သာဓု - “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ပါပု - “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”

သာဓု - “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု - “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”

မေးထဲကရတာလေးတွေ လိုက်ပေါင်းထားတာပါ ...
ရယ်မောစရာလို့ပဲမှတ်ပါ ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်မရှိပါ ....

ဓနဥပဒေသငါးရပ်

၁၊ ဓနဥစ္စာဟူသည် မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသော ငွေကို မိမိနှင့်မိသားစု၏ အနာဂတ်အတွက်ချန်လှပ်သိမ်းဆည်းတတ်သူထံသို့သာ ၀မ်းမြောက်ပျူငှာစွာ ရောက်ရှိလာတတ်မြဲ ဖြစ်သည်။

၂၊ ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သောသူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေးစမြဲဖြစ်၍ ထိုသူ၏လက်တွင် သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွား များပြားလာတတ်သောသဘော ရှိပေသည်။

၃၊ ဓနဥစ္စာဟူသည် ယင်းအားဂရုတစိုက် ရင်းနှီးမြှုပ်နှံမှုပြုသူ၊ ကျွမ်းကျင်လိမ္မာသောသူတို့၏ အကြံဉာဏ်ကို ရယူလုပ်ကိုင်သူများထံတွင်သာ တွယ်ကပ်ခိုလှုံနေတတ်ကြသည်။

၎၊ ဓနဥစ္စာဟူသည် မိမိလည်း မကျွမ်းကျင်၊ ကျွမ်းကျင်သူတို့လည်း အားမပေးသော အလုပ်မျိုးတွင် ရင်းနှီးမြှုပ်နှံသောသူတို့ထံမှ လျှောကျပျောက်ကွယ်သွားတတ်စမြဲ ဖြစ်သည်။

၅၊ ဓနဥစ္စာဟူသည် ယင်းမှ လွန်ကဲလှသော အမြတ်အစွန်းမျိုးကို မျှော်မှန်းသူများ၊ လူလိမ်လူညာတို့၏ ဖြားယောင်းသွေးဆောင်မှုနောက် လိုက်ပါ နားယောင်တတ်သူများ၊ အတွေ့အကြုံနည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှ ရှောင်ခွာထွက်ပြေးသွားတတ်စမြဲ ဖြစ်သည်။

ဓနဥပဒေသငါးရပ် (ပထမဥပဒေသ)
"ဓနဥစ္စာဟူသည် မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသော ငွေကို မိမိနှင့်မိသားစု၏ အနာဂတ်အတွက်ချန်လှပ်သိမ်းဆည်းတတ်သူထံသို့သာ ၀မ်းမြောက်ပျူငှာစွာ ရောက်ရှိလာတတ်မြဲ ဖြစ်သည်" တဲ့ ...

"ကိုယ်ရရှိတဲ့ ၀င်ငွေရဲ့ ဆယ်ပုံတစ်ပုံစီ အမြဲဖဲ့ပြီး စုဆောင်းမယ်၊ အတန်အသင့်စုမိတဲ့ အချိန်ကစပြီး ဒီငွေကို လိမ်လိမ်မာမာ ရင်းနှီးမြှုပ်နှံမှုပြုမယ်ဆိုရင် ဘယ်သူမဆို သူ့အတိုင်းအတာအလျှောက် ကြီးမားတဲ့ ဓနအစုအဝေးတစ်ခု ရှိလာမှာပဲ၊ နောက်ကျတော့ ဒီဓနက သူ့အတွက် မသေးငယ်တဲ့ ပုံမှန်ဝင်ငွေတစ်ခု ဖန်တီးပေးလာမယ်၊ မတော်တဆ ကွယ်လွန်သွားခဲ့ရင်တောင်မှ ကျန်ရစ်သူမိသားစုအတွက် ငွေကြေးအရ လုံခြုံမှုရှိသွားမယ်၊ အဲ့ဒီလို စုဆောင်းတတ်တဲ့လူမျိုးဆိကို ဓနဥစ္စာတွေ ၀မ်းမြောက်ဝမ်းသာ ရောက်လာတတ်တယ်လို့ ဥပဒေသထဲမှာ ဆိုထားတယ်၊ ဒါလည်း အမှန်ပဲ၊ ပိုက်ဆံကများများရလေ နောက်ထပ်ဒီထက်မက ပိုပြီးလိုက်လာလေပဲ၊ ဘာကြောင့်လဲဆိုတော့ နဂိုမူလရနေတဲ့ဝင်ငွေ အပြင် စုဆောင်းထားတာ တွေကို ရင်းနှီးမြှုပ်နှံရာကလည်း ၀င်ငွေတွေကတိုးလာ၊ အဲ့ဒီတိုးလာတဲ့အပေါ်မှာ ထပ်ပြီး ဆင့်ပွားတိုးလာနဲ့ ဆင့်ကဲဆင့်ကဲ ဖြစ်လာတာကိုး၊ ပထမဥပဒေသက လက်တွေ့ဘ၀မှာ အဲ့ဒီပုံစံနဲ့ဖြစ်ပေါ်နေတာတဲ့ " ....

ဓနဥပဒေသငါးရပ် (ဒုတိယဥပဒေသ)
"ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သောသူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေးစမြဲဖြစ်၍ ထိုသူ၏လက်တွင် သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွား များပြားလာတတ်သောသဘော ရှိပေသည် " တဲ့ ..

" ငွေဆိုတာ တကယ့်ကို စိတ်အားထက်သန်တဲ့ အလုပ်သမားတစ်ယောက်ပဲ၊ သူက အခွင့်အရေးပေးတာနဲ့ အဆတိုးပွားဖို့ အသင့်ချောင်းနေတာ၊ လူတစ်ယောက်မှာ ရင်နှီးလုပ်ကိုင်ဖို့ ငွေကြေးတစ်စုံတစ်ရာ သီးသန့်ရှီနေပြီဆိုတာနဲ့ တစ်ပြိုင်နက်သူ့အတွက် အကျိုးအမြတ် အများဆုံးရအောင် အသုံးပြုနိုင်မယ့် အခွင့်အလမ်းဟာ အလိုလိုပေါ်လာတာပဲ၊ လိမ္မာစွာသာ ရင်းနှီးမြှုပ်နှံမှုပြုမယ်ဆိုရင် ဒီငွေတွေဟာ နှစ်ကာလအတော်အတန်ကြာတဲ့ အချိန်အတွင်းမှာ အံ့သြစရာကောင်းလောက်အောင် တိုးပွားလာလိမ့်မယ်" ....

ဓနဥပဒေသငါးရပ် (တတိယဥပဒေသ)
"ဓနဥစ္စာဟူသည် ယင်းအားဂရုတစိုက် ရင်းနှီးမြှုပ်နှံမှုပြုသူ၊ ကျွမ်းကျင်လိမ္မာသောသူတို့၏ အကြံဉာဏ်ကို ရယူလုပ်ကိုင်သူများထံတွင်သာ တွယ်ကပ်ခိုလှုံနေတတ်ကြသည် " တဲ့ ...

" ငွေဆိုတာ ဂရုမစိုက်တဲ့ပိုင်ရှင်ဆိက ထွက်ပြေးပြီး တန်ဖိုးထားတဲ့သူဆီမှာ တွယ်ကပ်နေတတ်တာ သဘာဝပဲ၊ ရင်းနှီးမြှုပ်နှံရာမှာလည်း လုပ်ငန်းအတွေ့အကြုံရှိသူ နားလည်တတ်သိသူတွေဆီက အကြံဉာဏ်ရယူပြီး အလုပ်လုပ်တဲ့အခါ အချည်းနှီးပျက်စီးရတာမျိုး မရှိဘူး၊ ဆုံးရှုံးမှာကို တွေးပုနေစရာမလိုဘဲ အကျိုးအမြတ်မှန်မှန်ကြီး တိုးပွားလာမှုကိုသာ ကျေကျေနပ်နပ်ခံစာရလိမ့်မယ်" ....

ဓနဥပဒေသငါးရပ် (စတုတ္ထဥပဒေသ)
"ဓနဥစ္စာဟူသည် မိမိလည်း မကျွမ်းကျင်၊ ကျွမ်းကျင်သူတို့လည်း အားမပေးသော အလုပ်မျိုးတွင် ရင်းနှီးမြှုပ်နှံသောသူတို့ထံမှ လျှောကျပျောက်ကွယ်သွားတတ်စမြဲ ဖြစ်သည် " တဲ့ ....

"တချို့လူတွေမှာ တစ်နည်းနည်းနဲ့ ငွေကြေးဥစ္စာရလာခဲ့တယ်၊ ဒါပေမဲ့ ဒီငွေကို မကိုင်တွယ်တတ်ဘူး၊ စနစ်တကျ မသုံးစွဲတတ်ဘူး၊ ဒါပေမဲ့ သူတို့စိတ်မှာ ဒီငွေနဲ့ ရင်နှီးလုပ်ကိုင်လိုက်ရရင် အကြီးအကျယ် စီးပွားဖြစ်ထွန်းမှာလို့ မြင်နေတာမျိုးတွေ အများကြီး ရှိနေတတ်တယ်၊ နားလည်တဲ့လူအမြင်မှာ အကျိုးအမြတ်သိပ်မရှိနိုင်ဘူး၊ ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ကြီး မားတယ်ဆိုတဲ့ အလုပ်မျိုးတွေကို သူတို့သွားမျက်စိကျနေတတ်တယ်၊ ဒီလူတွေဟာ အတွေ့အကြုံလည်းမရှိ၊ နားလည်းမလည်ဘဲနဲ့ လုပ်ငန်းတွေ ရမ်းသန်းလုပ်တဲ့အခါကျတော့ ဆုံးဖြတ်ချက်မှားယွင်းမှုဒဏ်ကို ငွေပေးပြီး ခံရတယ်၊ ဒါကြောင့်မို့စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့လူတွေက တတ်ကျွမ်းတဲ့လူ အတွေ့ အကြုံရှိတဲ့လူတွေ ဆီက အကြံဉာဏ်ယူပြီး အလုပ်လုပ်ကြတာ" ....

ဓနဥပဒေသငါးရပ် (ပဉ္စမဥပဒေသ)
"ဓနဥစ္စာဟူသည် ယင်းမှ လွန်ကဲလှသော အမြတ်အစွန်းမျိုးကို မျှော်မှန်းသူများ၊ လူလိမ်လူညာတို့၏ ဖြားယောင်းသွေးဆောင်မှုနောက် လိုက်ပါ နားယောင်တတ်သူများ၊ အတွေ့အကြုံနည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှ ရှောင်ခွာထွက်ပြေးသွားတတ်စမြဲ ဖြစ်သည်" တဲ့ ...

" ငွေထုပ်ကလေးရစလူများဆီကို အင်မတန်ရင်ခုန်စရာမက်မောစရာလုပ်ငန်းအကြံအစည်တွေ ဟိုကသည်ကရောက်လာတတ်ကြတယ်၊ ဘယ်လုပ်ငန်းထဲဝင်လုပ်လိုက်ရင်တော့ သူ့ငွေထုပ်ကလေးဟာ ဧရာမငွေထုပ်ကြီးဖြစ်သွားမှာ သေချာပေါက်ပဲ ဆိုတဲ့ သွားရည်ကျစရာ အကြံအစည်မျိုးတွေပေါ့၊ ဒါပေမဲ့ အဲ့ဒါမျိုးတွေဟာ တကယ်လက်တွေ့ကျတော့ ဖြစ်မလာကြဘူး၊ ဒါတွေမှာ သွားရင်းနှီးတဲ့လူဟာ ဆုံးရှုံးမှုနဲ့သာ ရင်ဆိုင်ရစမြဲပဲ၊ အဲ့ဒါကြောင့် ရုတ်တရက် ထကြီးပွားသွားနိုင်တယ်ဆိုတဲ့ လုပ်ငန်းအကြံအစည်တိုင်းရဲ့ နောက်ကွယ်မှာ စိးပွားပျက်သွားနိုင်တဲ့ အန္တရာယ်တွေ အမြဲပုန်းခိုနေတတ်တယ်ဆို စာဖက်သူများမှတ်သားစေချင်ပါတယ် တဲ့ ကျတော်အပါအ၀င်ပေါ့ ...

" ဓနဥပဒေသငါးရပ်အကြောင်း ပုံပြင်ကတော့ ဒီလောက်ပါပဲ၊ ဒီပုံပြင်ဟာ အောင်မြင်ကြီးပွားမှုသော့ချက်၊ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာသူတို့ရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ပြလိုက်တာပါ "

" လျှို့ဝှက်ချက်လို့ဆိုပေမဲ့ ဒါတွေဟာ တကယ်တော့ ဘယ်သူကြွယ်ကမှ ဖုံးကွယ်သိုဝှက်ထားတာမဟုတ်ပါဘူး၊ ဖုံးကွယ်ထားလို့လည်း မရဘူး၊ ဒါတွေဟာ လူတိုင်းသိနိုင်မြင်နိုင်တဲ့ အချက်တွေပဲ၊ ဒါပေမဲ့ ဒါတွေဟာ တကယ်လုပ်ရင် တကယ်ဖြစ်နိုင်တဲ့ နည်းလမ်းစဉ်တွေ အမှန်တရားတွေဆိုတာ သဘောပေါက်ဖို့လိုတယ်၊ ပြီးတော့ သူ့အတိုင်း ယုံယုံကြည်ကြည်နဲ့ လိုက်နာလုပ်ကိုင်ဖို့ လိုပါတယ်၊ အဲ့ဒါမှ ဆင်းရဲမွဲတေတဲ့၊ တစ်နေ့လုပ်စာ တစ်နေ့ရှာစားရတဲ့ လူအများစုကြီးထဲက ထိုးထွက်လာနိုင်ပါလိမ့်မယ် " ....

ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်မှ ထုပ်နှုတ်ပါသည်။ ....

Friday, May 25, 2012

မှော်ဆရာ့စက်ကွင်း

ငယ်ရွယ်နုရွ၊ ပျိုမျစ်လှ၍
မာနယစ်မူး၊ ရူးနေသူ
ပညာထွန်းတောက်၊ ပါရဂူမြောက်၍
မောက်မာ မာန၊ ကြွနေသူ
ဥစ္စာဓန၊ ပေါကြွယ်ဝ၍
အတ္တမာနကြီးနေသူ
များချွေရံရှိ၊ အာဏာပြည့်၍
အတိမာနရောက်နေသူ
အားအင်ပြည့်မား၊ များထက်သာ၍
မာနတံခွန်ထူနေသူ
အများနှင့်ဆန့်ကျင်၊ အဟုတ်ထင်၍
မှော်ဝင်မာန၊ ပူးနေသူ
အရာရာကျရှုံး၊ ချစ်သူမုန်း၍
နုံးချည့်မာနစွဲနေသူ
ပိုးဖလံအဖြစ် မီးဝယ်နစ်သို့
မုန်း ချစ် စွန်းတွက်၊ မာနတက်ဘိ
လက်ရှိအခြေ၊ အောင်မြင်နေလည်း
ရေပွက်ပမာ၊ ခဏသာ
ကံဟောင်းကူဖေး၊ အကျိုးပေးကြောင့်
လူရေးခွင်ဝယ်၊ လူတွင်ကျယ်လုပ်
မာန်စွယ်ထုတ်ပြ၊ သရုပ်လှလည်း
လင်းရလျှပ်စီး၊ တပြက်သာ
သြော်.... လူတွေလူတွေ
အပူတွေကြား၊ အယူမှားလျှက်
တရားဆိတ်သုဉ်း၊ အချိန်ဖြုန်းသော်
လုံးရာမှပြား၊ ပြားရာမှအက်
အက်ရာမှကွဲ၊ ကွဲရာမှကြေ
ကြေရာမှမွ၊ မွရာမှလွင့်
လွင့်ရာမှပျောက်၊ နိဂုံးရောက်သော်
တောက်လောင်မစဲ၊ မီးကျင်းထဲမှ
လူးလဲမထသာ၊ နာကြီးနာသည်
မာနဒဏ်က စုန်းမှော်အသွင်
မသာတမျှ နံစွနှလုံးညှော်ဝင်
ထာဝရ၊ ဟန်မကျ၊ ပြုံးပျော်မရွှင်။

(အောင်ပန်းဝေ-ရွေဘို)

Wednesday, May 23, 2012

ငပျင်းတစ်ယောက်ရဲ့ ဒိုင်ယာရီ

ဘွဲ့ရပြီးသိပ်မကြာတဲ့တစ်ရက်မှာ ကောင်မလေးက ကျွန်တော်ဆီ smsပို့တယ်။ "ငါတို့ လမ်းခွဲရအောင်"တဲ့။ ကျွန်တော်ဝမ်းနည်းမယ်ကြံကာရှိသေး သူနောက်တစ်ကြောင်းထပ်ပို့တယ်။ "ဆောရီးပဲ... ငါ မှားပို့မိတယ်"တဲ့။ အဲအချိန်ကျမှ ကျွန်တော်အသည်း တစ်စစီကြွေရော... (ဇန်နဝါရီ ၁၅ရက်)

××××××

ချစ်သူများနေ့မှာ အလယ်တန်းတုန်းက ကျွန်တော်တိတ်တခိုးချစ်ခဲ့ရတဲ့ ကောင်မလေးကို sms ပို့လိုက်တယ်။ "တကယ်လို့ ဆန်ပြုတ်တစ်ခွက်ရှိရင်၊ နင့်ကို တစ်ဝက်အရင်တိုက်မယ်၊ ကျန်တစ်ဝက်ကို အေးမသွားအောင် ငါ့ရင်ခွင်ထဲထည့်ထားမယ်"ပေါ့။

မိနစ်အနည်းငယ်အတွင်းမှာ သူ့ဆီက ပြန်ပို့လိုက်တဲ့စာရတယ်။ "နင့်ကို ဘယ်သူမိတ်ဆက်ပေးတာလဲ? တစ်ခါ ၄ဝဝဝ၊ ညပါရင် ၇ဝဝဝ" တဲ့။ (ဖေဖော်ဝါရီ ၁၄ရက်)

××××××

ဒီနေ့တစ်နေကုန် နေလို့မကောင်းဘူး။ မနေ့ညက တဘက်သတ်စွဲလမ်းခဲ့တဲ့ ကောင်မလေးကို sms ပို့လိုက်တာ သူက တစ်ခါ ၄ဝဝဝတဲ့ စာပြန်တယ်။ သူ လမ်းမှားနေပြီ။ စိတ်မကောင်းဖြစ်မိတယ်။ ဝမ်းနည်းမိတယ်။ ပိုက်ဆံအိတ်ထုတ်ပြီး ပိုက်ဆံရှာကြည့်တော့ ကျွန်တော်ပိုဝမ်းနည်းသွားတယ်။ သူနဲ့အတူ လမ်းလိုက်မှားဖို့ ကျွန်တော့်မှာ အရင်းတောင်မရှိခဲ့ပါလား.... (ဖေဖော်ဝါရီ ၁၅ရက်)

×××××××

ဒီနေ့စာဖတ်နေရင်းက Kangxiဘုရင် အသက်(၂၃)နှစ်မှာ တိုင်းပြည့်ရှင်ဘုရင်မင်းကြီးဖြစ်နေပြီတဲ့။ ကျွန်တော့်ကိုကျွန်တော်ကြည့်ပြီး ဝမ်းနည်းမိတယ်။ နောက် စာဆက်ဖတ်ရင်းက Tongzhiဘုရင် အသက်(၂၃)နှစ်မှာ နတ်ရွာစံတာ၎နှစ်ရှိခဲ့ပြီတဲ့။ ကျွန်တော့်စိတ် သက်သာရာရသွားတော့တယ်။ (မတ်လ ၁၁ရက်)

××××××××

လောကကြီးရဲ့ မမျှတမှုက.....
ဘုရားသခင်က ... ငါအလင်းလိုတယ်ဆိုတာနဲ့ နေ့ဆိုတာ ရှိသွားတယ်။
မိန်းမလှက...... ငါ စိန်လက်စွပ်လိုတယ်ဆိုတာနဲ့ စိန်လက်စွပ်ရသွားခဲ့တယ်။
ချမ်းသာသူက..... ငါ မိန်းမလှလိုတယ်ဆိုတာနဲ့ မိန်းမလှရသွားခဲ့တယ်။
ကျွန်တော်က.... ငါ ကွန်ပြူတာသုံးမယ်ဆိုတာနဲ့ မီးပျက်သွားခဲ့တော့တယ်။ (ဧပြီ ၂၃ရက်)

××××××××

တစ်ည ထမင်းစားပြီး ဝရန်တာမှာ ဆေးလိပ်ထိုင်ဖွာနေတုန်း ကောင်းကင်ပေါ်မှာ ရုတ်တရက်အလင်းတန်းတစ်ခု ဖြတ်သွားတယ်။ ကြယ်ကြွေပြီဆိုပြီး ဆု ၄,၅,၆ခုလောက် တောင်းလိုက်တယ်။ ဆုတောင်းပြီးကြည့်လိုက်တော့ ဆေးလိပ်ကတိုနေပြီ။ နှစ်ချက်လောက်ဖွာပြီး လွင့်ပစ်လိုက်တယ်။ အဲဒီမှာ အောက်ထပ်က ကောင်မလေးတစ်ယောက် ရုတ်တရက်ထအော်တယ်။ "ဟော... ကြယ်ကြွေပြီ... မြန်မြန်ဆုတောင်း"တဲ့။ (မေ ၃ရက်)


မေးလ်ထဲဝင်လာတဲ့ စာတချို့ပါ။ ဘာသာပြန်မျှဝေပါတယ်...

အစ်မ နိုင်းနိုင်းစနေ ထံမှ ကူးယူပါသည် ... မူရင်းလိမ့်စာပါ

ပုံပြင် (၄) နှလုံးအေးချမ်းပင်

တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ သူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊
သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့်၊
အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီး
ခြောက်သွေ့ နေတယ်၊ အဲဒီတော့ "ဘာဖြစ်တာလဲ" လို့ သူက မေးလိုက်တယ်၊ ၀က်သစ်ချပင်ကြီးက

"ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင် မဟုတ်လေတော့
အမြစ်အားက မခံနိုင်တော့ သေရတာပေါ့"။

အဲဒါနဲ့ ထင်းရှူးပင်ဆီကိုသွားပြန်တော့ ထင်းရှူးပင်ကြီးကကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးကို "ဘယ်လိုဖြစ်တာလဲ" လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ်။
အဲဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင်
မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်း ကွေးသွားတာပေါ့" လို့ပြောတယ်။ စပျစ်ပင်ကြီးကလည်း
သေမလိုဖြစ်နေတယ်၊ "ဘယ်လိုဖြစ်တာလဲ" လို့မေးတော့ "ကျုပ်က နှင်းဆီပင် ကို အားကျပြီး သူလို လိုက်ပွင့်တာဗျို့၊
အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို သေလုမျောပါး ဖြစ်သွားရတာပဲ"
လို့ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ အပင်လေးတစ်ပင်ကို တွေ့တယ်။ အပင်က
သိပ်မကြီးပါဘူး။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့၊ အပွင့်က ရနံ့လေးတွေကလည်း
သင်းပျံ့လို့၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease (နှလုံးအေးချမ်း ပန်း) လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ။
ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ၊
တချို့လည်း သေလုမျောပါ ဖြစ်နေပြီ။ နှလုံးအေးချမ်းရယ်… မင်းကတော့ ရှင်သန်စိုပြေလို့ ပါလား… ဘာကြောင့်လဲ"
လို့မေးလိုက်တယ်။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ "အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယျာဉ်မှာ
စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်… ၀က်သစ်ချပင်လို မဖြစ်စေချင်ဘူး…
ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး… အဲဒီလိုပဲ ထင်းရှူးပင်မြင့်မြင့်ကြီးတွေကို လည်း အားမကျခဲ့ဘူး…
အသီးတွေပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး… အပွင့်ကြီးတွေ ဝေဆာနေတဲ့
နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး… နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ နေခဲ့တယ်… နှလုံးအေးချမ်းလိုပဲ
ရှင်သန်ခဲ့တယ်… အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး… ဒါကြောင့် နှလုံးအေးချမ်း အဖြစ်နဲ့ပဲ
ရှင်သန်ရပ်တည်နေနိုင်တာပေါ့ … တခြားဘာမှမဟုတ်ဘူး" လို့ပြန်ပြီးပြောလိုက်တယ်… .


ကဲဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကလည်းရှင်းလှပါတယ်နော် ....
သူတဖက်သားကို အတုယူပြီးအားကြပြီး လိုက်တုတာ မကောင်းသောအကျင့်လို့ 
မဆိုလိုနိုင်ပေမဲ့ .... မတုရင် တုလို့ မရတာတွေ အများကြိီးပါ
ဒါကြောင့် ကိုပိုင်ဆိုင်တဲ့ အရည်ချင်း ကိုရထားတဲ့ ဘ၀ကိုသာ
ပိုမိုကောင်းမွန်အောင် ကြိုးစားမယ်ဆိုရင် ... ဒီပုံပြင်လေးထဲက
နှလုံးအေးချမ်း အပင်လေးလို့ပဲ နှလုံးအေးချမ်းစွာ ရှင်သန်ရပ်တည်နေနိုင်မှာပါ........

စိတ်နှလုံးများအေးချမ်းကြပါစေ.....

Tuesday, May 22, 2012

ပုံပြင် (၃)

ကောင်းကင်က ကြယ်တစ်စင်းကြွေကျလာချိန် မြေပြင်ပေါ်မှာ အရိပ်ထင်ခဲ့မယ်ဆိုရင် ကောင်မလေးရေ.. အလွမ်းနဲ့ရေးတဲ့ ဒိုင်ယာရီတွေဟာ ရင်ထဲက ထွက်ပေါ်လာတဲ့ စကားလုံးအတိုင်းပါပဲ။ ကိုယ်တို့နှစ်ယောက် ညစဉ်မက်ခဲ့တဲ့ အိမ်မက်တွေထဲ ကောင်မလေးက လမင်းကြီးဆိုရင် ကောင်မလေးရဲ့ဘေးမှာ ကိုယ်ရံတော်အဖြစ် ကြယ်ပွင့်ကလေးဖြစ်ပါရစေ…..

ကောင်လေး။ ။ ပျော်စရာတွေ မရှိတဲ့ငါဟာ ကျောက်တုံးလိုပဲ… ဒါပေမဲ့ လွမ်းစရာတွေကိုတော့ မလိုချင်ဘူး...

ကောင်မလေး။ ။ ဝေးနေရလို့ လွမ်းတယ်ဆိုတာ မလိုချင်ပဲရတဲ့ ရောဂါပါ…. ဒါပေမဲ့
ကောင်လေးကို လွမ်းနေသမျှ ချစ်နေရလို့ ပျော်တယ်…။ ညစဉ် ကောင်လေးရဲ့ အသံကိုကြားတိုင်း မခံနိုင်အောင်လွမ်းမိတယ်…

ကောင်လေး။ ။ လွမ်းစရာတွေရဲ့နောက်မှာ ကောင်မလေးရဲ့ အပြုံးလေးတွေက အလွမ်းကို သက်သာစေတယ်…

ကောင်မလေး။ ။ ကောင်မလေးရဲ့အသက်နဲ့ထပ်တူ ကောင်လေးကို တန်ဖိုးထားတယ်ဆိုတာ…..

ကောင်လေး။ ။ အတူဆုံချိန်တိုင်းမှာ ရင်ခုန်သံတွေက ပင်လယ်လိုပဲ လှိုင်းထန်တယ်…

ကောင်မလေး။ ။အတူဆုံရင် ဘာမှမသိတော့ဘူး အချိန်ကုန်သွားမှာ ကြောက်မိတယ်.. မတွေ့ရရင် စဉ်းစားပြီး ရင်ခုန်တယ်…

ကောင်လေး။ ။ မနက်ဖြန်တိုင်းမှာ ကိုယ်တို့နှစ်ယောက်အတွက် ရင်ခုန်ရအုံးမှာမို့… မျက်လုံးလေးကို မှိတ်လို့ အိပ်လိုက်ပါတော့ ကောင်မလေး….
မနက်ဖြန်တိုင်းမှာ ကိုယ်တို့နှစ်ယောက်အတွက် ရင်ခုန်ရအုံးမှာမို့… မျက်လုံးလေးကို မှိတ်လို့ အိပ်လိုက်ပါတော့ ကောင်မလေး….
မနက်ဖြန်တိုင်းမှာ ကိုယ်တို့နှစ်ယောက်အတွက် ရင်ခုန်ရအုံးမှာမို့… မျက်လုံးလေးကို မှိတ်လို့ အိပ်လိုက်ပါတော့ ကောင်မလေး….
မနက်ဖြန်တိုင်းမှာ ကိုယ်တို့နှစ်ယောက်အတွက် ရင်ခုန်ရအုံးမှာမို့… မျက်လုံးလေးကို မှိတ်လို့ အိပ်လိုက်ပါတော့ ကောင်မလေး….

ပြန်လည်မျှဝေပါသည်....

Gtalk ကနေ မြန်မာနိုင်ငံကို ဖုန်း Message ပို့ချင်တဲ့သူများအတွက်

gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်းMesge ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။ တစ်ကယ်ရောက်တယ်ဗျ။ ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။အချိန်တော့နည်းနည်းတယ်ဗျ။ကျွန်တော်ညနေ ၅နာရီလောက်ကပို့ထားတာ ည၁၁နာရီလောက်မှရောက်လာတယ် ။ မိုက်တော့မိုက်ပါတယ် ...
အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။


gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar )အဲလိုမျိုး ရိုက်ရပါတယ်။
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။ ဖုန်းနံပတ်နဲ့ hello အကြားမှာ spacebar ခံရပါတယ်။country code တွေ ခံစရာမလိုပါဘူး။ 095217892 ဆိုတာနဲ့ရပါပြီး။ ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။ message ကို အများကြီးရေးလို့ မရပါဘူး။ဒါပေမယ့် စာလုံးရေ ၅၀ or ၁၀၀ လောက်ထိတော့ ရမယ်ထင်တယ်။ ကျွန်တော်လည်း အသေအချာမစမ်းရသေးလို့ပါ။ စမ်းကြည့်ကြည့်ပါ။ လုပ်ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ်။ ပို့လိုက်တဲ့ ဖုန်းကနေပြီး reply ပြန်ပို့ရင် ကိုယ့် ဂျီတော့ ထဲ ပြန်ရောက်တယ်တဲ့။
ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ လုပ်ကြည့်ကြည့်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။


ဒီလင့်လေးက ကူးယူတင်ပြပါသည် http://yangetharlay.blogspot.com/2012/05/gtalk-message.html

မူရင်းလိပ်စာကတော့ ဒီမှာပါ

ခင်မင်လေးစားစွာဖြင့် ....

သုသာန်စောင့်မဖဲဝါ(ဒသနကျော်စွာ)

အပြည့်အစုံကို ဆရာရဲ့ဆိုဒ်မှာဖတ်ကြည့်ပါနော်..စိတ်ဝင်စားဖို့ ကောင်းတယ်.........။

တော်တော် ဖက်လို့ကောင်းပါတယ် ၊ခုတစ်လောနာမည်ကြီးနေတဲ့ပို့လေးပါ။

စာရေးဆရာရဲ့ဖ့ဘွတ်လင့်ကစာလေးပါ..အပြည့်စုံကို


ဒီမှာ



ဖက်ကြည့်ပါ။

ဒီလင့်မှာ နှိပ်၍ဖတ်ပါ


သုသာန်စောင့်မဖဲစါအကြောင်း


ဒီလင့်မှာ PDF ဖိုင် download ယူပြီးဖက်ပါ


download


ဖက်လို့တော်တော်ကောင်းပါတယ် ဖက်ကြည့်ကြပါနော် မကြောက်ကြပါနဲ့ ...

ပြောသာပြောတယ် ကျတော်တောင်ကြောက်လာပြီ နောက်ဖေးမသွားရဲတော့ဘူး ဟီးးးးးးး

ခင်မင်လေးစားစွာဖြင့် .....

စာရေးစရာရဲ့စကားသံ ....

ကျနော့် အအောင်မြင်ဆုံးစာအုပ်ဟာ `သုသာန်စောင့်မဖဲဝါ´ ဆိုတာ အတော်များများသိကြပါလိမ့်မယ်။ ဒါပေမဲ့ ဘာလို့ မဖဲဝါအကြောင်း ကျနော် ရေးဖြစ်ခဲ့သလဲ? ရေးစရာဇာတ်လမ်းတွေ အများကြီးထဲကမှ ကျနော်ဒါကို ဘယ်လို ရွေးဖြစ်ခဲ့သလဲ? ပြီးတော့ ဒီအကြောင်းတွေကိုရော ကျနော် ဘယ်လို သိလာခဲ့သလဲ?
အဲဒါတွေကိုတော့ ကျနော် ဘယ်သူ့မှ မပြောပြဖြစ်ခဲ့ပါ။ စာအုပ်ထဲ ထည့်ရေးဖို့ ကြံပြန်တော့ ဆင်ဆာက No တဲ့။ မဖဲဝါနာမည်တောင် သုံးခွင့်မရလို့ အခုဒီရက်ပိုင်းမှာတင် ထွက်တဲ့စာအုပ်ကို `သုသာန်မှာ သိမ်းတဲ့ဇာတ်´ လို့ နာမည်ပေးထားရပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ `သုသာန်စောင့်မဖဲဝါဇာတ်သိမ်း´ ပါပဲ။ ထားပါတော့။ ဒါတွေပြောရင် ဒေါတွေပါတယ်။ အခု မဖဲဝါအကြောင်းပဲ ဆက်ရအောင်။
မဖဲဝါကို ဘယ်လိုရေးဖြစ်တယ်ဆိုတဲ့ ရေဆုံးရေဖျားကို စပြောခင် မဖဲဝါစာအုပ်ထွက်တဲ့ ကာလလေးကို အရင်ဖောက်ပြောချင်ပါတယ်။ လောလောဆယ် တိုက်ဆိုင်နေတဲ့အကြောင်းမို့ပါ။ ထူးဆန်းတာက ...
မဖဲဝါစာအုပ်ထွက်တိုင်းမှာ ကျနော့်အိမ်နားမှာ အသုဘ ဖြစ်ပါတယ်။
ပထမဆုံး မဖဲဝါစာအုပ်ထွက်တော့ အိမ်အောက်ထပ်ကလူ ဆုံးတယ်။ ခု မဖဲဝါဇာတ်သိမ်းထွက်ပြန်တော့ အခုနေတဲ့တိုက်ခန်းရဲ့ အပေါ်ထပ်ကမိန်းမ ဆုံးလို့တဲ့။ `ဟာ ရုတ်တရက်ကြီးပါလား´ လို့ ကျနော် အံ့သြသွားတယ်။ အဲဒီမိန်းမကို ကျနော် တွေ့တွေ့နေတာဗျာ။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းကြီး။ ဟိုတစ်နေ့ကတောင် ကျနော်နဲ့ လှေကားအတက်မှာဆုံတော့ လက်ထဲမှာလည်း ကျနော်က စာအုပ်တွေ ပွေ့ပိုက်ထားတာနဲ့ သူနဲ့ စကားစပ်မိသေးတယ်။
`စာရေးဆရာ လို့ပြောတယ်၊ ဘာစာတွေ ရေးတာတုန်း´ ဆိုတာနဲ့ ကျနော်လည်း ပါလာတဲ့ ကျနော့်စာအုပ်လေးတွေ လက်ဆောင်ပေးလိုက်ပါသေးတယ်။ မှတ်မှတ်ရရ အဲဒီထဲမှာ မဖဲဝါ- ပထမပိုင်း စာအုပ်လည်း ပါသွားတယ်။ အခုလို ရုတ်တရက်ကြီး သူ ဆုံးတာ အဲဒါနဲ့များ ဆိုင်နေမလား? မဆီမဆိုင်တွေးမိပြီး ကျနော်တော့ သူ့အသုဘပို့တောင် မသွားရဲတော့ဘူး။ တိုက်ဆိုင်တာပါလို့ပဲ ကိုယ့်ကိုယ်ကို စိတ်ဖြေပါတယ်။ ဒါပေမဲ့ မဖဲဝါနဲ့ ပတ်သက်ရင် အဲဒီလို တိုက်ဆိုင်မှုတွေက များကို များလွန်းလှတယ်။
ခင်ဗျားတို့ မဖဲဝါစာအုပ် ဖတ်ဘူးသလား?
ဖတ်ဘူးတယ်ဆို ကျနော် တစ်ခုလေးမေးချင်တယ်။ ကြောက်သလား?
ကြောက်တယ်ဆို ထပ်မေးမယ်။ ဘာကို ကြောက်သလဲ?
ဘယ်ကစပြီး ကြောက်သလဲ?
ဘာလို့ အဲဒီမေးခွန်းတွေ ကျနော်မေးနေရသလဲဆိုတော့ ကျနော်လဲ မဖဲဝါနဲ့ ပတ်သက်ပြီး ကြောက်လို့ပါပဲ။ တကယ်တော့ ကျနော်ဟာ ခင်ဗျားတို့လိုပဲ မဖဲဝါနဲ့ပတ်သက်ရင် ခံစားကြောက်ရွံ့တတ်သူပါ။ ပြောရင် ယုံပါ့မလား.........

ခင်မင်လေးစားစွာဖြင့် ....

Monday, May 21, 2012

စစ်မှန်သောအမျိုးကောင်းသား (သို့) လူကြီးလူကောင်း

ကွန်ဖျူးရှပ်ကတော့စစ်မှန်သောအမျိုးကောင်းသား (သို့) လူကြီးလူကောင်း အမျိုးသားတစ်ယောက်သည်
အောက်ပါအရည်အသွေး များရှိရမည်ဟု ဖေါ်ပြခဲ့သည်။ မြင့်မြတ်သောအမျိုးသားကောင်းယောင်္ကျား ဟုတ်
မဟုတ်ဆုံးဖြတ်ရာ၌ စဉ်းစားရမည့်အချက် (၉) ချက်ရှိသည်။ ယင်းတို့မှာ. . .

၁။ အရာတစ်ခုကိုကြည့်လျှင်ပီပြင်ပြတ်သားစွာ မြင်ရအောင်ကြည့် လိုသောဆန္ဒရှိခြင်း။

၂။ အကြောင်းအရာတစ်ခုကို နားထောင်လျှင် အသေးစိတ်ကြားသိအောင်နားထောင်လိုသောဆန္ဒရှိခြင်း။

၃။ တည်ငြိမ်အေးချမ်းလိုသော မျက်နှာနေမျက်နှာထားကို ပြလိုသောဆန္ဒရှိခြင်း။

၎။ လေးစားမှုသဘောထားကို ပြလိုသောဆန္ဒရှိခြင်း။

၅။ သူ့စကားများတွင် ရိုးသားဖြူစင်သောစကားများ ပါဝင်စေလိုသောဆန္ဒရှိခြင်း။

၆။ သူ့အလုပ်တွင်သတိကြီးစွာထား၍ လုပ်ကိုင်လိုသောဆန္ဒရှိခြင်း။

၇။ သူသံသယရှိနေသော ကိစ္စများတွင်ထပ်မံမေးမြန်းလိုသော ဆန္ဒရှိခြင်း။

၈။ ဒေါသဖြစ်စေမည့် အခက်အခဲများကို စိတ်ထဲတွင်မြိုသိပ်ထားလိုသော ဆန္ဒရှိုခြင်း။

၉။ အကျိုးအမြတ်ရရှိနိုင်သည့် အလားအလာများနှင့် ရင်ဆိုင်ရသည့် ကိုယ်ကျင့်တရားတန်ဖိုးများကို
လက်ခံစဉ်းစားလိုသောဆန္ဒရှိခြင်း။……..

ရိုးသားဖြောင့်မက်ခြင်းသည် သစ္စာစောင့်သိခြင်းဟု အဓိပ္ပါယ်ရစေပါတယ်။
ယင်းနှစ်ခုသည်လူ့နှလုံးသားတွင် ဟန်ဆောင်မှုရှိခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းစသော စိတ်ဆိုးများမရှိခြင်းကိုဖေါ်ပြသည်။

ကျတော်ဖက်ဖို့ပါ .... ရင်းနှီးလေးစားစွာဖြင့် ...

ပုံပြင် (၂)

မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။
သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်းပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။
သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့သွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာလဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်ခမ်းလုနီးနေပြီ။
တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့်သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်ကကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်
ပုစဉ်းဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။
လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။
သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။
(၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။
"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"
သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?

ပြန်လည်မျှဝေပါသည်.... ခင်မင်လေးစားစွာဖြင့် .....

Saturday, May 19, 2012

အပျိုကြီး ၊ လူပျိုကြီးဖြစ်ချင်ရင် ဖတ်ဖို့ပါ...(အမြန်ဖက်ပါ)

> အိုဘယ့် မိန်းမ

> ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
> ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
> နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊
> ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
> မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
> ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
> ခေတ်မှီတာကျတော့ စိတ်မချရ၊
> စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။
>.................................................................................။

> အိုဘယ့် ယောက်ျား

> အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
> ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
> ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
> အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
> အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့
ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊
> အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
> အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့
အပေအတေတစ်ယောက်လိုနေမယ်။
>.............................................................................

ဒါကြောင့်................................

> ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး
ဖြစ်လာနိုင်တယ်။
> ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ
ဖြစ်လာနိုင်တယ်။
> ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
> ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်...တဲ့၊
> ဟီးဟီး.....ဘာပြောရမလဲ မသိတော့ဘူးဗျာ..။

> -----------------------------------------------------------------------
ပြီးတော့....

> မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
> ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
> အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက်
ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
> အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာတဲ့။

>--------------------------------------------------------------------------
> ကွာခြားချက်...

> ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။
> ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။
> ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။
> ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။
> ဆင်းရဲတုန်း မယားက secretaryတာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က
မယားတာဝန် တွဲယူရတယ်။
> ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။
> ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊
ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။
> ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။
> ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက်
ဖော်ကြချွတ်ကြတယ်။

(အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စတိုင်းသည် သင့်ဧ။်ကိုယ်ကျင့်တရားပင် ဖြစ်သည်။)

မေးထဲကရထားတာပါ။ ပြန်လည်မျှဝေပါသည်။

gtalk customအလန်းလေးတွေ (၁)

၁။ ကိုလှရွှေ နေမကောင်းဖြစ်လို့ .....မသိန်းကြည်
ငါးသွားရောင်းတာ......သကန်းကျွန်းမှာရေကြီးလို့ တဲ့.......အဲဒါနဲ့ အမေရိကန်နဲ့
့.....ကိုရီးယားစာချုပ် ချုပ်လိုက်တာ....သင်္ကြန်တုံးက သင်ဇာဝင့်ကျော်အရမ်း.....
......July ကိုသတိရလိုက်တာကွာ ...

၂။ When I saw you. I was afraid to meet you. When i met you. I was
afraid to love you and now I love you. I was afraid to lose you.
Don't worry I put you in the innermost part of my heart so no one can
take you out.

၃။ I love walking in the rain because no one know I am crying..

၎။ ခင်ယုံပါဆို ရင်ခုန်စရာဘာလို့တွေးတာလဲ? ရိုးရိုးသိတာပါဆိုလဲ
ခိုးခိုးကြည့်စရာ မလိုပါဘူး... ဖုံးဖိနေပေမယ့် အပြုံးအကြည့်တွေက
သိသာတယ်နော်... အခင်မပိုသေးရင်လည်း အရင်လိုလေးပဲ ဆက်ဆံပေါ့...

၅။ အချစ်ဆိုတာ ဓါးသွားပေါ်က ပျားရည်စက်တဲ့... တောက်! ဘယ်သူကများ
ပျားရည်တွေကုန်အောင် လျက်သွားပါလိမ့် ................ ငါ့အလှည့်ကျ
ဓါးသွားချည်းကျန်တော့တယ် ....

၆။ ငါချစ်တဲ့ မင်း တစ်ခြားတစ်ယောက်နဲ့ Q လို့ ပါသွားရင်
ခေါင်းလောင်းထိုးပြီး လျှူလိုက်မယ်... မလွမ်းတက်တာတော့ တော်တော်ခက်တယ်...

၇။ မင်းက မင်းကို ချစ်တဲ့ သူတစ်ယောက်ဆုံးရှုံးသွားတာ ငါက ငါ့ကို မချစ်တဲ့
သူတစ်ယောက် ဆုံးရှုံးရတာ အေးဆေးပဲ...

၈။ အမြည်းမရှိတော့အာပူ...သူကြီးမရှိတော့ရွာဆူ...(ဆိုသလို)
ဘုန်းတစ်ခိုးရှိတဲ့အသင်လူလည်း...ရည်းစားမရှိရင်ကြူသာကြူ...:-).

၉။ u see i see တော့ဒန်းကျိုးတာပေါ့ u say i say တော.ပန်ကန်ပါးတာပေါ့u no
i no တော.နှစ်ယောက်လုံးအိမ်ရေးပျက်တာပေါ့ Smile

၁၀။ ♫ ဘ၀ဆက်တိုင်း England မှာ ဘောလုံးသမား, Korea မှာ မင်းသား, ဂျပန်မှာ
ယာကူဇာ, US မှာ Mafia, မြန်မာနိုင်ငံမှာ သူဌေးသား ဖြစ်ရပါစေ၊
အရှင်ဘုရား... Razz

ဆက်ရန်ရှိပါသေးသည်...

ကျေးဇူးတင်ပါသည် ...

မေးမိတာကိုက ငါ့အပြစ် (တော်2 ရယ်ရတယ်)

ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က အလွန်ဆိုးခဲ့သည်။ ကျွန်တော့်သူငယ်ချင်းများလည်း
အလွန် အနောက်အပြောင်သန်ကြသည်။ ကျောင်းက ကျောင်းငယ်၊ ဆရာများ လုံလုံလောက်လောက် မရှိသေး။
အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းသို့ စတင်တိုးချဲ့ကာစမို့ လုပ်အားပေးဆရာဆရာမများ
အကူအညီဖြင့် အထက်တန်းကို ကျားကန်ထားရသည်။ ဆယ်တန်းကိုလာသင်သည့် ဆရာဆရာမများကလည်း
ငယ်ငယ်၊ ကျောင်းသားများက ခပ်ကြီးကြီး ခပ်ဆိုးဆိုးများ၊ ဤတွင် တွေ့ကြလေသတည်းပေါ့..။

ကျောင်းဖွင့်စတစ်ရက် အတန်းထဲသို့ မြန်မာစာသင်ရန် ဆရာမအပျိုကြီး ၀င်လာသည်။ အပျိုကြီးပီပီ
ဆံပင်လေး သပ်ကာသပ်ကာဖြင့် လှလှပပ ကြွကြွရွရွလေး သင်လေသည်။
“ကဲ.. ဒီနေ့ စသင်မယ့် သင်ခန်းစာကတော့ မြန်မာအက္ခရာတွေ အဆင့်ဆင့် ပြောင်းလဲလာပုံအကြောင်းပဲ
ဖြစ်တယ်။ အဲဒီထဲကမှ ဆလိမ်ပြောင်းလဲပုံအကြောင်းကို အရင်ဆုံး ပြောမယ်နော်။ ဆလိမ်
ဘယ်လို ပြောင်းလဲသလဲ သိလား”

“သိပါတယ်ဆရာမ”

နောက်ဆုံးတန်းမှ ကျောင်းသားတစ်ယောက်က ထဖြေသည်။
“အလဲ့.. တယ်ဟုတ်ပါ့လား။ ပြောပါဦး.. ဆလိမ် ဘယ်လို ပြောင်းလဲသလဲ”

“စိန်လှ ပါ ဆရာမ”

ရယ်သံများက တဝေါဝေါ ထွက်လာသည်။ ဆရာမခမျာ ခေတ္တမျှ ကြောင်နေသေးသည်။ ပြီးတော့မှ
"သြော်.. ဆရာမက အကောင်းပြောနေတယ် အောက်မေ့လို့။ မင်းတို့က နောက်နေကြတာပဲ။ ပျော်တတ်တာကို
မပြောလိုပေမယ့် ဒီလို နောက်တတ်တာက နောင်ဆို ပြင်ရခက်မယ်။ ဗီဇပါသွားမယ်။ ဗီဇဆိုတာသိလား"
ဆရာမက သူ့အကျင့်အတိုင်း ပြောရင်း ပြန်မေးခွန်းထုတ်လိုက်သည်။ ထိုကျောင်းသားကပင် ထ၍

"သိပါတယ်။ ဘစီပါ ဆရာမ.."

"အင်.."
ဆရာမ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ ကျောင်းသူကျောင်းသားများ ရယ်၍ မဆုံးတော့။
ဆရာမမှာ ဒေါသထွက်ပြီး အခန်းထဲမှ ထွက်သွားတော့သည်။

ပြောလေ ဆိုးလေ

မကြာမီ ကျောင်းအုပ်ဆရာကြီးနှင့်အတူ ဆရာမ ပြန်ရောက်လာသည်။ ဆရာကြီးမှာ
အလွန် ဒေါသထွက်နေပုံရ၏ ။

“ဟေ့ကောင်တွေ.. မင်းတို့ မိုက်ရိုင်းလှချည်လား။ ဆရာမကို စော်ကားလွှတ်လိုက်တယ်ဆိုကွ”

ဆရာကြီးစကားကြောင့် ဆရာမအပျိုကြီး မျက်နှာရဲသွားသလို ကျောင်းသူများလည်း ပြုံးစေ့စေ့
ဖြစ်ကုန်ကြသည်။
“အင်.. ဆရာကြီးကလည်း..”
“အဲ.. အေး အေး၊ ဆောရီးဆရာမ။ မင်းတို့ ဒီလိုလုပ်တာ ကောင်းသလား။ ကိုယ့်ကျောင်းကို စေတနာနဲ့
လာသင်ပြပေးရတဲ့ ဆရာမကို နောက်လွှတ်တယ် ဆိုတော့ မင်းတို့က ဘာကောင်တွေလဲ။ ခွေးတွေလား။
မင်းတို့တက်နေတဲ့ ကျောင်းကြီးက ခွေးကျောင်းကြီးလားကွ ဟေ။ မင်းတို့ကို ဘယ်သူတွေက
အဲလို သင်ထားလဲ”

ဆရာကြီးမှာ ဒေါသဖြင့် ပြောနေရာ တစ်တန်းလုံး ငြိမ်သက်နေကြသည်။ ထိုစဉ် နောက်တန်းမှ
အသံတစ်သံက မကြားတကြား ထွက်လာသည်။

“အဲဒီကျောင်းက ဆရာတွေပါပဲခင်ဗျာ”

တခွိခွိ ရယ်သံများက သိသိသာသာ ဖြစ်သွားသည်။ ဆရာကြီးလည်း သူ့စကားနှင့်သူ ပိတ်မိနေ၏ ။

“တိတ်စမ်း...၊ ဘယ်ကောင်လဲကွ ပြန်ပြောတာ”

မျက်မှန်နှင့် ဖြူနွဲ့နွဲ့ကျောင်းသားတစ်ယောက် ထလာပြီး ပြောသည်။

“ကျွန်တော်လည်း မသိပါဘူး ဆရာကြီး”

“မင်းက မသိတာကို ဘာလျှာထရှည်နေတာတုန်း”

“ဆရာကြီးပဲ တိတ်စမ်း ဆို.. ခေါ်လိုက်ပြီးတော့..”

“ဟေ..”

ဆရာမကိုယ်တိုင် ရယ်နေပြီဖြစ်သည်။ ဆရာကြီးလည်း ပြုံးရမလို မဲ့ရမလို ဖြစ်နေသည်။

“ဘာတွေလဲကွ။ နောက်နေကြတာလား မင်းတို့က”

ဘယ်သူမှ ပြန်မဖြေကြ။ တစ်တန်းလုံးတော့ ပြုံးစေ့စေ့မျက်နှာပိုးများကို သတ်ထားရသည်။

“ကဲ.. အဲဒီ စိန်လှ ဆိုတဲ့ကောင်နဲ့ ဘစီ ဆိုတဲ့ကောင် ထွက်ခဲ့ကြစမ်း”

ကျောင်းသားများ ရယ်ကြပြန်သည်။ ဘာကြောင့်ရယ်ကြပါလိမ့်ဟု ဆရာကြီး ဝေခွဲရပုံမပေါ်။
ဆရာမလည်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။

“ဘယ်မလဲ စိန်လှ။ ဟိုကောင် ဘစီ ထစမ်း”

“ဒီအတန်းထဲမှာ စိန်လှလည်း မရှိ၊ ဘစီ ဆိုတာလည်း မရှိပါဘူး ဆရာကြီး။ Roll Call စာအုပ်မှာ ကြည့်ကြည့်ပါ”

ထိုအခါ ဆရာမမှာ မနေသာတော့၊ ၀င်ရှင်းပေးရတော့သည်။

“မဟုတ်ဘူး ဆရာကြီး။ ကျွန်မက စိန်လှလို့ ပြောရင် သူတို့က ဆလိမ်လို့ ပြောတာ။ ကျွန်မက ဘစီ ဆို

သူတို့က ဗီဇ တဲ့”

ကျောင်းသားများ တ၀ါးဝါး ရယ်ကြတော့သည်။ ဆရာမမှာ ပြောချင်ဇောကြီး၍ ရှေ့နောက်
ပြောင်းပြန်ဖြစ်သွားသည်ကို မသိလိုက်။ ဆရာကြီးက ဆရာမဘက် မျက်မှောင်ကျုံ့လျက်

“နေပါဦး..၊ နင်ကစာသင်တာလား၊ သူတို့ကို ရယ်စရာပြောပြနေတာလား”

“အင်.. ဆရာကြီးကလည်း”

ရယ်သံများက ပတ်တုတ်မရတော့။ ကျောင်းသူများမှာ မျက်မှာများ နီရဲနေအောင် ရယ်ကြသည်။
ကျောင်းသားများကတော့ အူနှိပ်နေကြလေပြီ။

“တော်ကြရှန်း။ အဲဒီ နောက်တဲ့ကောင် ထစမ်း”

ဆရာကြီးမှာ ဒေါသကြောင့် စကားများပင် မပီတော့။ တံတွေးတွေ စင်ထွက်ကုန်အောင် အော်လိုက်၏ ။
နောက်မိသော ကျောင်းသားက မျက်နှာငယ်လေးနှင့် ထ၍
“ဆ..ဆ ဆရာကြီး၊ ဒေါသရှေ့ထားရင် မှားတတ်ပါတယ် တဲ့။ ပြီးတော့ ဟို.. သည်းခံခြင်းသည် အောင်မြင်ခြင်းလို့
ဘုရားကလည်း ဟော.. ဟောထားပါတယ်”

“အေး အေး.. လာခဲ့။ အဲဒီကောင် လာခဲ့။ အဲလောက်တတ်နေရင် ငါနဲ့ ဟိုဘက် ခဏလိုက်ခဲ့။ မင်း သိတာတွေ

သိပ်များနေပြီ”
ဟု ဆိုကာ ထိုကျောင်းသားကို နားရွက်ကဆွဲလျက် ကြိမ်လုံးကြီး တစ်ဘက်ဖြင့် ကျွန်တော်တို့
ကင်ပေတိုင်စခန်းဟုခေါ်သော ကျောင်းအုပ်ကြီးရုံးခန်းသို့ နာဇီစစ် စစ်ရန်အလို့ငှာခေါ်ဆောင်သွားလေတော့သည်။ ခိုင်လုံသော သတင်းရင်းမြစ်များအဆိုအရ ဆရာကြီးက ထိုကျောင်းသားအားကျောတစ်ရာရင်တစ်ရာခတ်၍ မြိုင်ရပ်သို့ တစ်ပတ်နှင်လိုက်သော ဟူပါသည်။

သူငယ်ချင်းများရယ်မောနိုင်ကြပါစေ... ကျေးဇူးတင်ပါတယ် :D

"မ"ဆိုရင် မကောင်းဘူး: ဟာသလေးနော် ...

၁ ။ ။ ဖော်ဖော်ရွေရွေ များ ဆက်ဆံမိလိုက်ရင် ပြောပါလိမ့်မယ် " သူ့ ကိုပိုးပန်းနေတယ်"လို့
အဲလိုမှ မလုပ်ပြန်ရင်လည်း " ဘ၀င်မြင့်တဲ့ ကောင် " .. တဲ့။

၂ ။ ။ သပ်သပ်ရပ်ရပ်များ ၀တ်စားမိရင် ပြောပါလိမ့်မယ် " သူ့ ကိုမြူဆွယ်နေတယ် " .. လို့ 
အဲလိုမှမ၀တ်ပြန်ရင်လည်း " တောသား " .. တဲ့။

၃ ။ ။ သူ့ ကိုများပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် " ခေါင်းမာတဲ့ ကောင် " .. လို့ 
ငြိမ်နေပြန်တော့လည်း " အဖြစ်မရှိတဲ့ ကောင် ".. တဲ့။

၎ ။ ။ သူ့ ထက်များပိုတော်နေရင် ပြောပါလိမ့်မယ် " အလကားပါ " .. လို့ 
သူကများပိုတော်နေရင်တော့လည်း " အရည်အချင်းကြောင့် " .. တဲ့။

၅ ။ ။ သူ့ ကိုများမကြိုက်ဘူးဆိုရင် .... သင့် ကိုပိုင်ဆိုင်ဖို့ ကြိုးစားပါလိမ့်မယ် .......
သူ့ ကိုကြိုက်မိပြန်တော့လဲ သင့် ကိုထားခဲ့ပါလိမ့်မယ် .. တဲ့။

၆ ။ ။ ချစ်နေတဲ့ အမူအရာပြမိရင်ပြောပါလိမ့်မယ် " အပေါစား ကောင် " .. လို့ 
အဲလိုအမူအရာ မပြပြန်တော့လည်း " လူဗာလ ".. တဲ့။

ရ ။ ။ အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် " ဂြိုလ်ကောင် " .. လို့ 
မတိုင်ပင်ပဲနေပြန်တော့လည်း " သူ့ ကိုမယုံကြည်လို့  " .. တဲ့။

၈ ။ ။ သူ့ ကိုများအော်ငေါက်မိရင် ပြောပါလိမ့်မယ် " လူရမ်းကား " .. လို့ 
သူကများအော်ငေါက်ရရင်တော့ " ဆုံးမတာ " .. တဲ့။

၉ ။ ။ ပေးထားတဲ့ကတိဖျက်မိရင် ပြောပါလိမ့်မယ် " လူလိမ် " .. လို့ 
သူ့ ဘက်ကဖျက်မိရင် ပြောပါလိမ့်မယ် " မလွှဲမရှောင်သာလို့ ပါ " .. တဲ့။

၁၀ ။ ။ သူ့ ရှေ့မှာများဆေးလိပ်သောက်မိရင် ပြောပါလိမ့်မယ် " လူမိုက် " .. လို့ 
သူ ပိုကာ ဆွဲတာကျတော့ " အပျင်းပြေပါ " .. တဲ့။

၁၁ ။ ။ သင် စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် " ကံကောင်းလို့ ပါ " .. လို့ 
သူ အောင်ခဲ့ရင်တော့ " အရည်အသွေးကြောင့် ".. တဲ့။

၁၂ ။ ။ သူ့ ကိုများမတော်တဆနာကျင်စေမိရင် ပြောပါလိမ့်မယ် " အကြင်နာတရားမဲ့တဲ့လူ " .. လို့ 
သူ့ ကြောင့်များ သင်ထိခိုက်မိခဲ့ရင်တော့ " အထိမခံ ရွှေပုကန် " .. တဲ့။

မိန်းမ အကြိုက် ၁၀ ခါလိုက်လည်း
မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွရန်သူ စွဲမှတ်ယူ၏ ...... တဲ့။

ဒီစာကို မိန်းမတွေဆီ ပို့ ပေးမိရင် ပြောပါလိမ့်မယ် " မဟုတ်မဟတ် " တွေလို့  ........
မပို့ ပြန်တော့လည်း " အတ္တသမားတွေ " .. တဲ့။

ယောကျာင်္းလေးများ ရီမောပျော်ရွှင်နိုင်ကြပါစေ။

ကျတော်ရေးတာမဟုတ်ပါ ကိုဇင်မင်းဆိုသူရေးပါသည် ပြန်လည်မျှဝေပါသည် (ဟာသအမြင်နဲ့ကြည့်နော် ဟဲဟဲ)

မမုန်းလိုက်ပါနဲ့…

မမုန်းလိုက်ပါနဲ့…. ဘဝမှာ နာကျည်းစရာတွေကြုံလာတဲ့အခါ ဥပေက္ခာ ပြုတတ်ဖို့သာ ကြိုးစားပါ… ဘဝကိုမမုန်းလိုက်ပါနဲ့…. ကိုယ့်ကိုကိုယ် မမုန်းလိုက်ပါနဲ့…. သူများတွေကိုလည်းမမုန်းပါနဲ့…

အခုဖြစ်နေသမျှဟာ ပြီးတော့လည်း ပြီးသွားတာပါဘဲ…. ဒီနေ့ရင်ဆိုင်ရသမျှဟာ မနက်ဖြန်မှာ အတိတ်ဖြစ်သွားမှာ… ကိုယ်မသိလိုက်ဘဲ ပြီးသွားမဲ့ အရာတွေအတွက် စိတ်ဆင်းရဲမနေပါနဲ့….

ဘယ်သူ့ကိုမှ မုန်းဘို့မကြိုးစားပါနဲ့… ဘဝဆိုတာ တိုတိုလေးပါ… ကိုယ့်ကိုမုန်းနေမဲ့သူတွေကို အမုန်းနဲ့မတုန့်ပြန်ပါနဲ့… ကိုယ်ပါလိုက်ပါပူလောင်နေဘို့မှမလိုဘဲ…. အချိန်တန်ရင် မေ့သွားမဲ့ အရာတွေအတွက် စိတ်ထဲမထားပါနဲ့….

အဆင်မပြေတာတွေရှိရင် ခဏလောက်မေ့ထားပြီး အနားယူလိုက်ပါ… ဘာမှမတတ်နိုင်တဲ့အချိန်တွေမှာ ဘာလုပ်ရမှန်းလည်း မသိနေမှတော့ အနားယူလိုက်ခြင်းဟာ ကိုယ်ခန္ဒာအတွက်တော့ အကျိုးရှိမှာပါ…

ဘာအကြောင်းမှမရှိဘဲ သင့်ကိုမုန်းနေတဲ့သူတွေကို တုန့်ပြန်ဘို့ မကြိုးစားပါနဲ့… သင့်ဘဝရဲ့ကျေနပ်ရောင့်ရဲစရာအကြောင်းအရာတွေကို ကျေးဇူးတင်သတိရရင်း ပျော်ရွှင်ကြည်နူးလိုက်ပါ….

ဘယ်သူ့ကိုမှမမုန်းလိုက်ပါနဲ့…

အမုန်းစိတ်ဝင်လာခြင်းကြောင့် ရရှိလာမဲ့အကျိုးအပြစ်ကို မြင်ယောင်ကြည့်လိုက်ပါ… ကောင်းခြင်းတွေရှိမနေမှတော့ မလုပ်သင့်တဲ့အကြောင်းအရာဆိုတာ သေချာနေပြီဘဲ… မမုန်းလိုက်ပါနဲ့…

မုန်းချင်စိတ်စတင်ကိန်းအောင်းလာရင် ပြန်လည်ဆင်ခြင်ကြည့်လိုက်ပါ… သူ့ကြောင့်လား… ကိုယ့်ကြောင့်လား… သူ့ကြောင့်ဆိုရင် ခွင့်လွှတ်ဘို့သာကြိုးစားပါ… သူဟာတချိန်မဟုတ်တချိန် သင့်အနားကထွက်ခွါသွားမှာ သေချာတယ်… ဘဝဆိုတာတိုတိုလေးပါ… ခွင့်လွှတ်နိုင်ဘို့ကြိုးစားပါ… ခွင့်လွှတ်ခြင်းကြောင့် ခံစားရရှိတဲ့ အေးချမ်းမှုဟာ သိပ်ကိုတန်ဘိုးရှိပါတယ်…

ကိုယ့်ကြောင့်ဆိုရင် ကိုယ့်ကိုကိုယ်ပြင်ဆင်ပါ… ချစ်တတ်ဘို့သာ သင်ယူပါ… ချစ်ခြင်းကြောင့်သာ ပျော်ရွှင်မှုကိုခံစားနိုင်ပြီး မုန်းတီးခြင်းဟာ ဘဝကိုခါးသီးစေပါတယ်…

မမုန်းလိုက်ပါနဲ့… အမုန်းတရားက သင့်ထံချဉ်းကပ်လာရင် ချစ်ခြင်းတရားကိုသာ ဖက်တွယ်ထားလိုက်ပါ… တန်ဘိုးမဖြတ်နိုင်တဲ့ စိတ်ချမ်းသာမှုကို သင်ခံစားရပါလိမ့်မယ်…

မူရင်းရေးသူကိုမသိတော့ပါ သိလျှင်မူရင်လိပ့်စာပါထည့်ပေးပါမည်... ကျေးဇူးတင်ပါသည်။

တိုက်ဆိုင်လိုက်ပုံများ

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း ?
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက်
သည်။

ထိုအခါ

မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန်သည်။

မနီ။ ။"ဂျီးဆပ် ခရစ်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )

ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက်ကလေး မွေးပြီးတဲ့နောက်မှာဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။

ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား
သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ ...

မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။

ဘာအဓိပါယ်လဲဆိုတာ ကျတော်မသိဘူးဂျ ဟဲဟဲ...
သူငယ်ချင်းများသိရင်လဲ စိတ်ထဲမှာပဲ ပြုံးလိုက်ကြနော် .. မေးထဲကရထားတာလေးမျှဝေပါသည်..

Tuesday, May 15, 2012

ဘာလဲ အချစ်ဆိုတာ?


ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလို ပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကို ကြည့်ပြီး စကားတွေ ပြောနေတတ်တယ်။
တစ်နေ့တော့ သူက ပင်လယ်ကို ကြည့်ပြီး "ပင်လယ်... ငါမှာဖြင့် နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကို အချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့" လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....
"ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား"
"ဟုတ်တယ်...နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"
"ဒါပေမယ့်...နင်ခံနိုင်ရည် ရှိပါ့မလား"
"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို..ု ငါစောင့်နေတယ်"
ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်လာခဲ့တယ်။
လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ သူဟာလန့်ပြီး ထွက်ပြေးသွားခဲ့တယ်။
ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေ ကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။
အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကို ချစ်တဲ့လူ နောက်တစ်ယောက် ထပ်ရောက် လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။
တစ်နေ့မှာ သူလည်း ဟိုအရင်က တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။
"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"
ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။
သူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့ နောက်ဆုံးမှာ ပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်က ပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"
အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး ယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။
ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်သွားတယ်။
လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရ ပွေ့ဖက် လိုက်တော့တယ်။
အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာ အချစ်ကို နားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ လူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။
အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာ ကြာတော့ တစ်နေ့မှာ သူက "ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်.... လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြား အပြောင်းအလဲလေးတောင် မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကို ထားရစ်ခဲ့ပြန်တယ်။
ပင်လယ်က အရမ်း စိတ်ထိခိုက်ပေမယ့်လည်း သူ့ကို မတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကို ချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...
" မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး... ငါသိတယ်" တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။
" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်က တအံ့တသြ ပြန်မေးတယ်။
"သူတို့က နင့်ရဲ့ အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ.. နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့က နင့်ကို နားလည်မယ်၊ တကယ်ချစ်တတ် ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့ အဖိုးတန်ရှုခင်း တွေဟာ သူတို့အတွက် နင်ဖန်တီးထားတယ် ဆိုတာကို သူတို့ခံစားကြရမှာပေါ့"
တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေ မချစ်တတ်ခဲ့တဲ့ ပင်လယ်လား? ဒါမှမဟုတ် ပင်လယ်ကို မချစ်တတ်ခဲ့တဲ့ လူလား?
ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေ မခံစားခဲ့ရတဲ့ လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင် ပင်လယ် အောက် (အတွင်းစိတ်)က ရှုခင်းတွေကို ကြည့်ဖို့ ကိုယ်မထိုက်ခဲ့လို့ပဲ။

အချစ်ဆိုတာ ဒီလိုပဲလား?

အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကို နားလည်ပေးတတ်တဲ့ လူကို ရှာရမယ်တဲ့။
အဲဒီလူက ခြောက်ပစ်ကင်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကို နားလည်ပေးလို့ ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။
တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာ ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့ စကားမပြောသူ
ကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှား ကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို ရန်မရှာတတ်သူ
မိုင်ပေါင်းထောင်ချီဝေးနေလည်း ကိုယ့်ကို ယုံကြည်စိတ်ချသူ
ကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို ရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို ထုတ်ဖော်ပြောတတ်တဲ့သူ
တစ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ ခွင့်လွတ်ခြင်းတွေရှိရမယ် အကြင်နာတွေ ရှိရမယ်။
ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ရာ ခက်ကောင်းခက်လိုက်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရမယ်။
ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ ကိုယ်က သူ့နားလည်နိုင်တဲ့လူ ဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။
သူငယ်ချင်းများလည်းနားလည်အောင်ကြိုးစားစေချင်တယ်
အပြန်အလှန်နားလည်မူများနဲ့ချစ်ခြင်းမေတ္တာကိုပိုင်ဆိုင်နိုင်ကြပါစေ

သင် အသည်းကွဲနေပါသလား ?


ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။

လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ် တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?

လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော် စောင့်နေတာပါ။
တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင် တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေ ပြမှာပေါ့။
တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။ ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေး ခံစားရလိမ့်မယ်။

လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး လည်း မရစေချင်ဘူး။
တီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
တီး.....တကယ် အရမ်းချစ်လား....?

လူငယ်....တကယ်။
တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?

လူငယ်.....ဒါပေါ့...ကိုယ့်ချစ် တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
တီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ ရင်ကော...

လူငယ်.....မဖြစ်နိုင်တာ...ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြော ခဲ့ဖူးတယ်။
တီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။

လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့ အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့် လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာဟသ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
တီး.....မဟုတ်ဘူး...လူလေးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ အချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။ ကျွန်တော်က သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
တီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့ လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ ...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ...

လူငယ်....ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်တော့် အမှားတွေပေါ့။
တီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။

လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး အချစ်တွေ အားလုံး ပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..?သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
တီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်းက လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား...? လူလေး

လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
တီး.....မဖြစ်နိုင်တာ...လူငယ်တွေရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။

လူငယ်....ဒါ ဘာအဓိပ္ပါယ်လဲ....?
တီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို ကျွန်တော် တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြော လိုက်သလဲ သိလား...? အ၀တ်စက ညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလိုပါပဲ။

လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့် နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
တီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့ ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။

လူငယ်.... ဘယ်သူလဲ....?
တီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော လမ်းညွှန်ဆရာ...အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာတွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။

လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်ဘယ်က နေ ခြေလှမ်း စလှမ်း ရမလဲ...?
တီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။

လူငယ်....ဘာဖြစ်လို့လဲ....?
တီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူက ပေးခဲ့လို့ပါပဲ။

မူရင်းလိပ့်စာ http://www.zwmnna.com/2012/02/blog-post_8318.html

ပြန်လာခဲ့ပါချစ်သူရယ် (ပုံပြင်)

လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ကျာ်က (G talk) မြို့ပြနိုင်ငံတော်ကြီးမှာ မှော်ပညာတွေခေတ်စားနေချိန်မှာပေါ့။ ဒီနိုင်ငံကြီးက ပညာရှင်တွေဟာ မှော်ပညာနဲ့ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်ကြတာပေါ့ကွယ်။ ဒီမှော်ပညာရှင်တွေထဲမှာ ရုပ်ရည် လွန်စွာ ချောမောလှပတဲ့ မသဲဥဆိုတဲ့ မှော်ဆရာမလေးတစ်ယောက်ရှိလေသတဲ့။ သူမဟာ မှော်ပညာမှာ တင်တစ်ဖက်ကမ်းခတ်တက်မြောက်ရုံတင်မဟုတ်ဘူး အရမ်းပဲလည်း ချစ်စရာကောင်းလေသတဲ့။

မှော်ဆရာမလေး မသဲဥဟာ အရမ်းစွမ်းတဲ့ သူ့ပညာတွေ ကြောင့်ပြိုင်တဲ့လူတိုင်းကိုအနိုင်ရလေတယ်။ မသဲဥလေးဟာပြိုင်ဘက်ကင်း လာတာနဲ့အမျှဒီမြို့မှာနေရတာ ပျင်းလာတာပေါ့။ ဒါနဲ့သူမဟာမြို့စွန်တနေရာ ကိုလမ်းလျှောက်ထွက်ခဲ့လေတယ်။ တစ်နေရာအရောက်မှာအတွေးတစ်ခုက သူ့ခေါင်းထဲဝင်လာပါလေရော။ အဲဒါဘာလည်းဆိုတော့ သူ့ရှေ့မှာရှိနေတဲ့ ကျောက်ရုပ်ကြီးကိုအပျင်းပြေစကားပြောဖို့ စီမံလေတော့သတဲ့။ ဒီလိုနဲ့သူမဟာ ကျောက်ရုပ်ကြီးကိုစကားပြောတက်အောင်မှော်ပညာနဲ့အသက်သွင်းပါလေရော။ သို့ပေမဲ့ကျောက်ရုပ်ကြီးခမျှာ စကားသာပြောလို့ရပြီး လှုပ်ရှားလို့မရလေဘူးတဲ့ကွယ်။ မှော်ဆရာမလေးကလည်း ကျောက်ရုပ်ကြီးနဲ့နေ့တိုင်းစကားလာပြောလေသတဲ့။ စကားတွေပြောပြီး သူမအိမ်ပြန်သွားတဲ့အခါမှာကျောက်ရုပ်ကြီးမှာ စကားပြန်ပြောလို့ မရတော့ပြန်ဘူးတဲ့။

မှော်ဆရာမလေးဟာကျောက်ရုပ်ကြီးနဲ့ နေ့တိုင်းစကားတွေ ဖောင်ဖွဲ့နေခဲ့သလို ကျောက်ရုပ်ကြီးခမျာမှာလည်း နေတိုင်းမျှော်နေတော့တာပေါ့။ ဒီလိုနဲ့တနေ့မှာ မှော်ဆရာမလေးက ကျောက်ရုပ်ကြီးကို စကားတစ်ခွန်းပြောလေတယ်။ "ငါမနက်ဖြန်ကစပြီး မင်းဆီမလာတော့ဘူး။ ဒါပေမဲ့ မင်းငါ့ကိုတွေ့ချင်ရင် ကဗျာတစ်ပုဒ် ကောင်းကောင်းစပ်ပြီး ရွတ်နေ၊ ဒီလိုမင်းရွတ်နေတဲ့ ကဗျာကိုအဝေးကနေငါကြားနိုင်သလို ငါကြိုက်တဲ့ ကဗျာဖြစ်ရင် မင်းဆီကိုငါပြန်လာခဲ့မယ်" ပြောပြီးထွက်သွားလေတော့သတဲ့။

ဒီလိုနဲ့ကျောက်ရုပ်ကြီးခမျှာမှာလည်း မှော်ဆရာမလေးကိုနေတိုင်း မျှော်နေရင်းနဲ့ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ရွတ်နေတာပေါ့ကွယ်။ သို့ပါသော်လည်း အချိန်တွေသာကုန် ရာသီတွေအလီလီပြောင်းလဲခဲ့ပေမဲ့ မှော်ဆရာမလေးကိုတော့ မတွေ့ရတော့ဘူးတဲ့။ ကျောက်ရုပ်ကြီးကလည်း နေ့တိုင်းကဗျာတွေတစ်ပုဒ်ပြီး တစ်ပုဒ်စပ်ပြီး ဒီကနေ့အထိမျှော်နေတော့တာပေါ့ကွယ်။

ပုံပြင်လေးကတော့ဒီမျှပါပဲကွယ်။ ဒါပေမဲ့ကျောက်ရုပ်ကြီးရွတ်ခဲ့တဲ့ ကဗျာတွေထဲကတစ်ပုဒ်ကို ကျွန်တော်ဒီနေ့အထိမှတ်မိနေသေးတယ်ဗျာ။ ကဗျာနာမည်ကတော့ ပြန်လာခဲ့ပါချစ်သူရယ်ဆိုတဲ့ ကဗျာလေးပါ။ ကျွန်တော်မှတ်မိသလောက်ရွတ်ပြမယ်နော်။ နားထောင်ကြည့်ပါဗျာ..................

သူ့ကိုလွမ်းသည်.. ဒါပေမဲ့သူကျွန်တော့်ကိုမလွမ်းပါ
သူ့ကိုသတိရသည်.. ဒါပေမဲ့သူကျွန်တော့်ကိုသတိရမရပါ
သူ့ကိုချစ်သည်.. ဒါပေမဲ့သူကျွန်တော့်ကို..................ပါ။

ဘယ်သူကိုမှမရည်ရွှယ်ပါနော်..တိုက်ဆိုင်မူများရှိခဲ့ရင်ခွင့်လွတ်ပေးပါဗျာ
ကျွန်တော်သူငယ်ချင်းအချို့ကကျွန်တော်ပုံပြင်ပြောမှအိပ်တက်လို့ပါ
သူငယ်ချင်းပျော်ရွှင်ပါစေ..ကောင်းသောညလေးဖြစ်ပါစေ
အိမ်မက်လေးကောင်းကောင်းမက်ပါစေ

Share

Twitter Delicious Facebook Digg Stumbleupon Favorites More